𝐊𝐢𝐝𝐬 & 𝐌𝐞 𝐛𝐲 𝐓𝐫.𝐌𝐞𝐤𝐨

𝐊𝐢𝐝𝐬 & 𝐌𝐞 𝐛𝐲 𝐓𝐫.𝐌𝐞𝐤𝐨

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐊𝐢𝐝𝐬 & 𝐌𝐞 𝐛𝐲 𝐓𝐫.𝐌𝐞𝐤𝐨, School, Mandalay.

31/05/2026

ကလေး ပညာရေးမှာ
ဖြောင့်ဖြူးစေဖို့ မိဘများသို့
အကြံပြုချက် 📝

မိမိကလေးက စာသင်ခန်းထဲမှာ
သင်ခန်းစာတွေ မလိုက်နိုင်တဲ့အခါ
မိဘတွေအနေနဲ့
စိုးရိမ်စိတ်ပူကြတာ
သဘာဝပါနော်
ကိုယ်တိုင်ကလဲ ကလေးမေမေပါရှင့်
ဒါပေမဲ့ အဲဒီအခါမျိုးမှာ
တခြားသူတွေကို လိုက်မေးမိရင် အကြံဉာဏ်တွေ အမျိူးမျိုးဖြစ်ပြီး
ပိုပြီး စိတ်ဖိစီးစေပါတယ်ရှင့်
ဒါကြောင့် ကလေးအတွက်
အကောင်းဆုံးနဲ့ အထိရောက်ဆုံး
ဖြစ်စေမယ့် အချက်အလက်
(၃) ချက်ကို မိဘများကို
မျှဝေပေးပါရစေရှင့်

🎯 ၁။ ဘာသာရပ်ပြ ဆရာ/ဆရာမနဲ့ တိုက်ရိုက်တိုင်ပင်ပါလို့
အကြံပေးပါရစေ

✅ကလေးရဲ့ အားနည်းချက်၊
အားသာချက်ကို အတန်းထဲမှာ
နေ့တိုင်းသင်ပေးနေရတဲ့
အဲဒီဘာသာရပ်ပြ ဆရာမသာ
အသိဆုံးဖြစ်တဲ့အတွက်
အချိန်ပေးပြီးတိုင်ပင်ပါရှင့်

✅ဘယ်နေရာမှာ လိုအပ်နေလဲဆိုတာကို အတိကျဆုံး ထောက်ပြပေးနိုင်ပြီး
ကလေးနဲ့ကိုက်ညီမယ့်
သင်ကြားရေးပုံစံကို
လမ်းညွှန်ပေးနိုင်လိို့ဆိုတာ
အာမခံချက် ရှိနေလို့ဘဲ ဖြစ်ပါတယ်ရှင့်

🙅‍♂️ ၂။ ဘေးလူတွေကို
မေးမြန်းခြင်းမှ ရှောင်ကြဉ်ပါ

✅ကလေးတစ်ယောက်နဲ့ တစ်ယောက် ဉာဏ်ရည်၊ ဝါသနာနဲ့
စာလိုက်နိုင်စွမ်းချင်း
မတူညီကြပါဘူးနော်

✅တခြားသူတွေဆီကရတဲ့
အကြံဉာဏ်တွေ၊ နည်းလမ်းတွေက
မိမိကလေးနဲ့ အံဝင်ခွင်ကျမဖြစ်ဘဲ
ကလေးကို ပိုပြီး စိတ်ဖိစီးမှု
ဖြစ်စေနိုင်ပါတယ်ရှင့်
အကြံတောင်းကြည့်ပါ ဆုံးဖြတ်ချက်ကို
မိဘကသာ
ကလေးအတွက်ချပေးပါရှင့်

🤝 ၃။ မိဘနှင့် ဆရာ
ပူးပေါင်းဆောင်ရွက်ပါ

✅ဆရာမနဲ့ သေချာတိုင်ပင်ပြီးရင်
အိမ်မှာ ကလေးကို ဘယ်လို
ပြန်လေ့ကျင့်ပေးရမလဲဆိုတဲ့
အစီအစဉ်ကို စနစ်တကျ ချမှတ်ပါ။

