Vox Academy Mini-Explorers' Club

Vox Academy Mini-Explorers' Club

Share

Our preschool curriculum is engaging, and fun, which will inspire a a love of learning in children.

Photos from Vox Academy Mini-Explorers' Club's post 30/04/2026

ကြည်နူးစရာ အစဉ်အလာနှင့် လက်တွဲညီညာခဲ့တဲ့ Vox Academy ရဲ့ သင်္ကြန်နေ့ရက်များ 💦🌟

ပြီးခဲ့တဲ့ ဧပြီလ (၁၀) ရက်နေ့က Vox Academy မှာ "သင်္ကြန်ရေသဘင်ပွဲနှင့် မုန့်လုံးရေပေါ် စတုဒိသာ" ပွဲလေးကို ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြပါတယ်။

ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ ကလေးငယ်တွေဟာ ကိုယ်တိုင်မဲပေးရွေးချယ်ခဲ့ကြတဲ့အတိုင်း မုန့်လုံးရေပေါ်တွေကို အတူတူ ဝိုင်းဝန်းလုံးကြ၊ ပြုတ်ကြပြီး ပတ်ဝန်းကျင်က လူတွေကိုပါ စေတနာအပြည့်နဲ့ ဝေမျှကျွေးမွေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ကလေးတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်နဲ့ ဝေမျှခြင်းရဲ့ ပျော်ရွှင်မှုကို ကိုယ်တိုင်ခံစားသိရှိစေဖို့ ရည်ရွယ်ခဲ့တဲ့အတိုင်း ကလေးတွေရဲ့ တက်ကြွတဲ့ အားထုတ်မှုတွေကို မြင်တွေ့ရတာ တကယ့်ကို ပီတိဖြစ်ရပါတယ်။

ဒီအလှူလေးမှာ ဝိုင်းဝန်းပါဝင် လှူဒါန်းပေးခဲ့ကြတဲ့ မိဘအုပ်ထိန်းသူများအားလုံးနဲ့ အင်တိုက်အားတိုက် ပါဝင်ကူညီခဲ့ကြတဲ့ ဆရာ၊ ဆရာမများ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။

ကလေးငယ်တွေရဲ့ ချစ်စရာကောင်းတဲ့ ရေကစားပုံရိပ်လေးတွေနဲ့ မုန့်လုံးရေပေါ် ကုသိုလ်ပြုနေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 📸✨

Joyful Traditions & Teamwork: Thingyan Water Festival at Vox Academy 💦🌟

On April 10th, Vox Academy celebrated the Thingyan Water Festival along with a special "Mont Lone Yay Paw" charity activity.

Following the democratic vote organized earlier, our students chose to prepare these traditional glutinous rice balls themselves to share with the local neighborhood. It was heartwarming to see them practice cooperation and the spirit of giving while enjoying the festivities.

We extend our sincere gratitude to all the parents who contributed to the food donation expenses and to our dedicated teachers for hosting such a meaningful event.

Please enjoy these beautiful highlights of our students playing with water and working together to spread kindness in our community! 📸✨

29/01/2026

🚀 အင်္ဂလိပ်ဘာသာဖြင့် သင်ကြားမှုစွမ်းရည်ကို (၂) ရက်အတွင်း မြှင့်တင်လိုက်ပါ - EMI Intensive Workshop & Practical Internship!

စာသင်ခန်းထဲမှာ အင်္ဂလိပ်လို ယုံကြည်မှုရှိရှိ သင်ကြားနိုင်ဖို့ ပြင်ဆင်နေတဲ့ Trainee ဆရာ၊ ဆရာမများအတွက် အထူးအခွင့်အရေး! 📣

Vox Academy မှ ကြီးမှူးပြီး EMI (English as a Medium of Instruction) နည်းစနစ်တွေကို သီအိုရီတင်မကဘဲ လက်တွေ့ Young Learner (YL) Classrooms တွေထဲမှာပါ လေ့လာနိုင်မယ့် Workshop တစ်ခုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

🗓 သင်တန်း အစီအစဉ်:

Day 1: Intensive Workshop
📅 Date: February 13, 2026 (Friday) ⏰ Time: 9:00 AM – 3:00 PM (MMT) 📍 Location: No. 7, Kha/6 Qtr, 67A St, Btw 111 Rd & 112 Rd, Chan Mya Thar Zi Tsp, Mandalay, Vox Academy
Phone: 09976057215, 09787718029

