Khit Thit Myanmar Private High School

Khit Thit Myanmar Private High School

Share

🎓Best Education Can Make Your Future The Best🎓

Photos from Khit Thit Myanmar Private High School's post 30/07/2025

2025တက္ကသိုလ်ဝင်စာမေးပွဲတွင်ကျောင်းမှ
ထူးချွန်စွာအောင်မြင်ခဲ့သော (3)ဘာသာဂုဏ်ထူးရှင်၂ဦးအားဂုဏ်ပြုမှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်းအမှတ်တရ။

#ခေတ်သစ်မြန်မာကိုယ်ပိုင်အထက်တန်းကျောင်း

Photos from Khit Thit Myanmar Private High School's post 27/07/2025

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ၃ဘာသာဂုဏ်ထူးရှင် ၂ဦး နှင့် အောင်မြင်သူများအားလုံးကို ခေတ်သစ်မြန်မာကိုယ်ပိုင်အထက်တန်းကျောင်းမှ ဂုဏ်ပြုအပ်ပါသည်။

#ခေတ်သစ်မြန်မာကိုယ်ပိုင်အထက်တန်းကျောင်း

Photos from Khit Thit Myanmar Private High School's post 12/07/2025

၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် ကျ‌ရောက်မည့် (၇၈)ကြိမ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်း စာစီစာကုံး၊ ကဗျာ၊ ပန်းချီ နှင့် ကျပန်းစကားပြောပြိုင်ပွဲများကို အကြိုကျင်းပပြုလုပ်ခဲ့သည့်ပုံရိပ်များ

ကျောင်းသားလူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ နိုင်ငံ့သားကောင်းစိတ်ဓာတ်များရှိစေရန်နှင့် အသိပညာဗဟုတများတိုးပွားလာစေရန် ကျောင်းမှတာဝန်ရှိသူများက အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပပြုလုပ်ပေးပြီး ကလေးများကလည်း တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ကြပါသည်။

#ခေတ်သစ်မြန်မာကိုယ်ပိုင်အထက်တန်းကျောင်း
#၇၈ကြိမ်မြောက်အာဇာနည်နေ့

Photos from Khit Thit Myanmar Private High School's post 09/07/2025

ယနေ့(၉.၇.၂၀၂၅)ရက်တွင် ကျရောက်သော ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့၌ ခေတ်သစ်မြန်မာကိုယ်ပိုင်အထက်တန်းကျောင်း၏ ဝတ်ရွတ်အသင်းမှ ကျောင်းသား၊သူများနှင့်ဆရာဆရာမများ ဓမ္မစကြာတရားတော်ရွတ်ဖတ်ပူဇော်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်နေကြမှု မှတ်တမ်း။

#ခေတ်သစ်မြန်မာကိုယ်ပိုင်အထက်တန်းကျောင်း

Photos from Khit Thit Myanmar Private High School's post 04/07/2025

"ကျန်းမာပျော်ရွှင် စာတော်စေမှာ ခေတ်သစ်မြန်မာ"

တစ်ပတ်လုံးစာတွေ နဲ့ နပန်းလုံးနေရတဲ့သားသားမီးမီးများ စိတ်ဖိစီးမှုကင်းဝေးပြီး ပျော်ရွှင်ကျန်းမာ ဉာဏ်ရည်ထက်မြက်ကာ သင်ခန်းစာများသင်ကြားရာတွင်ပိုမိုအာရုံစူးစိုက်‌နိုင်စေဖို့ အပတ်စဉ် ကိုယ်လက်လှုပ်ရှားအားကစားများပျော်ပျော်ရွှင်ရွှင် ဆော့ကစားကြ။

#ခေတ်သစ်မြန်မာကိုယ်ပိုင်အထက်တန်းကျောင်း

02/07/2025

ကျောင်းသားကျောင်းသူများအတွက်
ယနေ့ခေတ်ပညာရေး၏ မျှော်မှန်းချက်ဖြစ်သည့် "5Cs"အရည်အသွေးများတိုးတက်ပြီး
ပျော်ရွှင်၊ကျန်းမာ၊ဉာဏ်ရည်ထက်မြတ်ကာ အများနဲ့တစ်သားတည်း နေထိုင်ပူးပေါင်းလုပ်ကိုင်လာတက်‌စေနိုင်ဖို့ စာသင်ချိန်အပြင် educational gamesများလည်း ပျော်ပျော်ရွှင်ရွှင်ကစားကြနေမှု မှတ်တမ်း။

#ခေတ်သစ်မြန်မာကိုယ်ပိုင်အထက်တန်းကျောင်း

Photos from Khit Thit Myanmar Private High School's post 30/06/2025

တို့ကျောင်း .....
ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ...
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း။

#ခေတ်သစ်မြန်မာကိုယ်ပိုင်အထက်တန်းကျောင်း

29/06/2025

သတင်းစာတွင်ပါရှိ....

#ခေတ်သစ်မြန်မာကိုယ်ပိုင်အထက်တန်းကျောင်း

Photos from Khit Thit Myanmar Private High School's post 26/06/2025

ဇွန်လ (၂၆)ရက်နေ့၌ကျရောက်သော (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျောင်းတွင်း စာစီစာကုံး၊ ကဗျာ၊ ပန်ချီ နှင့် ကျဘမ်းစကားပြောပြိုင်ပွဲ အသီးသီးကျင်းပခဲ့ပြီး ဆုရရှိသူ ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားအား ခေတ်သစ်မြန်မာ ကိုယ်ပိုင်အထက်တန်းကျောင်း၏ တောင်ငူဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကျောင်းတည်ထောင်အုပ်ချုပ်သူ ဆရာကြီး မှ အဖွင့်မှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦစီးဌာန တာဝန်ရှိလူကြီးမင်းများလည်းကြွရောက် အားပေးကူညီဆုချီးမြှင့်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများကို မူးယစ်ဆေးဝါး၏ အန္တရာယ်၊ဆိုးကျိုးများကို သိရှိစေရန်ဟောပြောပို့ချကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။

#ခေတ်သစ်မြန်မာကိုယ်ပိုင်အထက်တန်းကျောင်း

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Aungmingalar Quarter, Patheingyi
Mandalay