✅ဒီလို တိုက်ရိုက်အဖြေရှာခြင်းက
မိဘရော ကလေးပါ
လမ်းကြောင်းမလွဲဘဲ
အချိန်တိုအတွင်း
ထိရောက်တဲ့ ရလဒ်ကို
ရရှိစေမှာဆိုတာ 💯 ဖြစ်ပါတယ်ရှင့်

👉🏻ကလေးရဲ့
ပညာရေးခရီးလမ်း
ဖြောင့်ဖြူးဖို့အတွက်
မိဘ နှင့် သက်ဆိုင်ရာ
"ဘာသာရပ်ပြ ဆရာမ" နဲ့သာ
တိုက်ရိုက်တိုင်ပင် ဆွေးနွေးကြပါစို့ရှင့်

27/05/2026

မေမေများ သိပါသလားရှင့်❤️

👶 ကလေးငယ်တွေကို
အလုပ်အကိုင် (Occupations)
🧑‍💼👩🏻‍💼👨‍💼🧑‍🔬🧑‍💻အကြောင်း
စတင်သင်ကြားပေးခြင်းဟာ
သူတို့ရဲ့ အနာဂတ်ဘဝကို
အခြေခံကျကျ
ပုံဖော်ပေးရာရောက်ပါတယ်နော်

ကိုယ်စိတ်ဝင်စားတဲ့အလုပ်တွေ၊
လူမှုအသိုင်းအဝိုင်းက
အခန်းကဏ္ဍတွေကို
နားလည်လာတဲ့အခါ
ကလေးတွေဟာ...

✨ ပိုပြီး ရည်မှန်းချက်ကြီးမားလာတယ်

✨ ပျော်ရွှင်စွာ သင်ယူတတ်လာတယ်

✨ အနာဂတ်အတွက် ပိုမိုယုံကြည်မှုရှိလာတယ်

ဒါကြောင့် ဒီလို ပျော်ရွှင်စရာတွေနဲ့သင်ကြားပေးနေတဲ့ သင်တန်းလေးက်ို
ဖိတ်ခေါ်ပါတယ်ရှင့်🫶🏻🫶🏻

ကလေးတစ်ယောက်ရဲ့
အနာဂတ်ဟာ ယနေ့သင်ပေးတဲ့
သင်ခန်းစာလေးတွေမှာ
အစပြုနေပါတယ်ရှင့်

သင်တန်းအကြောင်း
အသေးစိတ်စုံစမ်းလိုပါက
☎️09-797 382 388 viber မှာ
အသေးစိတ်ဆက်သွယ်လို့ရပါတယ်ရှင့်

26/05/2026

📚 Grammar Class For Kids 📚

ကလေးတွေအတွက် Grammar သင်ခန်းစာမှာ
Verb 2 ကို စတင်သင်ယူနေပါပြီ ✨

Level -1 ကနေ
အခြေခံစပြီး
တက်ချင်တဲ့ကလေးတွေလည်း
ရပါတယ် ရှင့်💛

အခြေခံရှိပြီးသားကလေးတွေဆို
Verb 2 lesson ကနေ
စတက်လို့လည်း ရပါတယ် နော်✏️

သင်တန်းရဲ့ထူးခြားချက်က —

📌 Grammar တစ်မျိုးထဲ
သင်ပေးတာမဟုတ်ဘဲ

📌 Activities

📌 Speaking Practice

📌 Extra Worksheets

📌 Reading & Writing Practice

တွေပါ တွဲပြီး
လေ့ကျင့်ပေးမှာဖြစ်ပါတယ် ရှင့်

ကလေးများနားလည်လွယ်အောင်
fun activities တွေနဲ့
သင်ကြားပေးတာကြောင့်
စာကို စိတ်ဝင်စားပြီး
သင်ယူလာနိုင်စေပါတယ် ရှင့်💕

