New Next International College - Student Council

New Next International College - Student Council

Share

Be Your New Next!

Photos from New Next International College - Student Council's post 25/12/2024

🎄✨Merry Christmas ✨🎄

Merry Christmas Everyone!!
မနေ့က New Next International College မှ ကျောင်းသား ကျောင်းသူများအတွက် Christmas Event လေးကို Amarapura Icon မှာ ပြုလုပ်ခဲ့ပါတယ်. 🥰❤️

Be Your New Next

21/12/2024

အိုင်ဒီယာတစ်ခု၊ အတွေးအခေါ်တစ်ခုက ကိုယ့်ဘဝသွားနေတဲ့လမ်းကြောင်းကို အကြီးအကျယ် အလင်းပွင့်သွားစေနိုင်ပါတယ်။

ဒါကြောင့် လာမယ့်နှစ်သစ်ကို အိုင်ဒီယာအသစ်တွေနဲ့ စတင်ပြီး ကိုယ့်ကိုယ်ကို အပြောင်းအလဲလုပ်ချင်တဲ့ လူငယ်တွေအတွက်

New Next Student Council မှ ကျောင်းသူ၊ ကျောင်းသားတွေကနေ

👉Idea Box Event Series အစီအစဉ်ကို နှစ်သစ်လက်ဆောင်အဖြစ် ယူဆောင်လာပြီ ဖြစ်ပါတယ်။

ယခု Event မှာ ဆွေးနွေးမျှဝေပေးမယ့် Speakers အနေနဲ့ကတော့

Personal, Professional and Business Development ပိုင်းမှာ လူငယ်တွေနဲ့ လုပ်ငန်းရှင်တွေကို ဦးဆောင် Empowerment လုပ်ပေးနေတဲ့

ဆရာ Dr. Phyo Paing ကိုဖိတ်ခေါ်ထားပါတယ်✨

📌Event အသေးစိတ်

Date: 21 December, 2024
Time: 7:00 PM to 8:00 PM
Platform: Zoom

Event ကို ယနေ့ည ၇ နာရီမှာ ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက် တက်ရောက်လိုတယ်ဆိုရင်

အောက်ပါ New Next Student Council Page ရဲ့ Messenger မှာ "Event" လို့ ပေးပို့ထားနိုင်ပြီ ဖြစ်ပါတယ်။👇

https://www.facebook.com/profile.php?id=61559737304999

New Next International College
Be Your New Next

20/12/2024
19/12/2024
18/12/2024
Photos from New Next International College - Student Council's post 18/12/2024

သင့်အနေနဲ့ နှစ်သစ်ကို
👉🏻အချစ်ဟောင်းရော အချစ်သစ်နဲ့ပါ ဖြတ်သန်းချင်ရင် သေချာပေါက်အလုပ်ဖြစ်မဲ့ plan တစ်ခုလိုအပ်ပါတယ် ။

👉 ဘယ်လို Planလဲဆိုတော့ အချစ်ဟောင်းကို အသစ်နဲ့ပေါင်းပေးထားတာမျိုးပါ။

💡 ဒီနေရာမှာ အချစ်ဟောင်းကို အသစ်ပေါင်းခြင်းဆိုတာ ကိုယ်လက်ရှိ ကြိုးစား အားထုတ်နေတဲ့ လမ်းကြောင်းမှာ Idea အသစ်တွေ ပေါင်းစပ်တာကို ဆိုလိုတာပါ။

🏠 အိမ်ပြောင်းတာနဲ့ အိမ်ပြင်တာ ဘာကွာသလဲဆိုတော့

🔴 အိမ်ပြောင်းရင် အကုန်အစက ပြန်စရတယ်။ အိမ်ပြောင်းဖို့အတွက် ကုန်ကျစရိတ်ကြီးတယ်။

🟢 အိမ်ပြင်ရင် သက်သက်သာသာနဲ့ ရှိပြီးသားအရာတွေကို နေရာနည်းနည်းရွှေ့လိုက်ရုံပဲ။ အိမ်ပြင်ဖို့အတွက် Idea ပဲလိုတယ်။

