Learn Japanese At MCube

Learn Japanese At MCube

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Learn Japanese At MCube, Education Website, 41*42/82, Mandalay.

10/05/2026

🙄မိနစံတို့အတွက် Trand အမှီလေး🙄


08/05/2026

おはようございます☀️
ပိတ်ရက်တွေလည်း ပြီးပြီ
၇ လပိုင်း စာမေးပွဲလည်း နီးလာပြီမို့ စာဘက်ကိုပြန်အားစိုက်ကြရအောင်....

N3 Shinkanzen Reading ထဲက ပုစ္ဆာလေးကို လေ့လာလို့ ရအောင် တင်ပေးလိုက်ပါတယ်

※မေးခွန်းဟောင်း အတန်းတွေနဲ့ ရိုးရိုးအတန်းတွေ စုံစမ်းချင်တယ်ဆို
page messanger ကနေ လာရောက်စုံစမ်းနိုင်ပါတယ် 🙇‍♀️🥰

04/05/2026

ゆとり (Yutori) ဆိုတာ ဘာလဲ?

ゆとり ဆိုတာကတော့ ဂျပန်ဘာသာမှာ "လွတ်လပ်မှု၊ အလျော့အတင်းရှိခြင်း၊ စိတ်အေးလက်အေးရှိခြင်း" ဆိုတဲ့ အဓိပ္ပာယ်တွေကို ဖော်ပြပါတယ်။ ဒီစကားလုံးလေးဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာနဲ့ပါ နက်ရှိုင်းစွာ ဆက်နွယ်နေပါတယ်။ဂျပန်လူမျိုးတို့ရဲ့ “Yutori” ဆိုတဲ့ အယူအဆဟာ နေ့စဉ်ဘဝထဲက ကျပ်တည်းမှုတွေကြားမှာ အသက်ရှူနိုင်မယ့် နေရာလေးတစ်ခု ဖန်တီးပေးခြင်း ဖြစ်သတဲ့‌။ 🍃

ဘဝဆိုတာ အမြဲတမ်း အပြေးအလွှားနဲ့ အလုပ်တွေကိုသာ လိုက်လုပ်နေဖို့မဟုတ်တာ‌ကြောင့် တခါတလေမှာ ကိုယ့်ကိုယ်ကိုယ်အတွက် စိတ်အေးလက်အေး နားနေနိုင်တဲ့ “အချိန်ပို” လေးတွေ ကို ရည်ရွယ်ပြီး ဖန်တီးပေးဖို့ လိုပါတယ်။

အရာရာကို Perfect ဖြစ်အောင် အတင်းအကျပ် ကြိုးစားနေတာထက် တခါတလေ မပြည့်စုံတဲ့အခြေအနေကိုလည်း လက်ခံပြီး စိတ်ကို လွတ်လပ်အောင်ထားနိုင်ခြင်းက ပိုပြီး စိတ်သက်သာစေသလို ရလဒ်ကောင်းတွေကိုပါ ရစေနိုင်ပါတယ်တဲ့။

မိနစံတို့လည်း နေ့ရက်တိုင်းမှာ နည်းနည်းလေးပဲဖြစ်ဖြစ် ကိုယ့်အတွက် “Yutori time” လေးတစ်ခု ဖန်တီးကြည့်ပါ။ ဒါဟာ မိနစံတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ဘဝအရည်အသွေးကို တိုးတက်စေမယ့် အရေးကြီးဆုံးအရာတစ်ခု ဖြစ်နိုင်ပါတယ်။ 🌿


01/05/2026

👨‍🏭Happy International Labour Day 👷🏼👷🏼

မေလ (၁) ရက်နေ့တွင်ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့”အား ဂုဏ်ပြုကြိုဆိုလျှက် ကာယ၊ ဉာဏ လုပ်သားများအားလုံး အေးချမ်းပါစေကြောင်း ဆုတောင်းအပ်ပါ‌တယ်ရှင့်..🥰🥰

#2026

30/04/2026

🙏ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)🙏
===============
"ဆု၊ ဖွား၊ ပွင့်၊ စံ" ကဆုန်လပြည့်နေ့တွင် စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒများ ပြည့်စုံနိုင်ပါစေကြောင်း MCube Team မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🩵

