Victory Social Emotional Learning Corner

Victory Social Emotional Learning Corner Build focus, Calm & Emotional skills for a brighter future!

"မိဘကိုယ်တိုင် တိုက်မိနေတဲ့ အဆိပ်ရည်" (အပိုင်း-၁)"ကိုယ့်ကလေးကိုအဆိပ်မှန်း သိရက်နဲ့တိုက်မယ့် မိဘဆိုတာ ဒီကမ္ဘာပေါ်မှာ မရှိ...
04/08/2026

"မိဘကိုယ်တိုင် တိုက်မိနေတဲ့ အဆိပ်ရည်" (အပိုင်း-၁)

"ကိုယ့်ကလေးကို
အဆိပ်မှန်း သိရက်နဲ့တိုက်မယ့် မိဘဆိုတာ ဒီကမ္ဘာပေါ်မှာ မရှိနိုင်လောက်ပါဘူး။"

ကျွန်တော်တို့ မိဘတိုင်းက...
ကိုယ့်ရင်သွေးကို
အကောင်းဆုံးတွေပဲ ပေးချင်ကြပါတယ်။
ဖျားမှာစိုးလို့တောင် ရေကို ကျိုချက်ပြီး တိုက်ကြတယ်။
ခန္ဓာကိုယ်ဖွံ့ဖြိုးအောင် အာဟာရပြည့်တဲ့
ဟင်းလျာတွေ ချက်ကျွေးကြတယ်။

ကျောင်းသွားရင် ထမင်းဘူး၊ မုန့်ဘူး၊ ရေဘူးကို
သေချာပြင်ပေးကြတယ်။
ကျောင်းမှာ မုန့်စားချိန်မှာ သောက်ဖို့ဆိုပြီး
အချိုရည်ဗူး လှလှလေးတွေလဲ ထည့်ပေးတတ်ကြပါတယ်၊၊

ဒါပေမယ့်...ဒီနေရာမှာ
ကျွန်တော်တို့တတွေ သတိမထားမိဘဲ ဆက်တိုက်မှားနေတဲ့
အမှားကြီး တစ်ခုရှိပါတယ်ဗျာ၊၊

အဲဒါကတော့...
ကျွန်တော်တို့ မိဘအများစုရဲ့
ချစ်ခြင်းမေတ္တာနဲ့ ဝယ်တိုက်မိနေတဲ့
အချိုရည်တချို့က ကလေးရဲ့ ကျန်းမာရေးကို
ရေရှည်မှာ ထိခိုက်စေနိုင်တယ် ဆိုတာကိုပါပဲ။

ဒါကြောင့်လည်း ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို
"မိဘကိုယ်တိုင် တိုက်မိနေတဲ့ အဆိပ်ရည်" လို့
တမင်ရွေးထားတာဟာ...
ဒါကို ဖတ်မိတဲ့ မိဘတွေ အချိုရည်တွေရဲ့
အန္တရာယ်ကို တကယ့်အဆိပ်လို အန္တရာယ်ရှိတဲ့
ပစ္စည်းဆိုတာ တန်းပြီးသတိပြုမိအောင်ပါပဲ၊၊

ကျွန်တော်တို့ မိဘတွေ-
အမှတ်မဲ့ မသိလိုက်ဘဲ၊
နေ့စဉ်အလေ့အကျင့်တစ်ခုအဖြစ် ဆက်တိုက် တိုက်ကျွေးနေမယ်ဆိုရင်
ကလေးရဲ့ ကျန်းမာရေးကို
အဆိပ်တစ်မျိုးလို ရေရှည်ထိခိုက်စေနိုင်တဲ့
သောက်စရာများ အားလုံးကို ရည်ညွှန်းတာလည်း ဖြစ်ပါတယ်ဗျာ။

ကျွန်တော်တို့
မိဘတွေ မေတ္တာနဲ့
ဝယ်တိုက်မိရာကနေ စတဲ့ ဇာတ်လမ်းပါပဲ...

ကျောင်းတက်/ဆင်းချိန်တွေတိုင်း...
ဈေးဝယ်ထွက်/အပြင်ထွက်တဲ့ အချိန်တွေတိုင်း...
ကိုယ့်ကလေးက
"မေမေ... အဲဒီဗူးလေး သောက်ချင်တယ်..."
"ဖေဖေ... ဒါလေးဝယ်ပေးနော်..."
လို့ ပြောလိုက်တာနဲ့

ရောင်စုံ အချိုရည်ဗူးလေးတွေ...
သစ်သီးပုံပါတဲ့ Juice Box လေးတွေ...
အရသာချိုချို Milk Shake တွေ...
Bubble Tea...
Soft Drink...
တို့ကို ဝယ်တိုက်လိုက်ကြတာပါပဲ။

အဲဒီ အခိုက်အတန့်လေးမှာတော့...
ကလေးကလည်း သောက်လိုက်ရလို့ ကျေနပ်သွားတယ်။
မိဘလည်း ဒါကိုကြည့်ပြီး စိတ်ကြည်နူးတယ်။

"ကိုယ့်ကလေးပျော်သွားရင် ရပြီပဲလေ..."
လို့ ပေါ့ပေါ့လေးထင်လိုက်ကြပါတယ်။

ဒါပေမယ့်...
အဲဒီအချိုရည်တွေထဲမှာ ပါလာတာဟာ သဘာဝသစ်သီးလို အာဟာရမျိုး
မဟုတ်ဘဲ သကြားရည်နဲ့ ဆိုးဆေးတွေ၊
အခြားဓာတုဖြည့်စွက်ပစ္စည်းတွေ ဖြစ်နေနိုင်ပါတယ်။

