11/02/2026
စတစ်ကာလေးတွေကိုယ်တိုင်ကပ်ပြီးပုံဖော်👍👍
ကလေးများ၏အနာဂတ်ကို ကိုယ်တိုင်ပုံဖော်နိုင်ရမည်
11/02/2026
စတစ်ကာလေးတွေကိုယ်တိုင်ကပ်ပြီးပုံဖော်👍👍
01/01/2026
New Year 2026
ကလေးလေးတွေကိုလက်ဆောင်ပေး💕
24/12/2025
မေမြို့သို့လေ့လာရေးခရီး💕💕
24/12/2025
Christmas Party 2025 ❄️🎄✨
29/09/2025
ကလေးတွေချစ်တဲ့
ဆရာတစ်ယောက်၏ အမူအကျင့်များ
===========================
ဆရာ/မ တစ်ယောက်ကို ကလေးတွေက သဲသဲလှုပ်ချစ်ကြတာ ဘာကြောင့်လဲ…
ကလေးတွေရဲ့ နှလုံးသားထဲမှာ ဒီဆရာ/မကို မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပြီး ချစ်ကြောက်ရိုသေကြတာ ဘာကြောင့်လဲ ဆိုတာကို လေ့လာကြည့်တဲ့အခါမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့် လေးတွေကတော့…
၁။ ကလေးတွေကို ချစ်လို့ပါ။
ပြောချင်တာက သင်မည့်ဆရာက ကလေးတွေကို ချစ်မှသာလျှင် အသင်ခံရမယ့် ကလေးတွေက သင်မယ့် ဆရာကို ချစ်မှာပါ။ ဟုတ်ပါတယ်နော်…။အသွားအပြန်ဆိုတာ ရှိပါတယ်။ ကလေးတွေ က သိပ်ချစ်စရာကောင်းတယ် လို့ မြင်လိုက်တဲ့အခါ ကလေးတွေကလည်း ဆရာ/မ က သိပ်ချစ်စရာကောင်းတယ်လို့ မြင်လာမယ်။
ဆရာကို ချစ်မှ စာကို ချစ်လာမယ်။
စာကို ချစ်မှ သင်ကြား သင်ယူမှုမှာ ထိရောက်မယ်။
ကလေးတွေကို ချစ်တဲ့ ဆရာ/မ က ကလေးတွေရဲ့ အချစ်ကို ရ ရှိတတ်ပါတယ်။
၂။ အပြစ်မမြင်တတ်ခြင်း ၊ ချီးမွှမ်းခြင်း၊ချီးကျူးတတ်ခြင်း။
ဟုတ်တယ်။ သင်ကြားသူ ဆရာ/မ တစ်ယောက်က ကလေးကို အပြစ်မြင် နေပြီဆိုရင် ဒီကလေး က အဲ့ဒီဆရာ/မ ကို ဘယ်တော့မှ မချစ်တော့ဘူး။ သူတို့တွေရဲ့ စိတ်ထဲမှာ ဒီဆရာ/မ က ငါဘယ်လောက် ကောင်းအောင်နေနေ အပြစ် ပဲမြင်နေတာ၊ ငါ့ဆိုရင် ဘယ်တော့မှ အကောင်းမြင်တာ မဟုတ်ဘူးဆိုပြီး တွေးနေတတ်တယ်။အချိန်မရွေး သိမ်ငယ်စိတ်ဝင်ပြီး အားငယ်နေတတ်တယ်…။ ဒါ့ကြောင့် ဆရာ/မအနေနဲ့ ကလေးတွေကို ဘယ်တော့မှ အပြစ်မမြင်ပါနဲ့…