သင်တန်းအသေးစိတ်
စုံစမ်းချင်ရင်
☎️ 09-797 382 388
Viber /ဖုန်းဖြင့် အသေးစိတ်
ဆက်သွယ်လို့ရပါတယ်ရှင့်🫶🏻

25/05/2026

🌈 June 6 ရက်နေ့
ကလေးအတန်းသစ်
စတင်ဖွင့်ပါမယ် နော်🌈

ကလေးတွေကို
🎨 Color
🍉 Fruit
🪑 Object
🗣 Speaking
👀 Observation
တွေကို game activity လေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်
သင်ပေးမှာဖြစ်ပါတယ် ရှင့်✨

ခုလို activities တွေ နဲ့တွဲ
သင်ပေးခြင်းအားဖြင့် —
✅ ကလေးရဲ့
မှတ်ဉာဏ်တိုးတက်လာစေတယ်

✅ English vocabulary
ပိုမှတ်မိစေတယ်

✅ မေးခွန်းဖြေတတ်လာစေတယ်

✅ အရောင်၊ ပစ္စည်း၊ shape တွေ ခွဲခြားသိလာစေတယ်

✅ Attention & listening skill
ကောင်းလာစေတယ်

✅ စကားပြောရဲလာပြီး
self-confidence
တိုးလာစေတယ်

📚 စာကိုပဲ
အတင်းဖိအားပေး
ကျက်ခိုင်းတာမဟုတ်ဘဲ
ကလေးနားလည်အောင်
Tr.Mekoအတန်းက
activity လေးတွေနဲ့
အသေးစိတ် စိတ်ရှည်ရှည်
သင်ကြားပေးတာကြောင့်
Babyလေးတွေ
သင်ယူရတာ
ပိုစိတ်ဝင်စားပြီး
ပိုမှတ်မိစေပါတယ် နော်💖

👧🧒 KG အတန်း တက်မဲ့ကလေးငယ်/ Beginner kids များ
တက်ရောက်နိုင်ပါတယ်ရှင့်

📅 Start Date — June 6

📩 Seat limited ဖြစ်လို့
အမြန်အပ်နှံနိုင်ပါပြီရှင် ✨

☎️09-797 382 388 viber /ဖုန်းဖြင့်
အသေးစိတ် ဆက်သွယ်မေးမြန်းလို့ရပါတယနော်
Welcome 🤗

23/05/2026

🌈👩‍🏫 “Jobs” အကြောင်းကို ပုံလေးတွေနဲ့ သင်ပေးခြင်းအားဖြင့် ကလေးတွေဟာ…

✨ Vocabulary အသစ်တွေ ပိုမှတ်မိလာမယ်
✨ Speaking skill တိုးတက်လာမယ်
✨ Sentence လေးတွေ ကိုယ်တိုင်ပြောတတ်လာမယ်
✨ Job အမျိုးမျိုးကို သိရှိနားလည်လာမယ်
✨ Confidence ပိုရှိလာပြီး English ကို ပျော်ပျော်ရွှင်ရွှင် သင်ယူလာမယ် 💖

Tr.Meko ရဲ့ class မှာတော့
📚 Reading
🗣 Speaking
🎨 Flashcards & Mind Map Activities
🎲 Learning Games
တို့နဲ့ ကလေးတွေ နားလည်လွယ်အောင် သင်ကြားပေးနေပါတယ် ✨

💛 Baby လေးတွေ English ကို အခြေခံကစပြီး ပျော်ပျော်ရွှင်ရွှင် သင်ယူချင်ရင်
Tr.Meko ဆီ လာရောက်တက်နိုင်ပါပြီနော် 🥰