ဒီလို သဘာဝအတိုင်းမဟုတ်တဲ့
သောက်စရာတွေတဲ့ ပတ်သက်ပြီးတော့-
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့်
အမေရိကန် ကလေးများကျန်းမာရေးအသင်း (AAP) တို့က—

အသက် ၂ နှစ်အောက် ကလေးများကို
Added Sugar မကျွေးသင့်ကြောင်း

အသက် ၂ နှစ်နှင့်အထက် ကလေးများအတွက်လည်း
Added Sugar ကို တစ်နေ့လျှင် ၂၅ ဂရမ် (လက်ဖက်ရည်ဇွန်း ၆ဇွန်းခန့်) ထက်
မပိုသင့်ကြောင်း အကြံပြုထားပါတယ်။

ဒါပေမယ့်...
ဈေးကွက်ထဲက ကျွန်တော်တို့ မျက်စိရှေ့က Soft Drinkတွေ၊ Sweetened Juiceတွေနဲ့ Milk Tea တစ်ခွက်မှာတောင်
သကြားက ၃၀ မှ ၄၀ ဂရမ် (လက်ဖက်ရည်ဇွန်း ၇ ကနေ ၁၀ဇွန်းခန့်) အထိ
ပါဝင်နိုင်ပါတယ်။

ဆိုလိုတာက—
အချိုရည်တစ်ဗူး ဒါမှမဟုတ် Milk Tea တစ်ခွက် သောက်လိုက်ရုံနဲ့တင်
ကလေးတွေအဖို့ တစ်နေ့တာအတွက် အကြံပြုထားတဲ့
Added Sugarပမာဏထက်ကို ကျော်လွန်နေပြီဖြစ်ပါတယ်။

တချို့ မိဘတွေကတော့...
"Soft Drinkတွေ၊ Milk Teaတွေ မတိုက်ဘူး..."
"အသီးဖျော်ရည်-Juice လေးပဲ တိုက်တယ်..."
ဆိုတာမျိုးလဲ ပြောလာကြတယ်ပေါ့နော်၊၊

ဒါကြောင့် ကျွန်တော်တို့
ထပ်ပြီးဖြည့်စွက်ချင်တာက
"အသီးအစစ်ဖျော်ရည်-Fruit Juice" လို့ ရေးထားတိုင်းလည်း
ကျန်းမာရေးနဲ့ ညီညွတ်တဲ့
သောက်စရာ မဟုတ်နိုင်ပါဘူး...

ဘာကြောင့်လဲဆိုတော့...
တချို့ဖျော်ရည်တွေမှာ တကယ့်သစ်သီးအစစ်က
ပါဝင်မှုနည်းပြီး သကြား၊ အနံ့နဲ့ အရသာဖြည့်စွက်ပစ္စည်းတွေပဲ
အများကြီး ပါဝင်နေနိုင်ပါသေးတယ်။

ဒါကြောင့် မေမေဖေဖေတို့ရေ...
ဖျော်ရည်၊ အချိုရည် လို့ ဆိုလိုက်တာနဲ့ ထည့်ထားတဲ့
ဗူးလှလှ၊ ထုတ်ပိုးပုံလှလှနဲ့ ကြော်ငြာစာတန်းတွေထက်
ပါဝင်တဲ့ Nutrition Facts နဲ့ Ingredient List ကို ဖတ်တဲ့ အလေ့အကျင့်၊
တကယ့်ဗူးထဲမှာ ပါဝင်တဲ့ အရည်ရဲ့ အာနိသင်ကို
သိအောင်လုပ်ဖို့က ပိုအရေးကြီးပါတယ်ဗျာ။

ကျွန်တော်တို့မိဘတွေ...
ကိုယ့်ကလေးကို
အချိုရည်တိုက်ပြီးသွားတဲ့နောက်
သူရဲ့ အပြုအမူတွေကို သတိထားကြည့်ဖူးကြပါသလား...?

တချို့မိဘတွေ ပြောကြတယ်လေ။
"အချိုရည်သောက်ပြီးရင် သားလေးက
အရမ်းဆော့တယ်..."
"ခဏကြာတော့ စိတ်တိုလာရော..."
"ခဏခဏဂျီကျလာတယ်..."
"ငိုလွယ်လာတယ်..."
စသည်ဖြင့်...စသည်ဖြင့်ပေါ့ဗျာ...

အချိုရည်သောက်ပြီးတဲ့နောက်...
ကလေးတိုင်းမှာ ဒီလို
ထပ်တူညီတဲ့ တုံ့ပြန်မှုတွေ မဖြစ်နိုင်ဘူးဆိုပေမယ့်
သကြားပမာဏများစွာ ပါဝင်တဲ့
သောက်စရာတွေ သောက်ပြီးသွားတဲ့နောက်မှာတော့—

ကလေးတွေရဲ့ သွေးတွင်းသကြားဓာတ်ဟာ မြန်မြန်တက်လာမယ်၊
ပြီးရင် ရုတ်ချည်း ပြန်ကျသွားတတ်တဲ့ Sugar Crash ဆိုတဲ့ ဖြစ်စဉ်
ဖြစ်လာမှာပါ၊၊
ဒီဟာကြောင့် ကလေးတွေ—

