ZMO's Idea Sharing

ZMO's Idea Sharing

Share

LET'S GROW TOGETHER & MOVE FORWARD

03/03/2025

#ကဗျာလေးတွေရွတ်ကြမယ်
#ကလေးကဗျာ

27/02/2025

✅ကလေးတွေရဲ့ ကိုယ်ကာယကြံ့ခိုင်မှုကို ဘာကြောင့်ဂရုစိုက်သင့်သလဲ
ရှေးလူကြီးသူမတွေကို ကန်တော့တဲ့အခါ သူတို့အများစုပြန်ပေးလေ့ရှိတဲ့ စကားက “ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ” ဆိုတာပါပဲ။ ကိုယ်ကျန်းမာဖို့ကို ရှေ့ကထားလေ့ရှိပြီး စိတ်ချမ်းသာဖို့အရေးကိုလည်း ပါအောင်ထည့်ထားတာ သတိပြုစရာပါ။ ဒါကြောင့် ကလေးတွေရဲ့ ကိုယ်ကာယကြံ့ခိုင်မှုကို ဘာကြောင့် ဂရုစိုက်သင့်တယ်ဆိုတာလေး မျှဝေပေးချင်ပါတယ်။
(၁) ကိုယ်ခန္ဓာသန်စွမ်းနေစေဖို့
ခန္ဓာကိုယ်က လွတ်လပ်ပေါ့ပါးနေရင် စိတ်ညစ်စရာရှိရင်တောင်မှ ကျော်ဖြတ်ဖို့ လွယ်ကူပါတယ်။ ဦးနှောက်လည်း ကြည်လင်တာမို့ ကောင်းတဲ့အတွေးကို ဖြစ်စေတယ်။ ကိုယ်လက်လှုပ်ရှားနည်းပေါင်းစုံ ရှိတာမို့ ကလေးအရွယ်နဲ့ သင့်တင့်တာလေးတွေကို နေ့စဉ်ပြုလုပ်ဖို့ မိဘတွေက ပံ့ပိုးပေးနိုင်ပါတယ်။ ကလေးဆိုတာ လှုပ်ချင် ရှားချင် ကစားချင်တာမို့ ဒီအတိုင်း ကစားခွင့်ပေးပြီး စောင့်ကြည့်ပေးနေရင်လည်း အိုကေပါတယ်။
(၂) ခွန်အားပြည့်ဝနေစေဖို့
ကလေးဆိုတာ ထိုင်တတ်ပြီ၊ ဖင်တရွတ်ဆွဲသွားတတ်ပြီ ဆိုကတည်းက ဖိုးလှုပ်ချင် မယ်လှုပ်ချင်လေးတွေ။ ဒီတော့ အစားအသောက် ပုံမှန်ဖြစ်ဖို့ အိပ်ချိန်ကောင်းကောင်းရဖို့ လိုအပ်ပါတယ်။ ဒါမှသာ ခွန်အားပြည့်ပြီး နေ့စဉ် လှုပ်ရှား ကစားနေနိုင်မှာမလား။
(၃) စိတ်ခံစားချက် ကောင်းမွန်နေစေဖို့
လှုပ်ရှားနေရင် ကလေးတွေရဲ့ ဦးနှောက်ထဲမှာရှိတဲ့ မကောင်းတဲ့ဓာတ်တွေကို လျော့ကျစေပါတယ်။ နောက်ပြီး စိတ်ပင်ပန်းစရာတွေကိုပါ ကွယ်ပျောက်စေပြီး လူကို ပျော်ရွှင်စေတဲ့ ကိုယ်တွင်းဓာတ်လည်း တိုးစေပါတယ်။
(၄) ရောဂါဘယတွေကနေ ကာကွယ်နိုင်စေဖို့
ခန္ဓာကိုယ်က လုံလောက်တဲ့အဟာရနဲ့ ခွန်အားရှိနေရင် တော်ရုံရောဂါက ကလေးဆီ မရောက်လာနိုင်တော့ပါ။ ဖြစ်လာရင်လည်း အမြန် သက်သာစေပါတယ်။
(၅) ကိုယ့်ခန္ဓာဟာ ကိုယ်တိုင်စောင့်ရှောက်ရမယ်ဆိုတာ သိလာစေဖို့
ခန္ဓာသန်စွမ်း စိတ်ရွှင်လန်းနေတဲ့အခါ ကလေးတွေဟာ သူတို့ခန္ဓာကိုယ်ကို ချစ်တတ်လာပါတယ်။ အရွယ်တဖြည်းဖြည်းရောက်လာလေ ကိုယ့်ခန္ဓာဟာ ကိုယ်တိုင်စောင့်ရှောက်ရမယ့်အရာ ဆိုပြီး နားလည်လာကြလေပါပဲ။ စိတ်ပိုင်းဆိုင်ရာလည်း အားကောင်းလာစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးတက်စေပါတယ်။
ဒီအချက်လေးတွေကတော့ ကလေးတွေရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းဖို့ ဂရုစိုက်သင့်ကြောင်းကို မျှဝေပေးခြင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ အိမ်မှာ လက်တွေ့ အသုံးပြုဖြစ်နေတဲ့ နည်းလမ်းတွေရှိရင်လည်း ကွန်မန့်ရေးပြီး မျှဝေပေးခဲ့နိုင်ပါတယ်။
ကလေးတိုင်း ကျန်းမာကြံ့ခိုင်ကြပါစေ။

12/02/2025

ကျနော်တို့အားလုံးမှာတူညီတဲ့အချက်တခုရှိမယ်ဆိုရင် အဲဒါက ကောင်းမွန်စွာလုပ်ဆောင်ထားတဲ့အလုပ်တခုအတွက် အသိအမှတ်ပြုခံရတာကို နှစ်သက်ခြင်းပဲဖြစ်ပါတယ်


#ဆရာများတွက်တာခွန်အားပေးစကား၁၀၀
#ဒေါက်တာစိုးသန်း

11/02/2025

Brady's Talk

Daddy, I am not a kid.
I am growing up now.
And I will be a firefighter.
I will save the people in the burning place because they are in danger.