အဲ့လိုပဲ လူငယ်တွေအနေနဲ့လဲ ကိုယ့်ဘဝကိုယ်တည်ဆောက်ရင်း ကိုယ့်အိမ်ကိုယ်ပြင်တဲ့အပိုင်းမှာ
တစ်ထောင့်တစ်နေရာက အကူအညီဖြစ်အောင်ဆိုပြီး
ကျွန်တော်တို့ New Next Student Council ကျောင်းသား၊ ကျောင်းသူတွေကနေပြီး
Idea Box Event Series အစီအစဉ်ကို နှစ်သစ်လက်ဆောင်အဖြစ် ယူဆောင်ပေးခဲ့ပါတယ်။ 🎁

🎯 ဒီ Event ရဲ့ main speaker အနေနဲ့ Personal, Professional and Business Development ပိုင်းမှာ လူငယ်တွေနဲ့ လုပ်ငန်းရှင်တွေကို ဦးဆောင် Empowerment ပေးနေတဲ့

😎Dr. Phyo Paing ကိုဖိတ်ခေါ်ထားပါတယ်။
ဆရာက ည 7 နာရီကနေ 8 နာရီထိ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။🎉

📅 Event Schedule

Date: 21 December 2024
Time: 7:00-9:30
Location: Zoom platform , Facebook Live

Live session မှာ ကိုယ်သိချင်တဲ့အကြောင်းအရာတွေကို စိတ်ကြိုက်မေးနိုင်ဖို့ Comment က Google from ထဲမှာ မေးခွန်းလေးတွေရေးသွားကြပါဦး။

ဒါဆို 21ရက်နေ့ ည 7 နာရီမှာ အားလုံးနဲ့ပြန်ဆုံပါမယ်။
Have a good day! See you at the event! 🥰
Have a good day! See you at the event!

Photos from New Next International College - Student Council's post 19/09/2024

“ လူငယ်အားနဲ့ ဖေးမမယ် - စျေးရောင်းပွဲတော်”

ရေဘေးကို လူငယ်အားနဲ့ဖေးမဖို့အတွက် အဆင်သင့်ပဲလား ???

ဒါဆိုရင်တော့ New Next ‘s Student Council က ကျောင်းသား/ ကျောင်းသူတွေ စုပေါင်းပြုလုပ်မဲ့ စျေးရောင်းပွဲတော်လေးကို လာအားပေးဖို့ဖိတ်ခေါ်လိုက်ရပါတယ် ❤️

စျေးရောင်းပွဲတော်လေးမှာဘာတွေပါမလဲ? ဘာတွေလုပ်လို့ရမလဲ?

(၁) လက်ပန်းချီခြယ်လို့ရမယ်။

(၂) စာအုပ်ဝယ်လို့ရမယ်။

(၃) Crochet Hand Made လေးတွေဝယ်လို့ရမယ်။

(၄) အဝတ်ထည်လေးတွေနဲ့ အိမ်သုံးပစ္စည်းတွေလည်း လာလှူလို့ရမယ်။

(၅) ကူငွေထည့်ချင်လည်း ရမယ်။

(၆) New Next Student လေးတွေရဲ့ သီချင်းဖျော်ဖြေရေးတွေလည်း နားထောင်လို့ရမယ်။

ဒါ့အပြင် အထူးခြားဆုံးအစီစဉ်လေးတစ်ခုလည်းရှိပါသေးတယ်။

အဲ့တာကတော့ ကိုယ်တိုင် အိုးပန်းချီလေးတွေ ဆေးခြယ်လို့ရမဲ့ Activity လေးပဲ ဖြစ်ပါတယ်။

အိုး 🪴+ Painting 🎨+ Indoor Plant 🪴

(၃)မျိုးပေါင်းကိုမှ (၁၀,၀၀၀) ကျပ် နဲ့ ပါဝင်ဆင်နွှဲပြီး လှူဒါန်းနိုင်မှာဖြစ်ပါတယ်။

လက်စွမ်းပြချင်တယ်ဆိုရင်တော့ စနေ၊ တနင်္ဂနွေမှာ New Next International Collage Campus ကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

နေရာ - New Next International Collage Campus
- Block(5) ,Unit (10), Mingalar Mandalay.