Classroom routines တွေကို အင်္ဂလိပ်လို ကျွမ်းကျင်စွာ စီမံခန့်ခွဲနည်း။

Instructions ပေးပုံ၊ ပေးနည်း။

Critical Thinking မြှင့်တင်ပေးနိုင်မယ့် မေးခွန်းမေးနည်း နည်းဗျူဟာများ။

Day 2: Practical Observation & Internship

📅 Date: February 14, 2026 (Saturday)
⏰ Time: 9:00 AM – 12:00 PM
📍 Location: Vox Academy YL Classrooms

လက်တွေ့ စာသင်ခန်းထဲမှာ ကျွမ်းကျင်ဆရာမကြီးတွေ သင်ကြားပုံကို မျက်မြင်လေ့လာခြင်း။

မိမိသင်ယူခဲ့တဲ့ နည်းစနစ်တွေကို Real-life environment မှာ ဘယ်လိုအသုံးချသလဲဆိုတာကို Analysis လုပ်ခြင်း။

💰 သင်တန်းကြေး (Investment)- ၅၀,၀၀၀ ကျပ် (50,000 MMK) (Day 1 Class + Day 2 Live Internship)

🎓 ဘယ်သူတွေ တက်ရောက်သင့်သလဲ? ESL teachers များ၊ YLE teachers များ နှင့် အပြည်ပြည်ဆိုင်ရာ ကျောင်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသော ဆရာ၊ ဆရာမများ။

🔗 အခုပဲ စာရင်းပေးသွင်းရန်: 👉 https://docs.google.com/forms/d/e/1FAIpQLSeH-AcyHTKO1WKRgktfd6wZNd2wgBYj3CeZEgZNu51qnLrO2Q/viewform?usp=sharing

📩 အသေးစိတ်သိရှိလိုပါက: Messenger သို့မဟုတ် 09976057215 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လက်တွေ့ Internship အတွက် နေရာကန့်သတ်ထားတာမို့ အခုပဲ Register လုပ်ထားလိုက်ပါ။

Photos from Vox Academy Mini-Explorers' Club's post 14/01/2026

✨ နှစ်သစ်မှာ စိတ်ကူးသစ်နဲ့အတူ... ၂၀၂၆ အတွက် အားသစ်အင်သစ်နဲ့ အောင်မြင်စွာ ပြင်ဆင်နိုင်ခဲ့ကြပါပြီ ✨

ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၇) ရက်နေ့က Mandalay Vox Academy မှာ ကျင်းပခဲ့တဲ့ "Pause and Reflect on the Year: Planning for 2026" ဆရာအတတ်သင် Workshop လေးကို ပျော်ရွှင်တက်ကြွစွာနဲ့ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒီ Workshop လေးမှာ ဆရာ/ဆရာမတွေအနေနဲ့ ၂၀၂၅ ရဲ့ အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ပြီး၊
၂၀၂၆ ခုနှစ်အတွက် မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်ဖို့
Personal, Emotional နဲ့ Professional Growth အပိုင်းတွေကို Tr. Kyi Hnin Khaing နဲ့အတူ
အားတက်သရော ဆွေးနွေးဖော်ထုတ်ခဲ့ကြပါတယ်။

တက်ရောက်လာကြတဲ့ ဆရာ/ဆရာမတိုင်းဆီက အလွန်ကောင်းမွန်တဲ့ Review တွေနဲ့ Feedback တွေ ရရှိခဲ့တဲ့အတွက်လည်း
Vox Academy အနေနဲ့ များစွာ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။
(သင်တန်းတက်ရောက်သူ ဆရာ/ဆရာမများရဲ့ ရင်တွင်းစကားများကိုလည်း နောက်ထပ် ပိုစ့်တစ်ခု မှာ ဆက်လက်ဖော်ပြပေးသွားပါဦးမယ်နော်... )

ဒီ Workshop လေးကနေ ရရှိသွားတဲ့ စိတ်ခွန်အားတွေနဲ့အတူ ၂၀၂၆ ခုနှစ်မှာ အောင်မြင်ပျော်ရွှင်တဲ့ ဆရာ/ဆရာမများအဖြစ် လျှောက်လှမ်းနိုင်ကြပါစေလို့ Vox Academy မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

💬 "နှစ်သစ်အတွက် အားအင်ဖြည့်စကားလေးတစ်ခွန်းလောက် ကွန်မန့်မှာ မန့်ခဲ့ကြပါဦး တီချယ်တို့ရေ..."