#ကဆုန်လပြည့်နေ့
#ညောင်ရေသွန်းပွဲတော်

Photos from Learn Japanese At MCube's post 29/04/2026

📢 𝐉𝐋𝐏𝐓 𝐍𝟐 𝐎𝐋𝐃 𝐐𝐔𝐄𝐒𝐓𝐈𝐎𝐍𝐒 𝐂𝐋𝐀𝐒𝐒

နီးကပ်လာတဲ့ 𝐉𝐋𝐏𝐓 စာမေးပွဲအတွက် 𝐍-𝟐 မေးခွန်းဟောင်း (၈) စုံကို အချိန်တိုအတွင်း ထိထိရောက်ရောက် လေ့ကျင့်ချင်သူများအတွက် မေးခွန်းဟောင်း အတန်းလေးတွေ လာပြီနော်📢

💡 ဒီအတန်းမှာ ဘာတွေသင်မှာလဲ?

✅ 𝟐𝟎𝟐𝟓 (𝐉𝐮𝐥𝐲 & 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫) 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬:
• 𝐆𝐨𝐢, 𝐆𝐫𝐚𝐦𝐦𝐚𝐫, 𝐑𝐞𝐚𝐝𝐢𝐧𝐠, 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 (၄) ပိုင်းလုံးကို 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 အသေးစိတ်ဖြင့် သင်ကြားပေးမည်။

✅ 𝟐𝟎𝟐𝟐 𝐭𝐨 𝟐𝟎𝟐𝟒 (𝟔 𝐒𝐞𝐭𝐬):
• အချိန်‌ပေါ်မူတည်၍ အမှတ်အများဆုံးရနိုင်မည့် 𝐆𝐫𝐚𝐦𝐦𝐚𝐫 & 𝐑𝐞𝐚𝐝𝐢𝐧𝐠 ကို အဓိကထားပြီး ပိုင်နိုင်အောင် လေ့ကျင့်ပေးပါမည်။

💰 သင်တန်း‌ကြေးအသေးစိတ်
🔹 𝐙𝐨𝐨𝐦 𝐋𝐢𝐯𝐞 𝐂𝐥𝐚𝐬𝐬: ၈၀,၀၀၀ ကျပ်
🔹 𝐕𝐢𝐝𝐞𝐨 𝐂𝐥𝐚𝐬𝐬: ၅၀,၀၀၀ ကျပ်

⭕️𝐕𝐢𝐝𝐞𝐨 𝐜𝐥𝐚𝐬𝐬 သာမက 𝐙𝐨𝐨𝐦 𝐜𝐥𝐚𝐬𝐬 တက်ရောက်သူများကလည်း သင်ခန်းစာ 𝐑𝐞𝐜𝐨𝐫𝐝 တွေကို 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 မှာ အချိန်မရွေး ကြည့်ရှုလေ့လာနိုင်ပါသည်။

⚠️ 𝐍𝐨𝐭𝐞: 𝐕𝐢𝐝𝐞𝐨 𝐫𝐞𝐜𝐨𝐫𝐝 များအား 𝐅𝐢𝐥𝐞 𝐒𝐚𝐯𝐞 ပြုလုပ်၍ မရနိုင်သည်ကို မေတ္တာရပ်ခံအပ်ပါသည်။

ဒီတစ်ခေါက် စာမေးပွဲမှာ အောင်လက်မှတ်ကို အပိုင်ယူချင်တယ်ဆိုရင်တော့ အခုပဲ စာရင်းပေးသွင်းလိုက်တော့နော်။



27/04/2026

"咲か(さか)ない花(はな)は
散る(ちる)こともなく
枯れる(かれる)こともなく
ただ明日(あした)を待つ(まつ)だけ"

"မပွင့်သေးတဲ့ ပန်းတစ်ပွင့်ဟာ ကြွေကျဖို့လည်း မရှိ၊ ညှိုးနွမ်းဖို့လည်း မရှိဘဲ မနက်ဖြန်ကိုသာ စောင့်နေရတယ်။"

လောကမှာ ပန်းတိုင်းက တစ်ချိန်တည်း ပြိုင်ပွင့်ကြတာမဟုတ်ပါဘူး။ တချို့က စောစောပွင့်တယ်၊ တချို့ကတော့ အချိန်အကြာကြီး စောင့်ပြီးမှ ပွင့်ကြတယ်။ မပွင့်‌သေးတဲ့ပန်းလေးတွေလိုပဲ အခုချိန်မှာ သင်ဟာ ဘာရလဒ်မှ မရှိသေးဘဲ "မနက်ဖြန်" တွေကိုပဲ ထပ်ခါတလဲလဲ စောင့်နေရတယ်လို့ ခံစားနေရပြီလား?

