15/05/2024
အက်စ်ကျူ၊ ပီကျူ၊ စီကျူ၊ အေကျူ
ယုံကြည်ကိုးကွယ်မှု စွမ်းရည် (သို့) အက်စ်ကျူ
ယုံကြည်ကိုးကွယ်မှု စွမ်းရည် (SQ_ spiritual intelligence) အထဲမှာ ဒါတွေပါတယ်။
- လိုရင်းအဓိပ္ပာယ်ကို နားလည်မှု
- ကိုယ်ပိုင် တန်ဖိုးများ ကိုင်စွဲမှု
- ကျေးဇူးကို ခံစားသိမြင်မှု
- ယုံကြည်ကိုးကွယ်မှုနဲ့ ဝတ်ပြုဆည်းကပ်မှု
- ကိုယ်ကျင့်တရား စွဲမြဲမှု
- ကရုဏာစိတ်ကို ပြသမှု တို့ ဖြစ်ပါတယ်။
အက်စ်ကျူလေ့ကျင့်မှုက ကျန်းမာရေးရလဒ်နဲ့ သူနာပြုလုပ်ငန်းမျိုးမှာ အလုပ်ခွင်ကျေနပ်မှု တိုး တက်စေတယ်လို့ လေ့လာချက်တချို့က ပြတယ်။
ကာယစွမ်းရည် (သို့) ပီကျူ
၁၉၈၃ ခုနှစ်က ကျော်ကြားခဲ့တဲ့ “စိတ်ရဲ့ စည်း ဘောင်များနဲ့ ဉာဏ်ရည်မျိုးစုံသီအိုရီ” (Frames of Mind: The Theory of Multiple Intelligences) စာအုပ်ထဲမှာ ဟောင်းဝဒ်ဂါဒ်နာက ကာယစွမ်း ရည် (physical intelligence_ PQ) အယူအဆကို တင်ပြခဲ့တယ်။ ကိုယ်နေဟန်ထား၊ အသက်ရှူမှု၊ ခွန်အား၊ စွမ်းအားအဆင့်နဲ့ အဲဒါတွေကို ညီညွတ် စွာ ပေါင်းစည်းပုံကို သိမှုပါ။ ပီကျူ မြင့်တဲ့သူတွေ ဟာ လှုပ်ရှားမှုတွေ၊ ကိုယ်ခန္ဓာ အပြန်အလှန် လှုပ် ရှားမှုတွေနဲ့ သင်ယူနိုင်တယ်လို့ သူက ရှုမြင်တယ်။
ပီကျူက သီးခြားစွမ်းရည်တခု မဟုတ်လားလို့ တချို့ ပညာရေးနဲ့ စိတ်ပညာရှင်တွေက မေးခွန်း ထုတ်ကြပေမယ့် ဒီအယူအဆကို ထောက်ခံတဲ့ ဦးနှောက် အာရုံကြောပညာရပ်ဆိုင်ရာ အထောက် အထားတချို့လည်း ရှိတယ်။
သိလိုစိတ် ပမာဏ (သို့) စီကျူ
စီကျူ (သို့) သိလိုစိတ် ပမာဏ (CQ_ Curiosity quotient) အမည်ကို တွန် ဖရိုင်းမင်းက ၂၀၁၃ မှာ စသုံးခဲ့တယ်။ အောင်မြင်တဲ့သူတွေဟာ အိုင်ကျူ သာတဲ့လူတွေ ဆိုတာထက် စီကျူ (သိလို စိတ်) အားကြီးပြီး ရူးရူးမူးမူး လေ့လာတဲ့သူတွေ သာဖြစ်တယ်။ ဒါကို ထောက်ခံတာက လူ့စွမ်းအား နေရာကို အစားထိုးလာမယ့် ဉာဏ်ရည်တု (AI) စက်ရုပ် နည်းပညာနဲ့ အနာဂတ် အလုပ်ဈေးကွက် အပြောင်း အလဲပါ။ မက်ကင်းဆေးအဖွဲ့ရဲ့ ကမ္ဘာ့ အလုပ်အကိုင် ခန့်မှန်းချက်အရ ၂၀၃၀ မှာ လက်ရှိ အလုပ်တွေရဲ့ သန်း ၈၀၀ လောက်ကို အော်တို မေးရှင်း နည်းပညာက လွဲပြောင်း ယူသွားလိမ့် မယ်။ စက်ရုပ်ရဲ့ မှတ်ဉာဏ်ကို လူ့ဦးနှောက်က မမီ နိုင်ပါ။ ဒါပေမယ့် စက်ရုပ်မှာ သိလိုစိတ် မပါတာက လူသားတွေ ဆက်ပြီး အောင်ပွဲခံနိုင်ဖို့ လူ့သဘာဝ ရဲ့ အားသာချက်ပါ။ ဘဝတက်လမ်း မြင့်မားရေး မှာ အရာရာကို သိတာထက် သိလိုစိတ်ရှိဖို့က ပို အရေးကြီးတယ်လို့ အာချနာရောင်းက ဆိုတယ်။ ဒီစိတ်က ဦးနှောက်ကို သင်ယူဖို့ အသင့်ဖြစ်စေ တယ်။ စိတ်ဝင်စားစရာ မကောင်းလှတဲ့ အရာတွေ ကိုလည်း သင်ယူနိုင်စေတယ်။ ဒါကို ဦးနှောက်ရဲ့ လင်ဘစ်စနစ်က ကျေနပ်တဲ့ ခံစားချက်ပေးပြီး သင်ယူမှုမှာ ပိုမိုမွေ့စေတယ်။ စီကျူမြင့်ဖို့ နည်း လမ်းတွေအဖြစ် အကြံပြုတိုက်တွန်းချက်တွေက-
ဂူဂဲမှာ မရှာနဲ့၊ မေးပါ။ လုပ်ငန်း ရှေ့တက်မတိုးနိုင် ပဲ အခက်ကြုံရင်၊ ဂူဂဲမှာရှာမယ့်အစား အဖော်တွေ အကြီးအကဲတွေကို မေးမြန်းပါ။
လမ်းကြောင်းသစ်မှ အိမ်ပြန်ပါ။ ပတ်ဝန်းကျင်က မြင်ကွင်း၊ အသံ၊ အနံ့ အသစ်တွေကို သတိပြုပါ။
အမှားလုပ်မိမှာ မကြောက်နဲ့။ မိမိက အမှားလို့ ထင်တဲ့ အခြားသူတွေရဲ့ အဖြေတွေ၊ မိမိကို မှားနေ ပြီလို့ ပြောလာတဲ့အရာတွေနဲ့ ပတ်သက်ပြီး ဒီလို ယူဆရတဲ့ နောက်ခံ အကြောင်းရင်းကို သိအောင် မေး ပါ။ စူးစမ်းပါ။ ကိုယ့်ဘက် ယိန်းမလာလည်းပဲ အမြင်သစ်တခုတော့ ရစေပါလိမ့်မယ်။
ယဉ်ကျေးမှုစွမ်းရည် (နောက်ထပ် စီကျူတခု)
ဉာဏ်ရည်တုနည်းပညာ ကမ္ဘာအနှံ့ ဖြစ်လာ ချိန်မှာ ယဉ်ကျေးမှုနောက်ခံကွဲ ပြားတဲ့သူတွေနဲ့ ထိရောက်စွာ ဆက်သွယ်လုပ်ကိုင်နိုင်တဲ့ စွမ်းရည် ရဲ့ အရေးပါမှုကို စီကျူ နောက်တမျိုးအဖြစ် ဖော် ထုတ်လာကြတယ်။ ယဉ်ကျေးမှု စွမ်းရည် (CQ-Cultural Quotient) ဆိုတာ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတနဲ့ အသိ မြင့်တာထက် ပိုပါတယ်။ အဲဒီ အသိကို ရည်ရွယ်ချက်ရှိစွာအသုံးပြုပြီး ဆန်းသစ် တဲ့ရလဒ်တွေ ရယူနိုင်တဲ့စွမ်းရည်လို့ ဆိုနိုင်တယ်။ စီကျူမြင့်တဲ့သူတွေဟာ ယဉ်ကျေး မှုမျိုးစုံပါဝင် တဲ့ လူ့အဖွဲ့အစည်းထဲက လူအမျိုးမျိုးရဲ့_
- မိမိကိုယ်ကို ထိန်းညှိပြီး လိုက်ပါနိုင်မှု
- ချင့်ချိန်တတ်မှုနဲ့ ဆုံးဖြတ်ချက်ချနိုင်မှု
- ဆွေးနွေးညှိနှိုင်းရာမှာ ထိရောက်မှု
- ယုံကြည်မှု၊ စိတ်ကူးမျှဝေမှုနဲ့ ဆန်းသစ်မှု
- ထိရောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည်
- အမြတ်ရနိုင်မှုနဲ့ စရိတ်ချွေတာနိုင်မှုတွေကို ခန့်မှန်းနိုင်ကြတယ်။
စီကျူက ၂၁ ရာစုကမ္ဘာကြီးထဲမှာ အလုပ်လုပ်ဖို့၊ ခေါင်းဆောင်ဖို့ မရှိမဖြစ်တဲ့အရာပါ။ ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှုတွေကို နားလည်ခြင်းက ယဉ်ကျေးမှုမျိုးစုံနဲ့ ဆက်စပ်ရတဲ့ အခြေအနေတွေမှာ အောင်မြင်မယ့်သူလား၊ ခက်ခဲစွာ ရုန်းကန်ရမယ့် သူလားဆိုတာ အဖြေထုတ်ပေးတယ်။
စီကျူမြှင့်တဲ့လုပ်ငန်းမှာ ပထမအဆင့်က မိမိရဲ့ ယဉ်ကျေးမှုဆိုင်ရာတန်ဖိုးထားမှုတွေကို နားလည် ဖို့ပါ။ လိုလားအပ်တဲ့ အပြုအမူတွေ လို့လည်း သိ ကြပါတယ်။ အဲဒီ တန်ဖိုးထားမှုတွေကပဲ လူတွေ က ဘယ်လို ဆက်သွယ်ချင်တယ်၊ ဆက်ဆံချင် တယ်၊ လုပ်ငန်းကို ဘယ်လို စီစဉ်ချင်ပြီး ဘယ်လို ပြီးဆုံး ချင်တယ်ဆိုတာ အကဲခတ်နိုင်စေပါတယ်။ ဒီတန်ဖိုးထားမှုတွေမှာ မှားတယ်၊ မှန်တယ် မရှိပါ။ စွမ်းရည်မြင့်တဲ့ အဖွဲ့ဝင်တဦးက မတူတဲ့အဖွဲ့ဝင် တွေရဲ့ လိုလားမှုတွေကို နားလည်ပြီး နေရာတကျ ပူးပေါင်း နိုင်အောင် ကိုယ့်အပြုအမူတွေကို အတိုး အလျှော့ လုပ်နိုင်ပါတယ်။ ယဉ်ကျေးမှုချင်းတူတဲ့ အသိုင်းအဝိုင်းမှာ အီးကျူနဲ့ အဆင်ပြေနိုင်ပေမယ့် ယဉ်ကျေးမှုမျိုးစုံပါတဲ့ လူ့အဖွဲ့အစည်းထဲမှာ အခု စီကျူရဲ့အရေးကြီးမှုက ပိုမိုပေါ်လွင်ပါတယ်။
ကြံ့ကြံ့ခံနိုင်မှုစွမ်းရည် (သို့) အေကျူ
အေကျူ (AQ_ Adversity Quotient) ဆိုတာ ကြံ့ကြံ့ခံနိုင်မှုနဲ့ အလိုက်သင့် ပြောင်းလဲနိုင်မှု စွမ်း ရည် အညွှန်းကိန်းပါ။ ပေါလ် စတို့လ်ဇ်က ၁၉၉၇ ခု မှာ ထုတ်တဲ့ ‘အခက်အခဲများကို အခွင့်အလမ်း အဖြစ်သို့ ပြောင်းလဲခြင်း’ စာအုပ်ထဲမှာ စသုံးခဲ့ တာပါ။ ခံယူချက်ရှိမှု၊ စိတ်ဖိစီးမှုဒဏ် ခံနိုင်မှု၊ ဇွဲ သန်မှု၊ သက်ရှည်ကျန်းမာမှု၊ လေ့လာသင်ယူပြီး ပတ်ဝန်းကျင်နဲ့ အလိုက်သင့် တုန့်ပြန်ပြောင်းလဲ နိုင်မှုတို့ကို စုပေါင်းပြီး ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်လို့ သိကြတဲ့အရာပါ။ ပညာရှင်ဘဝနဲ့ အောင်မြင်ဖို့မှာ အိုင်ကျူ၊ အီးကျူတို့ထက် ပိုပြီး အဓိကကျတယ် လို့တောင် ထင်ရှားသူတချို့က ပြောလာကြပါ တယ်။ အေကျူမြင့်တဲ့သူတွေဟာ စိတ်ဖိစီးမှု ပြင်း ထန်နေတဲ့ အချိန်မှာ မိမိရဲ့ စွမ်းအင်တွေကို တာ ရှည် ထိန်းထားနိုင်ပြီး စိန်ခေါ်မှုကို ထိရောက်စွာ တုန့်ပြန်နိုင်ကြတယ်။ ပိုမိုမြင့်မားတဲ့ စွမ်းဆောင် ရည်ကို ပြကြတယ်။ ကျန်းမာအောင် ထိန်းသိမ်း ရင်း အကောင်းမြင်စိတ်ကို မြှင့်နိုင်ကြပါတယ်။