အမှားလုပ်လေ့လုပ်ထရှိတာ ကလေးသဘာဝပါ။ လူကြီးတွေတောင် အမှားတွေကျူးလွန်ကြသေးတာ…ကလေးတွေမှားတာကိုတော့ ခွင့်လွှတ် နားလည်ပေးသင့်တယ်။ လူကြီးမှားရင် ပြင်ဖို့ခက်ပါတယ်…ကလေးတွေ အမှားလုပ်မိရင် ပြင်ဖို့
လွယ်ကူပါတယ်…။ အလိမ္မာဥာဏ်သုံးပြီး ကောင်းတဲ့
ဘက်ကို လိုရာပုံသွင်း လို့ရပါတယ်…။ ဒါ့ကြောင့် ကလေးတွေအပေါ်ကို မကောင်းမြင်တဲ့ အကျင့်ကို ဖျောက်ပါ။အပြစ်ကြီးပဲ မြင်နေရင်တော့ အဲ့ဒီကလေး နဲ့ ကိုယ်နဲ့ ဘယ်တော့မှ နီးစပ်လာမှာမဟုတ်ပါဘူး…။
နောက်တစ်ချက်က ချီးကျူးတတ်အောင် လေ့ကျင့်ပါ။ ကလေးတစ်ယောက်က စာဘယ်လောက်ပဲ ညံ့ညံ့ သူ့မှာ အရည်အချင်းတစ်ခုတော့ရှိနေတတ်ပါတယ်။ သူ့မှာ ရှိတဲ့ အရည်အချင်းတစ်ခုကို အကြောင်းပြုပြီး ချီးမွှမ်းပါ။ ချီးကျူး ခြင်းသည် မြှောက်ပင့်ခြင်းတစ်မျိုး ဖြစ်သည်တဲ့။ဒီကလေး ကောင်းဖို့အတွက် မြှောက်ပင့်သင့်ရင် မြှောက်ပင့်သင့်ပါတယ်…။
ဆရာ/မ ရဲ့ အားပေးစကား ချီးကျူးစကားလေး တစ်ခွန်းက ကလေးတစ်ယောက်ရဲ့
ဘဝတစ်ခုကို ပြောင်းလဲ နိူင်ပါတယ်။ ကိုယ်လိုတဲ့ပုံသွင်းနိူင်ဖို့အတွက် ချီးကျူးစကားလေးတွေနဲ့ ကိုယ့်ဘက်ပါအောင် စည်းရုံးသင့်ပါတယ်။
၃။ကလေးတွေကို စိတ်ဝင်စားခြင်းပါ။
ဟုတ်ပါတယ်။ ကလေးတွေ တအားချစ်တဲ့ ဆရာ/မ တိုင်း သူတို့တပည့်ကလေးတွေကို စိတ်ဝင်စားပါတယ်။
ဒီကလေးက ဘာကြိုက်တတ်လဲ…
သူ့ရဲ့ အားသာချက်က ဘာလဲ…
သူ့ရဲ့ အားနည်းချက်က ဘာလဲ…
အချိန်မရွေး သူတို့ခေါင်းထဲမှာ ဒီကလေးတွေကိုပဲ အချိန်ပေး နေတတ်တယ်။ သူတို့ခေါင်းထဲမှာ ကလေးတွေက နံပါတ်တစ်လည်း ဟုတ်တယ်။ နှစ်လည်း ဟုတ်တယ်။ သုံးလည်း ဟုတ်တယ်။
ကလေးတွေကလည်း သူတ်ို့ကို ဂရုစိုက်ပြီး ကြင်နာတတ်တဲ့ ဆရာ/မ ကို စိတ်ဆင်းရဲအောင်မလုပ်
တတ်ဘူး။ စိတ်ချမ်းသာစေချင်တယ်။ ကိုယ်က ကလေးတွေကို မချစ်ရင် ကလေးတွေကလည်း ကိုယ့်ကို ချစ်ခင်လာမှာမဟုတ်ဘူး။ ကိုယ်က ကလေးတွေကို စိတ်မဝင်စားရင် ကလေးတွေကလည်း ကိုယ့်ကို စိတ်ဝင်စားမှာမဟုတ်ပါဘူး…။
