မျက်စိလေးက မြင်တယ်👀
နားကလေးက ကြားတယ်👂
နှာခေါင်းလေးကလေကိုရှူရတယ်👃
ဦးနှောက်ကလေးက တွေးကာ😇
ပါးစပ်ကလေးကို ဟကာ👄
ပျော်ပျော်ရွှင်ရွှင်သီးချင်းဆိုကြစို့ကွယ်🎤🎙
ပျော်ရွှင်တယ် ဟေ့💃🕺
K Pre-School
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K Pre-School, Nursery, 9×10 between, 89 Street, Mandalay.
12/06/2025
မိမိကလေးကို အလိုအရမ်းလိုက်လွန်းခြင်းဟာ ရေတိုမှာ ကလေးနှင့်မိဘအကြား သဟဇာတဖြစ်ပုံရသော်လည်း၊ ရေရှည်တွင် ကလေး၏စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် စည်းကမ်းထိန်းသိမ်းနိုင်စွမ်းတို့ကို ထိခိုက်စေနိုင်ပါသည်။
အလိုလိုက်လွန်းခြင်း၏ ဆိုးကျိုးများ
1. စည်းကမ်းကင်းမဲ့လာခြင်း
- ကလေးသည် မိဘ၏အကန့်အသတ်မရှိသောချစ်ခြင်းကို အခွင့်ကောင်းယူကာ စည်းကမ်းမဲ့လာတတ်သည်။
- ဥပမာ: စည်းမျဉ်းချိုးဖောက်ပါက အပြစ်မတင်ဘဲ သည်းခံခြင်း။
2. လူမှုရေးအခက်အခဲ
- အခြားသူများ၏ အလိုကို လေးစားရန်၊ စိတ်ရှည်ရန် ခက်ခဲလာပြီး မိမိကိုယ်ကိုသာ အလေးထားသော စိတ်ထားဖြစ်လာနိုင်သည်။
3. စိတ်ခံစားမှုမထိန်းနိုင်ခြင်း
- အလိုမပြည့်သည့်အခါ အလွယ်တကူ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်းများ ဖြစ်တတ်သည်။
4. တာဝန်ယူမှုကင်းမဲ့ခြင်း
- မိဘများက အခက်အခဲအားလုံးကို ဖယ်ရှားပေးထားသောကြောင့် ကိုယ်ပိုင်အမှားများမှ သင်ယူနိုင်စွမ်း နည်းလာသည်။
ဘယ်လိုချိန်ညှိကြမလဲ?
1. အတိုင်းအတာတစ်ခုထားပါ
- ကလေး၏ "လိုချင်စိတ်" နှင့် "လိုအပ်ချက်" ကို ခွဲခြားပါ။ ဥပမာ: ကျန်းမာရေးနှင့်မညီသောအစား အလွန်အကျွံမပေးပါနှင့်။
2. စည်းကမ်းများသတ်မှတ်ပေးပါ
- ရိုးရှင်းသော စည်းကမ်းများ (ဥပမာ: အိမ်စာ မပြီးမချင်း ဂိမ်းမကစားရ) ကို ပြတ်သားစွာချမှတ်ပါ။
3. နားလည်တတ်အောင် လေ့ကျင့်ပေးပါ
- "မရဘူး" ဟု ပြောရခက်ပါက၊ အကြောင်းပြချက်နှင့်ရှင်းပြပါ။ (ဥပမာ: "ဒီချောကလက်ကို ဒီကနေ့ ၃ခုပဲစားရမယ်")
4. တာဝန်ယူမှုကို သင်ပေးပါ
- အသက်အရွယ်နှင့်လိုက်အောင် အိမ်အလုပ်လေးများ (ဥပမာ: သူ့အရုပ်များသိမ်းခြင်း) ကို လုပ်စေပါ။
