17/02/2026
🧧🎊 𝐆𝐨𝐧𝐠 𝐗𝐢 𝐅𝐚 𝐂𝐚𝐢 🧧🎊
"Year Of the Horse" 🐎 မှာ မိတ်ဆွေ၊ သူငယ်ချင်းများအားလုံး ပျော်ရွှင်ဖွယ် နှစ်တစ်နှစ်ကို ပိုင်ဆိုင်ကြပြီး ကံကောင်းမှု၊ အောင်မြင်မှု၊ ကျန်းမာကြံ့ခိုင်မှု တို့နဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော် ..
14/02/2026
ဖေဖော်ဝါရီ ၁၇ (အင်္ဂါနေ့) သည် တရုတ်နှစ်သစ်ကူး Public Holiday ဖြစ်သောကြောင့် Shichida Myanmar ကျောင်းများ ပိတ်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ (ဗုဒ္ဓဟူးနေ့) တွင်တော့ ပုံမှန်အတိုင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
တနင်္ဂနွေနေ့၊ တနင်္လာနေ့များသည် Shichida ၏အပတ်စဉ်ကျောင်းပိတ်ရက်များဖြစ်ပါသည်။
ကျောင်းပိတ်ရက်များအတွင်း မေမေ၊ ဖေဖေတို့ သိလိုတဲ့မေးခွန်းများကို Page Messenger မှာမေးမြန်းထားနိုင်ပြီး ကျောင်းပြန်ဖွင့်တဲ့ရက်မှာ ပြန်လည်ဆက်သွယ်ဖြေဆိုပေးသွားပါ့မယ်နော် 🤗🤗
14/02/2026
💞 မျှဝေခြင်းဟာ ချစ်ခြင်းမေတ္တာပါ 💞
𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞'𝐬 𝐃𝐚𝐲 အထိမ်းအမှတ် အချင်းချင်းသတင်းစကားမျှ၀ေရင်း ကျောင်းသားသစ်၊ ကျောင်းသားဟောင်းတို့ လက်ဆောင်တူတူရမယ့် Shichida ရဲ့ "𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐢𝐬 𝐂𝐚𝐫𝐢𝐧𝐠" အစီအစဥ် .. 🥰
𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 မှာလက်ရှိတက်ရောက်နေတဲ့ 𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 𝐒𝐭𝐮𝐝𝐞𝐧𝐭 လေးရဲ့ 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 ကြောင့် 𝐍𝐞𝐰 𝐒𝐭𝐮𝐝𝐞𝐧𝐭 လေးတွေကကျောင်းအပ်နှံခဲ့မယ်ဆိုရင်
🎁 𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 𝐒𝐭𝐮𝐝𝐞𝐧𝐭 အနေနဲ့ ကျောင်းသားသစ်တစ်ဦးအပ်နှံခြင်းတိုင်းအတွက် "𝐖𝐢𝐧 𝐁𝐢𝐠" 𝐋𝐮𝐜𝐤𝐲 𝐃𝐫𝐚𝐰 𝐂𝐨𝐮𝐩𝐨𝐧 တစ်စောင်စီရရှိမှာဖြစ်ပြီး 🤗🤗
🎁 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 နဲ့ ကျောင်းအပ်တဲ့ 𝐍𝐞𝐰 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬 လေးတွေက ကျောင်း၀င်ကြေး 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐅𝐞𝐞 "𝟏𝟎𝟎,𝟎𝟎𝟎 𝐌𝐌𝐊" သက်သာခွင့်ရရှိမှာပါ ..
