Programming ကို လေ့လာသူတွေ အနေနဲ့ များပြားလွန်းတဲ့ လေ့လာစရာတွေကြောင့် လမ်းပျောက်၊ အားငယ် တာမျိုးတွေ ကြုံရတဲ့ လေ့လာသူတွေ အတွက်ပါ။
Tr Nared
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tr Nared, School, House(349), Nan Oo Lwin, Mandalay.
Making a Scratch Clock 😍😍
One on One IGCSE Computer Science Class
နည်းပညာ နဲ့ ပတ်သက်ရင် စာတွေ့ သာမက လက်တွေ့ လေးတွေရော မြင်သာအောင် ပြနိုင်ဖို့ အကောင်းဆုံး ကြိုးစားသင်ကြားပေးပါတယ်ခင်ဗျ။
01/10/2024
Variable
ကျွန်တော်က Hardware ဘက်ကလာတဲ့ ကျောင်းဆရာဆိုတော့ ကလေးတွေကို Programming သင်ရင် Hardware ဘက်က တွေးခေါ်စဥ်းစားပုံတွေ လွှမ်းမိုးနေတာမျိုးရှိတယ်။
ဥပမာ Variable တစ်လုံး သုံးတဲ့အခါ Program စစချင်းမှာတင် Variable ကို ကိုယ်စချင်တဲ့ တန်ဖိုးတစ်ခု အရင်ထည့်ခိုင်းလေ့ရှိတယ်။
ကျွန်တော် အမြဲပြောပြလေ့ရှိတာက Variable တွေက Computer ရဲ့ RAM ပေါ်မှာ သိမ်းတာဖြစ်တဲ့အတွက် ကိုယ်ကတန်းဖိုးတွေ မသတ်မှတ်ထားရင် အဲ့ဒီ Variable တွေထဲမှာ Random တန်ဖိုးတွေ ဝင်နေနိုင်တယ်။
ဒါက ကျွန်တော်တို့ Microcontroller တွေကို Program ရေးတဲ့အခါ ဖြစ်လေ့ရှိတာမျိုးပေါ့။ Computer ပေါ်မှာ run တဲ့ program တွေမှာတော့ သုံးတဲ့ tools တွေက ဒါတွေကို စီမံပုံကတော့ ကွာခြားနိုင်ပါသေးတယ်။
Hardware ဘက်မှာတော့ ကိုယ်က တန်ဖိုးတစ်ခု မသတ်မှတ်သရွေ့ အဲ့တန်ဖိုးတွေက Random ဖြစ်နေတာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်လို့ကလဲ ကိုယ်က အမှတ်တရ အကြီးကြီး ရှိခဲ့တာကိုး။
Diesel မီးစက်ကြီးတစ်လုံးအတွက် Control Card တစ်ခု ရေးပေးတုန်းက သော့လှည့်တဲ့ State တွေကိုမှတ်တဲ့ Variable တစ်လုံးမှာ Program အစကတည်းက တန်ဖိုး သတ်မှတ်ပေးဖို့ မေ့သွားဖူးတယ်။
Control Card က power ရတဲ့အချိန်မှာ RAM (random access memory) ဆိုတဲ့ အတိုင်း တန်ဖိုးတွေက random ဖြစ်နေပါလေရော အဲ့ဒီမှာ “1” ဖြစ်သွားတဲ့အခါဆို သော့က မလှည့်ရသေးဘူး မီးစက်ကြီးက နိုးနေပြီ။ “0” ဖြစ်နေတဲ့အခါမျိုးလဲ အဆင်ပြေနေတာမျိုးပေ့ါ။
အားလုံးက Random ဖြစ်နေတော့ အဖြေရှာဖို့ အတော်အကြပ်ရိုက်သွားခဲ့ဖူးတော့ Programming ကို ပြန်သင်ပေးတဲ့အခါမှာ ဒီလို အသေးစိတ် တွေးခေါ်ပုံလေးတွေကအစ ပြောပြမိနေရော။
စာကြွင်း။ ။ Variable ဆိုတာကတော့ Program တစ်ခုမှာ တန်ဖိုးတွေကို နောင်တစ်ချိန်မှာ ပြန်သုံးဖို့ ရည်ရွယ်ချက်ရှိရင် ယာယီသိမ်းထားလို့ရတဲ့ နေရာပေါ့။
26/10/2023