ရော်ဂျာကွန်နာ၊ ကရိုက်ဟစ်ခ်မန်းနဲ့ တွမ်စမစ် တို့က တာဝန်ခံနိုင်မှုကိုတက်လှမ်းဖို့ အဆင့် လေး ခု ပါတဲ့မော်ဒယ်တခု တင်ပြထားတယ်။
သိအောင်လုပ်ပါ။ ကိုယ်ပိုင်ဘဝမှာ ဖြစ်စေ၊ ပညာရှင်ဘဝမှာ ဖြစ်စေ အပြောင်းအလဲက လိုအပ်တယ်လို့ လက်ခံပါ။ မိမိ ပြောင်းလဲဖို့လိုပြီ လို့ ညွှန်ပြတဲ့အရာကို ဆန်းစစ်ပြီး ပြောင်းလဲဖို့ ပြင် ဆင်ပါ။ ပွင့်လင်းတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်ပါ။ မိမိရဲ့အခြေအနေအပေါ် ခြားသူတွေရဲ့ အမြင်ကို လည်း (ခက်ခဲနိုင်ပေမယ့်) မေးမြန်းပါ။ အပြု သဘောနဲ့ ဝေဖန်ချက်တွေကို ရယူပါ။
လက်ခံပါ။ မိမိရဲ့ အခြေအနေကို အရှိ အတိုင်းလက်ခံပါ။ မိမိဟာ သေချာပေါက် ပြောင်း လဲတော့မှာ ဖြစ်ပေမယ့် ကြိုးစားဆဲကာလမှာ ဆုံးရှုံးမှုတချို့ ကြုံရနိုင်တာကို လက်ခံပါ။ အဆုံး သတ် ပန်းတိုင်ကို မျက်ချေမပြတ်ပါစေနဲ့။
အဖြေရှာပါ။ အစီအစဉ် ကျကျနန ဆွဲ ပါ။ ‘ဘာထပ်လုပ်လို့ ရနိုင်သေးလဲ’ လို့ အမြဲ မေးခွန်းထုတ်ရင်းနဲ့ အောင်မြင်စွာ ပြောင်းလဲနိုင်ရေး အဆုံးသတ် ပန်းတိုင်ကို တက်လှမ်းရမယ့် အဆင့် တွေ သတ်မှတ်ပါ။ အဖြေအသစ်တွေ ထပ်ထုတ် နိုင်အောင် အခြေအနေတွေကို ဘယ်လိုပြောင်းလဲ နိုင်သေးသလဲ စဉ်းစားပါ။
ဆောင်ရွက်ပါ။ အပြောင်းအလဲက အမှန် တကယ် ဖြစ်လာအောင် အထက်ပါ အချက်တွေ အားလုံးကို ဆောင်ရွက်ပါ။ ဘာတွေကြုံလာပါစေ ရလဒ်ကို တာဝန်ခံတဲ့စိတ်နဲ့ လုပ်ဆောင်ပါ။ လက် ငင်းကြုံရတဲ့ အခြေအနေအတွက် အဖြေအသစ် ကိုလည်း အမြဲရှာဖွေရင်း လုပ်ဆောင်ပါ။
အခြေခံ သိမှတ်စရာ