ပန်းတွေမပွင့်သေးတာဟာ အမြဲတမ်း ငုံနေမှာလို့ မဆိုလိုပါဘူး။ ဒီလိုပဲ သင်မအောင်မြင်သေးတာဟာလည်း ရှုံးနိမ့်သွားတာ မဟုတ်ပါဘူး။

တကယ်တော့ ဒီအချိန်က သင့်အတွက် အကောင်းဆုံးပန်း‌တွေပွင့်လန်းနိုင်ဖို့ "အမြစ်" တွေကို ခိုင်အောင် အသံတိတ် ကြိုးစားနေရတဲ့ အချိန်ပါ။ မညှိုးနွမ်းဘဲ ဆက်လက်ရှင်သန်နေသရွေ့ သင့်ရဲ့ နွေဦးက လာဦးမှာပါ။

စောင့်ဆိုင်းခြင်းရဲ့ အဆုံးမှာ အလှပဆုံး ပွင့်လန်းခြင်း ရှိတာမလို့ ဆက်လက်ကြိုးစားကြပါနော်။


25/04/2026

ဂျပန်စာလေ့လာနေတဲ့ မိနစံတို့ရေ!

အခုလို ပူအိုက်တဲ့ ရာသီဥတုမှာ အဖြစ်အများဆုံး ကျန်းမာရေးပြဿနာတစ်ခုကို ဂျပန်လို ဘယ်လိုခေါ်လဲဆိုတာ သိကြလား? အောက်က Quizမှာ ဘယ်စကားလုံးက အကိုက်ညီဆုံး ဖြစ်မလဲဆိုတာ comment မှာ ပြောပြသွားအုံးနော်။ ☀️💦

22/04/2026

皆さん、こんばんは〜
ဒီနေ့မှာတော့ N2 Shinkanzen Master Reading Video Classထဲက 例題11 ပုစ္ဆာလေးကို တင်ပေးလိုက်ပါတယ်နော်
Reading ဖတ်ပုံဖတ်နည်း
အဖြေရှာတဲ့ ပုံစံတွေကို သေချာပြောပြပေးထားတာမို့

အစအဆုံး တစ်အုပ်လုံး လေ့လာချင်သူများအတွက် ဒီအတန်းလေး joinဖို ဖိတ်ခေါ်ပါတယ်
https://www.facebook.com/share/p/1Q9j7XioMJ/?mibextid=wwXIfr
-----------***********-----------

တင်ထားပြီးသား သင်ခန်းစာများ
例題01
https://www.facebook.com/share/v/1G5pMUvWRx/?mibextid=wwXIfr

例題02
https://www.facebook.com/share/v/1Dg15Xxm7j/?mibextid=wwXIfr

例題03
https://www.facebook.com/share/v/1C7vCMAtFQ/?mibextid=wwXIfr

例題04
https://www.facebook.com/share/v/1GXwrCDYxZ/?mibextid=wwXIfr

例題05
https://www.facebook.com/share/v/1aPstL2yFn/?mibextid=wwXIfr

例題06
https://www.facebook.com/share/v/1CA9JRYea9/?mibextid=wwXIfr

例題07
https://www.facebook.com/share/v/1Btsqrk2nZ/?mibextid=wwXIfr

例題08
https://www.facebook.com/share/v/18a5wcTUKg/?mibextid=wwXIfr

例題09
https://www.facebook.com/share/v/1ECKyofV1W/?mibextid=wwXIfr

例題10
https://www.facebook.com/share/v/178wakWfw7/?mibextid=wwXIfr
-----------***********-----------



