TAK LUU LINN

TAK LUU LINN

Share

Japanese Language School

29/05/2026

( TANABATA)ဆုတောင်းဖူးလား ?
ဂျပန်မှာ ၇ရက်၇လ နေ့ကို တနဘတ(TANABATA) ဆုတောင်းပွဲ၊ ကြယ်ပွဲတော်လို့လဲခေါ်ပါတယ်။
ကောင်းကင်နတ်ဘုရား(မိုးနတ်မင်း) ရဲ့ ယက်ကန်းယက်တာတော်တဲ့သမီးတော်ဒီ (ORIHIME) မင်းသမီးလေးနဲ့ UZU (HIKOBOSHI) လို့ခေါ်တဲ့နတ် နွားကျောင်းသား (ကြယ်နတ်သားလေး)တို့ရဲ့လွမ်းစရာဒဏ္ဍာရီချစ်ဇာတ်လမ်းလေး ကစခဲ့တာပါ။ သူတို့နှစ်ဦးချစ်ကျွမ်းဝင်ပြီးနောက်အလုပ်တာဝန်တွေ ပေါ့လျော့လာတာကိုကောင်းကင်နတ်ဘုရား(မိုးနတ်မင်းကြီးက စိတ်ဆိုးပြီးသူတို့နှစ်ဦးကိုနဂါးငွေ့တန်းဖြင့်ခွဲထားပြီးတစ်နှစ်မှာ တစ်ခါ ၇လ၇ရက်နေ့မှာသာတွေ့ဆုံနိုင်အောင်လုပ်ထားတာဖြစ်တယ်လို့ပုံပြင်လေးတွေမှာရေးထားတာတွေ့ရပါတယ်။ (ငယ်ငယ်ကဖတ်ဖူးတဲ့ခွန်ဆန်လောနဲ့နန်းဦးပြင်ပုံပြင်လေးလိုပါပဲ။ )
တနဘတပွဲတော်ရက်နီးလာရင်ဘူတာ၊ကုန်တိုက်၊ကျောင်းတွေ နဲ့နေရာတချို့မှာရောင်စုံဆုတောင်းစာလေးတွေချိတ်ဆွဲထားတဲ့ ဝါးပင်လေးတွေချထားတာတွေ့နိုင်ပါတယ်။ (Tanzaku) လို့ခေါ်တဲ့ဆုတောင်းစာရေးတဲ့ ထောင့်မှန်စတုဂံပုံရှည်ရှည်ရောင်စုံဆုတောင်းစာရွက်လေးမှာ မိမိ တို့ဖြစ်ချင်တဲ့ဆန္ဒဆုတောင်းလေးတွေကိုပြီးရေးပြီးဝါးရွက်လေး တွေပေါ်မှာချိတ်ဆွဲပြီးကြယ်တွေကိုတိုင်တည်ဆုတောင်းလေ့ရှိပါ တယ်။ ဒီလိုနေ့ရဲ့ ညမှာကြယ်တွေကိုတိုင်တည်ပြီဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ဆိုကြပါတယ်။
Sendai, Hokkaido ဘက်မှာတော့ 8လ7ရက်နေ့မှာကျင်းပပါ တယ်။

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Mandalay
05033