အချိန် - စနေ/ တနင်္ဂနွေ
- မနက်(၁၀)နာရီမှ ညနေ (၄)နာရီအထိ

Photos from New Next International College - Student Council's post 30/07/2024

ဂျပန်နိုင်ငံရဲ့ Career Opportunities တွေအကြောင်း ပြည့်ပြည့်စုံစုံ ဆွေးနွေးပြောကြာပေးသွားတဲ့ Yuge Yusuke နှင့် Kishioka Fumiko တို့အား New Next University မှ အထူးကျေးဇူး တင်ရှိပါတယ်။✨

တက်ရောက်လာကြသူအားလုံးလည်း ကိုယ့်ရဲ့ Career အနာဂတ်နဲ့ပတ်သက်ပြီး အကျိုးတစ်စုံတစ်ရာ ရရှိသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

New Next University
Be Your New Next

Photos from New Next International College - Student Council's post 28/07/2024

New Next Rainy Sport Event 2024 🌧️⚽

New Next University မှာ မိုးရာသီအားကစားပွဲအဖြစ် ဖူဆယ် ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ အမှတ်တရပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

ယခုဘောလုံးပြိုင်ပွဲကို New Next Student Council ကနေ ဦးစီးကျင်းပပေးခဲ့တာဖြစ်ပြီး၊

ပါဝင်ပေးခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများနှင့် ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်အောင် ပါဝင်အားဖြည့်ပေးကြသူ တစ်ဦးတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်။✨

New Next University
Be Your New Next

26/07/2024

Hello New Nexter တို့ရေ
လာမဲ့ စနေနေ့ (27.7.2024) ရက် မှာတော့ New Next Student Council ကနေ ဦးစီးပြီး မိုးရာသီ အားကစားပွဲ အဖြစ် အပျော်တမ်း ဖူဆယ် ဘောလုံး ပြိုင်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ကျောင်းသူ/ ကျောင်းသားတိုင်းက ကို့ရဲ့ အသင်းတွေနဲ့ အတူ အကောင်းဆုံး ယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး ဘယ်အသင်းက Champion ဖြစ်သွားမလဲဆိုတာ အားလုံးနဲ့တူတူ ရင်ခုန်စွာ လာရောက် ကြည့်ရှုအားပေးဖို့
New Nexter အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။

ဒါ့အပြင် E-sport အဖြစ် Mobile Legend Tournament ကိုလည်း အကြိတ်အနယ် ယှဉ်ပြိုင်သွားကြဦးမှာ ဖြစ်လို့ ကျွန်တော်တို့နဲ့အတူ ကိုယ်ကြိုက်နှစ်သက်တဲ့ အသင်းကို လာရောက် အာပေးဖို့ မမေ့နဲ့နော်။

ပွဲစဉ်တွေကိုတော့ မနက် 10 နာရီကနေစတင်ကာ ညနေ6နာရီ ထိ ကျင်းပသွားမှာ ဖြစ်လို့ New Nexter တွေကို လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်🫶🫶🫶

Date - 27.7.2024 (Saturday)
Time - 10:00 AM to 2:00 PM
( 10:30 AM ကို နောက်ဆုံးထားပြီး ကျောင်းသို့ အရောက်လာပေးကြပါလို့ ဖိတ်ကြားအပ်ပါတယ်)


12/06/2024

New Nexter တွေအတွက် ဆရာဒေါက်တာစိုင်းဖုန်းမြတ်လွင် ရဲ့ Special Session.