5. ချီးမွမ်းခြင်းနှင့် အပြစ်တင်ခြင်းကို မျှတစွာလုပ်ပါ
- ကောင်းသောအပြုအမူကို ချီးကျူးပါ၊ မှားသောအရာကို ပြင်ဆင်ရန် နားလည်အောင်ရှင်းပြပါ။
6. မိဘကိုယ်တိုင်က စံနမူနာဖြစ်ပါစေ
- ကလေးများသည် မိဘ၏အပြုအမူကို အတုယူတတ်သည်။ စိတ်ရှည်ခြင်း၊ စည်းကမ်းလိုက်နာခြင်းတို့ကို ကိုယ်တိုင်ပြသပါ။
အရေးကြီးသောအချက်ကတော့
- ချစ်ခြင်းနှင့် စည်းကမ်းကို ဟန်ချက်ညီအောင်ထားပါ။ ကလေးအား မချစ်ဘဲအပြစ်တင်ခြင်းထက်၊ ချစ်ပြီး လမ်းမှန်ညွှန်ပြခြင်းက ပိုကောင်းသည်။
- အလိုလိုက်ခြင်းသည် ကလေးအတွက် "အနာဂတ်အခက်အခဲ" ကို လက်ဆောင်ပေးနေကြောင်း သတိရပါ။
ကလေး၏စိတ်ခံစားမှုကို နားလည်ပေးရင်း၊ တစ်ချိန်တည်းမှာပင် လူ့အဖွဲ့အစည်းအတွင်း ကောင်းစွာနေထိုင်တတ်ရန် ပျိုးထောင်ပေးပါလို့တိုက်တွန်းလိုက်ပါရစေရှင်🥰🥰
23/10/2024
ကနေဒါက ကလေးအမေတစ်ယောက်က သူ့ကလေးဝတုတ် ချစ်စရာလေးရဲ့ video တွေ အမြဲတင်လေ့ရှိတယ်။ ဟိုတလောက တင်တဲ့ video မှာ သူက သူ့ကလေးကို Screen-Time လုံးဝမပေးတာ ဘယ်လောက်ကြာပါပြီပေါ့။ Screen-Time မပေးချိန်မှာ ကလေးက ဒီလိုတွေ ကစားပါတယ်ပေါ့။ အဲဒီပိုစ့်အောက်မှာ ကလေးအမေတွေ သူ့ကို Bashing လုပ်တာလေ အရမ်းပဲ။ “Screen-Time ပေးတာကို အပြစ်တစ်ခုလို မပြောတော့ရင် ကောင်းမယ်။” ဘာညာပေါ့။ တကယ်က သူကလည်း သူများကို အပြစ်ပြောထားတာ မရှိပါဘူး။ သူ့ကလေးနဲ့သူ့အကြောင်းလေး ရေးတာ။ တချို့အမေတွေက ကလေးကို Screen-Time ပေးမိပြီး ကိုယ့်ဘာသာကိုယ် Guilty ဖြစ်နေတာထင်ပါရဲ့။ ဘာမဆိုင်ညာမဆိုင် သူ့ကို ဝင်ဆဲကြရော။
အဲ့ဒီကျမှ ကိုယ်လည်း သတိရတယ်။ သမီးလေး ၁ နှစ်သားလောက်တုန်းက Screen-Time ရဲ့ဆိုးရွားတဲ့ Effects တွေအကြောင်း သိပ်မသိသေးတော့ ကိုယ် TV ကြည့်လို့ သူလိုက်ကြည့်နေရင် ပေးကြည့်နေမိတာ။ အိမ်အကူလည်း မရှိတော့ တစ်ခုခု လုပ်စရာရှိလာတယ်ဆို အလွယ်တကူ TV ဖွင့်ပြမိတယ်။ အဲဒီမှာ ကိုယ့်ထက်နားလည်တဲ့ ဆရာ/ဆရာမတွေက Screen-Time က မပေးသင့်ကြောင်း၊ မပြသင့်ကြောင်း ပြောကြတာပေါ့။ အဲဒီမှာ ကိုယ်ကလည်း ကိုယ့်ကိုအပြစ်တင်သလို ခံစားရပြီး “အမလေး ကလေးထိန်းပေးမယ့်သူ ရှိတာမဟုတ်ဘူး။ ကိုယ်အဆင်ပြေသလို လုပ်နေရတာ။” ဘာညာနဲ့ ပြန်စွာတာပေါ့။ တကယ်သေချာသိလာတဲ့အခါကျတော့ သူတို့ပြောနေတာက ကိုယ့်ကလေးအတွက်ပဲဆိုတာ သေချာသိလာတယ်။
