Yaw Min Institute - Mandalay

Yaw Min Institute - Mandalay

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yaw Min Institute - Mandalay, School, No. 10B, 2nd Floor, 70th Street, Between 35*36 Streets, Mahar Aung Myay Township, Mandalay.

An institute which is delivering Tour Operation, Tour Guide, Operational Air Ticketing and Online Reservation, Personal Development and Communication courses in Mandalay, Myanmar.

19/05/2025

မဂ်လာအပေါင်းနှင့် ပြည့်စုံကြပါစေရှင့်🙏🙏🙏

19/05/2025
31/03/2020

ဆရာဦးခင်မောင်လွင် ရဲ့ ကိုယ်ခံအား စနစ်ကောင်းဖို့ဘာတွေ စားကျမှလဲ ။ခု covid 19 ရောဂါဆိုးအတွက် ကိုယ်ခံအားကောင်းစေဖို့နဲ့ ကိုယ်ပတ်ဝန်ကျင်မှ သဘာဝ ကိုယ်ခံအားကောင်းစေမဲ့ အသီးအနှံ တွေ စားဖို့ အနေအထိုင် အပြုအမူတွေ တွေ ကို ပြောပြထားတဲ့ အမေးအဖြေလေပါ။ ဗဟုသုတ ရစေဖို့တင်လိုက်ပါတယ်ရှင့်။

ကျွန်မ တို့တင်လိုက်တဲ့ ဆရာ ဦးခင်မောင်လွင့်ရဲ့ အမေးအဖြေ ကိုကြည့်ပြီး တစ်ဦးတစ်ယောက် လိုက်နာ လို့ အကျိုး ရှိရင်ကျေနပ်ရပါတယ်ရှင့်။

https://www.facebook.com/100010275018953/posts/1165442217141601/?d=n

30/03/2020

ဗဟုသုအနေနဲ့ ဖြစ်စဉ်လေး ပြပေးတာပါနော်

27/03/2020

(Unicode)
တပ်မတော်၏ ကနဦးဖွဲ့တည်လာရာ သမိုင်းကြောင်းတွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးအား ရဟန်းရှင်လူပြည်သူများနှင့် စုပေါင်းညီညာစွာဆင်နွဲခဲ့ကြခြင်းသည် ဂုဏ်ယူဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပါသည်ခင်ဗျာ။
ထိုစဉ်က ပါဝင်ဆင်နွဲခဲ့ကြသော တစ်ပြည်လုံးအတိုင်းအတာနှင့်ချီသည့် တော်လှန်ရေးသမားများအား ဂုဏ်ပြုသောအားဖြင့် တော်လှန်ရေး အတိအလင်းစတင်ရန်သတ်မှတ်ရက်စွဲ ၁၉၄၅ ခု မတ်လ (၂၇)ရက်နေ့ အား ရည်မှန်းကာ တော်လှန်ရေးနေ့ကို သတ်မှတ်ကျင်းပလာခဲ့သည်ဖြစ်ပါသည်။
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မတ်လ ၂၇ ရက်နေ့ရောက်တိုင်း ဂုဏ်ပြုကျင်းပလာမြဲဖြစ်သော တော်လှန်ရေးနေ့ကို မူဝါဒအသစ်များဖြည့်စွက်ပေါင်းစပ်ကာ တပ်မတော်နေ့ဟု အသွင်သစ်ဖြင့် ခေါ်ဆိုကျင်းပလာခဲ့ခြင်းဖြစ်ပါသည်။
ထို့ကြောင့် ယနေ့ကျရောက်သော (၇၅) နှစ်မြောက် တပ်မတော်နေ့အား ''ယောမင်း Institute'' မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်ခင်ဗျာ။



(Zawgyi)

24/03/2020

(Unicode)
Corona Virus (Covid-19) သည် ကမ္ဘာအနှံ့ နေရာအများအပြားတွင် ပျံ့နှံ့ လျက်ရှိပြီး WHO (World Health Organization) မှသတိထားစောင့်ကြည့်ရမည့် အခြေအနေတစ်ရပ်ထဲ ထည့်သွင်းဖော်ပြခြင်းခံထားရပါသည်ခင်ဗျာ။
Corona Virus (Covid-19) Pandemic ပြင်းထန်အဆုတ်ရောင်ရောဂါသည် ကိုယ်ခံအားနည်းသူများနှင့် ရောဂါအခံရှိသူများတွင် ကူးစက်ခံရပါက ပိုမိုပြင်းထန်နိုင်ပြီး အသက်အန္တာရယ်ပါ ထိခိုက်နိုင်သော ရောဂါဖြစ်ပါသည်ဗျာ။
လတ်တလောသတင်းများအရ မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားသူ Positive (၂‌) ယောက်‌တွေ့ရှိထားပြီး ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ ဆိုသောစကားအရ လူတစ်ဦးခြင်းစီ ကာကွယ်နိုင်သော နည်းလမ်းများကို ရေးသား မျှဝေလိုက်ပါတယ်ခင်ဗျာ…
၁) လက်ကိုမကြာခဏ နည်းစနစ်မှန်ကန်စွာ ဆေးကြောခြင်း
၂) ဆေးကြောသန့်စင်ခြင်း မပြုရသေးသောလက်နှင့် မျက်နှာကို ကိုင်တွယ်ခြင်းများ ရှောင်ကျဉ်ခြင်း
၃) လူထူထပ်သောနေရာများ အသွားအလာရှောင်ကြဉ်ခြင်း
၄) တတ်နိုင်သမျှ မိမိအိမ်တွင်နေထိုင်ခြင်း
၅) နှာခေါင်းစည်း (mask) အသုံးပြုခြင်း
၆) ကိုယ်ခံအားကောင်းမွန်အောင် စားသောက်နေထိုင်ခြင်း တို့ဘဲဖြစ်ပါတယ်။
Covid-19 Pandemic ရောဂါနှင့်ပတ်သက်ပြီး Real Time Update ကို အောက်ဖော်ပြပါ Website မှာ ဝင်ရောက်ကြည့်ရူနိုင်ပါသည်။
https://www.worldometers.info/coronavirus/