12/01/2026

အခုမှမစရင်... နောက်ကျသွားပြီလား

"ကလေးက ငယ်သေးတာပဲ၊ ကြီးလာရင် သူ့ဘာသာ သိတတ်လာမှာပေါ့၊ ကြီးမှ သင်ပေးလည်း ရတာပဲ" ဆိုတဲ့ စကားမျိုး ကျွန်မတို့ ပတ်ဝန်းကျင်မှာ ခဏခဏ ကြားဖူးကြမှာပါ။ ဒါပေမဲ့ Neuroscience (ဦးနှောက်နှင့် အာရုံကြောသိပ္ပံ) ရှုထောင့်ကကြည့်ရင် ဒီစကားဟာ အမြဲမမှန်ပါဘူး။ အုတ်မြစ် (Foundation) မခိုင်ဘဲ အပေါ်ထပ်ကို ခိုင်ခိုင်မာမာ ဆောက်လို့မရသလို ကလေးရဲ့ ရှေးဦးကာလဦးနှောက်တည်ဆောက်မှုဟာ ကြီးလာတဲ့အခါ ဖြစ်ပေါ်လာမယ့် အောင်မြင်မှုရလဒ်ပုံစံပါပဲ။

ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဟာ အသက် (၅) နှစ်မတိုင်ခင်မှာ (၉၀%) လောက်အထိ လျင်မြန်စွာ ဖွံ့ဖြိုးသွားတာပါ။ ဒီအချိန်မှာ ဦးနှောက်ထဲမှာ Neural Pathways လို့ခေါ်တဲ့ အာရုံကြောဆက်သွယ်မှုတွေဟာ စက္ကန့်နဲ့အမျှ သန်းနဲ့ချီပြီး ချိတ်ဆက်နေကြတာပါ။ ဒါကို ကျွန်မတို့က "Blueprints" (ပုံစံကြမ်း) လို့ ခေါ်ပါတယ်။ ဒီ Blueprint ထဲမှာ ဘာတွေပါသလဲဆိုရင် -

Hard working & Persistence (ဇွဲရှိမှု): ကလေးက ကစားစရာတစ်ခုကို မရရအောင် ကြိုးစားတာ၊ ပဟေဠိတစ်ခုကို စိတ်ရှည်လက်ရှည် ဆော့တာကနေစပြီး ဇွဲရှိတဲ့ Blueprint ကို စတင်တာပါ။

Self-control (မိမိကိုယ်ကို ထိန်းချုပ်မှု): လိုချင်တာကို ချက်ချင်းမရရင်တောင် စောင့်ဆိုင်းတတ်အောင် သင်ပေးတာဟာ အနာဂတ်အတွက် စည်းကမ်းရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ အုတ်မြစ်ချပေးတာပါ။

Positive Thinking (အကောင်းမြင်စိတ်): ပြဿနာတစ်ခု ကြုံတဲ့အခါ "ငါလုပ်နိုင်တယ်၊ ငါကြိုးစားကြည့်မယ်" ဆိုတဲ့ ဦးနှောက်ရဲ့ တုံ့ပြန်ပုံ (Response) ဟာ ဒီအရွယ်မှာတင် သတ်မှတ်ပြီးသား ဖြစ်သွားတတ်ပါတယ်။

Language (ဘာသာစကား): ဘာသာစကားအတွက် ဦးနှောက်ရဲ့ Window of Opportunityလို့ခေါ်တဲ့ အခွင့်အရေးပြူတင်းပေါက်က ဒီအရွယ်မှာ အပွင့်ဆုံးပါပဲ။

