23/04/2025
(28.3.2025) တွင် ဖြစ်ပွါးခဲ့သော ငလျင်ဘေးကြောင့် အိမ်အနည်းငယ် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပါသည်။ ပျက်စီးမှုများ ပြန်ပြင်ရာတွင် စနစ်တကျ ဖြစ်စေရန် နှင့် ကျောင်းပြန်ဖွင့်သည့် အခါ ကလေးများ ဘေးအန္တရယ်ကင်းပြီး လုံခြုံမှုရှိစေရန် ၊ မိဘများ အနေနှင့်လည်း စိတ်ချ ယုံကြည်ရစေရန် အတွက် တိုက်ကို ဆောက်ပေးခဲ့သော engineer နှင့်လဲ စစ်ဆေးပြီးသည့်အပြင် စည်ပင်မှ ဖွဲ့စည်းထားသော volunteers engineer များနှင့် သေချာစွာ ထပ်မံစစ်ဆေးခဲ့ပါသည်။ ကြီးကြီးမားမား ထိခိုက်မှု မရှိဘဲ အနည်းငယ်သာ ပြန်ပြင်ရန် လိုအပ်ပြီး ဘေးအန္တရယ် ကင်းစွာဖြင့် စိတ်ချစွာ နေလို့ ရကြောင်း (Blue အဆင့်) recommend ရခဲ့ပါတယ်ရှင့် ထို့အတွက်ကြောင့် ယခုအချိန်တွင် engineer များ လမ်းညွန်ထားသည့်အတိုင်း လိုအပ်ချက်များ ပြန်လည်ပြင်ဆင်နေပါသည်။ ပြင်ဆင်ပြီးသည့်အချိန်တွင် ကျောင်းဖွင့်ရက်ကို ပြန်လည် ကြေငြာပေးပါ့မည်။
“”Your children’s safety is our priority “”