သံသယရောဂါလက္ခဏာဖြစ်ပွားသူများတွေ့ရှိပါက တာဝန်သိပြည်သူအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာန သို့သတင်းပေးပို့ရန် ပန်ကြားအပ်ပါသည်ခင်ဗျာ။
ဆက်သွယ်ရန်ဖုန်းနံပါတ်များ -
Public Health Emergency Operation Center
(ပြည်သူ့ကျန်းမာရေး အရေးပေါ်တုန့်ပြန်ရေး ဌာန)
067-3420268
Yangon Regional Department of Public Health
(ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန)
09-449001261, 09-794510057
Mandalay Regional Department of Public Health
(မန္တလေးဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန)
09-2000344, 09-43099526
Yangon Airpot Health Quarantine Unit (Dr. Saya Nay Thway)
09-799983833
မြန်မာပြည်ကြီး ဘေးရန်အပေါင်းကင်းဝေးပါစေ၊
ကမ္ဘာကြီးလည်း ရောဂါကပ်ဆိုးကို အမြန်ဆုံးတွန်းလှန် ကျော်လွှားနိုင်ပါစေ။



(Zawgyi)
၎) တတ်နိုင်သမျှ မိမိအိမ်တွင်နေထိုင်ခြင်း

067-3420268
09-2000344, 09-43099526
09-799983833

17/03/2020

(Unicode)
၂၀၂၀ခုနှစ်၊ မတ်လ (၁၆)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်မှ Corona Virus ( Covid-19 ) သည်ကမ္ဘာ့ကပ်ရောဂါဖြစ်ကြောင်း လိုက်နာဆောက်ရွက်နိုင်ရေး ထုတ်ပြန်ကြေငြာခဲ့သည်များကို အများသိစေရန် မျှဝေလိုက်ပါသည်ခင်ဗျာ။



(Zawgyi)

17/03/2020

(Unicode)
***အသိပေးကြေငြာချက်***

ယောမင်း Institute မှသင်ကြားပို့ချလျက်ရှိသော Operational Air-Ticketing Course (3rd) Batch အား ယနေ့ ၂၀၂၀ခုနှစ် မတ်လ (၁၆)ရက်တွင် ဖွင့်လှစ်ရန် စီစဉ်ထားရှိခဲ့ရာမှ လတ်တလော Corona Virus စောင့်ကြည့်အနေအထားနှင့် အစိုးရကြေငြာချက်များကြောင့် May လထဲတွင် ပြောင်းလဲဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ။
အဆင်မပြေမှုများအတွက် ယောမင်း Institute မှ သင်တန်းသူ၊သင်တန်းသား များအားအနူးအညွတ် တောင်းပန်အပ်ပါတယ်ဗျာ။
ပြောင်းလဲဖွင့်လှစ်မည့် Operational Air-Ticketing Course (3rd) Batch သင်တန်းရက်အား ထပ်မံကြေငြာပေးသွားမည်ဖြစ်ပါသည်ခင်ဗျာ။
အမှတ် ၁၀ B ၊ ဒုတိယထပ်၊ လမ်း ၇၀၊ ၃၅ နှင့် ၃၆ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
Phone: 09444844426, 09777600079



(Zawgyi)
***အသိပေးကြေငြာချက်***


14/03/2020

(Zawgyi)

- Projector
- Speaker



(Unicode)