ဒါက တူသော အကျိူးပါ။
၄။စကားပြော ကောင်းခြင်း။ဗဟုသုတ ကြွယ်ဝခြင်း။
ကလေးတွေက ဘယ်လို ဆရာ/မ တွေကို အချစ်ဆုံးလဲ…ဆိုရင် စကားပြောကောင်းတဲ့ ဆရာ/မ ကိုလည်းပဲ ချစ်တတ်ပါတယ်။ စကားပြောကောင်းတယ်ဆိုတဲ့နေရာမှာ ဆရာ/မ တစ်ယောက်ရဲ့ အပြောအဟော အပိုင်းပေါ့။ သူ ဘာပဲပြောပြော ကလေးတွေ စိတ်ဝင်စားလာနိူင်လောက်အောင် ပြောတတ်တဲ့ အရည်အချင်းတစ်ခုကို ပိုင်ဆိုင်ထားပြီ ဆိုရင်တော့ သေချာပြီ- ဒီဆရာ/မ ကို သူတို့ ဘယ်နည်းနဲ့မှ မခွဲနိုင်တော့ဘူး။
ကိုယ်က စာမသင်ခင်မှာ ဒီကလေးတွေကို ကိုယ့်ဘက်ပါအောင် ဘယ်လို စည်းရုံးရမလဲ…တွေးထားပါ။ စာများများဖတ်ပါ။ ဒါက ဗဟုသုတတွေ ရလာနိူင်ပါတယ်။
ကလေးတွေက ပုံပြင်တွေ ဇာတ်နိပါတ်တော်တွေ ရာဇဝင်တွေ သမိုင်းအကြောင်းတွေ စိတ်ဝင်စားတယ်။ စာပဲသင်နေရင်တော့ အဲ့ဆရာကို သူတို့ မုန်းမိတော့မှာပဲ။ ဒီတော့ စာမသင်ခင်မှာ ပုံပြင်လေးတွေ အခြားအကြောင်းအရာလေးတွေ ပြောသင့်တယ်။ ပြောတဲ့နေရာမှာ လဲ တုံးတိကြီးဖြစ်မနေသင့်ဘူး။
စာပေဟောပြောပွဲတွေကို ကြည့်ပါ။
စာရေးဆရာတွေ ဘယ်လိုပြောသလဲ လေ့လာပါ။ ပြီးရင် တစ်ယောက်တည်းစကားပြောတတ်အောင် လေ့ကျင့်ပါ။ စာဖတ်တဲ့အခါ အသံထွက်ဖတ်ပါ။ကလေးတွေရှေ့မှာ စကားများများပြောပါ။ ကျောင်းစုဝေးပွဲ ကျင်းပတဲ့အခါ ချောင်ကပ်ပြီးမနေပါနဲ့။ စကားပြောကောင်းခြင်းဟာ ဒီနေရာက စတာပါပဲ။ဗဟုသုတ ပုံတိုပတ်စလေးတွေကို သိထားရပါမယ်။ ဒါဆိုရင်တော့ ဒီလိုဆရာ/မ ကို သူတို့ အရမ်းချစ်တတ်ကြပါတယ်။
၅။ဘက်မလိုက်တတ်ခြင်း။
ဟုတ်ပါတယ်။ ဒီ အခြေအနေမှာတော့ ဘက်လိုက်တတ်တဲ့ ဆရာ/မ ကို ဘယ်ကလေး
ကမှ မချစ်တတ်ပါဘူး။ မျှမျှတတ ဆက်ဆံသင့်ပါတယ်။
ဆင်းရဲ ချမ်းသာ မခွဲခြားပါနဲ့။ စာတော်တာနဲ့ စာညံ့တာ ဆိုပြီးမခွဲခြားပါနဲ့။ သူ့ကို မုန့်တစ်ခု ပေးရင် အခြားသူကိုလဲ မုန့်တစ်ခုပေးပါ။ ကလေးတွေရဲ့ စိတ်က အရမ်းနုပါတယ်။ဘယ်ဆရာ/မ က ဘယ်သူ့ကိုတော့ဖြင့် ဘယ်လို ဘယ်ပုံ