ကျောင်သား ဘဝက ပျော်ရွင်မှု‌တွေ၊ လွတ်လပ်မှုတွေ၊အချင်းချင်း ခင်မင်ရင်းနှီးမှုတွေနဲ့ ပြည့်နှက်နေပြီး လူငယ်‌လေးတွေရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံး အချိန်တစ်ခုဖြစ်ပါတယ်။ ဒီလို အချိန်ကောင်းလေးတွေရှိသလို၊ Stress တွေ Challenges တွေ အများကြီးကြုံဆုံနိုင်တဲ့အချိန်တစ်ခုလည်းဖြစ်ပါတယ်။

Communication နဲ့ပက်သတ်တဲ့အခက်အခဲတွေ၊ Academic ကပေးတဲ့ pressure တွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မူတွေ အစရှိတဲ့ Challenges ၊ အခက်အခဲတွေက ကျောင်းသားအများစု ကြုံတွေ့နေရတဲ့ အရာတွေပါပဲ။

နောက်ပြီး ကျောင်းသားတစ်ယောက်အနေနဲ့ Business Idea တွေကို ဘယ်လို Generate လုပ်မလဲ?
ဘယ်လိုမျိုးအကောင်းဆုံး အကောင်အထည်ဖော်မလဲ?
ကျောင်းသားဘဝရဲ့ အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ကြမလဲ အစရှိတဲ့ အကြံပေး ဆွေးနွေးမှုတွေကို
16.6.2024(Sunday) မှာ New Next University ရဲ့ President ဖြစ်တဲ့ ဆရာစိုင်းဖုန်းမြင့်လွင် က ကျောင်းသား‌၊ကျောင်းသူတွေအားလုံးကို President Session လေးအနေနဲ့ Meeting လုပ်ပေးသွားမှာဖြစ်ပါတယ်။

ဆရာစိုင်း က University of Medicine Mandalay မှ M.B,B.S, University of Glasgow, UK မှ M.Sc (Diabetes), နဲ့ GLOBIS University, Japan မှ MBAဘွဲ့ တွေကိုရရှိထားပြီး၊ Little Cambridge, CYI.Clab Myanmar, Hysan education,Hysan Junior ရဲ့ Founderဖြစ်သလို ၊ New Next University ရဲ့ President တစ်ဦးလည်းဖြစ်ပါတယ်။

ကျောင်းသား၊ကျောင်းသူတွေ အနေနဲ့ ဘာတွေလိုအပ်နေသလဲ၊ ဘာတွေအဆင်မပြေဖြစ်နေသလဲ၊ ဘယ်လိုအခက်အခဲတွေနဲ့ကြုံနေရသလဲ ပြီးတော့ New Nexters တွေအားလုံးရဲ့ အနာဂတ် ပညာရေး ပန်းတိုင်နဲ့ ပတ်သက်ပြီး လိုအပ်သမျှကို ဆရာစိုင်း ကကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးပေးသွားမှာဖြစ်သလို၊ ကိုယ် သိလို‌သောအ‌ကြောင်းအရာမှန်သမျှကိုလွတ်လွတ်လပ်လပ် မေးမြန်နိုင်မှာဖြစ်လို့ အားလုံး လက်လွတ်မခံ သင့်တဲ့ အခွင့်အရေးတစ်ခုဖြစ်တာကြောင့် ဒီ Session ကို မပျက်မကွက်တက်ရောက်ပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင်။

Event: President Session
Title: How do you generate business ideas and prepare to implement them?
Date: 16.6.2024 (Sunday)
Time : 1:30 PM

11/06/2024

Announcement for New Nexter 📢📢📢

11.6.2024 မှ 13.6.2024 ထိ New Next Student Council ရဲ့ President အဖြစ်
NCC Lv 4 မှ ကျောင်းသူ မမို့မို့သန့်က
ဆက်လက်၍ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်ရှင့်

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Address

Block 5, Unit 10 Of Mingalar Mandalay
Mandalay