သီတင်းကျွတ် ကာလလေးမှာ ပညာရပ် အသစ်တွေကို သင်ပေးခွင့် ရလို့ အရမ်း ကျေးနပ်ရပါတယ် ခင်ဗျာ။
Python One on One Class
Tr Nared က Embedded Background က လာတာဆိုတော့ အတန်းတွေကလဲ Software ရေးသားခြင်းမျိုးထက် Hardware Unit တွေကို ထိန်းချုပ်တဲ့ app ဘက်ကို လာတက်ကြတာ များပါတယ် ခင်ဗျ။
23/09/2023
Tr Nared’s Science Class
စွမ်းအင်သင်ခန်းစာအတွက် အိမ်မှာပိုနေတဲ့ အာလူးသီးတွေနဲ့ ကလေးတွေကို မီးထွန်းပြလိုက်တယ်။
Science Experience တစ်ခုက ကလေးတွေနဲ့ စမ်းသပ်ကြတဲ့အခါ အလွယ်တကူ ပြီးစီးသွားပေမယ့် ကိုယ်ပြချင်တဲ့ ရလဒ်မျိုးရဖို့ဆို ဆရာတွေဘက်က အများကြီး ကြိုးစားအားထုတ်ရလေ့ရှိပါတယ်။
ကိုယ်လိုအပ်တဲ့ပစ္စည်းတွေ ရှာဝယ်ရတာမျိုးတွေ၊ ကိုယ်တိုင် အကြိမ်ကြိမ် စမ်းသပ်ရတာမျိုးတွေပြီးမှ ၁ နာရီဆိုတဲ့ အချိန်အတွင်းမှာ ထိထိရောက်ရောက် သင်ကြားပေးနိုင်တာမျိုးပါ။
16/08/2023
Technology Integrated Learning
နည်းပညာတွေ တိုးတက်လာတာနဲ့အတူ သင်ကြား၊သင်ယူမှုပုံစံတွေဟာလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲလာလိုက်တာ ကိုယ်တောင် လိုက်လို့မမှီတော့ပါဘူးဗျာ။
ဒီနေ့ Coding Class တစ်ခုကို Zoom နဲ့သင်ရင်း ကလေးတွေက ဆရာ “Immersive View, Immersive View” နဲ့ ဝိုင်းအော်ကြတာနဲ့ အဲ့ဒါက ဘာကြီးလဲလို့ကို မေးယူရတယ်။
Zoom ရဲ့ feature အသစ်တစ်ခုက ကျွန်တော့်ကိုတော့ အတော်လေး စိတ်လှုပ်ရှားသွားစေတာပါပဲ။ Online ကနေ Virtual class တွေ သင်နေပေမဲ့ သင်ကြား၊သင်ယူသူတို့ကို တကယ့်အတန်းထဲမှာလို ခံစားရအောင် လုပ်ပေးနိုင်ပုံကတော့ ကလေးတွေက “ဆရာ ဒီနေရာထိုင်ချင်တာ” ၊ “ဆရာ သမီးက သူနဲ့ပဲ ထိုင်ချင်တာ” တွေပါ ဖြစ်ကုန်ရော။
ဒါလေးတွေမြင်တော့ Covid ကာလတုန်းက Online ကနေသင်ရင် ထိရောက်မှုမရှိဘူးဆိုပြီး ကျောင်းသားတွေ ထွက်ကုန်ကြတာကိုတောင် သတိရမိပါရဲ့ဗျာ။
Tr Nared’s Science Class
သိပ္ပံသင်ခန်းစာတစ်ခုမှာ အသံနဲ့ပတ်သက်တဲ့ amplitude, pitch, frequency, wavelength တွေကို ကလေးတွေကိုယ်တိုင် စမ်းသပ်ကြည့်ဖို့ ကိုယ်တွေ electronics လုပ်ခဲ့တုန်းကပစ္စည်းတွေက အများကြီးအထောက်အကူပြုတာပေါ့။
Loudness နဲ့ Amplitude စပ်ဆက်ပုံ၊ Pitch နဲ့ Frequency စပ်ဆက်ပုံ၊ Musical Notes တွေကို တိကျတဲ့ frequency ပေးပြီး ဘယ်လိုထုတ်လို့ရကြောင်းတွေ လက်တွေ့စမ်းသပ်ကြည့်ကြတာပေ့ါ။
အစမ်းလွန်ပြီး amplitude တွေ ဇွတ်တင်ရာကနေ Tr Nared ရဲ့ speaker လေးကတော့ လည်ချောင်း ကွဲသွားပါတော့တယ်ခင်ဗျာ။
Build your own dream game!