🗓 "𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐢𝐬 𝐂𝐚𝐫𝐢𝐧𝐠" 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 အပ်နှံမှုတွေကတော့ ဖေဖော်၀ါရီ ၁၈ မှ ၂၂ အထိဖြစ်တာကြောင့် မျှ၀ေရင်း ချစ်ခြင်းမေတ္တာလေးတွေ ပြသကြရအောင်နော် .. 💞
အရည်အသွေးမြင့်တဲ့ 𝐄𝐚𝐫𝐥𝐲 𝐂𝐡𝐢𝐥𝐝𝐡𝐨𝐨𝐝 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 နဲ့အတူတူပျိုးထောင်ရင်း လူတော်၊ လူကောင်း ကလေးလေးတွေဖြစ်လာမယ့် ပတ်၀န်းကျင်ကို ရှီရှီတို့အတူ ပုံဖော်ကြပါစို့နော် 🥰🥰
အသေးစိတ်ထပ်မံသိလိုတယ်ဆိုရင်လည်း 𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကျောင်းခွဲ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 များကတဆင့်ဖြစ်စေ၊ ကျောင်းရဲ့ 𝐑𝐞𝐜𝐞𝐩𝐭𝐢𝐨𝐧 များမှာဖြစ်စေ မေးမြန်းလို့ရပါတယ် ..🧡🧡
𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📱MOBILE: 09 775 554 594, 09 454 555 451
🗺️ No. 153-D, 67 Street, Between 102 A x 103 Street, Chan Mya Thar Zi Township, Mandalay, Myanmar
🕕 Available Date & Time: Tuesday to Saturday (9AM - 5PM) ။
Google Map - Shichida Mandalay 📍https://maps.app.goo.gl/tHEoQp8Ssv99CYwY7
11/02/2026
ဖေဖော်ဝါရီ ၁၂ (ကြာသပတေးနေ့) နှင့်ဖေဖော်ဝါရီ ၁၃ (သောကြာနေ့) များသည် ပြည်ထောင်စုနေ့ Public Holiday များဖြစ်သောကြောင့် Shichida Myanmar ကျောင်းများ ပိတ်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ (စနေနေ့) တွင်တော့ ပုံမှန်အတိုင်း ကျောင်းများပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ကျောင်းပိတ်ရက်အတွင်း မေမေ၊ ဖေဖေတို့ သိလိုတဲ့မေးခွန်းများကို Page Messenger မှာမေးမြန်းထားနိုင်ပြီး ကျောင်းပြန်ဖွင့်တဲ့ရက်မှာ ပြန်လည်ဆက်သွယ်ဖြေဆိုပေးသွားပါ့မယ်ရှင်.. 🤗🤗
11/02/2026
𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ ၁၁ နှစ်ပြည့်အထိမ်းအမှတ် 𝐋𝐮𝐜𝐤𝐲 𝐃𝐫𝐚𝐰 𝐂𝐨𝐮𝐩𝐨𝐧 နဲ့ ဆုလက်ဆောင်တွေရယူကြရအောင် .. 🤩🤩
Shichida Myanmar ရဲ့ ကျောင်းခွဲတိုင်းမှာ Feb 11 မှ March 22 အတွင်း ကျောင်းလခ 1 term ပေးသွင်းပါက Lucky Draw Coupon တစ်စောင်စီ ပေးအပ်သွားမှာဖြစ်ပါတယ်။ 🤗
"Win Big" Lucky Draw ရဲ့ဆုလက်ဆောင်များကတော့
🎁 𝐆𝐫𝐚𝐧𝐝 𝐏𝐫𝐢𝐳𝐞 - ကျောင်းလခ 𝟏 𝐓𝐞𝐫𝐦 (𝟑 𝐌𝐨𝐧𝐭𝐡𝐬) 𝐅𝐫𝐞𝐞 ခံစားခွင့် (၁ ဦး)
🎁 𝟏 လစာ ကျောင်းလခ 𝐅𝐫𝐞𝐞 ခံစားခွင့်
( ရန်ကုန် - ၆ ဦး၊ မန္တလေး - ၄ ဦး၊ တောင်ကြီး - ၂ ဦး၊ နေပြည်တော် - ၂ ဦး)
🎁 𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 𝐄𝐱𝐜𝐥𝐮𝐬𝐢𝐯𝐞 𝐆𝐢𝐟𝐭
( ရန်ကုန် - ၈ ဦး၊ မန္တလေး - ၅ ဦး၊ တောင်ကြီး - ၂ ဦး၊ နေပြည်တော် - ၂ ဦး)
ဆုလက်ဆောင် ကံထူးသူအားလုံးကို အရင်နှစ်ကလိုပဲ မတ်လ ၂၈ ရက် ည ၇:၃၀ မှာ Live Streaming ကတဆင့် မဲဖောက်ပေးပြီး ဆက်သွယ်ကြေညာပေးသွားမှာပါ။ 🧡