- ပင်ပန်းနွမ်းနယ်တာ

-စိတ်တိုလွယ်တာ

-ခဏခဏစားချင်လာတာ

-အာရုံစူးစိုက်ရခက်လာတာ
စတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါကြောင့်...
ကလေးတွေရဲ့ အပြုအမူတွေကို မြင်ရုံနဲ့
“ဒီကလေး ဆိုးလိုက်တာ"
လို့ ချက်ချင်း မဆုံးဖြတ်ခင်၊
သူ့တို့လေးတွေရဲ့ အစားအစာနဲ့ သောက်လေ့ရှိတဲ့
အရည်တွေရဲ့ သဘောသဘာဝကိုလည်း
ထည့်သွင်းစဉ်းစားကြည့်ကြရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ
ကျွန်တော်တို့
မိဘတွေ
ဖေါ့တွေးတတ်တာလေးတွေရှိတယ်..
အဲဒါက " ကလေးကို တခါတလေလေး တိုက်မိတာပဲ...
ဘာမှ မဖြစ်နိုင်ပါဘူးဟ၊
ပိုကိုပိုလွန်းပါတယ်ကွာ" လို့ ဆိုပြီးတော့ပေါ့...

ဟုတ်ပါတယ်ဗျာ...
တစ်ဘူးတည်း အခုသောက်လိုက်လို့
အခုချက်ချင်းပြင်းထန်တဲ့ ရောဂါ
ဖြစ်သွားမယ်လို့ မဆိုလိုပါဘူး။

ဒါပေမယ့်...ဒီလို တခါ၊ တခါလေးတွေ
နေ့စဉ်...
အပတ်စဉ်...
လစဉ်...
နှစ်ပေါင်းများစွာ...
ကြာလာတဲ့ အလေ့အကျင့်တစ်ခုလို ဖြစ်လာတဲ့နောက်မှာတော့...

သကြားများတဲ့ သောက်စရာတွေဟာ
ကလေးရဲ့ ကျန်းမာရေးအပေါ် ရေရှည်သက်ရောက်မှု
ရှိလာမှာ မုချပါပဲ။

ကျန်းမာရေးပြဿနာတွေဆိုတာဟာ
အခုလုပ်၊ အခုထဖြစ်...
တစ်ရက်တည်းနဲ့ မဖြစ်ပေါ်လာပါဘူး။

နေ့စဉ် ပြုလုပ်နေတဲ့ အမူအကျင့်လေးတွေကနေ
တဖြည်းဖြည်း စတင်လာတာပဲ ဖြစ်ပါတယ်ဗျာ။

ဒါကြောင့်
ကိုယ့်ရင်သွေး ကျန်းမာရေးကို ရှေးရှုတဲ့ မိဘတွေကို အကြံပြုရမယ်ဆိုရင်...
ကလေးကို-
✅ ရေဆာတဲ့အခါ ရေကိုပဲ အဓိက သောက်စရာအဖြစ် သောက်တတ်ပါစေ။
✅ သစ်သီးဖျော်ရည်တွေထက် သဘာဝသစ်သီးကို အဖတ်အတိုင်း စားပါစေ။
✅ အချိုရည်၊ အသီးဖျော်ရည်တွေ ဝယ်တိုက်တော့မယ်ဆိုရင် Nutrition
Factsတွေ၊ ပါဝင်တဲ့ပစ္စည်းတွေရဲ့ အချိုးအစားနဲ့ အာနိသင်တွေကို
မေမေဖေဖေတို့ကိုယ်တိုင် တစ်မိနစ်လောက် ဖတ်ကြည့်၊
လေ့လာကြည့်တဲ့ အလေ့အကျင့် ပြုလုပ်ကြပါလို့...
တိုက်တွန်းရင်း
အပိုင်း-၁ကို
ဒီနေရာမှာပဲ ခေတ္တရပ်ပါရစေဗျာ၊၊

အပိုင်း-၂ မှာ ဆက်လက်တင်ပြချင်တဲ့
အကြောင်းအရာလေးတွေကတော့-
ကျွန်တော်တို့
အခုဒီအပိုင်း-၁မှာက
သောက်စရာတွေမှာပါတဲ့
သကြားအကြောင်းကိုပဲ အဓိကထား ပြောခဲ့ပါတယ်။
ဒါပေမယ့်...
သကြားထက်တောင် မိဘတွေ သတိမထားမိတဲ့ အရာတွေလည်း
ရှိပါသေးတယ်။
🔹 Vitamin C ပါတဲ့ အရည်တွေက ကျန်းမာရေးအထောက်အကူဖြစ်တယ်လို့
ထင်နေတာ၊
🔹 Energy Drink ဆိုတာတွေထဲက Caffeine နဲ့ Taurine ရဲ့ ကလေးတွေအပေါ်
ဆိုးကျိုး၊
🔹 "Fruit Drink" နဲ့ "100% Fruit Juice" တို့ရဲ့ ကွာခြားချက်
🔹 ဘူးနောက်ကျောက Nutrition Label ကို ဖတ်သင့်တဲ့
အကျင့်..စတဲ့အကြောင်းတွေကို
အပိုင်း-၂ မှာ သုတေသနအထောက်အထားတွေနဲ့
ဆက်လက်မျှဝေပေးသွားပါ့မယ်ခင်ဗျာ။

Victory Learning Corner
"Where Smart Heads Meet Kind Hearts"

