Lwin Education World

Lwin Education World education

Permanently closed.
17/11/2024
17/11/2024
31/03/2023

Learning with fun

27/03/2023

မအားတာနဲ့ update မဖြစ်တာကြာ

Happy full moon day all !with best wishes
07/11/2022

Happy full moon day all !
with best wishes

Halloween Day drawing activities
31/10/2022

Halloween Day drawing activities

08/10/2022

#ဆရာအလုပ်ဆိုတာ Credit မူရင်းပါရှင့်

စာသင်ရတဲ့ အလုပ်က မလွယ်ပါ။

ကိုယ်ကိုယ်တိုင် စာသင်တဲ့ နယ်ပယ်ထဲ၊
ထဲထဲဝင်ဝင် ရောက်လာလေလေ၊
စာသင်တဲ့ အလုပ်အပေါ်မှာ ပိုပြီး
တာဝန်ကြီးတယ်လို့ ခံယူလာဖြစ်လေလေ ဖြစ်လာတယ်။

စာသင်တဲ့ အလုပ် က၊ တကိုယ်လုံး နဲ့ လုပ်ရတယ်။

စာသင်ဖို့အတွက်၊ ဦးနှောက်လည်း သုံးရတယ်။

နှလုံးသားလည်း ပါရတယ်။

ကိုယ်ကာယကလည်း အားစိုက်ရတယ်။

ဥပမာ၊ စာသင်တဲ့ အချိန်တခုတည်းကိုပဲ ကြည့်ပါ။

စာသင်ချိန်မှာ၊ ဦးနှောက်လည်း တရပ်စပ် အလုပ် လုပ် နေရတယ်။

ဒီလိုပဲ ပါးစပ်က နေလည်း တတွတ်တွတ် ပြောနေရတယ်။

စာသင်နေရင်း လက်ဟန်၊ ခြေဟန် တွေ… က ၊ ဟိုလှုပ် ဒီလှုပ်။

တကိုယ်လုံးက လှုပ်ဖို့ လိုရင် လှုပ်နေရတယ်။

Body language နဲ့လည်း သင်ရ၊
နှုတ်ကလည်း အားထုတ်နေရတယ်။

ဒီကြားထဲမှာ၊ ဆရာတစ်ယောက်ဆိုတဲ့ အသိစိတ်က
လူကို လွှမ်းမိုးနေတယ်။

နှလုံးသားကနေ၊ သင်ယူသူတွေ နားလည်ရဲ့လား။

သူတို့ နားနဲ့ ကိုက်ရဲ့လား။

ငါ့ အာဘော်ကို နှစ်သက်ရဲ့လား။

သူတို့ စရိုက်နဲ့ အပ်စပ်ရဲ့လား ဆိုတာတွေကို
ခံစားနားလည်အောင် လုပ်ပြီး၊ သတိနဲ့ ကြည့်ကြည့်နေရတယ်။

ငါသာ သင်တန်းသား တစ်ယောက်၊
စာသင်သား တစ်ယောက်ဆိုရင် အခု၊ ငါ သင်တဲ့
အကြောင်းအရာတွေကို ကောင်းကောင်း နားလည်၊
သဘောပေါက်နိုင်ပါ့မလား…. ဆိုတဲ့ ပုံစံနဲ့ စဉ်းစားရတယ်။

ပမာပြု ခံစားရတယ်။

ဒါတွေဟာ ဆရာတစ်ယောက်ရဲ့ စာသင်ချိန်မှာ
ထားရတဲ့ နှလုံးသား အလုပ်။

နောက်… စေတနာတို့၊ ဘာတို့ ဆို တာတွေက၊
အပိုဆုတွေ ဖြစ်လို့ မပြောတော့ပါဘူး။

နောက် ဆရာတစ်ယောက်ရဲ့ အလုပ်က၊
စာသင်ဖို့အတွက် ပြင်ဆင်ရတဲ့ အချိန်။

ဆရာတစ်ယောက်အဖြစ် နေထိုင်ဖို့၊
လေ့လာဆည်းပူးရတဲ့ ပုံစံတွေ… စသည်ဖြင့် ရှိနေပါတယ်။

ဆရာတစ်ယောက်ဟာ၊ သူ့အလုပ်ကို လုပ်ဖို့
စာအုပ်ပုံထဲကို ခေါင်းတိုးရတယ်။
ဆရာဆိုတာ ထာဝရ ​ကျောင်းသားပါ။

သဘောတရားသက်သက်ချည်း မဟုတ်ဘဲ၊
လက်တွေ့သိနားလည်အောင်လည်း လုပ်ရတယ်။
ကိုယ်သင်တဲ့ဘာသာရပ်ကို ထဲထဲဝင်ဝင် ပိုပိုပြီး နားလည်နေဖို့ အမြဲ ကြိုးစားနေရတယ်။

ခေတ်ကိုလည်း မျက်ခြေမပြတ် ကြည့်နေရတယ်။

ကိုယ်သင်ကြားတဲ့ ဘာသာရပ်တွေမှာ၊
အမြဲ အသစ်အသစ် ဖြစ်နေဖို့ အားထုတ်ရတယ်။

ထိုနည်းလည်းကောင်း ပဲ၊ ရှုထောင့်အသစ်၊
နည်းနာသစ်တွေ ပေးနိုင်အောင် ကြိုးစားရတယ်။

ကိုယ်သင်တဲ့ ဘာသာရပ် အကြောင်း အရာကိုပင်၊
ချည်းကပ်ပုံအသစ်နဲ့ ထပ်မံတင်ပြနိုင်အောင် ကြိုးစားရတယ်။

