P meaning is PHYU

P meaning is PHYU Rs တွေ အကုန်ပျက်

ခင်ဖုန်းသက်ဝေ ဂယ်လာရီ  - သန်းတင့်လွမ်းစရာရှိလို့ကျွန်တော် မအားသေးကြောင်းပြောလိုက်မိပါတယ် ခင်ဖုန်းသက်ဝေ။မေနဲ့ ဩဂုတ်မှာ အရ...
08/06/2023

ခင်ဖုန်းသက်ဝေ ဂယ်လာရီ - သန်းတင့်

လွမ်းစရာရှိလို့
ကျွန်တော် မအားသေးကြောင်း
ပြောလိုက်မိပါတယ် ခင်ဖုန်းသက်ဝေ။

မေနဲ့ ဩဂုတ်မှာ အရင်လေတွေ တိုက်ရင်
အရင်ပန်းတွေပဲ ပွင့်ကြဦးမှာပါ။

လိုအပ်ရင် ပန်းအသစ်တွေ လဲပေးဖို့
ဘယ်အပင်ကိုမှ
ကျွန်တော် မတောင်းဆိုချင်ပါဘူး။

အပြည့်အ၀ လွမ်းခွင့်ရတာဟာလည်း
လူဖြစ်ကျိုးနပ်မှု အခက်အခဲတစ်ခုပါကွယ်။

ခင်ဖုန်းသက်ဝေ ကြားလိုက်လားတော့ မသိဘူး
တချို့ဆို တိုးလျှိုပေါက်ကြီးကို
ပုန်းညက်ပန်းလေး ဖြစ်သွားကြတာလေ။

လမ်းဘေးက အချိုရည်ဘူးခွံလေးကို
ပိတ်ကန်ပစ်လိုက်မယ်။

လမ်းလျှောက်ရင်း
ကြော်ငြာဆိုင်းဘုတ်တွေ ဖတ်မယ်။

သတ္တိရှိချင်ယောင်ဆောင်ပြီး
စပယ်ယာကို ဘုကြည့်ကြည့်မယ်။

အားလုံး လွယ်လွယ်လေးပါ။

ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်တာက အစ
ရှမ်းကိုးမီးဝိုင်းက ကျင့်၀တ်ဆိုင်ရာ ပြဿနာတွေ အထိ
လွယ်တတ်ပါတယ်။

ဒေါသရော အတ္တရော ကြီးတဲ့ ကောင်တွေ
မျိုးသုဉ်းသွားဖို့အရေးထိ
လွယ်ကောင်း လွယ်နေနိုင်ပါတယ်။

စိုးရိမ်ထိတ်လန့်နေတဲ့
အစွမ်းအစ အမျိုးမျိုးကို ပိုင်ဆိုင်ဖို့
လွယ်ပါလိမ့်မယ်။

ဆင်ခြင်တုံတရားကို ချရေးဖို့
ပို့(စ)ကတ်လေးတစ်ခု ရှာရတာ
လွယ်ပါလိမ့်မယ်။

အို
အားလုံး လွယ်ကောင်းလွယ်နေကြပါလိမ့်မယ်။

စပယ်ဖြူ တုံးခါမှ ခင်ဖုန်းသက်ဝေရယ်
ဘယ်စိတ်လည်လို့ ပေါ်လာပြန်တယ်
ခက်တယ် ခင်ဖုန်းသက်ဝေရယ်
သိပ်ခက်တယ်။

(နှင်း ခေါင်းစီးအောက်မှ တပိုင်းတစဖော်ပြခြင်း)

#သန်းတင့်
#ခင်ဖုန်းသက်ဝေဂယ်လာရီ

ဘုရားသခင်ဟာလူစေ့အောင် မစောင့်ရှောက်နိုင်ပါဘူးဒါကြောင့်ရင်သွေးတွေအတွက် မိခင်ရှိရတယ်ငါ့အတွက် မင်းရှိရတယ်မင်းအတွက် ငါရှိရတယ...
02/06/2023

ဘုရားသခင်ဟာ

လူစေ့အောင် မစောင့်ရှောက်နိုင်ပါဘူး

ဒါကြောင့်

ရင်သွေးတွေအတွက် မိခင်ရှိရတယ်

ငါ့အတွက် မင်းရှိရတယ်

မင်းအတွက် ငါရှိရတယ်

#စိုင်းဝင်းမြင့်

"ဒီဘဝတော့ ဒီလောက်ပဲ'' တဲ့။အမျှ..အမျှပါ အယ်ရာ ခံနိုင်ရည်ကုန်ဆုံးသွားတဲ့အခါငါ့ ေ မ တ်တ ာ ကမင်းကမ္ဘာမှာ မလည်ပတ်တော့ဘူး ။ #အ...
04/05/2023

