Thiri &Treasure Private School

Thiri &Treasure Private School

Share

Hello! Everyone...Welcome from T&T Private School

Photos from Mandalay Indepth News's post 31/12/2020
31/12/2020

Happy new year!!!
We wish all the best in 2021!!!!
Fighting!!!!

30/12/2020
29/12/2020

ယနေ့ အစည်းအဝေးအရ မြန်မာနိုင်ငံရှိအခြေခံပညာကျောင်းများအားလုံးကို ဇန်နဝါရီလ ဒုတိယပတ်တွင် သတ်မှတ်ပုံစံ ၄မျိုး အတိုင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ယခုလက်ရှိ ကျောင်းများတွင်ထားသော Q center များမှ လူများကိုလည်း ဇန်နဝါရီ ပထမအပတ်တွင် ပြောင်းရွှေ့မည်ဖြစ်ကြောင်း၊ ပညာသင်နှစ်ကိုလည်း ယခင်ပုံစံမဟုတ်ပဲ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အကယ်၍ ကျောင်းဖွင့်နေစဉ်အတွင်း သက်ဆိုင်ရာကျောင်းမှ ပို့တွေ့ခဲ့လျှင်လည်း ထိစပ်ရှိသည့် အတန်းနှင်လူများအား နေအိမ်တွင် Q ထားရှိမည်ဖြစ်ကြောင်း သိရပါသည်။ ကျောင်းများပြန်လည်ဖွင့်လှစ်ရခြင်းမှာ နိုင်ငံတကာ ကျောင်းများဖွင့်လှစ်နေပြီး မြန်မာနိုင်ငံအနေဖြင့်နောက်ကျမကျန်ခဲ့စေရန်နှင့်ကလေးများလမ်းပေါ်တွင်အချိန်ကုန်မခံစေရန်နှင့်လမ်းမှားမရောက်စေရန်လည်း ပါဝင်ဟု သိရှိရပါကြောင်း

19/09/2020

ပိုးကတော်တော်ပြန့်နေပြီ
တယောက်တည်းလည်းနေလို့မရဘူး
ပတ်ဝန်းကျင်နဲ့နေရတာဆိုတော့
Mask ပဲတပ်တပ် လက်ပဲဆေးဆေး
အချိန်မရွေး Positive ဖြစ်သွားနိုင်ပါသည်။

အဲ့တော့ Let us Positive or Negative.
What will we do?

အဲ့တော့ ကျတော်ကလည်း??????????
"ပိုးဝင်တာက တခဏ ကိုယ်ခံအား ကောင်းဖို့ ထာဝရ"

ပိုး ဝင်တိုင်းမသေကြဘူး why?
ကိုယ်ခံအား ကောင်းလို့ ပြန်ပျောက်ကင်းကြတယ်

ကိုယ်ခံအားကောင်းစေတာ ဘာတွေလဲ?
ကိုယ်ခန္ဓာရဲ့ ကာကွယ်ရေး/တိုက်ခိုက်ရေးစစ်တပ်ကြီး balance နဲ့ harmony ဖြစ်နေဖို့ လိုမယ်

အဲ့စစ်တပ်ကြီး က "သွေးဖြူဥ" ပဲ
သူက ပြင်ပရောဂါဝင်မလာအောင် တာဆီးပေးတယ်၊ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးတယ်၊ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်း တွေထုတ်ပေးတယ်။

သူ့ကို အင်အားတွေ ဖြည့်တင်းပေးရမယ်။ ကျတော်တို့ ပတ်ဝန်းကျင်မှာ ရနိုင်တဲ့ အရာတွေနဲ့ ထောက်ပံ့လို့ရတယ်။

#အချဉ်ဓာတ်ပါသော အသီးများ ဗီတာမင် C ပါလို့ ရောဂါကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥ ကို တိုးပွားစေတယ်။