ဉာဏ်ရည်ထဲမှာ အချက်အတော်များများပါဝင် တယ်။ စဉ်းစားမှုနဲ့ ဆိုင်တာတွေ၊ ခံစားချက်၊ ခံယူ ချက်နဲ့ဆိုင်တဲ့ စွမ်းရည်တွေ ဆက်စပ် ပါဝင်နေကြ တယ်။ အိုင်ကျူစစ်ဆေးမှုက ပြဿနာ ဖြေရှင်းနိုင် မှု၊ ယုတ္တိနည်းကျမှု၊ ရှုပ်ထွေးတဲ့ အယူအဆတွေကို ကောင်းစွာ နားလည်မှုနဲ့ ဆက်စပ်နိုင်မှုတွေကို တိုင်းတာတယ်။ အီးကျူ စစ်ဆေးမှုက မိမိမှာရော အခြားသူမှာပါ ဖြစ်လာတဲ့ ခံစားချက်ကို သိမှုနဲ့ အဲဒီ အသိကို ဆုံးဖြတ်ချက်ချရာမှာ အသုံးပြုတတ် မှုကို တိုင်းတာပါတယ်။ စီကျူ နှစ်မျိုးက စီးပွား ရေးလောကနဲ့ ၂၁ ရာစုကမ္ဘာကြီးမှာ စူးစမ်းရှာဖွေ မှုနဲ့ ယဉ်ကျေးမှုမျိုးစုံနဲ့ သဟဇာတဖြစ်မှုတွေရဲ့ အရေးကြီးမှုကို ဖော်ထုတ်ထားတယ်။ အေကျူက ပညာရှင်ဘဝမှာ အဆင့်ဆင့် တက်လှမ်းနိုင်ဖို့ လို အပ်တဲ့အရည်အသွေးကို ဖော်ပြပါတယ်။
ဉာဏ်စွမ်းရည် အမျိုးမျိုးက မိမိရဲ့ လုပ်ငန်း စွမ်းဆောင်ရည်၊ လူမှုဆက်နွှယ်မှုနဲ့ အထွေထွေ ကျန်းမာပျော်ရွှင်မှုနဲ့ ဘဝတိုးတက်ရေးတွေအပေါ် သက်ရောက်လွှမ်းမိုးမှု ရှိကြပါတယ်။ ဉာဏ်ရည်နဲ့ စွမ်းရည်ကို အဓိပ္ပာယ်ဆင်တူသဘောနဲ့ အသုံးပြု ထားကြပြီး အမှတ်ပေးစနစ်နဲ့ တိုင်တာနိုင်အောင် ပြင်ဆင်ထားတာကို အိုင်ကျူနဲ့ အီးကျူမှာသာ တွေ့ရပါတယ်။ ဒါပေမယ့် အခြားစွမ်းရည်တွေကို ပညာရှင်တွေက ဉာဏ်ရည် (Intelligence) ဆို တာထက် ရမှတ်အတိုင်းအတာကို ညွှန်းတဲ့ ကျူ (Q_Quotient) ကို အသုံးပြု အမည်ပေးထားကြ တယ်။ မည်သို့ပင်ဆိုစေ အားလုံးကို နားလည်ပြီး ဖွံ့ဖြိုးအောင် လုပ်တာဟာ ဘဝရဲ့မျက်နှာစာ များ စွာမှာ အောင်မြင်မှုရဲ့ အဓိကသော့ချက် ဖြစ်နိုင်ပါ တယ်။
References:
Livermore, David (September 13, 2023) What the Research says about Emotional and Cultural Intelligence https://davidlivermore.com/2023/09/13/what-the-research-says-about-emotional-and-cultural-intelligence/
Middleton, Tracy (August 29, 2019): The 5 types of intelligence you need to build today; https://www.atlassian.com/blog/productivity/types-of-intelligence
ORS partners (n.d.) Continuous Growth: Increase our IQ, EQ, and AQ with these simple tips https://orspartners.com/further-developing-your-iq-eq-and-aq/ (access date May 7, 2024
Vedfelt, Klaus (Jan 25, 2021): EQ vs. IQ: Which One Is More Beneficial? https://www.healthline.com/health/eq-vs-iq