ဆက်ဆံတာ ၊ ငါ့ကိုကျတော့ ဘယ်လိုဘယ်ပုံဆက်ဆံတာ ဆိုပြီး ဒီလိုတွေ စိတ်ကသိကအောက်ဖြစ်တတ်ပါတယ်။
အဓိကက ခွဲခြားပြီး မဆက်ဆံပါနဲ့။ ပြောစရာရှိရင် အတူတူပြောပါ။ ကျွေးစရာရှိရင် အတူတူကျွေးပါ။ ခိုင်းစရာရှိရင်လည်း အတူတူခိုင်းပါ။ ကလေးတွေက သူတို့ ချစ်တဲ့ ဆရာ/မ က အလုပ်ခိုင်းတာကို ခံချင်ကြပါတယ်။
ဥပမာ…သူတို့ဆရာ/မ ကျောင်းမှာနေရင်တော့
ဆရာ/မ ရေချိူးဖို့ ရေလိုသလား ထမ်းပေးပါတယ်။
ထမင်းစားမလား ခူးပေးပါတယ်။ ထမင်းစားပြီးရင်လည်း ပန်ကန်ဆေးပေးကြပါတယ်။ တကယ်တော့ ကလေးတွေကို ယုံကြည်ပေးဖို့ အထူးလိုအပ်ပါတယ်။
ပစ္စည်းတစ်ခုခု ပျောက်ရင် ခိုးတဲ့သူကို ဖမ်းတဲ့အခါ ပညာလိုပါတယ်။ ဒီပစ္စည်း ပျောက်ရတာ ကိုယ်မကောင်းလို့ပါ။ ကလေးဆိုတာ စိတ်ကစားတတ်တယ်။ အလှအပ ကြိုက်တယ်။
ပစ္စည်း ဆန်းတာ မြင်ရင် လိုချင်တယ်။ ဒီတော့ ကလေး
ကို ကြိုမှာထားရမယ်။ ပစ္စည်းမခိုးရ။ ဆရာဟာ ခိုးခြင်းကို မုန်းတဲ့ အကြောင်း…တကယ်လို့ လိုချင်တယ်ဆိုရင် ပြောပါ…ဆရာ့ဆီမှာ လာတောင်း…မင်းတို့တွေ ဒီလို မကောင်းတာ မလုပ်ဘူးဆိုတာ ဆရာယုံတယ်လို့ ကြိုပြောထားသင့်ပါတယ်။ ဒီလိုဆိုရင် ကိုယ့်ဆရာ/မ မကြိုက်တာ သူတို့တွေ
ဘယ်တော့မှ မလုပ်ပါဘူး။
၆။လေးစားလောက်တဲ့ အရည်အချင်းရှိခြင်း။
ဆရာ/မ ဆိုတာ ကလေးတွေရဲ့ စံပြပုဂ္ဂိုလ်ပါ။
ကိုယ်က ကလေးတွေကို လိမ္မာအောင်သွန်သင် ပေးရမှာပါ။ မကောင်းတာကို မကောင်းဘူး ဆိုပြီးသက်သေပြသင်ကြားပေးရမှာပါ။
အရက်သောက် ဖဲရိုက် ကြက်တိုက် လောင်းကစား လုပ်၊မူးယစ်သေစာ မှီဝဲခြင်း… ငါးပါးသီလကို ကျူးလွန်ခြင်း …ဒါတွေဟာ မကောင်းဘူး ဆိုတာကို သူတို့ လက်ခံလာအောင်လုပ်ရမယ်။ ဆရာ/မ ကိုယ်တ်ိုင်က ဒါတွေကို ကိုယ်တိုင် ကျူးလွန်နေရင် ဘယ်ကလေးက ကိုယ့်ကို လေးစားမလဲ။ ဘယ်လို ယုံကြည်မလဲ။ ဒါကြောင့် ဒီအပြုအမူတွေကို ကိုယ်ကိုယ်တိုင် ရှောင်ကြဉ်သင့်ပါတယ်။