Scratch ကိုအသုံးပြုပြီး ကိုယ်ပိုင် Game တွေကို ဖန်တီးလို့ရတယ်ဆိုတာ အရင် post တွေမှာ ပြောပြခဲ့ပြီးပြီဆိုတော့ ပိုပြီး active learning ဖြစ်အောင် Scratch Game တွေနဲ့ အတူတွဲဖက်ဆော့ကစားလို့ရတဲ့ External Device တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ် ခင်ဗျ။
ဒီသင်ခန်းစာမှာတော့ ရိုးရိုးရှင်းရှင်း Game လေးတစ်ခု တည်ဆောက်ထားပြီး Makey Makey လေးနဲ့ တွဲလိုက်တဲ့အခါမှာ အခုလို စိတ်ဝင်စားစရာကောင်းတဲ့ Game လေးတစ်ခု ဖြစ်လာတာပါ။
ဆော့ရတဲ့ပုံစံကတော့ ကြောင်လေးကို ကြက်ဥနဲ့မထိအောင် ခုန်ရတာပါပဲ။
စိတ်ဝင်စားစရာကောင်းတာက Computer Keyboard ကနေနှိပ်ပြီး ခုန်ရတာမျိုးမဟုတ်ဘဲ သူငယ်ချင်းနှစ်ယောက် အသားချင်းထိမှသာ ကြောင်လေးက ခုန်သွားမှာ ဖြစ်ပါတယ်။
ဒီလို ဖန်းတီးမှုတွေကို ဆန်းသစ်စေတဲ့ Makey Makey လေးကို ဝယ်ယူချင်တယ်ဆိုရင် Tr Nared ဆီမှာ မှာယူလို့ရပါတယ် ခင်ဗျ။
Creativity in Students
Creativity နဲ့ ပတ်သက်လို့ Steve Jobs ပြောခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ “It’s about connecting the dots.”
အစကတော့ ကျွန်တော်လည်း နားမလည်ခဲ့ဘူး။ ကိုယ်လုပ်ချင်တဲ့အရာကို အကောင်းဆုံးဖြစ်အောင်လုပ်ရင်းနဲ့ နားလည်လာတာက creative ဖြစ်တဲ့ အရာတစ်ခုကို ဖန်တီးဖို့ဆိုတာက အဲဒီအရာနဲ့ပတ်သက်တဲ့ domain knowledge တွေ ကိုယ့်မှာရှိဖို့ လိုအပ်တယ်။ အဲဒါတွေကိုတော့ dots လို့ ပြောရမှာပေါ့။
ကိုယ်နားလည်ထားတဲ့ အရာတွေကို ပေါင်းစပ်ပြီးမှသာ အသစ်တစ်ခုကို ဖန်တီးလို့ရတာပါ။
ပိုပြီးမြင်သာအောင် ဥပမာပေးရရင် မျက်စိမှိတ်ပြီး ကိုယ်တစ်ခါမှ မမြင်ဖူးသေးတဲ့ အရောင်တစ်ခုကို စဥ်းစားကြည့်ပါ။
စဥ်းစားလို့ရလား? စဥ်းစားလို့မရဘူးမဟုတ်လား။
ဘာလို့လဲဆိုတော့ creativity ဆိုတာ အဲလိုအလုပ်လုပ်တာ မဟုတ်လို့ပါပဲ။
ဒီလိုဆို ကိုယ်သိထားပြီးသား အရောင်တွေကို ရောစပ်ကြည့်လိုက်ရင်တော့ ကိုယ်တစ်ခါမှမမြင်ဖူးသေးတဲ့ အရောင်တစ်ခုကို ရနိုင်တယ်မဟုတ်လား။
ဒီလိုပါပဲ ကလေးတွေကို ဖန်တီးမှုစွမ်းရည်တွေ တိုးတက်စေချင်ကြတာ မိဘတိုင်းရဲ့ဆန္ဒပေါ့။ ဒီလိုဆို ကျွန်တော်တို့ဆရာတွေက သူတို့လေးတွေအတွက် dots လေးတွေ color လေးတွေ ဖြည့်ဆည်းပေးရတဲ့ ဘက်ကပေါ့။
ဒါမှသာ သူတို့လေးတွေက အဲဒီ dots လေးတွေကို ချိတ်ဆက်မယ်၊ color လေးတွေ ရောစပ်ပြီး အသစ်အသစ်တွေကို ဖန်တီးနိုင်ကြမှာပေါ့ ခင်ဗျာ။
Tr Nared ရဲ့ အတန်းမှာတော့ ဖန်တီးမှုစွမ်းရည်တွေ တစ်ဆင့်ထက်တစ်ဆင့် မြင့်လာအောင် လေ့ကျင့်သင်ကြားပေးနေပါတယ် ခင်ဗျာ။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Mandalay
0523