P.M.C Fashion Design & Technical school

P.M.C Fashion Design & Technical school

Share

မင်္ဂလာပါ
​စက်ချုပ် ပညာဒါန videoများ တင်ထားပေးပါတယ် ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင့်

24/12/2024

2025 မှာ သင့် ရဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာဖြစ်မလဲ

Photos from P.M.C Fashion Design & Technical school's post 09/10/2024

Miss Grand Myanmar 🇲🇲
Queen Thae SuNyein👑
Barbi doll သဲသဲ🖤🤎




14/09/2024

Big shout out to my newest top fans! 💎 T Zin

Drop a comment to welcome them to our community,

27/05/2024

ကိုယ့်သင်တန်းသူလေးတွေ အလွယ်တကူရှာတက်စေဖို့ တွေ့မိတာလေးတခုကို copy ယူလာခဲ့ပါတယ်

မူရင်းရေသားသူကိုလည်း ရှာမတွေ့လို့ credit ပေးပါတယ်နော်

Pinterest ထဲမှာလိုချင်တာအကုန်ရှိ​ပေမယ့်မရှာတက်​သောသူများအတွက်ရှာ​ပေးထား​သောတချို့တဝက်

(1) ပန်းထိုးတာရှာချင်ရင် Embroidered လို့ရိုက်ပြီးရှာ

(2) Pattern အမျိုးမျိုးဆွဲနည်းရှာချင်ရင် Pattern Modelista (or) Giftjp

(3) အ​စွေစကွပ်နည်းရှာချင်ရင် Biastape လို့ရိုက်ပြီးရှာ

(4) ချုပ်နည်းတွဲနည်းသိချင်ရင် Sewing Techniques လို့ရိုက်ရှာပါ

(5) စ​ပေါ့အလုံးချုပ်နည်း​လေး​တွေဆို Polka လို့ရိုက်ရှာရမယ်​နော်

(6) အကွက်ချုပ်ချင်ရင်​တော့ Plaid လို့ရိုက်ရှာရင်​တွေ့မှာပါ

(7) အစင်းချုပ်နည်းသိချင်ရင်​တော့ Stripped (or) Stripes လို့ရိုက်ရှာပါ

(8) ဇာဆိုရင်​တော့ Lace လို့ရိုက်ပြီးရှာရမှာပါ

(9) ကမာ (or) အပါးစဆိုရင် Organza (or) Stripes လို့ရိုက်ရှာပါ

(10) ချည်ပိတ်​ဖောက်ဇာ​လေး​တွေဆိုရင်​တော့ Eyelets Dress Top လို့ရိုက်ရှာပါ

(11) ပုလဲရှန်ဆိုရင်​တော့ Plumetis လို့ရိုက်ရှာရင်ရပါတယ်​နော်

©️®️💟

🍀 သိထားတာလေးရှိရင် မန့်မှာမျှဝေပေးအုံးနော်

26/04/2024

အခြေ ခံလောက်ပဲ လာတတ်ပါ
သင်တန်းကြေး
သင်ယူချိန် ကုန်ကျစရိတ်
ပေးရတဲ့အချိန် စိတ်ပင်ပန်းမှုတွေ သိရရင် ချုပ်ခကိုကြိုက်မှာသေခြာတယ်

26/04/2024

မြန်မာ ဘော်လီ က ကမ္ဘာကျော်တွေ တောင်လိုက်၀တ်ရတဲ့နေအထားနော်
👇👇👇

23/04/2024

Edit: လူငယ်တွေသတိထားနိုင်အောင်ပြန်လည်မျှဝေခြင်းပါ❤❤
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷
ကာမကိုရယူပြီး ငွေညှစ်တဲ့နည်းသစ်..

တစ်နေ့မောင့်ဓာတ်ပုံတင်ထားတဲ့
ဖုန်းနံပါတ်လေးနဲ့ Viber ဝင်လာတယ်

"ညီမလေး
အစ်မစကားနည်းနည်းပြောချင်လို့ ရလား "

ဒီစာသားက ...
ကျမကို နည်းနည်း တုန်လှုပ်စေခဲ့တယ်။

ပထမဆုံး ...
မောင်နဲ့ကျမ အတူတူတွဲရိုက်ထားတဲ့
ဓာတ်ပုံလေး တစ်ပုံ ပို့တယ် ။

"ညီမတို့ ချစ်သူတွေလား "ဆိုတဲ့
မေးခွန်းလေးနဲ့ ...
ကျမ ထင်လိုက်တာက

ဒါ မောင်ရဲ့ ညီမ မောင်ရဲ့ အစ်မ တွေရဲ့
ပယောဂပါပြီ ဆိုတာ ကျမ သိလိုက်တယ်။

နောက်တပုံ ထပ်ပို့တယ်
မောင့်ပါးလေးကို ကျမနမ်းနေတဲ့ပုံ

နောက်ထပ်တပုံ..မောင်က ကျမ
နှုတ်ခမ်းလေးကို ..နမ်းနေတဲ့ပုံ
ထပ်ပို့အပြီးမှာ ....