ကလေးတွေ ဒီလို အမူအကျင့်တွေ ကူးစက်လာ
ခဲ့ရင် မင်းတို့ ဆရာ ငါက အာ့ဒါတွေ လုပ်သလား…ငါက သင်ပေးသလား ဆိုပြီး သွန်သင်လို့ ကောင်းပါတယ်။ သူများမကြိုက်တာကို ကိုယ်လည်းမလုပ်ပါနဲ့။ကိုယ်မကြိုက်တာကိုလည်း သူများမလုပ်စေပါနဲ့။ တကယ်တော့ လေး
စားထိုက်တဲ့အရည်အချင်း ရှိမှသာလျှင် ကလေးတွေက
ကိုယ့်ကို လေးစားလာမှာပါ။ကလေးတွေရှေ့မှာ အပြောအဆို အနေအထိုင် ဆင်ခြင်သင့်ပါတယ်။
၇။ စာသင်ကောင်းခြင်း …
စာသင်ကောင်းတယ်ဆိုတာက
ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ဖို့နဲ့…
ဘာသာရပ်ကို စိတ်ဝင်စားခြင်း…ပါပဲ။
ကိုယ်သင်မဲ့ ဘာသာရပ်ကို စိတ်ဝင်စားရမယ်…ကြိုတင်လေ့လာရမယ်။ ကလေးတွေကို နားလည်အောင် သင်ပြနိူင်ရမယ်။
ကိုယ်က ဘာသာရပ်ကျွမ်းကျင်ပိုင်နိူင်ခြင်း မရှိရင် စာသင်ခန်းက ပျင်းရိငြီးငွေ့ဖွယ်ကောင်းတယ်။ ကလေးတွေကလည်း ကိုယ့်ကို အာရုံစိုက်လာမှာ မဟုတ်ပါဘူး။
နောက်ထပ် ဆရာ /မ က ဘက်စုံ တော်နေဖို့ လိုပါတယ်။အဆို အက အရေး အတီး ပန်းချီဆွဲ စသည်ဖြင့်ပေါ့။ပုံပြောကောင်းသူကိုလည်း ကလေးတွေက ချစ်ပါတယ်။ကဗျာရွတ်ကောင်းသူကိုလည်း ချစ်ပါတယ်။ အဆို
ကောင်းသူကိုလည်း ချစ်ပါတယ်။ ပန်းချီဆွဲတော်တဲ့သူ
ကိုလည်း ချစ်ပါတယ်။ တစ်စုံတစ်ခုကိုတော့ ကျွမ်းကျင်
နေဖို့ လိုပါလိမ့်မယ်။
ဟုတ်ကဲ့၊အထက်ပါ အကြောင်းအရာ (၇) ချက်က ကလေးတွေ ချစ်ကြောက် ရိုသေ လေးစားရတဲ့ ဆရာ/မတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အမူအကျင့် များဟု
ယေဘုယျ သတ်မှတ်ချင်ပါတယ်။ ဒါတွေကို ကျင့်ကြံနေသူတိုင်း ကလေးတွေ သဲသဲလှုပ်ချစ်တဲ့ ဆရာ/မ တစ်ယောက်ဆိုတာ ငြင်းလို့မရပါဘူး…။ ဒါ့ကြောင့် ကျင့်ကြံကြပါ လို့ အကြံပြု လိုက်ပါရစေ…။
အားလုံးပဲ မယုံရင်
အထက်ပါ နည်း ၇ နည်းကို လက်တွေ့ကျင့်လိုက်ပါ။ကျွန်တော်လည်း ကလေးတွေချစ်တဲ့ ဆရာ တစ်ယောက်ဖြစ်အောင် ကြိုးစားနေပါတယ်
crd ကလေးတွေကိုချစ်တဲ့ဆရာတစ်ယောက်