မိဘတွေအနေနဲ့ "ကြီးမှ... ကြီးမှ..." ဆိုပြီး ဆွဲမထားပါနဲ့။
အလုပ်ကြိုးစားတတ်တဲ့စိတ်၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တဲ့စွမ်းအား၊ အကောင်းမြင်တတ်တဲ့ နှလုံးသားဆိုတာတွေဟာ စာအုပ်ထဲက သင်ခန်းစာတွေ မဟုတ်ပါဘူး။ အခုလက်ရှိ သူတို့ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝ အတွေ့အကြုံတွေကနေ ရရှိလာတဲ့ ဦးနှောက်ရဲ့ Blueprints တွေပါ။

အဲ့ဒီ Blueprints တွေဟာ "Use it or Lose it" (အသုံးချရင် ခိုင်မာမယ်၊ အသုံးမချရင် ဆုံးရှုံးမယ်) ဆိုတဲ့ နိယာမအတိုင်း အလုပ်လုပ်တာပါ။ ဦးနှောက်ဟာ ထပ်ခါတလဲလဲ အသုံးပြုတဲ့ ဆက်သွယ်မှုတွေကို ပိုခိုင်မာအောင် လုပ်ပေးပြီး၊ အသုံးမပြုဘဲ ပစ်ထားတဲ့ ဆက်သွယ်မှုတွေကိုတော့ "မလိုအပ်ဘူး" ဆိုပြီး "Synaptic Pruning" လို့ခေါ်တဲ့ ဖြတ်တောက်ဖယ်ရှားခြင်း ဖြစ်စဉ်နဲ့ ရှင်းထုတ်ပစ်လိုက်ပါတယ်။

Neuroplasticity (ဦးနှောက်ရဲ့ ပြောင်းလဲပုံသွင်းနိုင်စွမ်း) က တစ်သက်လုံးရှိနေပေမဲ့ အစောပိုင်းအရွယ်လောက်တော့ မမြန်ဆန်တော့ပါဘူး။ ဆိုလိုတာက ဒီအရွယ်မှာ ကျွန်မတို့က မှန်ကန်တဲ့ Blueprint တွေကို အသုံးချခွင့် မပေးဘူးဆိုရင် ကြီးလာတဲ့အခါ အဲ့ဒီစွမ်းရည်တွေဟာ ပြန်ဆယ်ယူလို့မရအောင် ပျောက်ကွယ်သွားနိုင်သလို၊ ပြန်သင်ယူဖို့ဆိုရင်လည်း အဆပေါင်းများစွာ ပိုပြီးခက်ခဲသွားနိုင်ပါတယ်။

အုတ်မြစ်ခိုင်မှ အိမ်က လှမှာပါ။ အသုံးမချလို့ ဆုံးရှုံးသွားရတဲ့ စွမ်းရည်တွေထက် အသုံးချလို့ တောက်ပလာတဲ့ ကလေးရဲ့ အနာဂတ် Blueprint ကို အခုကတည်းက စပြီး အတူတူ ပုံဖော်ကြရအောင်လား။

ကြည်နှင်းခိုင်
VOX Academy - ပညာရေး သင်တန်းကျောင်း

Photos from Vox Academy Mini-Explorers' Club's post 05/01/2026

📚 Literacy Day (ပုံပြင်မှတဆင့် စာဖတ်စွမ်းရည်သင်ယူရေးနေ့) နှင့် Open House သို့ ဖိတ်ကြားလွှာ ✨

ရင်သွေးငယ်လေးတွေအတွက် ပျော်ရွှင်စရာ play-date လေးတစ်ခု ဖန်တီးပေးရင်း စာဖတ်ခြင်းရဲ့ အနှစ်သာရကိုပါ လက်ဆောင်ပေးချင်ပါသလား။

လာမည့် ဇန်နဝါရီလ (၁၆) ရက်နေ့၊ Vox Academy မှာ ကျင်းပမည့် Literacy Day အစီအစဉ်လေးသို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီပွဲလေးမှာ ထူးခြားချက်ကတော့ Vox Academy ရဲ့ Founder ဖြစ်သူ Tr. Kyi Hnin Khaing ကိုယ်တိုင် ဦးစီးပြီး...