"ကလေးတစ်ယောက်ရဲ့
အနာဂတ်ကို ပြောင်းလဲပေးတာဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေချည်း မဟုတ်ပါဘူး။ နေ့စဉ်
သောက်တဲ့ ရေတစ်ခွက်၊ ရွေးချယ်ပေးလိုက်တဲ့ အချိုရည်တစ်ဘူးကလည်း သူ့ကျန်းမာရေးအတွက်
အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။"

03/08/2026
03/08/2026

“မေမေ… သားတစ်ယောက်တည်းတော့ မတက်ချင်ဘူး…”

ဒီစကားကို မိဘတော်တော်များများ ကြားဖူးကြမှာပါ။

ကလေးတွေအတွက်…
အသစ်တစ်ခုကို စတင်ဖို့ဆိုတာ…
တစ်ခါတလေ စိတ်လှုပ်ရှားစရာလည်း ဖြစ်သလို၊ နည်းနည်းတော့ ကြောက်လန့်စရာလည်း ဖြစ်တတ်ပါတယ်။

ဒါပေမယ့်…
အချစ်ဆုံး သူငယ်ချင်းတစ်ယောက် အနားမှာ ရှိနေတဲ့အခါ…

“သွားရအောင်…”
“အတူလုပ်ရအောင်…” ဆိုတဲ့ သတ္တိလေးက အလိုလို ပေါ်လာတတ်ပါတယ်။ 💛

သင်ယူမှုဆိုတာ…
အတန်းထဲမှာ စာသင်တာတစ်ခုတည်း မဟုတ်ပါဘူး။
အတူရယ်မောတာ…
အတူလေ့လာတာ…
တစ်ယောက်နဲ့တစ်ယောက် အားပေးတာ…
ပေါင်းသင်းဆက်ဆံတတ်လာတာ…

ဒီအတွေ့အကြုံလေးတွေကလည်း ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။

🌱 Victory Learning Corner ရဲ့ EI Kids & EI Teens Programme မှာ…

ကလေးတွေကို…

💙 ကိုယ့်ခံစားချက်ကို နားလည်တတ်ဖို့…
💙 ယုံကြည်မှုရှိရှိ ပြောဆိုတတ်ဖို့…
💙 စိတ်ဖိစီးမှုကို ကိုင်တွယ်တတ်ဖို့…
💙 တာဝန်ယူတတ်ပြီး ကိုယ်တိုင်ဦးဆောင်တတ်ဖို့…

Social & Emotional Learning (SEL) နဲ့ Emotional Intelligence (EI) Skills တွေကို အသက်အရွယ်အလိုက် ပျော်ရွှင်စွာ သင်ယူနိုင်ပါတယ်။

🎉 Buddy Registration Special

သူငယ်ချင်း (၂) ယောက် အတူတူ အပ်နှံပါက…
🎁 ကျောင်းသားတစ်ဦးစီ သင်တန်းကြေး 10% OFF ရရှိမှာ ဖြစ်ပါတယ်။

အတူစတင်ရင်…
ပိုပြီး သတ္တိရှိလာတယ်။

အတူသင်ယူရင်…
ပိုပြီး ပျော်ရွှင်လာတယ်။

အတူရှင်သန်ရင်…
အမှတ်တရတွေလည်း ပိုလှလာပါတယ်။

ကလေးတိုင်း ကိုယ့်ကိုယ်ကို ယုံကြည်ပြီး၊ ကိုယ့်ဘဝကို ကိုယ်ဦးဆောင်နိုင်တဲ့ လူငယ်များ ဖြစ်လာစေရန်…

📩 အသေးစိတ် သိရှိလိုပါက “EI” ဟု Comment ရေးခဲ့ပါ သို့မဟုတ် Messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Victory Learning Corner💛
Where Smart Heads Meet Kind Hearts



-PersonClas

02/08/2026

“ဒေါသကြီးတဲ့ ဖေဖေတွေ… မသိသေးတဲ့ အမှန်တရား (၅) ခု”

တစ်နေ့…
ဖေဖေတစ်ယောက်က ကလေးကို အော်လိုက်တယ်။
ကလေးက ချက်ချင်း ငြိမ်သွားတယ်။

ဖေဖေက…
“ကြည့်… ငါအော်လိုက်တော့ နားထောင်သွားတာပဲ။” လို့ တွေးမိနိုင်တယ်။

ဒါပေမယ့်…
ကလေးရဲ့ စိတ်ထဲမှာတော့…
“ငါ နားလည်လို့ ငြိမ်သွားတာ မဟုတ်ဘူး…”

“ငါ ကြောက်လို့…” ဆိုတဲ့ ခံစားချက်ပဲ ကျန်ခဲ့နိုင်ပါတယ်။

တကယ်တော့…
ဒေါသက ခဏတာဖြစ်ပေါ်တတ်တဲ့ မကောင်းတဲ့ စိတ်ခံစားချက်တစ်ခုဆိုပေမယ့်

ဒီခဏတာ ဖြစ်ပေါ်လာတဲ့ ခံစားချက်ဒေါသကိုဘယ်လိုဖော်ပြသလဲ ဆိုတာက မိသားစုရဲ့ အနာဂတ်တစ်ခုလုံးကို ဆုံးဖြတ်ပေးနိုင်စွမ်းရှိနေပါတယ်။

