Learn with Tr Lily

Learn with Tr Lily

Share

Education

Photos from Learn with Tr Lily's post 20/05/2026

ကျောင်းပြင်ပ ပညာရေး ဖတ်စာ ပထမအဆင့်နဲ့
ဒုတိယအဆင့် တောင်းထားသူများရှင်။

Telegram ://t.me/learnwithtrlily

Google Drive
https://drive.google.com/drive/folders/1uB8Gopuqo3gKhawYOrWPVm4kgnDtn-IW?usp=sharing

မှာ စာအုပ်file လေးတွေ တင်ပေးထားပါပြီရှင်။

ဇွန်လဒုတိယပတ်မှာ အတန်းသစ်လေးတွေလည်း
ဖွင့်ဖို့ ရှိပါမယ်ရှင် 🥰

၁၂ လရာသီ 04/05/2026

ဆယ့်နှစ်လရာသီ ဆိုရိုးစကားတွေအတွက်
ကလေးတွေလေ့ကျင့်လို့ရမယ့် Wordwall link ကို
မျှဝေလိုက်ပါတယ်ရှင်။

နွေရာသီ မြန်မာစာအတန်းလေးပြီးရင်တော့ အတန်းသစ်အတွက် ပြန်ခေါ်ပါ့မယ်ရှင်။




၁၂ လရာသီ Match up - Drag and drop each keyword next to its definition.

04/05/2026

[English]
📣 ဆရာ၊ ဆရာမများအတွက် အထူးသတင်းကောင်း
“ပညာရေးတွင် ဉာဏ်ရည်တု (AI) နှင့် ဆိုက်ဘာအသိပညာမြှင့်တင်ခြင်း” သင်တန်းသစ်ကို Myanmar Teacher Platform (MTP) ပေါ်မှာ ယခုပဲ အခမဲ့ စတင်တက်ရောက်နိုင်ပါပြီ။
✨ ဤသင်တန်းသည် ဆရာအဖြစ် လုပ်ကိုင်လိုသူများ၊ လုပ်ငန်းခွင်ဝင်စ ဆရာများနှင့် လုပ်ငန်းခွင်ဝင်ပြီး ဆရာများအတွက် ယနေ့ခေတ်အချိန်အတွက် မရှိမဖြစ် လိုအပ်သော AI အသုံးချမှုများနှင့် Cyber လုံခြုံရေးအသိပညာများကို အခြေခံမှ အဆင့်မြင့်အထိ စနစ်တကျ လေ့လာသင်ယူနိုင်ရန် ရည်ရွယ်ပါသည်။ ထို့ပြင် နည်းပညာခေတ်တွင် ကျောင်းသားများအား လုံခြုံစွာနှင့် တာဝန်ယူမှုရှိစွာ သင်ကြားပေးနိုင်ရန်လည်း အထောက်အကူပြုမည်ဖြစ်ပါသည်။
သင်တန်းတွင် ပါဝင်သော မော်ဂျူးများ –
မော်ဂျူး ၁။ AI မိတ်ဆက်နှင့် ပညာရေးတွင် AI ၏ အရေးပါမှု
မော်ဂျူး၂။ သင်ကြား သင်ယူမှုလုပ်ငန်းရှိ AI ၏ အခန်းကဏ္ဍ
မော်ဂျူး ၃။ ဆရာများအတွက် ဆိုက်ဘာ ခြိမ်းခြောက်မှုများနှင့် ဘေးကင်းလုံခြုံမှု
မော်ဂျူး ၄။ AI ကို ကျင့်ဝတ်နှင့် အညီ လူတိုင်းအကျုံးဝင်စွာ အသုံးပြုခြင်း
မော်ဂျူး ၅။ ဒစ်ဂျစ်တယ် ဆက်သွယ်ရေးနှင့် အွန်လိုင်းအပြုအမူများ
📥 ယနေ့ပဲ စာရင်းသွင်းလိုက်ပါ
➡️ သင်တန်းလင့်ခ် – https://rebrand.ly/c33817
(အားလပ်ချိန်တွင် ကိုယ်ပိုင်နှုန်းထားဖြင့် အခမဲ့ လေ့လာနိုင်ပါသည်)
📹 သင်တန်းနှင့်ပတ်သက်သည့် ဗီဒီယိုလမ်းညွှန်များ –
Facebook: https://www.facebook.com/UNESCOMyanmar/videos/1412504626087677/
👩‍🏫 ဤသင်တန်းသည် AI နှင့် Cyber Awareness ဆိုင်ရာ အသိပညာများကို နက်ရှိုင်းစွာ နားလည်သဘောပေါက်စေပြီး စာသင်ခန်းတွင်း လုံခြုံပြီး ထိရောက်သော သင်ကြားမှုပုံစံများကို လက်တွေ့ကျင့်သုံးနိုင်ရန် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါသည်။
📣 Great news for teachers!
Our new course – "AI and Cyber Awareness in Education" – is now available for free on the Myanmar Teacher Platform (MTP).
✨ This course is designed for aspiring teachers, beginning teachers, and experienced teachers alike. It provides essential knowledge on AI applications in education and cyber safety, helping teachers navigate the digital age responsibly and effectively. The course covers both foundational concepts and practical strategies for safe and ethical technology use in the classroom.
Modules included in the course –
Module (1) Introduction to AI and Cyber Awareness in Education
Module (2) AI in Teaching and Learning
Module (3) Cyber Threats and Safety for Educators
Module (4) Ethical and Inclusive Use of AI
Module (5) Digital Communication and Online Behaviour
📥 Register today!
➡️ Course link: https://rebrand.ly/c33817
(Free of charge – learn at your own pace, anytime, anywhere)
📹 Video guides for the course –
Facebook: https://www.facebook.com/UNESCOMyanmar/videos/1412504626087677/
👩‍🏫 This course offers a valuable opportunity to strengthen your understanding of AI and cyber awareness, and to apply safe, ethical, and effective digital teaching practices in your classroom.

