SHWE MANN OO Training Center

SHWE MANN OO Training Center

Share

With the heart, under the control of the brain, craing by hands safely!

17/03/2020

မင်္ဂလာပါ

COVID-19 ကြိုတင် ကာကွယ်သည့် အနေဖြင့် လူစု လူဝေးခြင်းများ မပြုလုပ်ရန် ညွှန်ကြားချက် အရ

"Shwe Mann Oo Training Center" မှ ဂျပန်စာသင်တန်း တန်းခွဲအားလုံးကို ၁၇.၃.၂၀၂၀ ရက်နေ့မှ စ၍ ၃၀.၄.၂၀၂၀ ရက်နေ့ အထိ ခေတ္တ ပိတ်ထားလိုက်ပါသည်။

COVID-19 အား ကြိုတင်ကာကွယ်၍ ကျန်းမာကြပါစေ။

Photos from SHWE MANN OO Training Center's post 22/11/2019

ဂျပန်နိုင်ငံ (သို့မဟုတ်) စင်္ကာပူနိုင်ငံသို့ သွားချင်သည့် သင်၏ စိတ်ကူးကို အကောင်အထည်ဖို့
"SHWE MANN OO ELDERLY CAREGIVER AND LANGUAGES TRAINING CENTER" သို့ ဖုန်းလေးတစ်ချက်သာ ဆက်လိုက်ပါ။

# သင်တန်းတက်သည်ဖြစ်စေ မတက်ဘူးဖြစ်စေ စိတ်ပါဝင်စားသူများအား သင်တန်းသို့ လာရောက်လေ့လာ စုံစမ်းဖို့ ဖိတ်ခေါ်ပါတယ်။

ဤသင်တန်းသည် အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ တရားဝင် လိုင်စင်ရ ဝါရင့်သူနာပြုဆရာ/ဆရာမများက ဦးစီးဖွင့်လှစ်ထားသည့် သင်တန်းဖြစ်ပါသည်။

SHWEMANN OO ELDERLY CAREGIVER AND LANGUAGE TRAINING CENTER" မှ ပို့ချသင်ကြားမည့် သင်တန်းများမှာ

(1) Elderly Caregiver Training

(2) Japanese Language ( Basic to N2 Level)

(3) English Speaking (Basic to Advanced Level)

သင်တန်းများအားလုံးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် စတင်ပို့ချပါမည်။

ဆက်သွယ်ရန် လိပ်စာ
-------------------
၂၄/၄၇၊ ၁၁x၁၂ လမ်း၊ ၇၇x၇၈ လမ်း၊ သူရဲတမ်းလမ်းသွယ်၊
အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

Ph: 09 959822244, 09959822255

Email: [email protected]

page:

24/05/2019

ဂျပန်ကိုသွားပြီး ပညာသင်ရင်း အလုပ်လုပ်ချင်ပါသလား?

ဂျပန်မှာ အလုပ် လုပ်ချင်တယ်ဆိုရင် အလုပ်သင် သင်တန်းသားဗီဇာဖြင့် (သို့မဟုတ်) ကျွမ်းကျင်ဝန်ထမ်းဗီဇာဖြင့် သွားရောက် လုပ်ကိုင်လို့ရပါတယ်။

ဂျပန်အစိုးရက အလုပ်အကိုင် ကဏ္ဍ (၁၄) မျိုးနဲ့ လုပ်သားခေါ်ယူခွင့်ပြုပေးထားပါတယ်။

(၁) သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှု

(၂) စားသောက်ဆိုင်

(၃) ဆောက်လုပ်ရေး

(၄) နေအိမ် အဆောက်အဦး သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေး

(၅) အစား အသောက် ထုတ်လုပ်မှု စက်ရုံ

(၆) စိုက်ပျိုးမွေးမြူရေး

(၇) ဟိုတယ် ဝန်ဆောင်မှု

(၈) သင်္ဘောတည်ဆောက်ရေး

(၉) ပင်လယ်ငါးဖမ်း လုပ်ငန်း

(၁၀) မော်တော်ယာဉ် အစိတ်အပိုင်း ထုတ်လုပ်မှု

(၁၁) လျှပ်စစ် နှင့် လျှပ်စစ်ပစ္စည်းထုတ် လုပ်ငန်း

(၁၂) စက်မှု လုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်ငန်း

(၁၃) သံထည် လုပ်ငန်း

(၁၄) လေဆိပ်နှင့် လေကြောင်း လုပ်ငန်း ဝန်ထမ်း စတဲ့ ကဏ္ဍ အသီးသီးမှာ လုပ်ကိုင်နိုင်ပါတယ်။