📖 စိတ်လှုပ်ရှားဖွယ် ပုံပြင်ပြောပြခြင်း (Storytelling) ကဏ္ဍ နှင့် 🎨 စာဖတ်စွမ်းရည်ကို မြှင့်တင်ပေးမည့် ကစားရင်းသင်ယူခြင်း (Literacy-focused Activities) များကို အခမဲ့ (Free of Charge) ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ပွဲအသေးစိတ်အချက်အလက်များ

📅 နေ့ရက်: ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် (သောကြာနေ့)
🕘 အချိန်: နံနက် ၉:၀၀ နာရီ မှ ၁၂:၀၀ နာရီ အထိ
📍 နေရာ: No. 7, Kha/6 Qtr, 67A St, Btw 111 Rd & 112 Rd, Chan Mya Thar Zi Tsp, Mandalay, Vox Academy
Phone: 09976057215, 09787718029

🎟️ ဝင်ကြေး- အခမဲ့ (မိဘနှင့် ရင်သွေးငယ်များ Play-date ပုံစံဖြင့် တက်ရောက်နိုင်ပါသည်)

☀️ Summer Program (နွေရာသီသင်တန်း) အတွက် အထူးပရိုမိုးရှင်း

ဒီပွဲကို လာရောက်ကြတဲ့ မိဘများအတွက် ၁၀ ပတ်ကြာ ဖွင့်လှစ်မည့် ကျွန်မတို့ရဲ့ Summer Camp (Half-day program) အတွက် အထူးအခွင့်အရေးများ ရရှိဦးမှာပါ။

ဒီ Summer Camp ဟာ ကဏ္ဍ‌ပေါင်းစုံ ဖွံ့ဖြိုးမှု (Whole Child Development) ကို အခြေခံပြီး Literacy နှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ တန်ဖိုးများကို ထည့်သွင်းဆွဲထားသည့် သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

🎁 Early Bird Discount (စောစောအပ် အထူးလျှော့စျေး)-
ပွဲနေ့တွင် သင်တန်းအပ်နှံသူများအတွက် 20% Discount အထူးခံစားခွင့်!

သင်တန်းကြေးပုံမှန်: ၅ သိန်းကျပ် (Stationary Fee စာရေးကိရိယာဖိုး အပြီးအစီး)

Discount ဖြင့် ၄ သိန်းကျပ် သာ (၁ သိန်းတိတိ သက်သာမည်။)

ဘာကြောင့် Vox Academy ကို ရွေးချယ်သင့်သလဲ။
❓❓❓
Educational Consultant နှင့် ECCE ကျွမ်းကျင်ပညာရှင်ကိုယ်တိုင် ဦးဆောင်သည့် သင်ကြားမှု။

Montessori နှင့် ခေတ်မီနည်းစနစ်များ ပေါင်းစပ်ထားသည့် Literacy-rich ပတ်ဝန်းကျင်။

ကလေးငယ်များအတွက် နွေးထွေးပြီး ဘေးကင်းလုံခြုံသည့် သင်ယူမှုနယ်မြေ။

Literacy Day ပွဲလေးမှာ ကလေးအရေအတွက် ကန့်သတ်ထားတာမို့ ခုပဲ စာရင်းပေးသွင်းလိုက်ပါနော်။

စာရင်းပေးသွင်းရန်: 📩 [Messenger သို့မဟုတ် 📞 [09976057215]

#နွေရာသီသင်တန်း #စာဖတ်စွမ်းရည်

Photos from Vox Academy Mini-Explorers' Club's post 25/12/2025

Vox Academy ရဲ့ ပျော်ရွှင်စရာ ခရစ္စမတ်ပွဲတော် အမှတ်တရ 🎄✨

ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၁) ရက်နေ့က Vox Academy မှာ ကျင်းပခဲ့တဲ့ ခရစ္စမတ်ပါတီလေး အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပါပြီ။

ချစ်စရာကောင်းတဲ့ ဖျော်ဖြေမှုတွေနဲ့ ပွဲကိုပျော်ရွှင်တက်ကြွစွာ တင်ဆက်ပေးခဲ့ကြတဲ့ ကျွန်မတို့ရဲ့ သားငယ်သမီးငယ်လေးတွေကို အထူးပဲ ဂုဏ်ယူမိပါတယ်။ ဒါ့အပြင် တေးသံသာများ၊ ပြဇာတ်များနဲ့ ဖျော်ဖြေပေးခဲ့ကြတဲ့ Happy Family Choir အဖွဲ့ကိုလည်း Vox Academy မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 🎶❤️