Photos from UNESCO Myanmar Project Office's post 20/04/2026
Photos from Learn with Tr Lily's post 20/04/2026

ရာသီစာ ကလေးတွေရဲ့လက်ရာ 📝📝📝

သင်္ကြန်ပြီးခါစ သူတို့အတွေ့အကြုံအပေါ်မူတည်ပြီး

ကြိုက်တာရေး လေ့ကျင့်ခန်းလေး🥳

21/03/2026

ကမ္ဘာ့ကဗျာနေ့မှာ ချစ်ရတဲ့ကလေးတွေအားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ကဗျာဆိုတာ လူသားတွေရဲ့ ခံစားမှုတွေကို
လှစ်ဟပြနိုင်တဲ့ လှပသေသပ်တဲ့ အနုပညာလက်ရာတွေပဲ
ဖြစ်ပါတယ်။

ကဗျာပန်းတွေ အစဉ်ပွင့်လန်းပါစေ

ကလေးတွေ အစဉ်ရွှင်လန်းပါစေ။




17/03/2026

မူလတန်းအဆင့် ကလေးတွေကို မြန်မာစာ သင်ကြားတဲ့အခါ ဗျည်း ၊ သရတွေကို မှန်ကန်စွာ ရွတ်ဖတ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။

ကျွန်မ အသုံးပြုလေ့ရှိတဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးပါရစေ။

🔑ဗျည်း သရ အသံထွက်လေ့ကျင့်ခန်းများတွေ လေ့ကျင့်ပေးပါ။
"က၊ ခ၊ ဂ၊ ဃ၊ င" စသည်ဖြင့် ဗျည်း ၅ လုံးတွဲချင်း ရွတ်တဲ့ လေ့ကျင့်ခန်းမျိုး

"အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်" စသည်ဖြင့် သရတွေကို ရွတ်ဆိုခိုင်းတာမျိုး လေ့ကျင့်ပေးနိုင်ပါတယ်။

ဗျည်း နဲ့ သရ ပီပီသသ ထွက်တတ်ပြီဆိုမှ
ဗျည်းသရတွဲပြီး လေ့ကျင့်ပါ။

🔑ကဗျာတွေ သီချင်းတွေ နားထောင်တဲ့ အလေ့အကျင့်

ကလေးတွေ စိတ်ဝင်စားမှု မြင့်တဲ့ မြန်မာကဗျာအတိုအထွာလေးတွေနဲ့ လေ့ကျင့်နိုင်ပါတယ်။ မြန်မာစာသင်ရိုးမှာပါတဲ့ ကဗျာတွေ အပြင် ရွှေခဲကြက်တူရွေး၊
ထီးကလေးနဲ့ မနီ စတဲ့ ကဗျာလေးတွေ ၊ TPR သုံးလို့ ရတဲ့ စက်ဘီးကလေး ကလင်ကလင် ၊ ဘူးသီးကလေး ဝတုတ်တုတ် စတဲ့ ကဗျာလေးတွေကို YouTube မှာ အလွယ်တကူ ရနိုင်ပါတယ်။ ဒါတွေကလည်း ကလေးတွေရဲ့ ဗျည်းသရအသံထွက်ပီသ မှန်ကန်အောင် လေ့ကျင့်ပေးနိုင်ပါတယ်။