ကျောင်းသားဟောင်းတို့ရော၊ ကျောင်းသားသစ်တို့ရော ကံထူးခွင့်ရနိုင်မယ့် Shichida Myanmar ရဲ့ ၁၁ နှစ်ပြည့်လက်ဆောင် Lucky Draw Coupon လေးတွေကို ရယူလိုက်ကြပါစို့ 🎉
အသေးစိတ်ကို သက်ဆိုင်ရာကျောင်းခွဲများရဲ့ Page Messenger ကတဆင့်ဖြစ်စေ ၊
ဖုန်းများကိုဆက်သွယ်ပြီးဖြစ်စေ မေးမြန်းနိုင်ပါတယ်နော် .. 🧡
𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📱MOBILE: 09 775 554 594, 09 454 555 451
🗺️ No. 153-D, 67 Street, Between 102 A x 103 Street, Chan Mya Thar Zi Township, Mandalay, Myanmar
🕕 Available Date & Time: Tuesday to Saturday (9AM - 5PM) ။
Google Map - Shichida Mandalay 📍https://maps.app.goo.gl/tHEoQp8Ssv99CYwY7
09/02/2026
𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 ဆိုတာ မူကြိုလား ? လသားအရွယ်ကလေးလေးတွေကို စာတွေသင်နေတာလား ? 🤔🤔
𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 ကိုမြန်မာပြည်မှာစတင်ဖွင့်လှစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၁ နှစ်အချိန်တုန်းက ဒီလိုမေးခွန်းလေးတွေက မိဘအများစုမေးခဲ့ကြတဲ့ မေးခွန်းလေးတွေပါ ..🤗
🔸 𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 𝐌𝐞𝐭𝐡𝐨𝐝 ဆိုတာ ဆရာကြီး 𝐏𝐫𝐨𝐟. 𝐌𝐚𝐤𝐨𝐭𝐨 𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 ဖန်တီးခဲ့တဲ့ 𝐉𝐚𝐩𝐚𝐧 နိုင်ငံကဆင်းသက်လာတဲ့
ကမ္ဘာ့ပထမဆုံး 𝐖𝐡𝐨𝐥𝐞 𝐁𝐫𝐚𝐢𝐧 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐌𝐞𝐭𝐡𝐨𝐝 တစ်ခုဖြစ်ပြီး တစ်ပတ်ကို အချိန် မိနစ် (၅၀) ၀န်းကျင် မိဘ/ အုပ်ထိန်းသူနဲ့အတူလေ့လာသင်ယူရတဲ့ ပညာရေးဖြစ်ပါတယ် ..
🔸 အတန်းထဲမှာ ကလေးတွေကို စာတွေသင်ပေးတာမျိုးမဟုတ်ပဲ
သူတို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေ၊ အားသာချက်တွေကို ဆွဲထုတ်ပြီး
အိပ်မက်တွေကို အဆုံးစွန်ထိ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်တဲ့ လူသားလေးတွေဖြစ်ဖို့ ပျိုးထောင်ပေးတဲ့ အခြေခံအုတ်မြစ်ပညာရေးတစ်ခုပါ ..
ပျော်ရွှင်စရာကောင်းပြီး ကလေးအတွက် ဖိအားမဖြစ်စေတဲ့ 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 တွေနဲ့အတူ
🧠 𝐋𝐞𝐟𝐭 𝐛𝐫𝐚𝐢𝐧 ကိုအသုံးပြုပြီး 𝐥𝐨𝐠𝐢𝐜, 𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞, 𝐧𝐮𝐦𝐛𝐞𝐫𝐬, 𝐦𝐞𝐦𝐨𝐫𝐲 တွေပိုပြီး အားကောင်းလာအောင်
🧠 𝐑𝐢𝐠𝐡𝐭 𝐛𝐫𝐚𝐢𝐧 ကိုအခြေခံပြီး 𝐜𝐫𝐞𝐚𝐭𝐢𝐯𝐢𝐭𝐲, 𝐢𝐦𝐚𝐠𝐢𝐧𝐚𝐭𝐢𝐨𝐧, 𝐢𝐧𝐭𝐮𝐢𝐭𝐢𝐨𝐧, 𝐞𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐢𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 တွေပိုပြီး အားသာလာအောင် လေ့ကျင့်ပေးခြင်းဖြစ်ပါတယ် ..
✅ ဘ၀တလျောက်လုံးလေ့လာရမယ့် 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜𝐬/ 𝐅𝐨𝐫𝐦𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 တွေကို အခက်အခဲမရှိ သင်ယူနိုင်ဖို့ ..