📩 ☎️ 09-797 382 388 မှာ အသေးစိတ် မေးမြန်းနိုင်ပါတယ်ရှင့်

21/05/2026

👩🏻‍🎓 Tr.Meko ကတော့ စာသင်ရင်
သီချင်းလေးတွေနဲ့သင်တယ်။ 🎶

ဘာလို့လဲဆိုတော့…
ကလေးတွေအတွက်
စာဆိုတာ ပျော်စရာဖြစ်ရမယ်🌈

သီချင်းဆိုရင်း သင်ရတာ
ကလေးတွေ ပိုစိတ်ဝင်စားကြတယ်
ခုန်ပေါက်ကခုန်ရင်း
စာတွေအလိုလိုဝင်သွားတယ်ဆိုတာ
အမှန်ပါနော်

Tr.Meko ဆီမှာ တက်တဲ့ကလေးတွေ…

✨ စာကျက်ရတာ မငြီးငွေ့ဘူး
✨ စာမေ့ဖို့ မဖြစ်ဘူး
✨ အိမ်ပြန်ရောက်ရော “အမေရေ ဒီနေ့ ဆရာမနဲ့ သီချင်းဆိုရတာ အရမ်းပျော်တယ်” လို့ ပြောကြတယ်ရှင့် 👍🏻

ဘာဖြစ်လို့လဲဆိုတော့…
သီချင်းထဲကစာသားဟာ
ဦးနှောက်ထဲမှာ ထာဝရကျန်နေတယ်ရှင့်
လေယူလေသိမ်း၊ တေးသွားနဲ့အတူ
မှတ်မိသွားတော့
ဘယ်တော့မှ မမေ့တော့ဘူးဆိုတဲ့
သဘောပါနော်

ဒါကြောင့် ကျောင်းသားတစ်ယောက်က
စားသောက်ဆိုင်သွားရင်း
ပြန်တွေ့ကြတဲ့ အချိန်မှာ
ကလေးမိဘက ပြောတယ်▶️

“ဆရာမ သီချင်းဆိုပြတဲ့ပုစ္ဆာ
အခုထိကျွန်မသားလေး
မေ့သေးဘူး”
မှတ်မိလွယ်စေတဲ့ သင်နည်းလေးတွေ
သင်ပေးခဲ့တဲ့အတွက်
ဝမ်းသာကြောင်း ပြောခဲ့ပါသေးတယ်ရှင့်

🎵 ကလေးတွေ ပျော်ရင်း
စာမမေ့အောင် သီချင်းနဲ့သင်တဲ့
အတန်းလေးတွေ June မှာ
စပြီး အတန်း သစ်တက်ရပြီနော် ❤️
တစ်ခါတက်ရင် တစ်သက်လုံးမှတ်မိမယ်
ဆိုတာ 💯အာမခံပါရစေရှင့်

သင်တန်းအကြောင်းလေးကို
အသေးစိတ်သိရှိလိုပါက
☎️viber -09- 797 382 388 /CB
မှာ ဆက်သွယ်လို့ရပါတယ်ရှင့်❤️

20/05/2026

🎈Baby လေးတွေ အတွက် ပျော်ပျော်ရွှင်ရွှင်သင်ယူနိုင်ရန် 🎈

ကလေးတွေကို ကစားရင်း သင်ယူစေတဲ့ Activity Based Learning Class 💛

🎨 Color Recognition
🎧 Listening Skill
👀 Focus & Concentration
🤲 Hand-Eye Coordination
💪 Confidence Building

စတဲ့ skills တွေကို ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်သင်ကြားပေးနေပါပြီ ရှင့်🥰

📚 Face to Face Teaching

အသေးစိတ်သိရှိလိုပါက
☎️ 09-797 382 388 Viber /ဖုန်းဖြင့်
ဆက်သွယ်လို့ရပါတယ်ရှင့်

19/05/2026

ဒီနှစ် ကျောင်းဖွင့်ရာသီမှာ ကျွန်မတို့ သင်ထောက်ကူ (Teaching Aids) တွေ ပိုမိုအသုံးပြုပြီး သင်ကြားတော့မှာမို့ ကျောင်းသား/သူတွေအတွက် ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ သင်ခန်းစာတွေ ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်ရှင့်🫶🏻🫶🏻

📚 ဘာတွေ ထူးခြားမလဲ?