🔑ပုံပြ သင်ကြားခြင်း

ရုပ်ပုံတွေ ၊ Flash cards တွေကို အသုံးပြုပြီး ဗျည်းသရ နာမည်တွေ မေးမြန်းဖြေဆိုတာကလည်း ကလေးတွေရဲ့ မှတ်မိနိုင်စွမ်းကို တိုးပွားစေပါတယ်။

ကျွန်မရဲ့ စာသင်ခန်းမှာတော့ ပုံပြပြီး ခန့်မှန်းခိုင်းတဲ့ လေ့ကျင့်ခန်းတွေ Picture Story လေးတွေ အသုံးပြုလေ့ရှိပါတယ် ။

ကလေးတွေရဲ့ ဗျည်းသရ အသံထွက်တွေ မှားယွင်းနေရင်တောင် အပြုသဘော မှတ်ချက်လေးတွေ ပေးပြီး စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ပေးဖို့လည်း မမေ့ပါနဲ့နော်🥰

လွယ်ကူရိုးရှင်းတဲ့ နောက်ထပ်နည်းလမ်းလေးတွေ ရှိရင်လည်း Comment မှာ မျှဝေသွားနိုင်ပါတယ်ရှင် 🥰

Photos from Learn with Tr Lily's post 17/03/2026

နွေရာသီ မြန်မာစာအတန်းလေးရဲ့ ပထမအပတ်ကတော့ အောင်မြင်စွာပြီးဆုံးသွားပါပြီရှင်🍀🍀🍀

ဆရာကြီးတင်မိုးရဲ့ မြန်မာစာပဒေသာစာအုပ်ထဲက သင်္ကြန်ချိန်ဆိုတဲ့ စာစီစာကုံးလေးကို ကလေးတွေနဲ့ အတူ ဖတ်ရှုဆွေးနွေးခဲ့ကြပါတယ်ရှင် ။

ကဗျာ ၈၀ထဲမှာလည်း သင်္ကြန်အလွမ်းဆိုတဲ့
ကဗျာတစ်ပုဒ်ကိုပါ တွေ့ရပြန်ပါတယ်။

သင်္ကြန်အလွမ်း

အမေအနိုး သပြေထိုးခဲ့တဲ့
အတာအိုးကလေးကို လွမ်းသေးတော့။

သင်္ကြန်နံ့တသင်းသင်းနဲ့
သင်္ကြန်ထမင်းကလေးကိုလည်း လွမ်းသေးတော့။

ဥပုသ်ဇရပ် သီလခံ
အိမ်အပြန်ငွေဖလားနဲ့
အဘိုးအဘွားတို့ကို ရေကန်တော့
လှည်းယာဉ်ကြော့ကလေးကိုလည်း လွမ်းသေးတော့။

အိုးစည်လက်သံ ဗေထုံညံလို့
သင်္ကြန်မင်းသား လှောင်ပြောင်သွားတဲ့
သံချပ်များကိုလည်း လွမ်းသေးတော့။

အနောက်အရပ်က
ပိတောက် တသသနဲ့
မျောက်က ကကြတာလည်း လွမ်းသေးတော့။

မြန်မာ့သင်္ကြန် မြန်မာ့ဟန်ကို
မြန်မာမှန်သမျှ မမေ့ကြဘူး
အဝေးကပဲ လွမ်းသေးတော့။

#တင်မိုး၈၀ကဗျာ၈၀

မကြာခင် သင်္ကြန်ကာလ ရောက်တော့မှာမို့ ရာသီစာကလေး‌တွေမို့ မျှဝေပေးပါဦးမယ်ရှင်။

မေတ္တာဖြင့်
ဆရာမလီလီ

03/02/2026

မင်္ဂလာပါ ကလေးတို့ရေ.....
ဆရာမ လီလီ ဖြစ်ပါတယ်ရှင်🪷

ဒီတပတ်မှာတော့
မွှေးမွှေးရဲ့ အိပ်မက်ဆိုတဲ့ ပုံပြင်လေး
ဖတ်ပြထားပါတယ်ရှင်။

ပုံပြင်လေးကို နားဆင်ပေးကြပါဦးရှင် 🥰



27/01/2026

နွေရာသီကျောင်းပိတ်ရက်မှာ မြန်မာစာ
အရေးအဖတ်စွမ်းရည် ကောင်းမွန်ဖို့ လေ့ကျင့်ချင်တဲ့ ကလေးတို့အတွက် မြန်မာစာအတန်းလေး ရှိပါမယ်ရှင်။