၁။ ကလေးတွေက ဖေဖေပြောတဲ့ စကားထက်… ဖေဖေလုပ်တဲ့ အပြုအမူကို ပိုသင်ယူကြတယ်။

ဖေဖေက စိတ်တိုရင် အော်တယ်…
ပစ္စည်းတွေပစ်ပေါက်ရိုက်ခွဲလိုက်တယ်…
မေမေကို မလေးစားဘူး…

ဒါတွေကို မြင်ပြီး ကြီးလာတဲ့ ကလေးဟာ…
“ဒေါသဆိုတာ ဒီလိုဖော်ပြရတာပဲ” လို့ ယုံကြည်သွားနိုင်ပါတယ်။

၂။ “ကလေးက ငယ်သေးလို့ မမှတ်မိဘူး” ဆိုတာ အမြဲမမှန်ပါဘူး။

ကလေးတွေက ဖြစ်ရပ်အသေးစိတ်ကို မမှတ်မိချင်မှ မှတ်မိမယ်။

ဒါပေမယ့်…
ကြောက်ရွံ့မှု၊ လုံခြုံမှု၊ နွေးထွေးမှု ဆိုတဲ့ ခံစားချက်တွေကိုတော့ စိတ်ထဲမှာ သိမ်းထားတတ်ပါတယ်။

၃။ မေမေကို လေးစားတာကို မြင်ရတဲ့ ကလေးဟာ… အချစ်ကို လေးစားမှုနဲ့ တွဲပြီး သင်ယူတတ်တယ်။

ဖေဖေက မေမေကို လေးစားတဲ့ စကားပြောရင်…
ကလေးက လူတွေကို ဘယ်လို တန်ဖိုးထားရမလဲဆိုတာ သင်ယူပါတယ်။

မေမေဖေဖေတို့ရဲ့ အိမ်ထောင်ရေးအခြေအနေက…
ကလေးရဲ့ ပထမဆုံး Relationship Classroom ပါ။

၄။ “တောင်းပန်ပါတယ်” ဆိုတဲ့ စကားထက်… “ပြောင်းလဲလာတဲ့ အပြုအမူ” က ပိုပြီးအသံကျယ်ပါတယ်။

တစ်ခါတောင်းပန်ပြီး…
နောက်တစ်ခါ ထပ်အော်…
ထပ်ရိုက်…
ထပ်ပေါက်ကွဲ…ဆိုရင်…

ယုံကြည်မှုက တဖြည်းဖြည်း ပျောက်သွားတတ်ပါတယ်။

စစ်မှန်တဲ့ တောင်းပန်ခြင်းဆိုတာ…
အပြုအမူ ပြောင်းလဲလာခြင်းနဲ့ သက်သေပြရတာပါ။

၅။ ခွန်အားအကြီးဆုံး ဖေဖေဆိုတာ… ဒေါသကို အနိုင်ယူနိုင်တဲ့ ဖေဖေပါ။

အော်နိုင်တာက အာဏာ မဟုတ်ဘူး။
ရိုက်နိုင်တာက ခွန်အား မဟုတ်ဘူး။
ဒေါသထွက်နေတဲ့ အချိန်မှာတောင်
အသက်ကိုခပ်ပြင်းပြင်းရှူပြီး…
ကိုယ့်ဒေါသက ကိုယ်ချစ်ရသူတွေ
မထိခိုက် မနာကျင်သွားရအောင်
စကားကို အေးအေးဆေးဆေး ရွေးပြောနိုင်ခြင်းကသာ တကယ့်စစ်မှန်သောခွန်အားပါ။

❤️ ဖေဖေတို့…
ကလေးတွေ လိုချင်တာက…
အရာရာ ပြီးပြည့်စုံတဲ့ ဖေဖေ မဟုတ်ပါဘူး။
အိမ်ပြန်လာတဲ့အချိန်…
“ဖေဖေ ပြန်လာပြီ…” လို့ ဝမ်းသာအားရ ပြေးဖက်လို့ရတဲ့ ဖေဖေကို လိုချင်တာပါ။

တစ်နေ့မှာ…
“ဖေဖေက ဒေါသကြီးတယ်…” လို့ ကလေးက မှတ်သွားစေချင်သလား ?

ဒါမှမဟုတ်ဘဲ…

“ဖေဖေက ကျွန်တော်တို့ကို လုံခြုံတယ်လို့ ခံစားရစေခဲ့တယ်…” လို့ စိတ်ထဲသတိတရရှိစေချင်သလား?

သေချာစဉ်းစားပြီး ဖေဖေတို့ကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ရမှာပဲဖြစ်ပါတယ်။

ရွေးချယ်မှုသာ မှန်ကန်ခဲ့ရင်
ဖေဖေတစ်ယောက်အတွက်
ဘဝရဲ့ အကြီးဆုံးအောင်မြင်မှုကို
ကိုယ်မရှိတော့သည့်အချိန်အထိ
ရရှိသွားနိုင်မှာပါ။

Victory Learning Corner 💛







#ဖေဖေများသို့
#ဒေါသကိုထိန်းကြစို့

02/08/2026

“မိဘတိုင်းရဲ့ ရင်ထဲမှာ… ပြောမထွက်တဲ့ ကြောက်ရွံ့မှုတစ်ခုတော့ ရှိပါတယ်။”

“ငါ့ကလေး… လမ်းမှားရောက်သွားရင် ဘယ်လိုလုပ်မလဲ…”

ဒီမေးခွန်းက…
Teenage သားသမီးရှိတဲ့ မိဘတိုင်းရဲ့ နှလုံးသားထဲမှာ ရှိနေတဲ့ စိုးရိမ်မှုပါ။

ဒီနေ့ခေတ်မှာ…
အန္တရာယ်တွေက အရင်ကထက် ပိုနီးကပ်လာပါတယ်။

ဖုန်းတစ်လုံးကနေ…
မကောင်းတဲ့ အကြောင်းအရာတွေကို တွေ့သွားနိုင်တယ်။
သူငယ်ချင်းအသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမှုကြောင့်…ဆုံးဖြတ်ချက်တွေ လွဲချော်သွားနိုင်တယ်။

တစ်ခါတလေ…
မိဘကို မပြောပြရဲတဲ့ စိတ်ဖိစီးမှုတွေကို…
တစ်ယောက်တည်း ကြိတ်မှိတ် ရင်ဆိုင်နေရတတ်ပါတယ်။

ဒီလိုအခြေအနေတွေကို ကြောက်လို့…
မိဘတွေက ပိုတင်းကျပ်လာတယ်။
ပိုစောင့်ကြည့်လာတယ်။
ပိုတားမြစ်လာတယ်။

ဒါပေမယ့်…
ခဏလောက် ဒီမေးခွန်းကို ကျွန်မတို့မိဘတွေစဉ်းစားကြည့်ရအောင်။

“ကိုယ့်ကလေး အမှားတစ်ခုခု လုပ်မိတဲ့နေ့…
သူ အရင်ဆုံး ဘယ်သူ့ဆီ ပြေးလာမလဲ…”

သူ့သူငယ်ချင်းဆီလား…
Social Media ပေါ်က လူတစ်ယောက်ဆီလား…
တခြားတစ်ယောက်ယောက်ဆီလား…
ဒါမှမဟုတ်…
မိဘဖြစ်တဲ့ ကျွန်မတို့ဆီလား…

ကလေးတစ်ယောက်ကို
လမ်းမှားမရောက်အောင် ကာကွယ်ပေးနိုင်တဲ့ အကြီးမားဆုံး အင်အားက…
စည်းကမ်းတွေချည်းပဲ မဟုတ်ပါဘူး။

“သား/သမီး…ဘာပဲဖြစ်ဖြစ် အိမ်ကို ပြန်လာလို့ရတယ်။
မေမေ၊ ဖေဖေ ရှိတယ်
စကားပြောချင်တဲ့အခါသေချာနားထောင်ပေးမယ်…” ဆိုတဲ့ ယုံကြည်မှု နဲ့ ဘေးကင်းလုံခြုံတဲ့ ဆက်ဆံရေး ပါ။

အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ…
ကလေးတွေ အလိုအပ်ဆုံးက…
ထိန်းချုပ်ခံရတာ မဟုတ်ပါဘူး။
နားလည်ပေးမယ့် မိဘတစ်ယောက် ဖြစ်ပါတယ်။

တစ်နေ့…
ဘဝရဲ့ အခက်ခဲဆုံးအချိန်ကို ရင်ဆိုင်ရတဲ့အခါ…
“ဒီအကြောင်းကို မေမေ၊ ဖေဖေကို ပြောလို့ရတယ်…” လို့ ယုံကြည်တဲ့ ကလေးက…

လမ်းမှားကို ရွေးချယ်နိုင်ခြေ ပိုနည်းပါတယ်။

ဒီနေ့ကစပြီး…
စည်းကမ်းတွေကိုသာ တည်ဆောက်တာထက်…
ရင်ဖွင့်လို့ရတဲ့ Safe Zone လေးတစ်ခု ကို မိသားစုထဲမှာ အတူတူ တည်ဆောက်ကြရအောင်။

ကလေးကို ကာကွယ်ပေးတဲ့ အကြီးမားဆုံးသော လုံခြုံရေးက…
တံခါးပိတ်ထားတဲ့ အိမ်မဟုတ်ဘူး။
အမြဲဖွင့်ထားတဲ့ မိဘရဲ့ နှလုံးသားပါ။

မေမေဖေဖေတို့အိမ်မှာ သားသမီးနဲ့ ရင်းရင်းနှီးနှီး စကားပြောဖြစ်တဲ့ အချိန်က ဘယ်အချိန်လဲ?
ညစာစားချိန်လား…
ကားစီးတဲ့အချိန်လား…
အိပ်ရာဝင်ခါနီးလား…
Comment မှာ မျှဝေပေးခဲ့ပါဦး။ 💛

Victory Learning Corner
Where Smart Heads meet Kind Hearts 💕






02/08/2026

💞မေမေတို့ရေ...
တခါတလေ ကျွန်မတို့တုံ့ပြန်လိုက်တဲ့...
Negative စကားတစ်ခွန်းက...ကလေးရဲ့ စိတ်ထဲမှာ
စွဲကျန်သွားနိုင်ပါတယ်...

မိဘပြောတဲ့ Negative စကားလုံးအတိုင်း ကိုယ့်ကိုကိုယ်သတ်မှတ်လိုက်ကြတယ်...
ဥပမာ...ဆိုးတဲ့ကလေးလို့ ပြောလိုက်တာနဲ့ ဆိုးသွားရော...

ဒါကြောင့်...ကလေးကို Label မတပ်ဘဲ အပြုအမူကိုပဲ..
ပြင်ပေးကြရအောင်ပါ...

ကလေးရဲ့ တန်ဖိုးကိုတော့ အမြဲကာကွယ်ကြမယ်နော်...

အပြုအမူဆိုတာ…
ပြောင်းလဲလို့ ရပါတယ်။
ဒါပေမယ့်…
တံဆိပ်ကပ်ခံရတဲ့ စိတ်က…
ကုစားဖို့ အချိန်ပိုယူရပါတယ်။

အခုကစပြီး…
ကလေးကို ပြောမယ့် စကားတိုင်း မပြောခင်…
ကိုယ့်ကိုယ်ကို မေးကြည့်ပါ။
“အပြုအမူကို ပြောနေတာလား…
ကလေးကို Labelတတ်နေတာလား…”

စကားတစ်ခွန်းက…
ကလေးရဲ့ ကိုယ့်ကိုယ်ကို မြင်ပုံကို…
တည်ဆောက်ပေးနိုင်သလို…
ဖျက်လည်းဖျက်ဆီးပစ်နိုင်ပါတယ်။

ကလေးတွေကို တံဆိပ်မကပ်ပါနဲ့။
သူ့ရဲ့ ဖွံ့ဖြိုးနိုင်တဲ့ အခွင့်အရေးကို ယုံကြည်ပေးပါ။

💬 Comment မှာ“No Labels 💛”လို့ ရေးပေးခဲ့ပါဦး။

💛 Victory Learning Corner






02/08/2026

"ဆယ်ကျော်သက် သားသမီးတွေက...
'ဘာမှမဖြစ်ပါဘူး...ရပါတယ်...မေမေ..'လို့ ပြောတိုင်း...
တကယ်ပဲ...ဘာမှ မဖြစ်ဘူးလို့ ထင်နေတာလား..."

"မိဘတွေကို” ပြန်မပြောပြတာက...
မပြောချင်ကြလို့ မဟုတ်ပါဘူး...
ဘယ်လို စကားစပြောရမလဲ...မသိကြတာကြောင့်ပါပဲ...

တစ်ခါတလေမှာ ဆယ်ကျော်သက်တွေ...လိုအပ်တာက...
အကြံပေးတာထက်...သူတို့ပြောတာကို...နားထောင်ပေးနိုင်မဲ့...
လုံခြုံတဲ့... နေရာလေးတစ်ခုပါပဲ..."

မိဘတစ်ယောက်က အချိန်ပေးပြီး နားထောင်ပေးနိုင်ရင်...
သူတို့လေးတွေအတွက်တော့...
စိတ် အလုံခြုံဆုံးနေရာ ဖြစ်လာနိုင်ပါတယ်...

"စိတ်ရှည်မှုဖြင့် နားလည်မှုရယူပါနော်..."

Teenage ကာလမှာ ကလေးတွေက မိဘရဲ့အဝေးကို ထွက်သွား
တာ မဟုတ်ပါဘူး။

သူတို့ ခံစားချက်ကို လုံခြုံစွာ ဖွင့်ဟလို့ရမယ့် “နားခိုရာ” နေရာ
လေးတစ်ခုကို ရှာနေကြတာပါ။

💛 Victory Learning Corner




27/07/2026

“မင်းညီမကို ကြည့်စမ်း…
သူကတော့ လုပ်နိုင်တယ်…”

ဒီစကား…
အိမ်တော်တော်များများမှာ…
မကြာခဏ ကြားရတတ်ပါတယ်။

“အစ်ကိုကို ကြည့်…”
“အတန်းဖော်သူငယ်ချင်းကို ကြည့်…”
“ဟိုကလေးကို ကြည့်…”

ဒီစကားတွေက…
မိဘအတွက်တော့…
အားပေးချင်တဲ့ စကား ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်…
ကလေးရဲ့ နှလုံးသားထဲမှာတော့…
“ကျွန်တော်က မလုံလောက်ဘူးလား…”
ဆိုတဲ့ ခံစားချက်ကို ကျန်ခဲ့စေနိုင်ပါတယ်။

ကလေးတိုင်းမှာ…
သူ့ကိုယ်ပိုင် အရှိန်ရှိတယ်။
သူ့ကိုယ်ပိုင် အားသာချက်ရှိတယ်။
သူ့ကိုယ်ပိုင် သင်ယူပုံရှိတယ်။
ပန်းတစ်ပွင့်ကို…
တခြားပန်းပွင့်နဲ့ မနှိုင်းယှဉ်သင့်သလို…
ကလေးတစ်ယောက်ကိုလည်း…
တခြားကလေးတစ်ယောက်နဲ့ မနှိုင်းယှဉ်သင့်ပါဘူး။

ဒီနေ့…
တခြားသူနဲ့ မနှိုင်းယှဉ်ဘဲ…
မနေ့က သူနဲ့…
ဒီနေ့ သူကိုပဲ နှိုင်းယှဉ်ကြည့်ပါ။

💛“ဒီနေ့…မနေ့ကထက်…
နည်းနည်း ပိုကြိုးစားလာတယ်နော်…”

💛“မေမေ…သားရဲ့ တိုးတက်မှုကို မြင်ရတယ်…”
ကလေးတွေ လိုချင်တာက…
အကောင်းဆုံး ကလေး ဖြစ်ဖို့ မဟုတ်ပါဘူး။
သူတို့ရဲ့ ကြိုးစားမှုကို မြင်ပေးတဲ့ မိဘ တစ်ယောက်ပါ။

ဒီနေ့…
ကလေးကို…
တခြားသူနဲ့ မနှိုင်းယှဉ်ဘဲ…
မနေ့က သူနဲ့ပဲ နှိုင်းယှဉ်ပေးကြည့်ပါ။

အဲဒီ စကားတစ်ခွန်းက…
သူ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို…
တဖြည်းဖြည်း ကြီးထွားလာစေပါလိမ့်မယ်။

ကလေးတိုင်းဟာ…
တခြားသူလို ဖြစ်လာဖို့ မလိုပါဘူး။
သူ့ရဲ့ အကောင်းဆုံးပုံစံ ဖြစ်လာဖို့ပဲ လိုပါတယ်။

💛 Victory Learning Corner







27/07/2026

🌙 Sunday Night မှာ… ကလေးက စိတ်မကြည်လင်တော့ဘူးလား?