✅ ဖိအားတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့၊ စိတ်ပိုင််းဆိုင်ရာ ကျန်းမာကြံ့ခိုင်တဲ့လူသားလေးတွေဖြစ်ဖို့ ..
✅ ပိုကောင်းတဲ့ ကမ္ဘာကြီးကိုပုံဖော်ဖို့ ဦးနှောက်၊ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ဓါတ်ပိုင်းဆိုင်ရာတွေမှာ အဘက်ဘက်က ထူးချွန်တဲ့ လူတော်လူကောင်းလေးတွေဖြစ်ဖို့ ..
✅ ဦးနှောက်အဖွံ့ဖြိုးဆုံး 𝐄𝐚𝐫𝐥𝐲 𝐂𝐡𝐢𝐥𝐝𝐡𝐨𝐨𝐝 ကာလမှာ "အကောင်းမွန်ဆုံးစတင်မှု" ဖြစ်ဖို့
ပျော်ရွှင်စရာ 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 လေးတွေနဲ့ လေ့ကျင့်ပေးတဲ့ 𝐖𝐡𝐨𝐥𝐞 𝐁𝐫𝐚𝐢𝐧 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 တစ်ခုဖြစ်ပါတယ် ..
🧡🧡 အသက် ၆ လအရွယ်လောက်ကတည်းက အတန်းတက်လို့ရတယ်ဆိုတော့ အထူးအဆန်းဖြစ်ကြတဲ့ကာလကနေ ..
Shichida Method ၊ Whole Brain Development ၊ Early Childhood Education အကြောင်းတွေကို ပိုနားလည်လာကြပြီး ..
ရင်သွေးတို့ရဲ့ ခိုင်မာတဲ့ Results ကောင်းတွေကြောင့် ယုံကြည်စွာလက်တွဲကြရင်း ..
၁၁ နှစ်ကာလအတွင်း Shichida Method ရဲ့ ဂုဏ်သတင်းတွေ မြန်မာပြည်အနှံ့ ပြန့်နှံ့လာနိုင်ခဲ့လို့လည်း အထူးပဲ၀မ်းမြောက်ရပါတယ်နော် .. 🧡🧡
02/02/2026
“ ကျေးဇူးတင်တတ်တဲ့စိတ်လေးနဲ့ ပျော်ရွှင်သန်မာတဲ့လူသားလေး “
🧡 ကလေးတွေကို Gratitude ကျေးဇူးတင်တတ်တဲ့အလေ့အကျင့်လေးပျိုးထောင်ပေးခြင်းဟာ သူတို့ဘ၀ထဲမှာ ရရှိနေတဲ့ ကောင်းမွန်တဲ့အရာတွေ၊ လူတွေ၊ အချိန်တွေ၊ ကြိုးစားအားထုတ်မှုတွေအပေါ် ပိုပြီးအာရုံစိတ်မိစေပြီး တန်ဖိုးထားတတ်တဲ့စိတ်လေးတွေ ဖြစ်ပေါ်စေပါတယ်။
🧡 Gratitude ဆိုတာဟာ "Thank you" လို့အပေါ်ယံစကားလေးအတွက်တင်မဟုတ်ပဲ တန်ဖိုးထားခြင်း၊ ကြင်နာခြင်း၊ နွေးထွေးခြင်း၊ အကောင်းမြင်ခြင်း၊ ပျော်ရွှင်ခြင်းတွေကိုသယ်ဆောင်လာတဲ့အင်အားတစ်ခုပါပဲ။
🧡 ကျေးဇူးတင်တတ်တဲ့စိတ်လေးက ကလေးတွေရဲ့
ဖွံ့ဖြိုးမှုတွေကို ဘယ်လိုအထောက်အကူဖြစ်စေလဲ ?
✅ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု၊ အကောင်းမြင်တတ်မှုတို့ကို အထောက်အကူဖြစ်စေပါတယ်။ Gratitude အလေ့အကျင့်ရှိတဲ့ကလေးဟာ ပိုပြီးစိတ်ရှည်တယ်၊ ကြင်နာတတ်တယ်၊ နွေးထွေးတယ်၊ စာနာတတ်တယ်။
✅စိတ်အလိုမကျမှုတွေကို ပိုပြီးကိုင်တွယ်တတ်လာပြီး ပတ်၀န်းကျင်၊ သူငယ်ချင်းတွေကြားထဲမှာ ပိုကောင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်လာနိုင်သူလေးတွေ ဖြစ်လာပါတယ်။
🧡 နေ့စဥ်ဘ၀မှာ ဘယ်လိုသင်ကြားပေးမလဲ ?