နည်းစနစ်ကျကျအသိပညာ မှ။
မူကြိုကျောင်းအတွက် ဝန်ထမ်းခေါ်ယူခြင်း
🌻 အသက် ၁၈နှစ် ပြည့်ပြီးသူဖြစ်ရမည် ။
🌻 ကလေးများအပေါ် စိတ်ရှည်သူဖြစ်ရမည် ။
🌻 သွက်လက်၍ သင်ယူလိုစိတ်ရှိရမည် ။ Team work လုပ်ဆောင်နိုင်ရမည် ။
🌻 လုပ်ငန်းအတွေ့အကြုံ ရှိရန် မလိုပါ ။
- ရေရှည်အလုပ်လုပ်ကိုင်ဖို့ရည်ရွယ်မှသာ လာရောက်လျှောက်ထားပါရန်မေတ္တာရပ်ခံအပ်ပါသည်။
🍀 Cv ဖောင် ၊Passport ပုံတစ်ပုံ ၊ ပညာအရည်အချင်း၊ မှတ်ပုံတင်မိတ္တူ ၊ မျှော်မှန်းလစာ
နှင့် နေရပ်လိပ်စာ တို့ကို [ Viber - 09790362995]မှလျှောက်ထားနိုင်ပါသည်။66(a)110(c)ချမ်းမြသာစည်မြို့နယ်သို့လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်
12/03/2025
သားသမီးခြင်း တူတာတောင်
တချို့က ပန်းချီသင်တန်းကို
မိဘ ကိုယ်တိုင် လာအပ်ပေး
ကြတယ်။
တချို့က သားသမီးက
ပန်းချီသင်မယ် ပြောတာကို
မိဘ က ခွင့်မပြုလို့ မတက်ရ
ဘူးတဲ့....
__________________
လူချင်းတူတာတောင်.....
မတူညီတဲ့ ဘဝ တွေ......
ပန်းချီဆွဲရင် ဆင်းရဲမယ်
ပြောကြတယ်။
_________________
ပန်းချီသင်တိုင်း ပန်းချီဆရာ
လုပ်ဖို့မှ မဟုတ်တာ....
မိမိလုပ်ငန်းခွင်မှာ စိတ်ကူး
ဥာဏ်စွမ်း ကောင်းမွန်ဖို့
ပန်းချီ သင်ကြတယ်။
__________________
ပန်းချီဆိုတာ နေရာကဏ္ဍတိုင်း
မှာ ပါဝင် ဆက်စပ်နေတဲ့
ပညာရပ် တခုပါ။
အလကား လျှောက်လုပ်တာ
မဟုတ်ဘူး။
တန်ဖိုးကြီးပြီး ဇွဲရှိမှ တတ်တဲ့
ပညာရပ်၁ခုမို့
လူတိုင်းတောင် မတတ်ကြဘူး
#လေးစားစွာဖြင့်
12/03/2025
Happy birthday ပါသမီးငယ်လေးတွေ🥳🥳🥳
27/02/2025
ကလေးအချစ်ဆုံးဆုရ
တစ်နှစ်တာအကောင်းဆုံးဆုရ
ရက်မှန်ဆုရသော
ချစ်ရပါသောဆရာမလေးများ
အကောင်းဆုံးအတူလက်တွဲပေးလို့အများကြီးကျေးဇူးပါ💕💕
27/02/2025
2024_2025ပညာသင်နှစ်အတွက်ထူးချွန်ဆုရသူများ💕
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |