10/08/2026
ကျေးဇူးတင်လွှာ
============
တောင်ငူမြို့မှ
Teacher Salai’s Centre မှာ
တက်ရောက်နေကြတဲ့
ကျောင်းသားကျောင်းသူလေးတွေကို
၂ ရက်တိုင်တိုင်
Reading Strategies & Subskills
သင်ခန်းစာ တွေ
ပို့ချခွင့် ရရှိခဲ့တဲ့ အတွက်ရော
စိတ်အားထက်သန် တက်ကြွစွာ နဲ့
တက်ရောက်ပေးခဲ့ကြတဲ့ အတွက်ရော
Teacher Salai နဲ့
ကျောင်းသားကျောင်းသူများအားလုံးကို ကျေးဇူးအထူးတင်ရပါတယ်
တကယ်ပါ
ဒီလောက် ထူးချွန်ပြီး
စိတ်အားထက်သန်တဲ့
ကျောင်းသား ကျောင်းသူ တွေ အပြည့်နဲ့
စာသင်ခန်းတွေ ကို
သင်ကြားခွင့်ရခဲ့တာ
အရမ်းကို ကျေနပ်ပီတိဖြစ်ရပါတယ်
စည်းကမ်းလည်းရှိ
ပူးပေါင်းပါဝင်မှု အပြည့်နဲ့
ည ၇ နာရီ ကနေ ၉ နာရီထိ
စာသင်ချိန်တွေ ကို
Uniform ဝတ်ပြီး
Energy အပြည့် နဲ့
သင်ယူသွားကြတာ ကြည့်ပြီး
ဒီလို ပညာကို လိုချင်တဲ့
ကျောင်းသား ကျောင်းသူတွေ
ရှိနေသေးသ၍
စာသင်ကြားခြင်းအလုပ်ကို
ခွန်အားအပြည့် နဲ့ ဆက်လုပ်နိုင်ဖို့
တွန်းအားတွေ ဖြစ်စေခဲ့တာပါပဲ
ကျေးဇူးပါ Salai
ကျေးဇူးပါ သားသားမီမီးများ
ချစ်ခင်စွာဖြင့်
တီချာနီ
30/07/2026
It’s my honour to share this with you 👍
လေးစားရတဲ့ တီချယ်ကြီး နီနီအေးကျော် ကိုယ်တိုင်ပို့ချလေ့ကျင့်ပေးမည့် ၂ ရက်တာ
“𝐑𝐄𝐀𝐃𝐈𝐍𝐆 𝐒𝐊𝐈𝐋𝐋 𝐓𝐑𝐀𝐈𝐍𝐈𝐍𝐆”ကြီးရောက်ရှိလာပြီ။
ဘယ် level အတွက်မဆို
ဘယ် စာမေးပုံစံအတွက်မဆို
ဦးတည်လျက် …………
Reading လို့ဆိုလိုက်ရင်ဖြင့်
မသိမဖြစ် ‼️
မရှိမဖြစ် ‼️
မတတ်မဖြစ် ‼️
သူရဲကောင်းကြီးလေးဦးဖြစ်တဲ့
𝐒𝐊𝐈𝐌𝐌𝐈𝐍𝐆 ⭐️
𝐒𝐂𝐀𝐍𝐍𝐈𝐍𝐆 ⭐️
𝐈𝐍𝐅𝐄𝐑𝐑𝐈𝐍𝐆 ⭐️
𝐃𝐄𝐃𝐔𝐂𝐈𝐍𝐆 ⭐️
တို့ကို “ပါးနပ်စွာ အသုံးပြု၍”
“မဟာဗျူဟာ ကျကျ”
ချဉ်းကပ်ပုံ ချဉ်းကပ်နည်း ✅
သတ်မှတ်ချိန်အတွင်း အလျင်မြန်ဆုံး
အဖြေရှာပုံ ရှာနည်း ✅
တို့ကို ပို့ချလေ့ကျင့်ပေးသွားမည့် အစီအစဉ်ကြီးဖြစ်သည်။ ⭐️
Teacher Salai သင်တန်းမှ မဟုတ်သော်လည်း
အသိမနောက်ကျချင်သူ မည်သူမဆိုပါဝင်တက်ရောက်နိုင်ပါကြောင်းနှင့် ပါဝင်လိုပါက
Page messenger သို့ နာမည်နှင့်တကွဆက်သွယ်ပါရန်။ ⭐️
“𝐑𝐄𝐀𝐃𝐈𝐍𝐆 𝐒𝐊𝐈𝐋𝐋 𝐓𝐑𝐀𝐈𝐍𝐈𝐍𝐆”
𝐓𝐞𝐚𝐜𝐡𝐞𝐫 𝐍𝐢 𝐍𝐢 𝐀𝐲𝐞 𝐊𝐲𝐚𝐰
- 𝐁.𝐀 (𝐇𝐨𝐧𝐬;)
- 𝐌.𝐀 ( 𝐄𝐧𝐠𝐥𝐢𝐬𝐡) (𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲) - 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐓𝐄𝐒𝐎𝐋 ( 𝐋𝐨𝐧𝐝𝐨𝐧 𝐓𝐓𝐂) -𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐓𝐞𝐚𝐜𝐡𝐞𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 (𝐋𝐨𝐧𝐝𝐨𝐧 𝐓𝐓𝐂)
-𝐂𝐚𝐦𝐛𝐫𝐢𝐝𝐠𝐞 𝐂𝐄𝐋𝐓𝐀
-𝐂𝐚𝐦𝐛𝐫𝐢𝐝𝐠𝐞 𝐓𝐊𝐓𝐬 𝐅𝐓𝐁𝐄 ( 𝐏𝐞𝐚𝐫𝐬𝐨𝐧)
Saturday (8.8.26) ⭐️
7:00 PM- 9:00 PM ⭐️
LEVEL - B1 B2 ⭐️
Sunday (9.8.26) ⭐️
7:00 PM - 9:00 PM ⭐️
Level - A2 ⭐️
ပို့ချပေးမည့် တီချယ်ကြီး နီနီအေးကျော်သည်
အင်္ဂလိပ်ဘာသာစကားနှင့် IELTS ဆရာမကြီး၊
-Teacher Trainer နှင့် Teacher Ni’s Academy: TEAM WE ၏ Founder တစ်ဦးဖြစ်ပြီး
အင်္ဂလိပ်ဘာသာစကား သင်ကြားရေးနယ်ပယ်တွင် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိသူ ဖြစ်သည်။
-တီချယ်ကြီးသည် Cambridge YLE, KET, PET, FCE, IELTS နှင့် IGCSE (ESL/EFL) စသည့် နိုင်ငံတကာအသိအမှတ်ပြု အင်္ဂလိပ်ဘာသာစကား သင်တန်းများနှင့် စာမေးပွဲအဆင့်များတွင် သင်ကြားပို့ချခဲ့သည့် အတွေ့အကြုံများစွာ ရှိသူဖြစ်ပြီး၊
Mandalay TESOL Centre တွင် Co-Trainer အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး TKT Preparation နှင့် ELT Professional Development ဆိုင်ရာ သင်တန်းများမှတစ်ဆင့် အင်္ဂလိပ်ဘာသာစကား သင်ကြားရေးဆရာ၊ ဆရာမ ရာနှင့်ချီတို့၏ ပညာရည်နှင့် သင်ကြားရေးစွမ်းရည် တိုးတက်မြင့်မားရေးအတွက် လေ့ကျင့်ပေးခဲ့သူ ဖြစ်ပါသည်။
ထို့အပြင် M.A. in English, CELTA နှင့် Diploma in TESOL တို့ကို ရရှိထားပြီး Learner-Centred Pedagogy ကို အလေးထားကျင့်သုံးကာ သင်ယူသူများ၏ ဘာသာစကားစွမ်းရည် တိုးတက်ရေးနှင့် ဆရာ၊ ဆရာမများ၏ Professional Development အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသူလည်းဖြစ်ပါသည်။
Teacher Salai Community ရှိ လူငယ်
မောင်မယ်များမှ တီချယ်ကြီးအား ဂါရဝတရားရှေ့ထား၍ လှိုက်လှဲစွာကြိုဆိုအပ်ပါသည်ခင်ဗျာ။
24/07/2026
B1 Wizards အတန်းရဲ့
Final Exam ဖြေပြီး နောက်
ထွက်ပေါ်လာတဲ့ ရလဒ်တွေ
Listening Master : Leo
Speaking Master: Hannah
Reading Master: Nicole
Writing Master: San YU Swe
Best Student: Min Thein Khaing
တို့အတွက်
ကျပ် ၁၀ သိန်း နဲ့ ညီမျှတဲ့
Scholarship Award တွေ ကို
ဂုဏ်ယူစွာ ချီးမြှင့်ပေးအပ်နိုင်ခဲ့ပြီ
စာမေးပွဲမှာ
Grade C ပါနေသေးလို့
ဒီLevel မှာ
ပြန်တက်ရမယ့်သူတွေ အတွက်လည်း သင်တန်းကြေး အခမဲ့ နဲ့
ပြန်လည်တက်ရောက်ခွင့်ပြုထားသလို
Grade A
Grade B နဲ့ အောင်မြင်ပြီးကြလို့
နောက် Level တက်ရမယ့်သူတွေအတွက်လည်း
ချီးကျူးဂုဏ်ပြုရပါတယ်
ပြောခဲ့သလို
သင်ယူချင်စိတ်သာရှိနေပါစေ
တီချာနီဆီမှာ
သင်ကြားခွင့်အတွက်
ပူစရာမလိုပါဘူးလို့
ချစ်ခင်စွာဖြင့်
တီချာနီ
20/07/2026
Mandalay TESOL Centreကနေ ကြီးမှူးကျင်းပတဲ့
2nd TESOL Conference မှာ
Teacher NI’s Academy: Team WE ရဲ့
Founder/ Coordinator တီချာနီ မှ
From Textbook Exercise to Meaningful Task: Practical Task-Based Learning for ELT Teachers ခေါင်းစဉ်နဲ့
Workshop တစ်ခု ပါဝင်ဖြစ်ခဲ့ပါတယ်
ကျင်းပပေးတဲ့ ဆရာ Myo Nyunt Maw
တက်ရောက်ချီးမြှင့်ပေးကြတဲ့
ဆရာကြီး ဆရာမကြီးများ
လုပ်ဖော်ကိုင်ဖက်
စီနီယာ ဂျူနီယာ တီချာများ
နေ့လယ်စာထမင်းဟင်း
ကော်ဖီ နဲ့ မုန့်
ရေသန့် စသည်ဖြင့်
ပါဝင်ကျွေးမွေးကြသူများ
Volunteer team
ဒီပွဲကို
စိတ်ဝင်တစား အားခဲပြီး
တက်ရောက်နိုင်ဖို့
Registration ကို မီအောင်
ကြိုးစား ဖြည့်သွင်းပြီး
တက်ရောက်လေ့လာသင်ယူခဲ့ကြတဲ့
Team WE ရဲ့ Teachers များ
အားလုံးကို
ကျေးဇူးတင်ပါတယ်
Together We Are Better!
08/07/2026
မပြောရင် မဖြစ်တော့လို့
မေးကြတာ လည်း များပြီ
စိတ်ရှည်လက်ရှည်
စောင့်ပေးကြတာလည်း
ကျေးဇူးတင်ပါတယ်
Teacher Ni ရဲ့
Cambridge B1 course ကို
အရင် Hybrid သင်နေရာက
အခု
On-Campus နဲ့
Online ဆိုပြီး
၂ တန်းခွဲထုတ်ပေးထားပါတယ်
ပိုပြီး ထိရောက်အကျိုးရှိဖို့ လည်း
မျှော်လင့်ထားပါတယ်
On-Campus မှာ On-Campus လို
activities တွေ
Online မှာ Online လို
activities တွေ
ပီပီပြင်ပြင် လုပ်ခွင့်ရမှာမို့
အတန်းတွေက ပိုပြီး
တက်ကြွမြိုင်ဆိုင်လာမှာပါ
On-Campus ကို
PET for Schools ဆိုပြီး
ဆယ်ကျော်သက်လေးတွေ အတွက်
အဓိက ရည်ရွယ်ထားပါတယ်
✅စနေ တနင်္ဂနွေ
မနက် ၈:၃၀-၁၀:၃၀ ပါ
သင်ကြားချိန် ၄ လ ပါ
ပြီးတာ နဲ့ PET ဖြေလို့ ရပါမယ်
Online တန်းကိုတော့
Cambridge B1 for Teachers and Adults အတွက် ရည်ရွယ်ထားပါတယ်
✅စနေ တနင်္ဂနွေ
ညနေ ၄:၀၀-၆:၀၀ ပါ
သင်တန်းကာလ ၁၅ ပတ်ပါ
ပြီးတာ နဲ့ PET ဖြေလို့ ရပါမယ်
Course frames တွေက
သိပ်မကွာပါဘူး
အရွယ်ကို အဓိက မထားဘဲ
ကိုယ်တက်နိုင်မယ့် mode ကို
အဓိက ရွေးစေချင်ပါတယ်
✅၂တန်းလုံး July 25 မှာ စပါမယ်နော်
Registration စဖွင့်ပြီမို့
စာရင်းသွင်းအပ်နှံနိုင်ပါပြီ
အရင် စာရင်းသွင်းထားနှင့်ပြီးသား သူလေးတွေလည်း
Registration Confirm လုပ်နိုင်ပါပြီ လို့
ချစ်ခင်စွာဖြင့်
တီချာနီ
07/07/2026
Register, Formality နဲ့
“ဟုတ်ကဲ့ပါ နီနီ”
================
စကားပြောကြတာပဲ ဖြစ်ဖြစ်
စာရေးတာပဲ ဖြစ်ဖြစ်
ကိုယ်နဲ့ စကားပြောနေတဲ့
လူပုဂ္ဂိုလ် ရယ်
နေရာ ဒေသ ရယ်အပေါ်လိုက်ပြီး
ကာလံ ဒေသံ ဆိုသလို
သင့်တင့်လျောက်ပတ် အောင်
ပြောရပါတယ်
ကလေးဆို ကလေး အလျောက်
လူကြီးဆို လူကြီး အလျောက်
ရင်းနှီးတဲ့ သူဆို တစ်မျိုး
မရင်းနှီးသူတွေ ဆို တစ်မျိုး
အရပ်သုံး
ရုံးသုံး
ကျောင်းသုံး
အခမ်းအနားသုံး
စသည်ဖြင့်
စကားအသုံးအနှုန်း အပြောအဆို
ကွာကြပါတယ်
ဥပမာ
စားပြီးပြီလား
စား ပါဦး
သုံးဆောင်ပါဦး
စားမယ်
ဆွဲမယ်
ကြိတ်ပြီ
အဝဆွဲပြီ
ဂုန်းဆင်းမယ်
မျို လေ
စသည်ဖြင့် ပေါ့
သူ့နေရာ နဲ့ သူ ပြောတတ်ရတာပေါ့ 😅
အဲ့ဒါနဲ့ ပတ်သက်ပြီး ကြုံခဲ့ဖူးတဲ့
ကိုယ့် experience လေးတွေ ကို
ပြောပြမယ်
တစ်ရက်က
ကျောင်းနေဖက်
( သိပ်မရင်းနှီးတဲ့ သူငယ်ချင်း ) တစ်ယောက်က
ကိုယ့် ဖုန်းနံပါတ်ကို စုံစမ်းပြီး
ဖုန်းဆက်လာတယ်
သူ့ ကလေးတွေရဲ့
ပညာရေးအတွက်
တိုင်ပင်ဆွေးနွေးတာပါ
ဒါပေမယ့်
သူနဲ့ကိုယ်က
ကျောင်းနေဖက်တော့ မှန်တယ်
စကားသိပ်ပြောဖူးပြောစ
မရှိခဲ့ကြတော့
ရင်းရင်းနှီးနှီးပဲ ပြောရမလား
ခပ်မှန်မှန်ပဲ ပြောရမလား
ဝေခွဲ မရတော့
သူ ကိုယ့်ကို ပြော သွားတာ
ဟုတ်ကဲ့ပါ နီနီ တဲ့ 🥴
ကိုယ့်မှာလည်း
သိပ်မရင်းနှီးသူမို့
ဂွတီးဂွကျ နိုင်တဲ့
အနေအထားပေမယ့်
“အေးဟာ” “နင်က”” ငါက”လို့ပဲ
မျက်နှာ ပူပေမယ့်
တစ်ရင်းတစ်နှီးပြောလိုက်ပါတယ်
ရွယ်တူ သူငယ်ချင်းတွေမို့
ဟုတ်ကဲ့ပါ နီနီ ဆို တာ တော့
နားထောင်ရ ခက်တာပေါ့လေ
ဒါပေမယ့်
အခေါ်အဝေါ်ထက်
အကြောင်းအရာက
ပိုအရေးကြီးလို့
အကြောင်းအရာကိုပဲ
အဓိက ဆွေးနွေးဖြစ်တာပါပဲ
နောက်တစ်ခုကတော့
ဆွမ်းကျွေးပွဲ မှာ ဘုန်းကြီးကို
ကိုယ်က ပြန်တော့မှာမို့
သွားနှုတ်ဆက်တာ
“တပည့်တော်တို့
ပြန်ကြွလိုက်ဦးမယ် ဘုရာ့” တဲ့
ပြီးမှ ရယ်ကြရတယ်
ငိုအားထက် ရယ်အားသန် ရတဲ့
အဖြစ်တွေပေါ့
ဟုတ်ပါတယ်
Formality တွေ
စကား အသုံးအနှုံးတွေ
အံမဝင် ဂွင်မကျ ရင် တော့
ဂွကျတဲ့ စကားတွေ ပဲ ထွက်လာမှာပါ
မြိတ် (ဘိတ်) မှာတော့
ဧည့်သည်ကို ထမင်းဖိတ်ကျွေးပြီး
ငတ်နေလား ( ဗိုက်ဆာပြီလား) လို့
မေးတာ ပုံမှန်
Formality ပေမယ့်
ကိုယ်တွေလို
မန်းသူတွေ အတွက်တော့
စိတ်ဆိုးရခက်ကြီး ပေါ့ 🥴🥴
English Language မှာတော့
ကိုယ် ပြောမယ့် စကား
ကိုယ်ရေးတဲ့ စာ ကို
လက်ခံမယ့် သူ (Audience)
အပေါ်လိုက်ပြီး
လွတ်လွတ်လပ်လပ်
ပေါ့ပေါ့ပါးပါးပြောမလား
အလေးအနက်ပြောမလား
တစ်ခမ်းတစ်နားပြောမလား
ယဉ်ကျေးအောင်ပြောမလား ဆိုတာ
ရွေးပြီး
သင့်တင့်လျောက်ပတ်အောင်
ပြောဆိုတတ်ရပြီး
ဒါကို ပဲ
Register လို့ ခေါ်တာပါ
သူငယ်ချင်းဆီ email ရေးတဲ့အခါ
Dear လို့ စသင့် လား
Hi လို့ စရေးသင့်လား
အဆုံးသတ်လေးမှာ
Best regards လို့ ရေးရမလား
Yours လို့ ရေးရမလား
Friendly tone နဲ့ ရေးရမလား
Polite tone နဲ့ ရေးရမလား
ကွဲပြားအောင် သိထားမှ
Writing မှာ Register မှန်ပါမယ်လို့
ချစ်ခင်စွာဖြင့်
တီချာနီ
03/07/2026
သတင်းကောင်းလေးတွေ တန်းစီ
👏👏👏👏👏👏👏👏👏👏👏
နှစ်ယောက်စလုံးက
အသက်အားဖြင့် ၁၂ နှစ်
မေလ မှာ ဖြေခဲ့တဲ့
KET for schools စာမေးပွဲ မှာ
အမှတ်ပြည့် 150
————————-
Grade A
—————
B1 level
—————
နဲ့ အောင်မြင်ကြပြန်ပြီ
Congratulations Hannah & Leo!
Your exhilaration is truly my pleasure!
Excellent!!
Let’s step up💕💕👍
Teacher Ni
02/07/2026
It’s coming your way! 🎉
See you there!
Let’s meet up and make it a memorable one!
2nd TESOL Conference အတွက် workshop presenter တဦးကတော့
Tr Ni Ni Aye Kyaw( Teacher Ni's Academy: Team WE) ပါ။
Ni Ni Aye Kyaw is an experienced IELTS and English language teacher, teacher trainer, and founder of Teacher Ni’s Academy: TEAM WE.
With over 20 years of experience in English language education, she has been teaching across Cambridge YLE, KET, PET, FCE, IELTS, and IGCSE (ESL/EFL).
She is one of the co-trainers at Mandalay TESOL Centre, where she has trained hundreds of ELT teachers in TKT preparation and professional development.
Her qualifications include an M.A. in English, CELTA, and a Diploma in TESOL. She is committed to learner-centred pedagogy and teacher development.
Abstract
Task-Based Learning (TBL) offers teachers a practical approach to making language learning more meaningful, communicative, and learner-centred. Rather than focusing on isolated language items for controlled practice, TBL encourages learners to use English to complete productive tasks. This workshop explores how TBL can move beyond traditional textbook exercises to promote genuine interaction and purposeful language use.
The session will introduce the core principles of Task-Based Learning and the main stages of a task-based lesson: Pre-task, Task Cycle, and Language Focus. Participants will experience a sample task, analyse what makes an activity truly task-based, and examine how familiar classroom exercises can be adapted into more communicative tasks. Through collaborative discussion and a guided lesson-design activity, participants will transform traditional materials into task-based lessons for their own teaching contexts.
Participants တွေ အတွက်
Participants will leave with practical strategies, a flexible framework, and ready-to-use ideas for implementing TBL in ELT classrooms.
Participants will also be able to design a TBL lesson by adapting a traditional material from a text book to communicative tasks.
02/07/2026
မနက်စောစော မင်္ဂလာသတင်းလေး
အသက် ၁၄ နှစ်
Grade 7 ပဲ ရှိသေးတဲ့ ကလေးလေး
သူ့မိဘတွေက ပြောတယ်
ဘယ်သူနဲ့မှ ဘယ်မှာမှ
English ကို မသင်ဖူးသေးတဲ့
တီချာ့ တစ်လက်ကိုင်
တီချာပဲ သင်ပေးလို့ ရတဲ့
တီချာ့တပည့်စစ်စစ် တဲ့
A2 ကနေ B1
B1 ကနေ B2 အဆင့်ဆင့် တက်လာပြီး
ဒီကလေးလေး FCE (Cambridge B2 First)
ကို ပြီးခဲ့တဲ့ May လ က
ဖြေခဲ့တဲ့ Result ထွက်လာပါပြီ
Pass at Grade A
C1 တဲ့
Congratulations ပါ သေးသေး ရေ
English က ပြောစရာမလိုအောင်ကို
အဆင်သင့်ဖြစ်နေပြီမို့
ဆက်ကြိုးစားပါ
တစ်ခြား ဘာသာရပ်တွေကိုလည်း
လေ့လာပါလို့
ချစ်တဲ့
တီချာနီ