တချို့ကလေးတွေမှာ
တနင်္ဂနွေညရောက်တိုင်း…

😔 စိတ်ငြိမ်မနေတော့ဘူး။
😟 “မနက်ဖြန် ကျောင်းသွားရတော့မယ်…” လို့ ပြောပြီးဝမ်းနည်းတတ်ကြတယ်။
😢 ဗိုက်နာတယ်၊ ခေါင်းကိုက်တယ်လို့ ပြောလာတတ်တယ်။

ဒါဟာ အမှန်တော့ သူတို့ကျောင်းသွားရမှာပျင်းလို့ မဟုတ်ပါဘူး။

အများအားဖြင့်…
“Sunday-night anxiety” လို့ခေါ်တဲ့
ကျောင်းပြန်တက်ရမယ်ဆိုတဲ့အခါ စိတ်ထဲမှာ ဖိအား၊ စိုးရိမ်မှု၊ မသေချာမှုတွေကြောင့် ဖြစ်တတ်ပါတယ်။

ဒီလိုအချိန်မှာ…
မိဘအနေနဲ့

❌ “ဘာမှမဖြစ်ဘူး၊ မငိုနဲ့။”
❌ “ဒီလောက်လေးနဲ့ ကြောက်နေတာလား?”
လို့ပြောမယ့်အစား…

❤️ “မနက်ဖြန်ကျောင်းသွားရတော့မှာမလို့ စိတ်ပူနေတာလား?”
❤️ “ဒီတပတ်ထဲမှာ ဘာကို စိုးရိမ်ခဲ့တာလဲ?”
လို့ မေးပေးကြည့်ပါ။

ကလေးတစ်ယောက်အတွက်…
နားလည်ခံရတယ် ဆိုတဲ့ ခံစားချက်က
စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ ပထမဆုံးဆေးတစ်ခွက်ပါ။

🌿 Sunday Night ကို ပိုငြိမ်းချမ်းစေမယ့် Peaceful Parenting Tips လေးကိုပြောပြပေးသွားချင်ပါတယ်။

✨ အိပ်ရာမဝင်မှီ မိနစ် ၃၀လောက် ဖုန်းတွေကို ခဏဖယ်ထားပါ။
✨ အသက်ရှူလေ့ကျင့်ခန်း ၅ ကြိမ် အတူလုပ်ပါ။
✨ “ဒီနေ့ ဘာလေးက အပျော်ဆုံးဖြစ်ခဲ့လဲ?” လို့ အပြန်အလှန်မျှဝေပါ။
✨ မနက်ဖြန်အတွက် အိတ်၊ ယူနီဖောင်း၊ ထမင်းဘူးကို အတူပြင်ဆင်ပါ။
✨ “မေမေ/ဖေဖေက သားဘက်မှာ အမြဲရှိတယ်” ဆိုတဲ့ စကားတစ်ခွန်းကို မမေ့ပါနဲ့။

🌱 ကျောင်းစိတ်ဖိစီးမှုကို ဖယ်ရှားပေးနိုင်တာက…
အဖြေအားလုံးကို ပေးနိုင်တဲ့ မိဘမဟုတ်ပါဘူး။
ခံစားချက်အားလုံးကို နားထောင်ပေးနိုင်တဲ့ မိဘ ဖြစ်ပါတယ်။

ဒီနေ့ တနင်္ဂနွေည…
ကလေးကို Homework အကြောင်းမေးတာထက်…
“ဒီနေ့ ကလေးရဲ့စိတ်လေး ဘယ်လိုနေသလဲ?” လို့ မေးကြည့်ပါ။

အဲဒီမေးခွန်းလေးက…
တနင်္လာနေ့မနက်ကို ပိုပြီးပေါ့ပါးသွားစေနိုင်ပါတယ်။ 💛

Learning Corner

27/07/2026

မကြာမီ… Channel Members များအတွက် သတင်းကောင်း လာပါမည်! 🎉

💛 Channel Members တွေအတွက်သာ ရရှိမယ့်
🎁 အထူးအခွင့်အရေးများ
🎓 Exclusive Promotion များ
🎉 Members Only Benefits များကို မကြာမီ ကြေညာပေးသွားပါမယ်။

📢 Channel ကို join မထားရသေးရင် အချိန်မီ Join ထားနော်။
မေမေဖေဖေတို့အတွက် အထူးအစီအစဉ်တစ်ခုက စောင့်နေပါတယ်။ 🌟

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00
Sunday 08:00 - 17:00

Telephone

+959740844096

Website

Alerts

Be the first to know and let us send you an email when Victory Social Emotional Learning Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Victory Social Emotional Learning Corner:

Shortcuts

Share