ကျေးဇူးတင်တတ်တဲ့စိတ်ကို နေ့စဥ်ရိုးရှင်းတဲ့အလုပ်တွေကနေတဆင့် ပျိုးထောင်ပေးလို့ရပါတယ်။
✅ လိုချင်တာတစ်ခုခုရပြီးတိုင်းမှာ "Thank You/ ကျေးဇူးတင်ပါတယ်" ဆိုတဲ့စကားလေးပြန်ပြောတတ်အောင်လေ့ကျင့်ပေးမယ်။
✅ အုပ်ထိန်းသူတွေကိုယ်တိုင်ကလည်း ကလေးရဲ့ အားထုတ်မှု၊ ကူညီမှုလေးတွေတိုင်းအတွက် "ကျေးဇူးတင်ကြောင်း" အပြုအမူပြသ၊ နှုတ်ကနေပြောဆိုပေးမယ်။
✅ အိပ်ယာမ၀င်ခင်မှာ ဒီနေ့အတွက် ကျေးဇူးတင်စရာဘာရှိမလဲ? အနည်းဆုံး အချက် ၃ ချက်လောက်ကို စဥ်းစားပြီးပြောခိုင်းမယ်။
ဒီလိုအားဖြင့် တစ်နေ့တာကို တန်ဖိုးထားအမှတ်ရစေပြီး အကောင်းမြင်ပျော်ရွှင်တတ်တဲ့လူသားလေးတွေ ဖြစ်လာမှာပါ။
🧡 ကိုယ့်ကလေးလေးကို စိတ်ပိုင်းဆိုင်ရာ သန်မာ၊ ပျော်ရွှင် တဲ့ လူသားလေးတစ်ဦးအဖြစ်ကြီးပြင်းစေချင်တယ်ဆိုရင် ကျေးဇူးတင်တတ်တဲ့စိတ်လေးကို ပျိုးထောင်ပေးခြင်းက အဓိက အခြေခံအုတ်မြစ်တွေထဲက တစ်ခုပါ။
ပျော်ရွှင်မှု၊ လေးစားမှု၊ ရရှိထားတဲ့အခြေအနေတွေအပေါ် တန်ဖိုးထား တတ်မှုတွေဟာ သူတို့ဘ၀တလျောက်လုံး အခက်အခဲတွေကို ဖြတ်ကျော်ရာမှာ တကယ်ကို အသုံး၀င်စေမှာပါ။
🧡 ကဲ .. ဒါဆို Shi Shi တို့ မိသားစုတွေအတွင်းမှာလည်း "ကျေးဇူးတင်တတ်တဲ့အလေ့အကျင့်လေး" ကို အလွယ်တကူပျိုးထောင်နိုင်ပါတယ်နော် ..
Shi Shi ကတော့ ဒီနေ့ ဘေဘီလေးတို့ကို အကြံဥာဏ်ကောင်းလေးတွေ မျှဝေပေးခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
ဘေဘီလေးတွေနဲ့ မေမေ၊ ဖေဖေ တို့ရော "ဒီနေ့ကျေးဇူးတင်စရာ အကြောင်းလေး" တွေစဥ်းစားပြီး ပြောပြကြပါအုံး ..🤗🤗
31/01/2026
🎂🎉 January လမွေးနေ့ရှင်များအားလုံး ပျော်ရွှင်ဖွယ်မွေးနေ့လလေးကို ပိုင်ဆိုင်ခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်နော် 🧡🧡
မွေးလပြီးတဲ့နောက်မှာလည်း ကောင်းခြင်းတွေနဲ့ပြည့်စုံတဲ့ နှစ်တစ်နှစ်ကို ဆက်လက်ဖြတ်သန်းနိုင်ပါစေလို့ Shi Shi ကဆုတောင်းပေးလိုက်ပါတယ် 🤩🤩
27/01/2026
❝ထင်မှတ်ထားတာထက် ပိုအရေးပါတဲ့ အစောပိုင်းနှစ်များ❞
“ ကလေးငယ်ငယ်လေးက စကားမပြောတတ်ဘူး နားမလည်ပါဘူး ဘာမှမသိပါဘူး “ ဆိုတဲ့အယူအဆတွေရှိနေတုန်းလား ? ဒါဆိုရင်တော့ ဒီစာလေးက ဗဟုသုတရမယ်လို့မျှော်လင့်ပါတယ်နော် ..
