28/05/2024
ဒီနေ့မှာတော့ ယနေ့လူငယ်အများစုကြုံတွေနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြဿနာလေးတွေကို ကူညီအဖြေရှာဖို့ နည်းလမ်းတစ်ချို့ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။
1️⃣လူမှု့ကွန်ရက်များကို လျော့သုံးပါ
ဆိုရှယ်မီဒီယာ ပေါ်တွင် မိမိနှင့်ရွယ်တူများ၏ အောင်မြင်နေမှုကို မြင်နေရပြီး မိမိက ကြိုးစားနေသော်လည်း ထင်သလောက်ဖြစ်မလာသောအခါ ပိုပြီးတော့ စိတ်ပျက်ရပါတယ်။ ဆိုရှယ်မီဒီယာပေါ်တွင် ထိုအရာများကို လျစ်လျူရှူပြီး နေနိုင်ရန် မဖြစ်နိုင်သော်လည်း မိမိ၏ ရည်မှန်းချက်ကို မသွေဖယ်ဘဲ ဆက်လက်လုပ်ဆောင်သွားဖို့ အရေးကြီးပါတယ်။
2️⃣မိမိလုပ်နိုင်သောအရာပေါ်တွင်သာ အာရုံစိုက်ပါ
လူတိုင်းက ရွှေဇွန်းကိုက် မွေးလာတာ မဟုတ်ပါဘူး ၊ မိမိ မတတ်နိုင်သည့် ကိစ္စများအပေါ်တွင် ခံစားချက်များ အလွန်အကျွံမထားနေဘဲ မိမိလုပ်ဆောင်နိုင်သည့် ကိစ္စများကို ပုံမှန်လုပ်ဆောင်သွားဖို့ အရေးကြီးပါတယ်။ အိမ်အလုပ်များကူပေးခြင်း ၊ ဘာသာစကားတစ်ခု လေ့လာခြင်း ၊ မိမိ ဝါသနာပါသော အရာလေးများကို လုပ်နေခြင်း စသည့် ကိစ္စသေးသေးလေးများက သင့်ကို ကောင်းမွန်သော စိတ်ခွန်အားကို ပေးမှာပါ ။
3️⃣ရည်မှန်းချက် ကို အဆင့်သေးသေးလေးများခွဲပြီး လုပ်ဆောင်ပါ။
မိမိ ဖြစ်ချင်သော ဆန္ဒကို ချရေးပြီး အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည့် အဆင့်များ သတ်မှတ်လိုက်ပါ၊ ထိုအဆင့်များကို တစ်ဆင့်စီ လုပ်ဆောင်သွားခြင်းက သင့်ကို ယုံကြည်မှု့ ပိုတိုးစေပြီး မိမိ ရည်မှန်းချက်ရောက်အောင် ဖိအားကင်းကင်းနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
4️⃣တရားထိုင်ပါ
အရိုးရှင်းဆုံးနဲ့ ထိရောက်မှု အရှိဆုံးကတော့ တရားထိုင်တာပဲ ဖြစ်ပါတယ် ။ အရာအားလုံးကို မေ့ပစ်ပြီး ကိစ္စတစ်ခုတည်းအပေါ်မှာပဲ အာရုံစိုက်ပြီး မိမိစိတ်ရော ကိုယ်ရောပါ လုံလုံလောက်လောက် အနားပေးဖို့ လိုအပ်ပါတယ် ။
အားလုံးပဲ မိမိရည်မှန်းချက်အားလုံးဖြစ်အောင် ကြိုးစားနိုင်ကြပါစေ ။
education