Yin Nwe Aye - Medical Technologist
Medical Technologist တစ်ဦး၏ အတွေးစလေးများ…..
29/06/2025
“ကျွန်မတို့ အားလုံး ချမ်းသာပါတယ်”
ခြေဖဝါးအောက်က မြေပြင်နွေးနွေး
အေးမြတဲ့ ညနေ လေညင်း
နားထဲဝင်လာတဲ့ စည်းချက်သံတွေ….
လှပတဲ့ မီးအလင်းရောင် အောက်မှာ
ဟင်းလျာ တစ်ခုချင်းစီရဲ့ အရောင်အသွေး
ပါးစပ်ထဲပျော်ဝင်သွားတဲ့ အရသာတွေ…
စားရင်း သောက်ရင်း
ပစ္စုပ္ပန်ရဲ့ ခံစားချက်ကောင်း တစ်ခုချင်းစီ ကို ခံစားရင်း…..
တဒင်္ဂ တိုင်းက ရွှေရောင် အချိန်တွေ…..
အတိတ်ကိုမတွေး
အနာဂါတ်ကို မမျှော်
ပစ္စုပ္ပန် ဆိုတဲ့ ‘ယခု’ တဒင်္ဂ လေးများစွာ..
အတိတ်က ပြီးသွားပီ
အနာဂါတ်ဆိုတာ လာမှမလာသေးတာ ..
နောက်ပြီးရင် ဆိုတာထက်
ယခုက ဟင်းရည်ပူပူ အရသာလေးကို
အမိအရ ခံစားလိုက်ပါ ..
“ယခု” ကို ယုံ
“ယခု” ကို ချစ်
“ယခု” ကိုပဲ တန်ဖိုးထား
“ယခု” ကိုပဲ အပြည့်အဝ ခံစားလိုက်ပါ ….
“ယခု” ဆိုတဲ့ ပစ္စုပ္ပန် မှာပဲ
အပြည့်အဝ ခံစား နေထိုင်တာ
ချမ်းသာခြင်း အစစ်အမှန်ပါပဲ….
လေပြေရဲ့ အေးမြခြင်းတွေ
နေရောင်ခြည်ရဲ့ အနွေးဓါတ်တွေ
သဘာဝရဲ့ အလှအပ တွေ
ချစ်ခြင်း မေတ္တာတွေက….
ငွေရှိသူရော , မရှိသူရော
ပညာတတ်သူရော, မတတ်သူရော
တိုက်ပေါ်ကလူရော , တဲ ထဲကလူရော
အတူတူပဲ ခံစားကြရတာ မလား
ဘယ်သူမှ လျော့မနေ၊ ပိုမနေပါဘူး ….
ဒါကြောင့်
“ယခု” မှာသာ နေပါ
ကျွန်မ တို့ အားလုံး “ချမ်းသာ “ကြပါတယ်။🥰🥰🥰
YNA(29.6.25)
ချမ်းသာခြင်းကို အမြဲ/ထပ်ကာထပ်ကာ သင်ပေးပါသော
အဖိုးမဖြတ် နိုင်သော ဘဝနေနည်း အသိဥာဏ်ပညာ များကို မျှဝေ ပေးပါသော ဆရာ့ကျေးဇူးကို အောက်မေ့စွာဖြင့်🙏🙏🙏
16/06/2025
အဖို နဲ့ အမ
အပေါင်း နဲ့ အနှုတ်
အပူ နဲ့ အအေး
ဆန့်ကျင်ဘက်တွေ
မတူတာတွေ
ပေါင်းစည်းနိုင်ခြင်းဟာ
Power ပဲ ။
မတူတာတွေကို
Comparison လုပ်မိတော့
Competition ဖြစ်ပြီး
Conflict တွေ ဖြစ်လာတယ် ။
မတူတာတွေ တစ်ခုချင်းဆီမှာ
တန်ဖိုးတွေ ရှိပီးသား
တန်ဖိုးတွေ မြင်နိုင်ပြီး
Appreciate လည်း လုပ်နိုင်ဦးမှ….
Appreciate လုပ်နိုင်တဲ့ အရည်အချင်းလည်း ရှိပါမှ
Respect ရှိမယ်
Comparison လည်းမဖြစ်တော့ဘူး…
Conflict လည်း မလာတော့ဘူး …..
Diversity ကို
Collaboration လုပ်နိုင်မှ
Strength ပိုရမယ်
Best Solution ကို ဦးတည်ပါမယ်….. တဲ့
ဆရာကြီး ဒေါက်တာဦးစိုးလွင်
ဘဝ နှင့် ဓမ္မ
ဆန့်ကျင်ဘက်တရား တွေကို စွမ်းအားဖြစ်အောင်ဘယ်လိုပြောင်းမလဲ … မှ ကောက်နှုတ်မှတ်သား ပါသည်🙏🙏🙏
YNA(16.6.25)
15/06/2025
ဒီလက်တစ်စုံက…
သားသမီးတွေကို ချီပွေ့ခဲ့တဲ့ လက်…
မိသားစုအတွက် နေ့မအား ညမနား အလုပ်လုပ်ခဲ့ရတဲ့ လက်…
လုံခြုံအောင် အမြဲကာကွယ်ပေးခဲ့တဲ့ လက် …
အမြင့်ရောက်အောင် ထမ်းတင်ပေးခဲ့တဲ့ လက်..
အခုတော့ သွေးကြောတွေ ထုံးနေပီ ဖြစ်တဲ့ လက် …..
ဓါတ်ခွဲခန်းမှာ သွေးစစ်ရင်း
Med Tech တစ်ယောက် အမြဲမြင်နေရတဲ့
အဖေတွေရဲ့ သန်မာတဲ့ လက်တွေ..သွေးကြောတွေ
သွေးစစ်ဆေးချက် အဖြေတွေထဲမှာ…
ညာလို့မရတော့တဲ့…………..
မဖော်ပြခဲ့တဲ့ အဖေ့ အနာဂါတ်တွေ
မညည်းတွားခဲ့တဲ့ ပင်ပန်းမှုတွေ
မထုတ်ဖော် ခဲ့တဲ့ သောကတွေ …
မမြင်စေချင်ခဲ့တဲ့ နာကျင်မှုတွေ…
အဖေ့ သွေးထဲမှာ စွန့်လွှတ်အနစ်နာခံခြင်းတွေ
ဘယ်လောက်ထိရှိလည်း ဆိုတာ…….
လောကမှာ ဘယ်ဓါတ်ခွဲ စက်ကမှ ဘယ်တော့မှ
အဖေတစ်ယောက်ရဲ့ သွေးထဲက
ချစ်ခြင်းမေတ္တာတွေ
ကျေးဇူးတရားတွေကို
တိုင်းတာနိုင်မှ မဟုတ်ပါဘူး …….
Happy Father’s Day
🙏🙏🙏
YNA(15.6.25)10:30PM
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Mandalay