🔷မြင်သာတဲ့ သင်ထောက်ကူပစ္စည်းများ

🔷အပြန်အလှန်သင်ယူနိုင်မယ့် လှုပ်ရှားမှုများ

🔷ကလေးတွေ လက်တွေ့ပါဝင်ဆောင်ရွက်ရမယ့် သင်ခန်းစာများ

သင်ထောက်ကူတွေနဲ့ သင်ယူရတာကို ကြိုက်တဲ့ သားသားမီးမီးတို့ ပျော်ရွှင်စရာ အတန်းလေးတွေ ဖြစ်မှာပါရှင့်

သင်ထောက်ကူဆိုတာ သင်ခန်းစာကို မြင်သာ၊ ထိတွေ့နိုင်အောင် ကူညီပေးတဲ့အရာတွေပါနော်
အခုလို သင်ယူခြင်းက ကလေးတွေရဲ့ မှတ်ဉာဏ်ထဲ
ကြာရှည်စွဲမြဲစေပါတယ်ရှင့်

#ကျောင်းဖွင့်တော့မယ် #သင်ထောက်ကူ #ပျော်ရွှင်စရာသင်ယူမှု

15/05/2026

🌱 “ငယ်သေးလို့ မရဘူး” မရှိပါဘူး…
မှန်ကန်တဲ့နည်းလမ်းနဲ့ သင်ပေးရင်
ကလေးတိုင်း သင်ယူနိုင်ပါတယ် ရှင့်💛

Tr.Meko ရဲ့ အတန်းမှာ
🎨 ပုံလေးတွေ
🎲 Game လေးတွေ
🗣 Speaking Activity လေးတွေ နဲ့
ကလေးတွေ ပျော်ပျော်ရွှင်ရွှင်
သင်ယူရင်း
English ကို နားလည်လာအောင် သင်ပေးနေပါတယ် ရှင့်✨

အသက်ငယ်သေးပေမဲ့
👀 မြင်တတ်
👂 နားထောင်တတ်
🗨 ပြောတတ်
📚 မှတ်မိတတ်လာအောင်
အခြေခံကစပြီး ဖြည်းဖြည်းချင်း လေ့ကျင့်ပေးပါတယ်ရှင့်🌈

“စာကြောက်တဲ့ကလေး” မဟုတ်ဘဲ
“သင်ချင်တဲ့ကလေး” ဖြစ်လာဖို့
နွေးနွေးထွေးထွေး သင်ကြားပေးနေပါတယ် 💕

📩 Class အကြောင်း အသေးစိတ် သိချင်ရင်
☎️viber-09 797 382 388
မှာ မေးနိုင်ပါတယ်ရှင်

12/05/2026

🌈✨ ကလေးငယ်တွေအတွက် ✨🌈

ကလေးငယ်လေးတွေ
English နဲ့ Basic Skills ကို
ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်ဖို့
Activity Based Learning
နည်းလမ်းတွေနဲ့
သင်ကြားပေးနေပါပြီ ရှင့်💖

🎨 Color Matching

🔤 Basic English

🗣 Speaking Practice

✏️ Hand-eye Coordination

🧠 Thinking & Learning Skills

ကလေးတွေ စိတ်ဝင်စားပြီး
ပျင်းမနေဘဲ လေ့လာချင်လာအောင်
Game & Activity လေးတွေနဲ့
သင်ပေးပါတယ်ရှင့်🥰

👧👦 Age - Kids & Beginners
(Baby) သီးသန့် အတန်း

📍 Face to Face Class Only

📚 Small Class System

သားသားမီးမီးလေးတွေကို
အခြေခံကောင်းကောင်းနဲ့
စတင်သင်ယူစေချင်ရင်

☎️09-797 382 388 viber မှာ
လာရောက်စုံစမ်းနိုင်ပါတယ် 💌✨
#ရောင်စုံစာသင်ခန်း #ကလေးတွေအတွက်ပျော်စရာ #သင်ကြားနည်း

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Mandalay