Screen-Time များထားတဲ့ကလေးနဲ့ မများထားတဲ့ကလေးကလည်း ဉာဏ်ရည်၊ လူမှုရေး၊ ဘာသာစကား အဖက်ဖက်က ဖွံ့ဖြိုးမှု အရမ်းကွာတယ်လေ။ အဲဒါကို ကိုယ်သိလာတာနဲ့ သမီးလေးရဲ့ Screen-Time ကို ရပ်ကြရတယ်။ သူ့အဖေနဲ့ အလှည့်ကျ ကစားပေးကြတယ်။ တခါတလေဆို ပင်ပန်းပြီး မချက်ပြုတ်နိုင်လို့ ထမင်းဟင်း ဝယ်စားပြီးတော့ကို ကလေးထိန်းရတယ်။ သူကလည်း မိဘနဲ့ ကစားရတဲ့အရသာ သိသွားတဲ့အခါ Screen-Time ထက် စကားတွေပြောပြီး ကစားရတာကို ပိုကြိုက်သွားတာလည်းပါတယ်။
အခု မူကြိုဖွင့်တော့လည်း Screen-Time အရမ်းများထားတဲ့ကလေးလေးတွေဆိုရင် တကယ်သိသာတယ်။ ADHD လက္ခဏာလေးတွေလိုလို၊ Autism လက္ခဏာလေးတွေလိုလို၊ Attention & Focus လုံးဝမရနေသလိုလို။ တကယ်တမ်းက Screen-Time အရမ်းများထားလို့ ဖြစ်နေတတ်တယ်။ ဒါပေမဲ့ သေချာအောင်တော့ ဆရာဝန်ကို Refer လုပ်ပေးရတာပေါ့။ လိုအပ်ရင် Early Intervention လုပ်ရမှာကိုး။ ဆရာဝန်က မလိုအပ်ဘူးဆိုတော့လည်း ကလေးကို Screen-Time ပေးတာ လျှော့ခိုင်းပြီး စောင့်ကြည့်ကြရတာပေါ့။
နောက်မကျခင်၊ မလွန်ခင်မှာ ဖုန်း၊ အိုင်ပက်၊ တက်ဘလက်၊ တီဗီတွေ လျှော့ပါနော်။ နှစ်နှစ်အောက် Zero Screen Time (အဝေးက အမျိုးတွေနဲ့ video call ခဏပြောလို့ရ)၊ နှစ်နှစ်ကျော် တနေ့ကို စုစုပေါင်း နာရီဝက်၊ ၁ နာရီအများဆုံးလောက်ပဲပြပါ။ ကလေးကို အများကြီးထိခိုက်တယ်။
19/06/2024
စည်းစနစ်ကျပြီး အားကိုးရတဲ့သားသားမီးမီးလေးတို့ဖြစ်လာစေဖို့အတွက်
အသက်အရွယ်အလိုက် သင့်လျော်မယ့် အိမ်မှုကိစ္စတာဝန်များ
✅ ကလေးတို့ကို အသက်အရွယ်အလိုက် အိမ်မှုကိစ္စတာဝန်များကို ပေးအပ်ခြင်းကအသက်အရွယ်အလိုက် တာဝန်ယူမှု တာဝန်ခံမှု စွမ်းဆောင်ရည်များတိုးတက်လာစေသည့်အပြင် ဖော်ပြပါအကျိုးရှိစေမယ့် အချက်လေးတွေကို လိုက်လုပ်စေခြင်းဖြင့် ကလေးငယ်ရဲ့ လူနေမှုဘဝစွမ်းဆောင်ရည်တွေကိုပါ မြင့်မားလာစေမှာဖြစ်ပါတယ်။
မူကြိုမတိုင်ခင်အရွယ်