And then I will be a teacher like daddy.


09/02/2025

အဆင်မပြေတဲ့နေ့နဲ့ ကြုံလာတဲ့အခါ
"ဒါလည်း ပြီးသွားမှာပါ" ဆိုတဲ့စကားကို သတိရပါ
အဆင်မပြေတဲ့နေ့တနေ့ကြုံနေရချိန် ဒါမှမဟုတ် ခက်ခဲတဲ့အခြေအနေတခုကို ဖြတ်သန်းနေရချိန်မှာ အဲဒါတွေလည်း ပြီးသွားမှာပါဆိုတာ သိထားပါ


#ဆရာများတွက်တာခွန်အားပေးစကား၁၀၀
#ဒေါက်တာစိုးသန်း

07/02/2025

ပျော်ရွှင်မှုဆိုတာ သင့်ရင်ထဲက လာတဲ့အရာပါ
မိမိဘဝကိုမိမိ ကျေနပ်သူကမှသာ ပျော်ရွှင်သူပါ


#ပျော်ရွှင်သူ
#ပျော်ရွှင်ခြင်း

03/02/2025

သစ်တပင်ကောင်း ငှက်တသောင်းနား တဲ့
ငှက်ဖြစ်ချင်လား
သစ်တပင်ဖြစ်ချင်တာလား
ကိုယ့်ရွေးချယ်မှုနဲ့ဆိုင်မယ်ထင်ပါတယ်
ကျနော်ကတော့ သစ်တပင်ကောင်းဖြစ်ဖို့ပဲ
ကြိုးစားမယ်ဗျာ

26/01/2025

တိုင်းတာလို့ရတဲ့ ရည်မှန်းချက်ပန်းတိုင်တွေ မရှိရင် တနေ့တာအောင်မြင်မှုရှိမရှိ သိဖို့ခက်ပါတယ်
ကြီးကြီးမားမားပန်းတိုင်တွေဖြစ်ဖို့မလိုပါဘူး
ဒါပေမယ့် တနေ့တာမှာ ပန်းတိုင်သေးသေးလေးတွေကို ဆိုက်ရောင်နိုင်တဲ့အခါ ပိုပြီး အောင်မြင်တယ်လို့ခံစားရပြီး ကျေးဇူးပိုတင်မိပါတယ်

#ဆရာများတွက်တာခွန်အားပေးစကား_၁၀၀
#ဒေါက်တာစိုးသန်း
#22

25/01/2025

သင်ကိုယ်တိုင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာတောင် တခြားသူတွေကို အားပေးနိုင်ပါတယ်
စိတ်ဓာတ်ခွန်အားဖြစ်စေနိုင်ပါတယ်
လူသားချင်း စာနာနားလည်မှုရှိတာက ကျနော်တို့ကို တခြားသူတွေနဲ့ ရင်းနှီးစေပါတယ်
အခက်အခဲတွေကနေ အပြန်အလှန်နားလည်မှုရကြပါတယ်
အံ့ဩစရာကောင်းတာက ကိုယ့်မှာ အရာအားလုံးအဆင်မပြေသေးချိန်မှာတောင် တခြားသူတွေကို အာရုံစိုက်ပေးခြင်းက မိမိကိုယ်ကို ပိုကောင်းလာစေတတ်ပါတယ်

#ဆရာများတွက်တာခွန်အားပေးစကား_၁၀၀
#ဒေါက်တာစိုးသန်း
#ကောင်းဖို့ဆိုတာပြီးပြည့်စုံနေဖို့မလိုပါဘူး
#11

24/01/2025

ကျနော်တို့ဟာ ဘယ်သူ့ကို ပုံတူကူးချနေစရာ မလိုပါဘူး
အားလုံးဟာ မတူကွဲပြားကြတာမလို့
မိမိကိုယ်တိုင်က အကောင်းဆုံးဖြစ်နေရင် လုံလောက်ပါတယ်

Photo credit:

23/01/2025

ကျနော်တို့မှာ မိတ်ဆွေနဲ့အပေါင်းအသင်းဆိုပြီးရှိတယ်
မိတ်ဆွေဆိုတာ မိမိနဲ့ရင်ဘတ်ချင်းနီးတဲ့သူ
တိုင်ပင်ဖော်တိုင်ပင်ဘက် ဒီလိုလေးနားလည်ထားတယ်
အပေါင်းအသင်းဆိုတာက ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ နေ့တိုင်းပြောဆိုဆက်ဆံနေရတဲ့သူတွေလို့ သိထားတယ်
မိတ်ဆွေနဲ့အပေါင်းအသင်းမှာ မိတ်ဆွေက အရေအတွက်နည်းတယ်
ဒါပေမယ့် မိတ်ဆွေတိုင်းက တန်ဖိုးရှိတယ်
တန်ဖိုးလည်းကြီးတယ်
တန်ဖိုးလည်း ထားကြပါ


22/01/2025

ကလေးပဲလေ သင်ယူရမှာပေါ့

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Mandalay
05041