"သူ့မှာ အိမ်ထောင်ရှိရက်နဲ့ ညီမလေး
ဘာလို့ မြူဆွယ်နေတာလည်း"
ဆိုတဲ့ စကားနဲ့
မောင်က ခလေးတစ်ယောက်ကို ချီပြီး
ဘေးက ကောင်မလေးက
မောင့်လက်မောင်လေးကို မှီခိုထားတဲ့ပုံ

"ဒါ က္မတို့ မိသားစု ဓာတၸဳံ" တဲ့

က်မ လက္ထဲက
ဖုန်းလေး ပြုတ်ကျသွားတယ်။
ပြန်ကောက်ဖို့ အင်အားချိနဲ့ကုန်တယ် ။

ကျမထင်ခဲ့တာ ဒီလိုမဟုတ်ဘူး ။
ကျမမျှော်မှန်းခဲ့တာ ဒီလိုတွေမဟုတ်ခဲ့ဘူး။
ကျမ ဖုန်းလေး ပြုတ်ကျသွားပေမယ့်
အဆက်မပြတ်ဝင်လာတဲ့
စာတွေ ပုံတွေ က
မောင်တို့ လက်ထပ်တုန်းက ပုံတွေ
မောင် သားလေးနဲ့ ဆော့နေတဲ့ ပုံတွေ

ကျမ မှားသွားပြီ မောင် ...

အထင်ကြီးခဲ့သမျှ အားလုံး
အလကားပဲ ဆိုတဲ့ အတွေးတွေ
နှမချင်းမစာနာ လုပ်ရက်လိုက်တာ
ဆိုတဲ့ ဒေါသတွေထက်

အစ်မ ကို ကျမ တောင်းပန်ပါတယ်ဆိုတဲ့
စာလေးတစ်ကြောင်းကို
ကျမ ဘယ်လို အင်အားနဲ့ ရိုက်ရမလည်း

သူ့မှာအိမ်ထောင်ရှိမှန်း မသိခဲ့ရိုးအမှန်ပါ ။
ကျမ လိပ်ပြာသန့်တယ်။
မိဘ မျိုးရိုး မျက်နှာပျက်အောင် လုပ်မယ့်
မိန်းမမျိုး မဟုတ်ပါဘူးလို့
စာပြန်ဖို့ရိုက်နေတုန်း ...

ညီမလေးတို့ ပုံတွေ Fb ပေါ် တင်မှာပါ
အစ်မတို့ အိမ်ထောင်ရေး ပျက်စီးအောင်
ဖျက်စီးသလို ညီမတို့ မိဘအသိုင်းအဝိုင်း
ကောင်းကောင်း ပေးဆပ်ရမယ် ဆိုတဲ့
စာကြောင်းက ကျမဘဝ ကို
ထပ် သတ်လိုက်သလို ခံစားရတယ် ။

ကျမ ဝမ်းနည်းစိတ်ကြောင့် ငိုမိတယ် ...

ညီမ မိဘတွေရဲ့ မျက်နှာ
ညီမ ဆွေမျိုးတွေရဲ့ မျက်နှာ
ညီမ လုပ်ငန်းခွင်မှာ
ညီမ ပတ်ဝန်းကျင်မှာ ညီမ ဘယ်လို
မျက်နှာပြရမလည်း
ညီမ တောင်းပန်ချင်တယ် ။

မိန်းကလေးချင်း ...ကိုယ်ချင်းစာ
ပေးစေချင်တာပါ ပြောတော့

ညီမသာ အရင်ကတည်းက
ကိုယ့်ချင်းစာစိတ်ရှိရင်
အစ်မတို့ မိသားစုဘဝလေး
အခုလို ပ်က္စီးမွာ မဟုတ္ဘူး တဲ့ ...

ခုတော့ အစ်မ ခလေးတစ်ဖက်နဲ့
အစ်မ ဘဝ ပျက်ပြီလေတဲ့ ...

ကိုယ့်ချင်းစာမိတယ်။

ကိုယ့်ကြောင့်
သူများ မိသားစုဘဝ ပျက်ခဲ့တာ
ကိုယ့် ယုံစားခဲ့တာ ။

FB က ပရိုဖိုင်လေးမှာ
ကော်လံကတုံးအဖြူလေးနဲ့ ဆံပင်အတို
ယောပုဆိုးလေးနဲ့ မောင်ကို
ကျမ လူကြီး လူကောင်း ဆန်တယ်
ဆိုပြီး ယုံစားမိခဲ့တာ

အစ်မ ညီမ ဘာလုပ်ပေးရမလည်း
ညီမ ဘာတွေ ပြန်ပေးရမလည်း
သူနဲ့လည်း အဆက်အသွယ်
မလုပ်တော့ဘူး
ဒီနေ့ ဒီချိန်က စပြီး အစ်မ ကျေနပ်တဲ့ အထိ ...
ညီမ တောင်းပန်ပါမယ် ။

ညီမ မိဘတွေ မျက်နှာ ထောက်ပြီး
ညီမကို အခွင့်အရေးတစ်ခု ပေးပါ ။

ပုံတွေ Fb ပေါ် မတင်ပါနဲ့
တောင်းပန်တာပါ ဆိုတဲ့
စကားအဆုံးမှာ

ခလေး ရှေ့ရေးအတွက်
အစ်မမှာ တာဝန်ရှိတယ်။
သူအဖေက ခု အိမ်က ထွက်သွားပြီ ။

ညီမကြောင့်
အစ်မတို့ မိသားစု ပြိုကွဲသွားပီ တဲ့

ခလေး ဘဝ အတွက် နစ်နာကြေး
၁၅ သိန်း တဲ့

ကျမ ဘဝ နောက်တခါ အသတ်ခံရပြီ ။
လောကဓံရယ်
သာမန် ကုမ္ပဏီက
ဝန်ထမ်းငယ်တစ်ယောက်အတွက်
၁၅ သိန်းဆိုတာ တခါမှ
မကိုင်ဖူးတဲ့ အခြေအနေပါ။

အဖေ အမေ မျက်နှာရယ်
တသက်လုံးစောင့်ထိန်းခဲ့တဲ့
ကိုယ့်ကျင့်တရားရယ် . . . . . .
ကိုယ့်ပေးဆပ်ရတော့မယ်
ငွေ ၁၅ သိန်းရယ် တစ်ဘဝစာ
အရှက်သိက္ခာ အကြီးကြီးရယ် ။

နောက်ထပ် သတိရတာက
စတိုခန်းထဲက နိုင်လွန်ကြိုးခွေရယ်
အခု ကျမ ဘာလုပ်သင့်လည်း ...?

အစၼတို့ / ညီမတို့ေကာ
အဲလို ကြုံကြိုက်ခဲ့ရင်
ဘယ်လိုဖြေရှင်းမလည်း

?
?
?
?

ဒါ သိပ်အရေးကြီးတယ် ။
ဒီလို လိမ်နည်းအသစ်တွေနဲ့
ချဉ်းကပ်တတ်တယ် ။

1. အမျိုးကောင်းသား ပုံစံနဲ့
ချဉ်းကပ်ပါလိမ့်မယ်။

2. ရိုးသားယောင်ဆောင် ချိုချိုသာသာ
မိန်းမကြိုက် စကားတွေပြောပြီး
ဆွဲဆောင်ပါလိမ့်မယ်။

3. သမီးရည်းစား အဆင့်ထိ ဆွဲယူပြီး
အပြင်မှာ ချိန်းတွေ ဓါတ်ပုံတွေ
တွဲရိုက်ပါလိမ့်မယ်။

4. အဲ့ဒီအချိန်ရောက်ပြီဆိုရင်
မိန်းမတစ်ယောက်က
သင့်ဆီ သူ့ အမျိုးသမီးပါဆိုပြီး
ဆက်သွယ်လာပါလိမ့်မယ်။
ကလေးပါတဲ့ မိသားစု ပုံတွေပြပြီး
သူများလင်ကြောင်တောင်နှိုက်သူ
ဘဝရောက်အောင် စွပ်စွဲပါလိမ့်မယ်။

5. တောင်းတဲ့ငွေပေးရင်ပေး မပေးရင်
သင်တို့ စုံတွဲ ဓါတ်ပုံတွေ ပို့ထားတဲ့
ချစ်ပလူးစာတွေ ကို သူတို့ မိသားစုပုံနဲ့
Facebook မှာတွဲတင်ပြီး
အရှက်ခွဲမယ်လို့ခြိမ်းခြောက်ပါလိမ့်မယ်။

6. မိသားစု အလုပ်အကိုင်
ပတ်ဝန်းကျင်ကို ထိခိုက်မှာ
အရှက်ကွဲမှာ စိုးတော့
နောက်ဆုံး ရှာဖွေပေးရပါတော့တယ်

7. တောင်းတဲ့ငွေက ကိုယ့်အခြေအနေ
ကိုကြည့်ပြီး ၁၅ သိန်းကနေ
သိန်းရာချီထိ တောင်းတတ်တယ်လို့
ကြားသိရပါတယ်

သတိထားကြပါချစ် fri..

အွန်လိုင်းထဲက
အချစ်တွေ စိတ်သာယာမှု့တွေ
နောက် မလိုက်ကြပါနဲ့ချစ် fri

မမြင်ဖူးတဲ့ လူတွေကို မယုံကြပါနဲ့ချစ် fri..

အသိထဲက ညီမ ၂ ယောက်
ခံလိုက်ရပါပြီ

အုပ်စုဖွဲ့ပြီးကိုခြိမ်းခြောက်တာပါ

၃/၄ ယောက်ပါပါတယ်။

စိုးရိမ်စကားနဲ့ အမှာပါးလိုက်ရပါတယ် ချစ် fri များ..သတိရှိကြပါ..

Credit

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

Mandalay