🔸 ကလေးတစ်ယောက်ရဲ့ ဘဝအစောပိုင်းနှစ်များဟာ အရပ်ရှည်လာဖို့ ၊ လက်ရေးလှလှရေးတတ်ဖို့၊ စကားပြောတတ်ဖို့အတွက်လောက်ပဲ အရေးပါတာမဟုတ်ပါဘူး။ ထိုနှစ်တွေဟာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးအကြီးဆုံး ကာလဖြစ်ပြီး ကလေးတွေရဲ့ နောင်တစ်ဘဝလုံး ✅ဘယ်လိုတွေးခေါ်မလဲ၊ ✅ဘယ်လိုခံစားမလဲ ၊ ✅ဘယ်လိုပြုမူမလဲ ၊ ✅ဘယ်လိုသင်ယူမလဲ၊ ✅ပတ်၀န်းကျင်မှာ ဘယ်လိုလူဖြစ်လာမလဲ စတာတွေကို အစပျိုးပုံဖော်ပေးတဲ့ အရေးအကြီးဆုံး အချိန်ကာလတစ်ခုပါ။
🔸 ငယ်ရွယ်စဉ်ကာလမှာ ဦးနှောက်ဟာ ဘယ်လိုဖွံံ့ဖြိုးသလဲ ?
မွေးကင်းစမှ အသက် (၆) နှစ်ဝန်းကျင်အထိ ကလေးရဲ့ဦးနှောက်ဟာ အဖွံ့ဖြိုးဆုံးအချိန်ဖြစ်ပါတယ်။ စက္ကန့်တိုင်းမှာ သန်းပေါင်းများစွာသော အာရုံကြောဆဲလ် ချိတ်ဆက်မှုများ (Neural Connections) ဖြစ်ပေါ်နေပြီး မှတ်ဉာဏ်၊ ဘာသာစကား၊ စိတ်ခံစားမှုထိန်းချုပ်နိုင်စွမ်း နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း တို့အတွက် အခြေခံအုတ်မြစ်တွေကို တည်ဆောက်နေချိန်လည်းဖြစ်ပါတယ်။ ဒီကာလအတွင်း ရရှိတဲ့ အတွေ့အကြုံတွေဟာ ဦးနှောက် ချိတ်ဆက်ပုံကို တိုက်ရိုက်ပုံဖော်ပေးပါတယ်။
သူတို့ကြားရတဲ့ အသံတိုင်း၊ အထိအတွေ့အတိုင်း၊ မြင်ရတဲ့အရာတိုင်း၊ လှုပ်ရှားမှုတွေတိုင်းဟာ သူတို့ဦးနှောက်ဆဲလ်တွေကိုပုံဖော်ဖို့ အထောက်အကူဖြစ်စေပါတယ်။ သူတို့မြင်နေကျ မျက်နှာတွေ၊ ခံစားချက်တွေ၊ နေ့စဥ်အပြုအမူတွေကတဆင့် သူတို့ကိုဘယ်သူတွေကချစ်လဲ၊ ဂရုစိုက်ပေးလဲ၊ သူတို့အတွက်သက်သောက်သက်သာရှိစေလဲဆိုတာကို စတင်ပြီးမှတ်သားနေပါပြီ။
နေ့စဥ် အလေ့အကျင့်ကောင်းတွေကို ပုံမှန်ပြုလုပ်ပေးခြင်းဟာ ဦးနှောက်ဆဲလ်ချိတ်ဆက်မှုတွေကို ပိုပြီးခိုင်မာလာစေပါတယ်။
🔸 စိတ်ခံစားမှုများတွေဟာ အစောပိုင်းဦးနှောက်ဖွံ့ဖြိုးမှုကို ဘယ်လိုသက်ရောက်မှုရှိသလဲ ?
