Mandalay Tourism Vocational Training Hub
MTVTH is truely for those who eager to be a professional in tourism..
Click here to claim your Sponsored Listing.
ခရီးသွားလုပ်ငန်းနှင့်လူသားအရင်းအမြစ်
ခရီးသွားခြင်းဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိထားပြီးသားပါ... ခရီးသွားခြင်းကြောင့် ဒေသန္တရ ဗဟုသုတတွေရရှိခြင်း၊ ပိုမိုလေးနက်တဲ့တွေးခေါ်မှုတွေ ရရှိခံစာနှိုင်ခြင်း၊ မိမိနှစ်သက်တဲ့ စိတ်ဝင်စားမှုတွေအပေါ်အခြေခံပြီး သွားရောက်လည်ပတ်နှိုင်ကြတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုရရှိခြင်း...စတဲ့ ပြောလို့မကုန်နှိုင်တဲ့ အကြောင်းအရာတွေရှိပါတယ်.. ဒီလိုခရီးသွားခြင်းနဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဖြစ်ကြတဲ့ တည်းခိုခြင်း၊ စားသောက်ခြင်း၊ သွားလာခြင်း၊ လက်ဆောင်ပစ္စည်းရောင်းချခြင်း၊ လမ်းညွှန်ပြသခြင်း စတာတွေကို မီးခိုးမဲ့ စက်ရုံလုပ်ငန်းလို့ တင်စားခေါ်ဝေါ်လာကြပါတယ်.. ယနေ့ကမ္ဘာတ၀ှမ်းက နိုင်ငံအများစုရဲ့ ၀င်ငွေအများစုဟာ ခရီးသွားလုပ်ငန်းကရရှိခံစားနေကြတာဖြစ်ပါတယ်... ဒါ့ကြောင့် ခရီးသွားလုပ်ငန်းဟာ နိုင်ငံတိုင်းက ပြည်သူအများစုအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေများစွာဖန်တီးပေးနေတယ်ဆိုတာတွေ့ရမှာဖြစ်ပါတယ်.. ဒါ့ကြောင့်အာဆီယံဒေသတွင်းနိုင်ငံတွေထက် နောက်ကျကျန်ခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းအမျိုးအစားတွေများစွာများစွာရှိနေသေးတဲ့အတွက် မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဟာ များစွာဖြစ်ထွန်းဖို့ရှိနေပါတယ်..နိုင်ငံတော်ရဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု၊ တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်များ ပါဝင်ပြီး လုပ်ကိုင်ခွင့်ရရှိမှု၊ အရေးကြီးတဲ့ အခြေခံအဆောက်အဦးတွေအဆင့်သင့်ရှိနေမှု၊ အရည်အချင်းပြည့်ဝပြီးတဲ့ လူသားအရင်းအမြစ်တွေအဆင်သင့်ဖြစ်နေမှု စတဲ့အချက်တွေပေါ်မှာမူတည်ပြီး မြန်မာ့ခရီးသွားလုပ်ငန်းဟာ များစွာတိုးတက်လာမှာဖြစ်ပါတယ်.. ဒါ့ကြောင့် လိုအပ်ချက်တွေထဲက တခုဖြစ်တဲ့ အရည်အချင်းပြည့်ဝတဲ့ ခရီးသွားရပ်ဝန်းကလူသားအရင်းအမြစ်တွေ မွေးထုတ်ပေးနှိုင်ဖို့ အတွက် ယနေ့လူငယ်များကို Mandalay Tourism Vocational Training Hub (MTVTH) က အစိတ်အပိုင်းတခုအဖြစ်တာဝန်ယူပေးပါရစေလို့ သတင်းကောင်းလေးမျှဝေပေးလိုက်ပါတယ်။
ရဲမြတ်ထွန်း Certified National Trainer (MTVTH)
Location
Category
Products
Contact the school
Telephone
Website
Address
Mandalay
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 12:00 |