#ငရုတ်ပွ သူက အပေါ်ကအချဉ်သီးတွေထက် V-C နှစ်ဆလောက်ပါတယ်။

#မလကာသီးV-C ပါဝင်မှု့အများဆုံး 300ကျော်တယ်။

#ပန်းဂေါ်ဖီစိမ်း sulforaphane ဒြပ်ပေါင်းပါတယ် သွေဖြူဥ အရေအတွက်တိုးစေတယ်။

#ကြက်သွန်ဖြူ allicin ဒြပ်ပေါင်းပါတယ် တနေ့ ၅/၆တောင့်လောက်စား သွေးဖြူဥ cell တွေထွက်လာအောင် လှုံဆော်ပေးတယ်။

#ဟင်းနုနွယ် V-C/V-A/V-E တွေပါတယ်၊သွေဖြူဥ အရေအတွက်တိုးစေတယ်။

#သ‌င်္ဘောရွက် သူက စားလို့တော့မရ ခါးလို့ ပြုတ်သောက် ပျားရည်လေးလျှက်ပြီး acetogenins ဒြပ်ပေါင်းပါတယ် သွေးဖြူဥ အရေအတွက် တိုးစေတယ်။

#ဒိန်ချဉ် သူလည်း ခေသူမဟုတ်။

#ဂျင်း၊သစ်ကြားသီး၊မြင်းခွာရွက်၊သင်္ဘောသီး၊ရဲယိုသီး၊စပျစ်၊စတော်ဘယ်ရီ၊ကျွဲကောသီး။

#နနွင်း (ဆနွင်း)

#လဖက်စိမ်း amino acid ပါတယ်

#နေကြာစေ့

#အသား၊ငါး

#ကီဝီသီး V-C/V-E/Potassium ပါဝင် ကိုယ်ခံအားကောင်းစေတဲ့ သွေးဖြူဥ အရေအတွက် တိုးပွားစေတယ်။

#အခွံပါသောအကောင်များ ခရု၊ကမာ၊ဂုံး etc.သူတို့က Zinc ဒြပ်ပါတယ် ရောဂါကို တိုက်ထုတ်တယ်။

အထက်ပါ အမျိုးအစား တွေ ကို သင်တင့်လျောက်ပတ်စွာ အမြဲစားနေဖို့လိုမယ်။

ကျတော်တို့" အစားအစာ ကို ဆေးလိုစားရမယ်..
မဟုတ်ရင် ဆေးကို အစားအစာ လို ပြန်စားနေရမယ်"
Crd

Photos from Thiri &Treasure Private School's post 13/06/2020
06/06/2020

လေးစားရပါသော မိဘများရှင့်

28/05/2020

လေးစားရပါသောမိဘများရှင့်...

အထက်တန်းအဆင့် ကျောင်းအပ်နှံရေးကို ဇူလိူင်လ ၁၃ ရက် မှ ၁၇ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေး၀န်ကြီးဌာနပြော ……………………………………………………..

ရန်ကုန်၊မေ ၂၇

အထက်တန်းအဆင့် ကျောင်းအပ်နှံရေးကို ဇူလိူင်လ ၁၃ ရက်မှ ၁၇ ရက်အထိပြုလုပ်သွားမှာဖြစ်ပြီးေ ကျာင်းဖွင့်ရက်ကို ဇူလှိုင်လ ၂၁ ရက်မှာစတင်ဖွင့်မည်ဖြစ်ကြောင်း ပညာရေး၀န်ကြီးဌာန အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်၀င်း ကပြောသည်။

အထက်တန်းကျောင်းဖွင့်ရက်ကို ဇူလိူင်လ ၂၁ရက် ၊ အလယ်တန်းကျောင်းဖွင့်ရက်ကို သြဂုတ်လ ၄ ရက်နှင့် မူလတန်းကျောင်းဖွင့်ရက်ကို သြဂုတ်လ ၁၀ ရက် တို့တွင် ကျောင်းများကိုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒေါက်တာတင်မောင်၀င်းကပြောသည်။