ကလေးဟာ လုံခြုံတယ်၊ ချစ်ခံရတယ်၊ တည်တည်ငြိမ်ငြိမ်နဲ့သက်သောင့်သက်သာရှိစေတယ်လို့ ခံစားနေရတဲ့အချိန်မှာ သူတို့ဦးနှောက်ဟာ ပိုပြီးလေ့လာသင်ယူနိုင်ပါတယ်။ ပြောင်းပြန်အားဖြင့်ဆိုရင်တော့ ဖိအားတွေနဲ့ ကြောက်ရွံ့မှုတွေအမြဲ ကြုံရတဲ့အခါ ဦးနှောက်ကိုပိုပြီးနှောင့်နှေးစေပါတယ်။
မိဘ၊ အုပ်ထိန်းသူ၊ ကလေးနဲ့အနီးကပ် ပြုစုစောင့်ရှောက်သူများ နဲ့ ကောင်းမွန်သော ဆက်ဆံရေးရှိခြင်းက ကလေးတွေရဲ့ ယုံကြည်မှု၊ ကြံ့ကြံ့ခံနိုင်စွမ်း (Resilience) နဲ့ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းတို့ကို ဖွံ့ဖြိုးစေပါတယ်။ ဒီလိုစိတ်ခံစားချက်တွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ ပညာရေးမှာအလွန်အရေးကြီးပါတယ်။
🔸 ပျော်ရွှင်စွာသင်ယူခြင်းရဲ့ အရေးပါမှု ..
ငယ်ရွယ်တဲ့အသက်အရွယ်မှာ စာသင်တယ်ဆိုတဲ့ခံစားမှု၊ ဖိအားမျိုးမရစေပဲ သဘာ၀ပုံစံအတိုင်း လေ့လာခွင့်ပေးပြီး စကားပြောခြင်း၊ ကစားခြင်း၊ သီချင်းဆိုခြင်းနှင့် နားထောင်ခြင်းတွေကနေ နေ့စဥ်ဘ၀မှာ သဘာ၀ကျကျ ပေါ့ပေါ့ပါးပါး ထိတွေ့ဆက်ဆံ သင်ယူဖို့က အလွန်အရေးပါပါတယ်။
ကစားခြင်းဟာ ပျော်ရွှင်ဖို့အတွက်သာ မဟုတ်ဘဲ ဦးနှောက်ကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကစားခြင်းကတစ်ဆင့် ကလေးတွေဟာ တီထွင်ဖန်တီးနိုင်စွမ်း၊ လူမှုဆက်ဆံရေး၊ ကိုယ်လက်လှုပ်ရှားမှု၊ ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကို ဖွံ့ဖြိုးစေပါတယ်။
ကိုယ်လက်လှုပ်ရှားမှု၊ ဂီတ၊ ပုံပြောခြင်းနှင့် စိတ်ကူးယဉ်ကစားခြင်းတို့ဟာ ဦးနှောက်ရဲ့ ကဏ္ဍပေါင်းစုံကို တစ်ပြိုင်နက်တည်း လှုံ့ဆော်ပေးပြီး စာအုပ်ထဲက သင်ခန်းစာများ မလုပ်ဆောင်ပေးနိုင်တဲ့ "ဦးနှောက်တစ်ခုလုံး ဖွံ့ဖြိုးမှု" ကို အထောက်အကူပြုပေးနိုင်ပါတယ်။ Shichida Method ရဲ့ Activities တွေဟာလည်း ဒီလို Happy Learning သင်ယူခြင်းကိုအခြေခံထားတာပါ။
ဒါ့အပြင် ရိုးရှင်းတဲ့အပြုအမူလေးတွေကပဲ ကလေးတွေကို Cause and Effect (အကျိုးအကြောင်း) တွေအကြောင်းသင်ပေးနိုင်ပါတယ်။
ဥပမာ -
- ကိုယ်လိုချင်တဲ့အရာဆီ တွားသွားခြင်းဖြင့် အဲ့အရာကိုရရှိမယ် ..
- လက်ခုပ်တီးရင် အသံထွက်မယ် ..
- တစ်ယောက်ယောက်ကိုပြုံးပြတဲ့အခါ တဖက်ကလည်းပြန်လည်ပြုံးပြမယ် ..