🌟ဒီသင်တန်းလေးကို အသက် ၁၀-၁၄ နှစ် ကလေးတွေ သို့မဟုတ် ကျောင်းပြင်ပသင်ရိုး ပထမအဆင့်ဖတ်စာပြီးမြောက်ထားသူတွေ တက်ရောက်နိုင်ပါတယ်။

🌟ဒီ သင်တန်းလေးရဲ့အဓိက ရည်ရွယ်ချက်ကတော့ ကလေးတွေ အရေးအဖတ်စွမ်းရည် ပိုမိုကောင်းမွန်စေဖို့ ၊ ကလေးတွေရဲ့ အတွေးတွေကတဆင့် အရေးအသားဆီ အချိတ်အဆက်မိမိ သွားနိုင်ဖို့နဲ့ မြန်မာစကား ကိုယ်ခံအတွက် ဗဟုသုတနဲ့ အခြေခံသဒ္ဒါ ခိုင်မာသွားစေဖို့ ဖြစ်ပါတယ်ရှင်။

🌟သင်ကြားမှုကို ထိရောက်စေဖို့ ၁၀ ယောက်ပဲ လက်ခံမှာဖြစ်ပါတယ်ရှင်။

🪷သင်ကြားမည့်ဆရာမ _ဆရာမလီလီ

📝 သင်တန်းစမည့်ရက်
မတ်လ ၉ရက် ၊ ၂၀၂၆။

🗓️အပတ်စဉ် တနင်္လာ ၊ အင်္ဂါ။
မနက် ၉_၁၀:၃၀ ။

⏰ သင်တန်းကာလ- ၃လ
(သင်တန်းကြေး _ တစ်လလျှင် ၃၅၀၀၀ကျပ်
တစ်လချင်း သွင်းနိုင်ပါမယ်။)

🛎️Zoom platformက သင်မှာ ဖြစ်ပါတယ်။ Telegram group ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

🌟စာအုပ် ဝယ်ရန်မလိုပါ ။ သင်ခန်းစာအတွက် လိုအပ်သော Worksheet များ ပို့ပေးမှာ ဖြစ်ပါတယ်။
Recording ပြန်လည်မရနိုင်ပါရှင်။

🌟အသေးစိတ် အချက်အလက်များသိရှိလိုပါက
သို့မဟုတ် သင်တန်းအပ်နှံလိုပါက
Page messenger မှာ ဆက်သွယ်နိုင်ပါတယ်ရှင်။

19/01/2026

✅ဖွံ့ဖြိုးတိုးတက်ခွင့် (Right to Development) - ပညာရေးရဲ့ အလင်းရောင်

ကလေးအခွင့်အရေးဆိုတာ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက်သာ မဟုတ်ပါဘူး။ ကလေးတစ်ဦးချင်းစီရဲ့ အရည်အချင်းတွေ ပွင့်လန်းဖို့၊ လူ့ဘောင်အဖွဲ့အစည်းမှာ အကျိုးပြုနိုင်တဲ့ လူတစ်ယောက်အဖြစ် ကြီးပြင်းလာဖို့အတွက် ဖွံ့ဖြိုးတိုးတက်ခွင့် ဟာ အလွန်အရေးကြီးပါတယ်။
ဒီအခွင့်အရေးက ကလေးဘဝကို ပျိုးခင်းတစ်ခုလို သဘောထားပြီး၊ အဲဒီပျိုးခင်းမှာ အသိပညာ၊ စိတ်ဓာတ်နဲ့ ကိုယ်ရည်ကိုယ်သွေးတို့ကို အပြည့်အဝ ရေလောင်းပေါင်းသင်ပေးဖို့ တောင်းဆိုထားပါတယ်။

၁။ အခမဲ့ ပညာသင်ကြားခွင့် - အနာဂတ်ရဲ့ သော့ချက်
ပညာရေးဟာ ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက သော့ချက်ပါ။
◾️ပညာရေးကို တန်းတူရရှိခွင့်: ကလေးတိုင်းဟာ သူတို့ရဲ့ နေထိုင်ရာ အရပ်ဒေသ၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ အရည်အသွေးရှိတဲ့ ပညာရေး ကို ရယူခွင့် ရှိရပါမယ်။ အထူးသဖြင့် မူလတန်းအဆင့် ပညာရေးကို အခမဲ့ ရရှိခွင့် ရှိရပါမယ်။
◾️ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှု: စာသင်ခန်းထဲက ဗဟုသုတတွေအပြင်၊ ပညာရေးဟာ ကလေးရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်း နဲ့ လူမှုဆက်ဆံရေးစွမ်းရည် တွေကိုပါ မြှင့်တင်ပေးနိုင်ရပါမယ်။ ပညာရေးဟာ ဘဝတစ်ခုလုံးအတွက် ပြင်ဆင်ခြင်း ဖြစ်ပါတယ်။