အလုပ်သင် သင်တန်းသား ဗီဇာ (Training Visa) ဖြင့် အလုပ်လုပ်ကိုင်ဖို့ ဆိုရင် ဂျပန်ဘာသာစကားကို အနည်းဆုံး JLPT N5 Level အောင်ထားရပါမယ်။ ဂျပန်မှာ (၃) နှစ် အလုပ် လုပ်ကိုင်ခွင့်ရပါမယ်။

ကျွမ်းကျင်ဝန်ထမ်း (Specified Skill Worker) အဖြစ် လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု အသိအမှတ်ပြုထားသည့် အောင်လက်မှတ် နှင့် ဂျပန်ဘာသာစကာကို အနည်းဆုံး JLPT N3 Level အောင်မြင်ထားမှ အဆင်ပြေပါမယ်။ ၎င်းဗီဇာနဲ့သွားရင် (၅) နှစ် လုပ်ကိုင်ခွင့် ရပါမယ်။

ဘာသာစကားကျွမ်းကျင်မှုပေါ် မူတည်ပြီး လစာငွေကွာခြားနိုင်ပါသဖြင့် ဂျပန်ဘာသာစကားကို ထိထိရောက်ရောက် အသုံးပြုပြောဆို ဆက်ဆံနိုင်ဖို့ အရေးကြီးပါတယ်။

အရေးပါသော ဂျပန်ဘာသာစကားကို " SHWE MANN OO Training Center" မှ လွယ်ကူ လျင်မြန် ထိရောက်သော နည်းလမ်းများဖြင့် သင်ကြားပေးရုံ သာမက ဂျပန်ရိုးရာ ယဉ်ကျေးမှု၊ ဂျပန်ဓလေ့၊ ဂျပန်နိုင်ငံ၏ လူမှုကျင့်ဝတ် စသည့် လိုက်နာရမည့် စည်းကမ်းများ နှင့် ဆောင်ရန် ရှောင်ရန်များကို ဂရုတစိုက် အသေးစိတ် သင်ကြားပေးမည်ဖြစ်သည့်အတွက် သင်တန်းသားများ အနေဖြင့် ဘာသာစကား တစ်မျိုးတည်း သာမက ကိုယ်ရည်ကိုယ်သွေးပါ တိုးတက်မှု ရရှိနိုင်မည် ဖြစ်ပါသည်။

သင်တန်းအမျိုးအစား
-------------------

(1) 📚N5 level (Mon, Tue, Wed & Thu)

🎰သင်တန်းကာလ- (၃) လ (စုစုပေါင်း သင်ကြားချိန် = ၉၆ နာရီ)

⌛️သင်တန်းချိန်- ညနေ (၅-၇) နာရီ

💰သင်တန်း ကြေး - ၉၈,၀၀၀ ကျပ်

📆စတင်သင်ကြားမည့်နေ့- ၈.၇.၂၀၁၉
-------------------------------------------------------------

(2) 📚N5 level (Sat & Sun)

🎰သင်တန်းကာလ- (၃) လ (စုစုပေါင်း သင်ကြားချိန် = ၉၆ နာရီ)

⌛️သင်တန်းချိန်- နံနက် (၈) နာရီ မှ နေ့လယ် (၁၂) နာရီ

💰သင်တန်း ကြေး - ၉၈,၀၀၀ ကျပ်

📆စတင်သင်ကြားမည့်နေ့- ၁၃.၇.၂၀၁၉
-------------------------------------------------------------
(3) 📚 သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှု (Elderly Care Training)

(Monday to Friday)

🎰သင်တန်းကာလ- (၄) လ (စုစုပေါင်း သင်ကြားချိန် = ၁၆၀ နာရီ)

⌛️သင်တန်းချိန်- နံနက် (၁၀:၃၀) နာရီ မှ နေ့လယ် (၁၂:၃၀) နာရီ

💰သင်တန်း ကြေး - ၂၀၀,၀၀၀ ကျပ်

📆စတင်သင်ကြားမည့်နေ့- ၈.၇.၂၀၁၉
-------------------------------------------------------------

သင်တန်း (၃) မျိုးလုံးအတွက် (၂၆.၆.၂၀၁၉) ရက်နေ့မှ စတင် စာရင်းပေးသွင်းနိုင်ပါပြီ။

*****JLPT N5 Level နှင့် အထက် အောင်မြင်ပြီးသူများ ဂျပန်နိုင်ငံသို့ သွားရောက်၍ သက်ဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်လိုလျှင် "SHWE MANN OO CO., LTD" သို့ ဆက်သွယ် နိုင်ပါသည်။*****

🏡သင်တန်းတည်နေရာ - ၁၁ x ၁၂ လမ်း နှင့် ၇၇ x ၇၈ လမ်း သရဲတန်းလမ်းသွယ်၊ အောင်မြေသာစံ မြို့နယ်၊ မန္တလေး။🏡

📞ဆက်သွယ်ရန် - 09959822255, 09446436477

📧[email protected]

01/05/2019

အသက်မွေးဝမ်းကြောင်းမှု အတတ်ပညာဖြင့် ဂျပန်နိုင်ငံ၌ အလုပ်
-------------------------------------------------------
လုပ်ကိုင်နိုင်မည့် အခွင့်အလမ်း
--------------------------

ဂျပန်နိုင်ငံတွင် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်၍ ဝင်ငွေရှာလိုသူများအတွက်
"SHWE MANN OO Training Center" မှ တာဝန်ယူ ဆောင်ရွက်ပေးပါရစေ။

အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ လိုင်စင်ရ ဝါရင့်သူနာပြုဆရာ/ဆရာမများမှ ဦးစီးဖွင့်လှစ်သော

" သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး အထူးပြု သင်တန်း"

"Elderly Care Training"

သင်တန်းတက်ရောက်သင့်သူများ
----------------------------
- (အနည်းဆုံး) အခြေခံပညာ နဝမတန်း အောင်မြင်ပြီးသူများ

-အသက် ၁၈ နှစ် မှ ၃၅ နှစ် အတွင်းရှိသူများ (ကျား/မ)

- ဂျပန်ဘာသာစကား (JLPT) Level N4/N5 အောင်မြင်ပြီးသူများ

(ဂျပန်ဘာသာစကား အခြေခံ မရှိသေးသူများအား သင်တန်း စီစဉ်ပေးပါမည်)

- မိမိ မိသားစုဝင် သက်ကြီးရွယ်အိုများအား စနစ်တကျ ပြုစုစောင့်ရှောက်တတ်လိုသူများ

*** ဆေးမင်ကြောင် (Tattoo) ထိုးမထားသူများ*** ဖြစ်ရပါမည်။

သင်တန်းကြေး - ၂ သိန်းကျပ်

သင်တန်း ကာလ - (၂) လ

သင်တန်းချိန်များ
--------------

MON-FRI:

Section (A) - 8-11 AM

Section (B) - 12-3 PM

Section (C) - 4-7 PM

SAT-SUN:

Section (D) - 8 AM - 4 PM စတဲ့ တန်းခွဲ (၄) တန်း ရှိပါတယ်။

မိမိ အဆင်ပြေမည့် သင်တန်းချိန်ကို ရွေးချယ် တက်ရောက်နိုင်ပါသည်။

သင်တန်းသား စတင် လက်ခံမည့်ရက်- 9.5.2019 (Thursday)

စတင် သင်ကြားမည့် နေ့ - 23.5.2019 (Thursday)

*** သင်တန်းကာလ (၂) လ ပြီးမြောက်ပါက ဂျပန်နိုင်ငံတွင်ရှိသော သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး စင်တာများတွင် တရားဝင်
အလုပ်လုပ်ကိုင်နိုင်ရန် အတွက် ဂျပန်နိုင်ငံမှ တရားဝင် လာရောက်
ဖွင့်လှစ်ထားသော အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီနှင့် ဆက်သွယ်
ချိတ်ဆက် ဆောင်ရွက်ပေးပါမည်။***

အသေးစိတ် သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များအား ခေါ်ဆို၍လည်းကောင်း၊ page ၌လည်းကောင်း၊ သင်တန်းသို့ ကိုယ်တိုင် လာရောက်၍ လည်းကောင်း စုံစမ်းနိုင်ပါသည်။

ဆက်သွယ်ရန် လိပ်စာ
-------------------

Ph: 09 959822244, 09959822255, 09446436477

Email: [email protected]

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

24/47, 11th & 12th Street, 77th & 78th Street, Thayetan Street, Amarahtarni(East), Aungmyaetharzan Township, Mandalay
Mandalay
05011

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 16:00
Sunday 08:00 - 16:00