စသည်ဖြင့် ကလေးတွေကို သူတို့ အပြုအမူတိုင်းရဲ့ ရလဒ်တွေအကြောင်းကို ရိုးရှင်းတဲ့နေ့တဓူ၀လုပ်ငန်းစဥ်တွေကတဆင့် သင်ပေးနိုင်ပါတယ်။ ဒီလိုသင်ပေးခြင်းအားဖြင့် အစောပိုင်းကာလမှာတင် တွေးခေါ်နိုင်စွမ်းနဲ့ ပြသနာတွေကိုဖြေရှင်းနိုင်စွမ်းတွေကို ကလေးတွေအတွက် ပျိုးထောင်ပြီးသားဖြစ်မှာပါ။
🔸 အုပ်ထိန်းသူနဲ့ သင်ကြားသူတွေစုပေါင်းပြီး အကောင်းဆုံးပျိုးထောင်ရမယ့်အချိန်
အစောပိုင်းကာလအတွင်း တည်ဆောက်လိုက်တဲ့ အရာတွေဟာ ပညာရေးအောင်မြင်မှုအတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုနှင့် တစ်သက်တာ သင်ယူမှုတို့အတွက်ပါ အဓိက အထောက်အပံ့ ဖြစ်စေမှာပါ။
ကောင်းမွန်စွာဖွံ့ဖြိုးတဲ့ဦးနှောက်နဲ့ အခြေခံအုတ်မြစ်ရှိခြင်းက ဘ၀တလျောက် သင်ယူမှုကို ပိုမိုလွယ်ကူစေပြီး ကလေးတွေ ကြီးပြင်းလာတာနဲ့အမျှ အရာအရာကိုအလွယ်တကူလေ့လာသင်ယူနိုင်ပြီး ကျောင်းပညာရေးနဲ့ လူမှုရေးအခက်အခဲတွေမှာ သူတို့ ကြုံတွေ့ရမယ့် စိတ်ဖိစီးမှု နဲ့ ဖိအားတွေကို လျော့နည်းစေပါတယ်။
ကလေးဘဝ အစောပိုင်းနှစ်တွေကို အလဟသ လျစ်လျူမရှုပစ်ပဲ အချိန်ပေးပြီး ဂရုစိုက်ပျိုးထောင်ခြင်းဟာ ကလေးတစ်ယောက်ရဲ့ တစ်သက်တာ အောင်မြင်မှုအတွက် အထိရောက်ဆုံးသော နည်းလမ်းတစ်ခုပါပဲ။ အုပ်ထိန်းသူတို့လည်း ကလေးတွေရဲ့ အစောပိုင်းနှစ် အရေးပါပုံတွေကို သိရှိပြီး ကလေးရဲ့ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေမယ့်အပြုအမူတွေကိုရှောင်ကျဥ်ပြီး အကောင်းဆုံးပျိုးထောင်နိုင်ကြဖို့ မျှော်လင့်ပါတယ်နော် ..
23/01/2026
𝗦𝗵𝗶𝗰𝗵𝗶𝗱𝗮 𝗟𝗲𝘀𝘀𝗼𝗻 𝗔𝗰𝘁𝗶𝘃𝗶𝘁𝗶𝗲𝘀 တွေကို အခမဲ့လေ့လာလို့ရမယ့်အခွင့်အရေးကို လက်လွှတ်မခံဖို့ အမြန်ဆုံးစာရင်းပေးသွင်းလိုက်ပါ ..
𝗝𝗮𝗻 𝟮𝟱 ရက်နေ့ပြုလုပ်မယ့် 𝗟𝗲𝘀𝘀𝗼𝗻 𝗗𝗲𝗺𝗼𝗻𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗦𝗲𝘀𝘀𝗶𝗼𝗻 များအတွက် သတ်မှတ်လူဦးရေ ပြည့်တော့မှာဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ် ..
Shichida Mandalay ရဲ့ 𝗟𝗲𝘀𝘀𝗼𝗻 𝗗𝗲𝗺𝗼𝗻𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗦𝗲𝘀𝘀𝗶𝗼𝗻 ကို (အခမဲ့) တက်ရောက်နိုင်ဖို့
𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 >> https://forms.gle/GEYv4BGqcAFkc56p6 တွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်နော် 🥰🥰
စာရင်းပေးပြီးသွားတဲ့အုပ်ထိန်းသူများကိုလည်း 𝗝𝗮𝗻 𝟮𝟱 လာရမယ့်အတန်းချိန်လေးတွေကို ကျောင်းဘက်မှ ပြန်လည်ဆက်သွယ်ပေးလျက်ရှိပါတယ် .. ☺️