ကလေးတို့ရဲ့ ပျော်ရွှင်ရယ်မောသံတွေနဲ့ ပြည့်နှက်နေတဲ့ ဒီနေ့လေးဟာ ကျွန်မတို့အတွက်တော့ တန်ဖိုးရှိတဲ့ အမှတ်တရတစ်ခုပါပဲ။

25/12/2025

Merry Christmas to our Vox Academy family! 🎅🎁

May your day be filled with magic, love, and happy memories. Enjoy the festivities! ✨

Photos from Vox Academy Mini-Explorers' Club's post 07/10/2025

VOX Academy မှ ပြုလုပ်ကျင်းပသည့် ရိုးရာမုန့်ဈေးတန်းသို့ လာရောက်ပံ့ပိုးအားပေးကြသည့် မိတ်ဆွေသင်္ဂဟများ၊ ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လျက် 🙏❤️
အောင်မြင်စည်ကားစွာ ကျင်းပနိုင်ခဲ့သည့်အတွက်...
🔹 ပံ့ပိုးကူညီပေးသော ဆရာ၊ ဆရာမများ
🔹 အားတက်သရော ရောင်းချပါဝင်ပေးသော မိဘများ
🔹 လာရောက်အားပေးနှင့် အလှူပါဝင်ကြသော ကျောင်းအသီးသီးမှ မိတ်ဆွေဆရာ၊ ဆရာမများ
🔹 ဂုဏ်သရေရှိဧည့်ပရိသတ်များ အားလုံးကိုပါ အထူးကျေးဇူးတင်မှတ်တမ်းတင်အပ်ပါတယ်ရှင်။
အလှူငွေစာရင်းနှင့် အလှူပုံရိပ်များကို လှူဒါန်းမှုပြီးစီးသည့်အခါ Page မှ ဆက်လက်တင်ပေးသွားပါမည်။
မင်္ဂလာသီတင်းကျွတ်အခါသမယတွင်...
အားလုံး ကျန်းမာချမ်းသာ ပူပင်သောကကင်းဝေးပြီး ကိုယ်စိတ်နှလုံး ရွှင်လန်းကြပါစေလို့ VOX Academy အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။







02/10/2025

Vox Academy၏ ရိုးရာမုန့်ဈေးတန်းပွဲတော်သို့ ဖိတ်ကြားခြင်း

📅 နေ့ရက် - တနင်္ဂနွေနေ့၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၅ ရက်
⏰ အချိန် - နံနက် ၉:၀၀ မှ မွန်းလွဲ ၁၂:၀၀ နာရီအထိ
📍 နေရာ - Vox Academy၊ အမှတ် (၇)၊ ခ/၆ ရပ်ကွက်၊ ၆၇အေ လမ်း၊ ၁၁၁ အေ လမ်းနှင့် ၁၁၂ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
✨ မင်္ဂလာရှိလှသော သီတင်းကျွတ်ချိန်ခါနီးတွင် မတူညီသော ရိုးရာယဉ်ကျေးမှုများကို ချစ်မြတ်နိုးတန်ဖိုးထားပြီး တူညီသော စေတနာမေတ္တာဖြင့် မျှဝေလှူဒါန်းခြင်းမှာ တစ်တပ်တစ်အား ဆင်နွှဲပျော်ရွှင်ကြဖို့ ကျွန်မတို့ Vox၏ ရိုးရာမုန့်ဈေးတန်းပွဲကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါရစေရှင်။
💝 Vox ရဲ့တန်ဖိုးထားမှုများအထဲမှာ မိမိရပ်ရွာပတ်ဝန်းကျင်ကို နည်းလမ်းအမျိုးမျိုးနဲ့ အကျိုးပြုစေဖို့ဆိုတဲ့ အချက်ဟာ အဓိကကျတဲ့ တန်ဖိုးတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒါ့ကြောင့် ယခုနှစ်မှာတော့ ထူးထူးခြားခြား ဆရာမများ၊ မိဘများနဲ့ ကျောင်းသူကျောင်းသားများမှ ပြင်ဆင်ရောင်းချတဲ့ မုန့်များမှ ရရှိတဲ့ ငွေကြေးအားလုံးကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုမှာ လိုအပ်တဲ့စာရေးကိရိယာနဲ့ သင်ထောက်ကူတွေ လှူဒါန်းသွားမှာပဲ ဖြစ်ပါသည်။ ဒါ့ကြောင့် ဒီအစီအစဉ်မှာ အတူတကွပါဝင်ခြင်းဖြင့် ရိုးရာမုန့်များသာမက ကရုဏာတရားနှင့် သင်ယူမှုများကိုလည်း Vox နဲ့အတူ မျှဝေနိုင်ကြမှာ ဖြစ်ပါတယ်။
• 🎉 ပွဲတော်သို့လာရောက်ပါက မိမိနှစ်သက်ရာ ရိုးရာဝတ်စုံ ဝတ်ဆင်လာနိုင်ပါတယ်ရှင်။
📞 နောက်ထပ်အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် -
📱 ၀၉၉၇၆၀၅၇၂၁၅ | ၀၉၇၈၇၇၁၈၀၂၉
🙏 Vox Academy ရဲ့ ၂၀၂၅ ခုနှစ် ရိုးရာမုန့်ဈေးတန်းပွဲတော်မှာ ယဉ်ကျေးမှု၊ ပျော်ရွှင်မှုနဲ့ ကရုဏာတရားတို့ကို အတူတကွ ပြသဖို့ Voxမိသားစုဝင်များနှင့် ချစ်ခင်ရတဲ့ မိတ်ဆွေများအားလုံးကို လက်ကမ်းကြိုဆိုနေပါတယ်။ အတူဆုံကြပါစို့ရှင်။
Vox Academy