၂။ အနားယူခွင့်နှင့် ကစားခွင့် - ဦးနှောက်အတွက် အားဆေး
ဖွံ့ဖြိုးတိုးတက်ခွင့်မှာ ကျောင်းစာတွေချည်းပဲ မပါဝင်ပါဘူး။ ကစားချိန် (Playtime) ဟာ စာကျက်ခြင်းလိုပဲ အရေးကြီးပါတယ်။
◾️ ကစားခြင်း၏ အကျိုးကျေးဇူး: ကစားခြင်းက ကလေးတွေကို စိတ်ဖိစီးမှုတွေ လျှော့ချပေးတယ်။ သူငယ်ချင်းတွေနဲ့ ဆက်ဆံရာမှာ ညှိနှိုင်းမှု၊ ပြဿနာဖြေရှင်းမှု နဲ့ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှု စတဲ့ ဘဝအတွက် အရေးပါတဲ့ ကျွမ်းကျင်မှုတွေကို လက်တွေ့သင်ယူနိုင်စေပါတယ်။
◾️ယဉ်ကျေးမှုနှင့် အနုပညာ ပါဝင်ခွင့်: ကလေးတွေဟာ သီချင်းဆိုခြင်း၊ ပုံဆွဲခြင်း၊ အားကစားလုပ်ခြင်း စတဲ့ သူတို့နှစ်သက်တဲ့ ယဉ်ကျေးမှုနှင့် အနုပညာ လှုပ်ရှားမှုများ မှာ ပါဝင်ခွင့်ရှိရပါမယ်။ ဒီလှုပ်ရှားမှုတွေက စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးမှုကို များစွာ အထောက်အကူပြုပါတယ်။

၃။ လုံလောက်သော နေထိုင်မှု အဆင့်အတန်း
ပညာရေးနဲ့ ကစားခွင့်တွေကို အပြည့်အဝ အသုံးပြုနိုင်ဖို့အတွက် ကလေးရဲ့ နေထိုင်မှု အဆင့်အတန်းဟာ သင့်လျော်ဖို့ လိုပါတယ်။
◾️ လိုအပ်ချက်များ ပြည့်မီခြင်း: မိဘ/အုပ်ထိန်းသူများအနေဖြင့် ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေးရာနှင့် လူမှုရေးရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုံလောက်သော နေထိုင်မှု အဆင့်အတန်း ကို ပေးနိုင်ရန် တာဝန်ရှိပါတယ်။ ဒါက အိပ်စရာ၊ ဝတ်စရာနဲ့ စားစရာအပြင် ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ (စာအုပ်၊ သင်ထောက်ကူ) ပါ ပါဝင်ပါတယ်။
◾️တည်ငြိမ်မှု: မိသားစု ပတ်ဝန်းကျင် တည်ငြိမ်ပြီး အေးချမ်းနေမှသာ ကလေးငယ်ဟာ စိတ်ပူစရာမလိုဘဲ ပညာကို အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။
______________________________________

✅မိဘများနှင့် ဆရာများအတွက် စိန်ခေါ်ချက်
ကလေးကို စာကျက်ခိုင်းဖို့ ဖိအားပေးနေမယ့်အစား၊ သူတို့ရဲ့ ဝါသနာနှင့် စိတ်ပါဝင်စားမှု ကို ရှာဖွေပေးဖို့က ပိုအရေးကြီးပါတယ်။
◾️ ချိန်ခွင်လျှာ ညီမျှစေခြင်း: ကျောင်းစာနှင့် အိမ်စာတွေကို အလွန်အကျွံ ဖိအားပေးခြင်းက ကလေးရဲ့ စိတ်ဖိစီးမှုကို မြင့်တက်စေပြီး တီထွင်ဖန်တီးနိုင်စွမ်းကို ဟန့်တားစေပါတယ်။ အိမ်စာ၊ ကစားချိန်နှင့် အိပ်ချိန် တို့အကြား မျှတမှုကို ဖန်တီးပေးဖို့ လိုပါတယ်။
◾️ စူးစမ်းလေ့လာခွင့် ပေးပါ: ကလေးကို မေးခွန်းတွေ မေးစေပါ။ သူတို့ရဲ့ အတွေးအခေါ်တွေကို ဖော်ထုတ်ခွင့်ပေးပါ။ ဒါဟာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကောင်းဆုံး လမ်းကြောင်းပဲ ဖြစ်ပါတယ်။

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Mandalay