19/04/2026

🎏 ဂျပန်နိုင်ငံရဲ့ "ကလေးများနေ့" (子供の日) အကြောင်း🎏

ဂျပန်နိုင်ငံမှာ မေလ (၅) ရက်နေ့ကို "Kodomo no Hi" လို့ခေါ်တဲ့ ကလေးများနေ့ အဖြစ်သတ်မှတ်ထားကြပါတယ်။ ဒီနေ့ဟာ ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို လေးစားတန်ဖိုးထားဖို့၊ သူတို့ရဲ့ ပျော်ရွှင်မှုကို ဆုတောင်းပေးဖို့နဲ့ မိခင်ဖြစ်သူတွေကို ကျေးဇူးတင်ဖို့အတွက် သတ်မှတ်ထားတဲ့ အစိုးရရုံးပိတ်ရက်တစ်ခုလည်း ဖြစ်ပါတယ်။ (မကြာခင်မှာ ရောက်ရှိတော့မယ့် Golden week ပိတ်ရက်ထဲမှ တစ်ရက်ပေါ့။)

ကလေးများနေ့မှာ ဂျပန်လူမျိုးတွေ ဘာလုပ်လေ့ရှိလဲ?🤔

🎏 ငါးရုပ်အလံများ (Koinobori)
ဒီကာလမှာ ဂျပန်အိမ်တွေရဲ့ အပြင်ဘက် ဒါမှမဟုတ် မြစ်ချောင်းတွေပေါ်မှာ လေထဲမှာ လွင့်ပျံနေတဲ့ ငါးရုပ်အလံတွေကို တွေ့ရပါလိမ့်မယ်။ငါးကြင်းဟာ ရေစီးသန်တဲ့ မြစ်တွေကို ဆန်တက်နိုင်တဲ့ သတ္တိရှိပြီး ခွန်အားကြီးမားတဲ့ သတ္တဝါအဖြစ် တင်စားကြတာကြောင့် မိမိတို့ရဲ့ ကလေးငယ်တွေဟာလည်း ငါးကြင်းတွေလိုပဲ အခက်အခဲတွေကို ရဲရဲဝံ့ဝံ့ ကျော်ဖြတ်နိုင်ပြီး ကျန်းမာကြံ့ခိုင်စွာ ကြီးပြင်းလာစေဖို့ ရည်ရွယ်ပြီး ငါးရုပ်အလံလေးတွေကို လွှင့်တင်ကြတာပါ။

🎏 စစ်သည်တော် ဦးထုပ်များ (Kabuto)
အိမ်တွင်းမှာတော့ ဆာမူရိုင်း စစ်သည်တော်တွေ ဆောင်းတဲ့ဦးထုပ် ဒါမှမဟုတ် ဆာမူရိုင်းရုပ်လေးတွေကို အလှဆင်လေ့ရှိပါတယ်။ ဒါဟာ ကလေးတွေကို ဘေးအန္တရာယ်ကနေ ကာကွယ်ပေးဖို့နဲ့ စိတ်ဓာတ်ကြံ့ခိုင်သူတွေ ဖြစ်လာစေဖို့ ဆုတောင်းတဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။

အရင်တုန်းကတော့ မေလ(၅)ရက်နေ့ကို Tango no Sekku (端午の節句) လို့ခေါ်ပြီး အထူးသဖြင့် ယောက်ျားလေးများအတွက် သီးသန့်နေ့တစ်နေ့အဖြစ်ပဲ သတ်မှတ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ကလေးအားလုံးအတွက် အထူးနေ့အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

🎏 ဂျပန်နိုင်ငံရဲ့ 子供の日ဟာ ကလေးတွေရဲ့ အနာဂတ်ကို ဆုတောင်းပေးပြီး မိသားစုအပေါင်းအဖော်တွေ အတူတကွ ပျော်ရွှင်စေတဲ့ အဓိပ္ပာယ်ရှိတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။

ဂျပန်ရောက်နေတဲ့ မိနစံတို့ရော ဒီလိုငါးရုပ်လွင့်တဲ့ ဓလေ့လေးကို မြင်ဖူးကြလား? ဓာတ်ပုံ ရိုက်ထားဖူးတာလေးရှိရင်လည်း Comment မှာ အမှတ်တရအနေနဲ့ ပြခဲ့ကြအုံးနော်။🎏

#ကလေးများနေ့
#子供の日

18/04/2026

皆さん、こんにちは〜
နှစ်သစ်လည်း ကူးသွားပြီ
၇လပိုင်း စာမေးပွဲကြီးလည်း တစ်ဖြည်းဖြည်း နီးလာပြီမို့

စိတ်သစ်လူသစ်လေးနဲ့ ကြိုးစားလိုက်ကြစို့နော်💪🤜🤛

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


41*42/82
Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00