----------------------------------
- သူတို့ယူတဲ့ ပစ္စည်းတွေကို နေရာတကျပြန်ထားတာ
- ကစားထားတဲ့ ကစားစရာတွေကို ပြန်စီတာ
- အဝတ်တွေကို အဝတ်ခြင်းတောင်းထဲထည့်တာ
- အိပ်ယာကူပြင်တာတွေကို
အတူတူလုပ်ဆောင်ခိုင်းသင့်ပါတယ်။
မူကြိုအရွယ်
------------------
- သူတို့အိပ်မယ့် အိပ်ယာကို ပြင်တာ
- သူတို့ရဲ့ စာကြည့်စားပွဲကို ရှင်းလင်းတာ
- အိမ်မွေးတိရစ္ဆာန်လေးတွေကို အစာကျွေးတာ
- စာအုပ်စင်လေးကို ဖုန်သုတ်တာအပြင်
- အိမ်တွင်းမှာစိုက်ပျိုးထားတဲ့ အပင်လေးတွေ ရေလောင်းတဲ့တာဝန်တွေကို ပေးထားသင့်ပါတယ်။
မူလတန်းအရွယ်
-----------------------
- ကိုယ်စားထားတဲ့ ပန်းကန်တွေကို ဆေးကြောတာ
- တံမြက်စည်းလှဲတာ
- လျှော်ပြီးသားအဝတ်တွေကို ခေါက်တာ
- အိမ်ထဲက အမှိုက်ထုပ်တွေကို အပြင်က အမှိုက်ပုံးဆီ သွားသွန်တာ
စတဲ့တာဝန်တွေကို ပေးထားသင့်ပါတယ်။
ဆယ်ကျော်သက်မတိုင်ခင်အရွယ်
-----------------------------------------------
- ကိုယ်ဝတ်ထားတဲ့ အဝတ်အစားတွေကို လျှော်၊ ဖွပ်၊ မီးပူတိုက်စေတာ
- မိမိသုံးထားတဲ့ သန့်စင်ခန်းကို ပြန်လည်ဆေးကြောတာ
- မိမိစားမယ့် အစားအစာအချို့ကို ချက်ပြုတ်ကြည့်တာ
စတဲ့ အိမ်မှုကိစ္စတာဝန်တွေကိုပါ လုပ်ဆောင်ခိုင်းသင့်ပါတယ်။
ဆယ်ကျော်သက်အရွယ်
---------------------------------
- ကိုယ့် ရဲ့ ညီငယ်၊ ညီမငယ်လေးတွကို ပြုစုစောင့်ရှောက်ခိုင်းတာ
- အိမ်သားတွေစားမယ့်အစားအစာတွေကို ကူပြင်တာ
- စျေးကိုယ်တိုင်ဝယ်တာ
- ခြံထဲမှာရှိတဲ့ အပင်လေးတွေကို ရေလောင်းပေါင်းသင်တာ
- မိမိရဲ့ အိမ်မှုကိစ္စတာဝန်တွေကို အစီအစဥ်ဆွဲခိုင်းကြည့်တာ စတဲ့ တာဝန်တွေကို ပေးထားသင့်ပါတယ်။
✅ ကလေးငယ်ဘဝ၊ ဆယ်ကျော်သက်ဘဝ မှစပြီး လူငယ်အရွယ်ရောက်တဲ့အချိန်အထိ မိမိရဲ့ တာဝန်ယူစရာကိစ္စများကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ လုပ်ဆောင်တတ်စေဖို့ ဖေဖေမေမေတို့အနေနဲ့ သင်ကြားထားသင့်တဲ့ ကောင်းသောအချက်လေးတွေပဲဖြစ်ပါတယ်နော်။
မိဘများအတွက် အကျိုးရှိစေမယ်လို့ မျော်လင့်ပါတယ်နော်
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Mandalay