"ဒီဘဝတော့ ဒီလောက်ပဲ'' တဲ့။

အမျှ..အမျှပါ အယ်ရာ

ခံနိုင်ရည်ကုန်ဆုံးသွားတဲ့အခါ

ငါ့ ေ မ တ်တ ာ က

မင်းကမ္ဘာမှာ မလည်ပတ်တော့ဘူး ။

#အေလီယန်

" ခင်ဖုန်းသက်ဝေ စိတ္တဇ "ဒီမယ် ခင်ဖုန်းသက်ဝေ ရဲ့....ကျွန်တော်ဆိုတာကလေ ကိုယ့် ကိုယ် ကို တောင် မကယ်တင်ချင်စရာ ဝန်လေးမှုလေးပ...
02/05/2023

" ခင်ဖုန်းသက်ဝေ စိတ္တဇ "

ဒီမယ် ခင်ဖုန်းသက်ဝေ ရဲ့....
ကျွန်တော်ဆိုတာကလေ ကိုယ့် ကိုယ် ကို တောင်
မကယ်တင်ချင်စရာ ဝန်လေးမှုလေးပါ။

အလှည့်ကျော်ပြီး လှပခဲ့ရတဲ့
ပိတောက်ပုန်းနေတုန်းက ငုပါ။

ကိုယ့်နာမည်ကိုယ်ခေါ်ပြီး
ဘယ်ငှက်ကိုရှာနေမှန်း မသိတဲ့ ဥဩငယ်ပါ။

အလွမ်းတွေ မိုးတိုးမတ်တပ် နဲ့
ခင်ဖုန်းသက်ဝေ ရဲ့ ခြောက်ပြစ်ကင်းတဲ့
ရန်သူတော်ပါ။

ဒီအတိုင်း သမိုင်းဆက်ရရင်
ဘယ်သူမှ
အနာတရ မဖြစ်ဘူးမဟုတ်လား။

ပျော်ပါတယ်
တကယ်အပြစ်ရှိသူတွေ ထွက်ခွာသွားချိန်မှာတောင်
ခင်ဖုန်းသက်ဝေ ဂီတနဲ့ပဲ
ပြဿနာတွေ အူလှိုက်သဲလှိုက်နဲ့ကို ပျော်ပါတယ်။

#သန်းတင့်

မွေးရာပါကံဇာတာက ညံ့တော့မြတ်နိုးမိသမျှအရာရာတိုင်း မပိုင်ဆိုင်ရတာများတယ်။
26/04/2023

မွေးရာပါ

ကံဇာတာက ညံ့တော့

မြတ်နိုးမိသမျှ

အရာရာတိုင်း မပိုင်ဆိုင်ရတာများတယ်။

စိတ်ကအသက်မရှင်နေရင်အရာရာဟာရူးလောက်အောင် ပင်ပန်းစရာတွေချည်းပါပဲ...
25/04/2023

စိတ်က

အသက်မရှင်နေရင်

အရာရာဟာ

ရူးလောက်အောင် ပင်ပန်းစရာတွေချည်းပါပဲ...

အချစ်ကိုလည်း ကြောက်ပါတယ်။စစ်ကိုလည်း ကြောက်ပါတယ်။ကျွန်တော်ဒီနိုင်ငံရဲ့ သူဆင်းရဲပါ...။         #ရိပ်ငြိမ်
24/04/2023

အချစ်

ကိုလည်း ကြောက်ပါတယ်။

စစ်

ကိုလည်း ကြောက်ပါတယ်။

ကျွန်တော်

ဒီနိုင်ငံရဲ့ သူဆင်းရဲပါ...။

#ရိပ်ငြိမ်

နွေဦးစတော့မယ်တဲ့ဒါဆို သေချာပါတယ်....ဆရာသန်းတင့်စကားနဲ့ဆို ဒီရာသီရောက်ရင်ဒီပန်းတွေပြန်ပွင့်အုံးမှာပဲ....ပြီးတော့ကျွန်တော...
23/04/2023

နွေဦးစတော့မယ်တဲ့

ဒါဆို သေချာပါတယ်....

ဆရာသန်းတင့်

စကားနဲ့ဆို ဒီရာသီရောက်ရင်

ဒီပန်းတွေ

ပြန်ပွင့်အုံးမှာပဲ....ပြီးတော့

ကျွန်တော်တို့

ပြန်ဆုံမှာ မဟုတ်ဘူးဆိုတာရယ်။

#ရိပ်ငြိမ်

"အကောင်းဆုံးတွေ မပေးနိုင်တော့တဲ့အခါဘာတစ်ခုမှမပေးတော့ဘဲ လှည့်ပြန်လာခဲ့ချင်တာဟာငါ့ ချစ်ခြင်းမေတ္တာပါပဲ" #ဆစ်ခ်
21/04/2023

"အကောင်းဆုံးတွေ မပေးနိုင်တော့တဲ့အခါ

ဘာတစ်ခုမှမပေးတော့ဘဲ

လှည့်ပြန်လာခဲ့ချင်တာဟာ

ငါ့

ချစ်ခြင်းမေတ္တာပါပဲ"

#ဆစ်ခ်

Address

Heart Street
Mandalay
95

Website

Alerts

Be the first to know and let us send you an email when P meaning is PHYU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category