ဆရာကြီး ဦးအောင်သင်း ပြောသလိုဆိုရင်၊
ဆရာဆိုတာ စာကိုချည်း သင်တာ မဟုတ်။

စိတ်ကိုလည်း သင်ရ တယ်။

ကျောင်းသားတွေရဲ့ စိတ်ကို သင်ဖို့၊
တတ်နိုင်သမျှ ကျောင်းသား တစ်ယောက်ချင်းစီရဲ့
စရိုက်၊ ဗီဇကို နားလည်အောင် ကြိုးစားရတယ်။

ဆရာဟာ၊ စာသင်ခန်းထဲမှာ
သင်ကြားသူ၊ ပြသသူ၊ လမ်းညွှန် အကြံပေးသူဖြစ်သလို၊
စာသင်ခန်း ပြင်ပမှာလည်း ဦးလေး သဖွယ်၊ အဖေသဖွယ်၊ အစ်ကိုသဖွယ်
နီးနီးကပ်ကပ် ပေါင်းသင်းကြရတယ်။

အဲ့လို စိတ်ချင်း၊ ကိုယ်ချင်း နီးကပ်ပြီးတော့
ကျောင်းသားတွေကို ဆွဲခေါ်ရတယ်။

အနီးကပ် ကြီးကြပ်ရ တယ်။

တကယ့် ဆရာတွေဟာ၊
သူတို့ ပညာရပ်ကို ဆက်လက် ဆည်းပူးဖို့ အမြဲကြိုးစားရတယ်။

သုတေသနလုပ်ဖို့ ကြိုးစားရတယ်။

စာတမ်းတွေ ရေးဖို့ မပြတ် လေ့လာရတယ်။

သင်ကြားရေးကို လည်း မျက်ခြေပြတ်လို့ မရဘူး။

တကယ့် ဆရာတစ်ယောက်ရဲ့ စိတ်ဟာ၊
သာမန် စိတ် မဟုတ်ပါဘူး။

ပရဟိတ စိတ်သက်သက်လည်း မဟုတ်ပါဘူး။

ဆရာဆိုတာ၊ နှုတ်၏ စောင်မခြင်းကိုလည်း ပြုရတယ်။

ကိုယ်၏ လုံ့လထုတ်ခြင်းကိုလည်း လုပ်ရတယ်။

မနောကံ ကရုဏာကိုလည်း မွေးရတယ်။

ဦးနှောက်ကလည်း၊ ဓားသွေးကျောက်လို မဖြစ်အောင် လုပ်ရတယ်။

ဓားသွေးကျောက်ဆိုတာ၊ ဓားတွေကို ထက်စေပေမယ့်
ကိုယ်က တဖြည်းဖြည်း ပါးသွားတယ်။

တုံးသွားတယ်။

ဆရာ အလုပ်ဆိုတာ၊ တစ်ပွဲထိုး အလုပ် မဟုတ်ဘူး။

ဆရာ အလုပ်ဆိုတာ၊
အပျင်းပြေ ဝင်လုပ်ရတဲ့ အလုပ် မဟုတ်ဘူး။

ကိုယ်ကျိုးကို မျှော်ကိုးပြီး လုပ်လို့ ရတဲ့ အမျိုးအစားလည်း မဟုတ်ဘူး။

ဆရာအလုပ်ဆိုတာ၊
ပညာကို ချစ်လို့ လုပ်တဲ့ အလုပ်သာ ဖြစ်ပါတယ်။

ဆရာ အလုပ် လုပ်နေပြီး၊
ပညာကို ဟန်ဆောင်ပန်ဆောင်ချစ်တယ်ဆိုရင်၊
ဆရာ အဖြစ်နဲ့ မထိုက်တန်သူလို့ပဲ ဆိုလို့ရပါမယ်။

Credit { စာ​ရေးဆရာတင်ညွန့် }᠌မှ ​ကောက်နုတ်ချက်။

ပို့စ်တစ်ခုမှကူးယူဖော်ပြပါသည်။

25/05/2022

Reading Time

25/05/2022

Reading time
I need

08/05/2022

👉Title တစ်ခုသင်ရင်း အားလုံးရအောင်
Timeအကြောင်းလည်း သင်ရင်း Handwriting လည်း သေချာလေ့ကျင့်ပေးရင်း spelling နိုင်လားလို့ ပထမဆုံး လေ့ကျင့်ပေးတာ နာရီပုံမဆွဲနိုင်ပါဘူးပြောသေးတာ သမီးလုပ်နိုင်တယ် လုပ်ကြည့်ပဲအားပေးခဲ့တာ
တို့တပည့်လေးကိုယ်တိုင်က သင်ယူလိုစိတ်ရှိချက်
my over 5 years student

08/05/2022

Video တွေ မတင်ရတာ ကြာပီ ကိုယ့်ရဲ့အငယ်ဆုံးတပည့်လေး baby Dee Dee

Address

PyinKyiTaGone Township
Mandalay

Website

Alerts

Be the first to know and let us send you an email when Lwin Education World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share