ရုံးလုပ်ငန်းအစည်းအဝေးများ
အချိန်ပိုင်းစာသင်ခန်းများ
ဝန်ထမ်း Training များ ပြုလုပ်ရန်အတွက် နေရာအခက်အခဲဖြစ်နေပါသလား??
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် အချိန်ပိုင်း၊ ရက်ပိုင်း၊ လပိုင်းအလိုက် ဈေးနှုန်းသက်သာသော အခန်းဌားဝန်ဆောင်မှုများရှိကြောင်း သတင်းကောင်းမျှဝေလိုက်ပါတယ်ခင်ဗျာ။
Meeting & Training room များတွင်လိုအပ်သော Facilities တွေဖြစ်တဲ့
- Projector
- Speaker
- Mic စသည်တို့အပြင် Coffee လည်းထားရှိပေးထားမှာဖြစ်မှာပါတယ်။
အခန်းအကျယ်အဝန်းမှာ အလျား ၂၄ ပေ × အနံ ၄၀ ပေ ရှိပြီး လူအယောက် (၂၅) ယောက်မှ (၃၀) ထိဝင်ဆံ့နိုင်ပါတယ်။
နေ့တစ်ဝက် ဌားရမ်းခြင်းနှင့် တစ်ရက် ဌားရမ်းခြင်းများအတွက် ရေသန့် ဗူးသေး များထားရှိပေးမှာဖြစ်ပါတယ်ခင်ဗျာ။
မန္တလေးမြို့၏ အချက်အချာကြသော နေရာတွင်တည်ရှိပြီး တိတ်ဆိတ်ငြိမ်သက်၍ ကားပါကင်၊ ဆိုင်ကယ်ပါကင် များလည်းရှိသောကြောင့် Meeting နှင့် စာသင်ခန်းများ ပြုလုပ်ရန်အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်ဗျာ။
အသေးစိတ်သိလိုသောအကြောင်းအရာများကို Page ၏ Message Box နှင့် အောက်ပါ Hot Line နံပါတ်များကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
Address: အမှတ်(၁၀)B၊ ဒုတိယထပ်၊ လမ်း၇၀၊ ၃၅ နှင့် ၃၆ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
Phone: 09444844426, 09777600079
အောက်ပါ Link တွင်လည်းတည်နေရာကိုဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://www.google.com/maps/place/21%C2%B058'02.1%22N+96%C2%B005'59.9%22E/@21.9671803,96.1001914,20.25z/data=!4m5!3m4!1s0x0:0x0!8m2!3d21.967252!4d96.099981

10/03/2020

(Unicode)
မန္တလေးမြို့၌ဖွင့်လှစ်ထားသော ယောမင်း Institute ၏ Operational Air-Ticketing Course (Batch-3) သင်တန်းအား ၂၀၂၀ခုနှစ် မတ်လ (၁၆)ရက်နေ့တွင်စတင်မည်ဖြစ်ပါသည်ခင်ဗျာ။
သင်တန်းတက်ရောက်လိုသူများကို ၂၀၂၀ခုနှစ် မတ်လ (၁၅)ရက်နေ့ ညနေ(၄)နာရီ နောက်ဆုံးထားပြီး ကျောင်းအပ်လက်ခံပေးပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။
ကျောင်းအပ်လိုသူများအနေဖြင့် Hotline: 09444844426, 09777600079 ကို မနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ဆက်သွယ် စာရင်းပေးနိုင်ပါတယ်ခင်ဗျာ။
(လူဦးရေအကန့်အသတ်ရှိပါသည်)
ယောမင်း Institute
Address: အမှတ် ၁၀ B ၊ ဒုတိယထပ်၊ လမ်း ၇၀၊ ၃၅ နှင့် ၃၆ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

(Zawgyi)
ယောမင်း Institute

10/03/2020

(Unicode)
ယခုလို ပျော်ပျော်ရွှင်ရွှင် နားလည်တတ်မြောက်သွားသည်ကို ကြားသိရသဖြင့် ယောမင်း Institute မှလည်း ကြည်နူးဝမ်းသာမိပါတယ်ခင်ဗျာ။
ဒီ Review လေးကတော့ ယောမင်း Institute ရဲ့ Operational Air-Ticketing Course (Batch-2) ကိုတက်ရောက်ခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားများရဲ့ ရင်တွင်းစကား ဖြစ်ပါတယ်ခင်ဗျ။
ထပ်မံဖွင့်လှစ်သွားမည့် Batch များတွင်လည်းယခုထက်ပိုမိုကောင်းမွန်အောင် ယောမင်း Institute အဖွဲ့သားများမှ ထပ်မံကြိုးစားပေးသွားပါမယ်ဗျ။
၂၀၂၀ခုနှစ် မတ်လ ၁၆ ရက်တွင်လည်း တန်းခွဲသစ်ရှိတာမို့ လူဦးရေ မပြည့်ခင် ယခုဘဲ စာရင်းပေးသွင်းလိုက်ကြပါစို့။
( လူဦးရေအကန့်အသတ်ရှိပါသည်)

ယောမင်း Institute
Address: အမှတ် ၁၀ B ၊ ဒုတိယထပ်၊ လမ်း ၇၀၊ ၃၅ နှင့် ၃၆ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
Phone: 09444844426, 09777600079

(Zawgyi)

ယောမင်း Institute

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Mandalay
05031

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00