“ပညာရေးကဘ၀အတွက်အရေးကြီးတဲ့အတွက်ကြောင်မို့နိုင်ငံတကာမှာလည်းပဲဒီလိုပဲကြိုးစားပြီးတော့ဖွင့်နေကြတယ်။တစ်ချို့ကကာကွယ်ခြင်းမလုပ်နိုင်တဲ့အတွက်ကြောင့်မို့မလုပ်နိုင်တဲ့နေရာတွေမှာတော့ပိတ်သွားကြတယ်။ဆရာတို့လည်းပဲဒီသဘောပါပဲကျောင်းတွေကနေကူးတယ်ဆိုတာဖြစ်တယ်ဆိုရင်ချက်ချင်းပိတ်ပြီးတော့သွားမှာပေါ့။ပိတ်တယ်ဆိုတာအဲ့တစ်ကျောင်းကိုပိတ်မယ်။ဒီလိုတော့လုပ်ရမှာပေါ့” ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်၀င်း ကပြောသည်။

Covid-19 ရောဂါကြောင့်ကျောင်းများမဖွင့်လျှင်ဖြစ်လာမည့်ရလဒ်များက ဆိုးကျိုးများသာ ရလာနိုင်ကြောင်းနှင့် ကျောင်းသားများအတွက် အသက်တစ်နှစ်ကြီးလာမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့အပြင်ကျောင်းသား၊ကျောင်းသူများအတွက် သင်ယူမှုအခွင့်အလမ်းမဆုံးရှုံးအောင် သင်ကြားလိုသည့်ကျောင်းသားအတွက် သင်ယူခွှင့်ရအောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပညာရေး၀န်ကြီးဌာန အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်၀င်း ကပြောသည်။

28/04/2020

ချစ်ခင်လေးစားရပါသော မိဘများထံအသိပေးခြင်း

၁။ ယခုလက်ရှိဖြစ်ပေါ်နေသော Covid 19 ရောဂါ အခြေအနေအရ (၄.၅.၂၀၂၀) တနင်္လာနေ့ တွင် ဖွင့်လှစ်မည်ဖြစ်သော နွေရာသီသင်တန်းများအား ပြန်လည်ဖွင့်လှစ်နိုင်သေးမည်မဟုတ်ပါ။

၂၀၂၀ -၂၀၂၁ ပညာသင်နှစ်အတွက်လည်း နိုင်ငံတော်အစိုးရက ကျောင်းဖွင့်လှစ်ခွင့်ပြုသည့် အချိန်ကိုလည်း မိဘများထံ အချိန်မီ အကြောင်းကြားပါမည်။

၂။ Grade 5 ၏ အောင်စာရင်းကိုလည်း မူလက April ၂၆ ရက်တွင်ထုတ်ပြန်ရန်စီစဥ်ထားခဲ့သော်လည်း Covid 19 ကပ်ရောဂါကာကွယ်နှိမ်နင်းရေးနှင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသောကာလဖြစ်ပါ၍ အောင်စာရင်းထုတ်ပြန်ခြင်းကိုခေတ္တရပ်ဆိုင်းထားရန်နှင့် အောင်စာရင်းတစ်ပြိုင်တည်း ထုတ်ပြန်မည့်နေ့ကို ထပ်မံညှိနှိုင်းပြီးအကြောင်းကြားမည်ဟု ခရိုင်ပညာရေးမှူးရုံးမှ ညွှန်ကြားလာပါကြောင်းအသိပေးအပ်ပါသည်။

T&T (Private School) ၏ ကျောင်းသားကျောင်းသူများမိဘများ နှင့် ဆရာဆရာမများအားလုံး Covid 19 ရောဂါ အန္တရာယ်မှ ကင်းလွတ်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

လေးစားစွာဖြင့်
Thiri & Treasure
Private School

Photos from Thiri &Treasure Private School's post 08/03/2020

Memories of excursion to Science Museum and City Park ❤

Photos from Thiri &Treasure Private School's post 08/03/2020

Memories of Excursion to Kuthotaw Pagoda

Want your school to be the top-listed School/college?

Telephone

Website

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00