#ရိုးရာအစားအစာ #ပညာရေးပံ့ပိုးမှု

11/08/2025

လက်ထောက်မူကြိုဆရာမ အလုပ်သင်ခေါ်ယူခြင်း

Vox Academyရဲ့ မူကြိုသင်ကြားရေးမှာ ပါဝင်လုပ်ကိုင်ဖို့ ကလေးတွေကို ဂရုစိုက်တတ်ပြီး ကလေးချစ်တတ်တဲ့ လက်ထောက်မူကြိုဆရာမတစ်ဦး အလိုရှိပါတယ်။

လိုအပ်ချက်များ-
အသက်- 19 မှ 25 နှစ်
ကလေးတွေနဲ့ အလုပ်လုပ်ရတာ နှစ်သက်ပြီး ပညာရေးနဲ့ပတ်သက်တဲ့ သင်ကြားသင်ယူမှုကို လေ့လာဖို့ လိုလားသူဖြစ်ရမယ်ရှင်။
မူကြိုသင်ကြားရေးနည်းလမ်းများကို သင်ယူလိုစိတ် နှင့် ကလေးသူငယ်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့
စိတ်ရှည်သည်းခံပြီး တီထွင်ဖန်တီးတတ်ကာ အစောပိုင်းကလေးဘဝပညာရေးကို စိတ်ပါဝင်စားသူ လျှောက်ထားပါရှင်။
အလုပ်ချိန်- နံနက် ၈း၀၀ မှ နေ့လည် ၁း၀၀ (အလုပ်ချိန်နေ့တစ်ဝက်ဖြစ်ပေမဲ့ သင်တန်းတက်ဖို့ရှိပါက အခြားအချိန်တွေလည်း တက်ရောက်နိုင်ရပါမယ်)
လစာ- ညှိနှိုင်း (အတွေ့အကြုံပေါ် မူတည်၍)
အစောပိုင်းကလေးသူငယ်ဘဝကို ဖွံ့ဖြိုးတိုးတက်စေဖို့ မူကြိုပညာရေးကို စိတ်ဝင်စားသူဖြစ်ပါက ကျွန်မတို့နဲ့ ဆက်သွယ်ပါ။
လျှောက်ထားနည်း- သင်၏ကိုယ်ရေးအကျဉ်း/CV ကို 09976057215, 09787718029 Viber သို့မဟုတ် Telegramသို့ ပေးပို့နိုင်ပါတယ်။

ကလေးများအတွက် ပျော်ရွှင်စရာကောင်းသော သင်ယူမှုပတ်ဝန်းကျင် ဖန်တီးရာဖို့ ကျွန်မတို့နဲ့ ပူးပေါင်းပါ။ 🌱✨

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address

No. Da Dway/1 (117), 37A Street, Between 66th And 67th Road, Mahar Aung Myay Tsp.
Mandalay