10/05/2026
Sacrificing one to save five ဆိုပြီး
Runaway train ဥပမာ နာမည်ကြီးပါ
Moral principle တွေပြောတော့မယ်ဆိုရင်
ဒါက မပါမဖြစ်ပဲမို့လား
ကိုယ်က Medical field ထဲကဆိုတော့
ဘယ်လိုစဉ်းစားကြည့်မလဲ ?
သူ့ကံပဲလေတော့ မလုပ်နဲ့နော် 😅
Brainstorm နည်းနည်းပေးကြည့်ပါ
Switch လုပ်ချင်ရင်လည်း
Net mortality ကျမယ်လေ
၅ယောက်အသက်ကို ကယ်နိုင်မှာပဲ
Common intuition ကတော့ ဒီလိုပဲတွေးမှာပါ။
မဟုတ်ဘူး ငါတို့ကတော့ active harm မလုပ်ဘူး
ဟိုဘက်က သူ့ဟာသူ နေရင်းထိုင်းရင်း
ကိုယ့်ပယောဂနဲ့တော့ ငါတို့ကမလုပ်ဘူး
Do no harm ကို violates မလုပ်ဘူးဆိုလည်းအိုကေ
ပါဝင်ဖြေပေးကြည့်ပါခင်ဗျာ
ကျနော်လည်း ဖတ်ကြည့်ချင်လို့ပါ
10/05/2026
ကိုယ့်ဘဝလေးကို
ရောင့်ရဲတင်းတိမ်ပါ
Acceptance ကပဲ
ပျော်ရွှင်မှုပေးတာ
ဖြေးဖြေးသွားပါ💟
10/05/2026
အမေများနေ့အတွက်
အဓိပ္ပာယ်ရှိသော ကျေးဇူးဆပ်ခြင်းပါပဲ
မိဘပေးထားတဲ့ အသွေးအသားကို
ကိုယ့်ကိုယ်ကျိုးအတွက်ဘဲ မဟုတ်ဘဲ
“သင့်သွေးဖြင့် အသက်ကယ်ပါ”
တကယ်လိုအပ်နေသူတွေအတွက်
လှူဒါန်းခဲ့ရလို့ ဝမ်းမြောက်ပါတယ် 🙏
ကုသိုလ်ပညာဥစ္စာ
၁ရက်မလပ် ဖြည့်ဆည်းနေပါတယ်
ဒါနစွန့်ကြဲခြင်းတရားကိုလည်း ကျင့်ပါတယ်
သီလစောင့်ထိန်းခြင်းကိုလည်း ပြုပါတယ်
ဘာဝနာပွါးများခြင်းလည်း ကြိုးစားပါတယ်
ရောင့်ရဲခြင်း ခန္ဓီတရား လက်ကိုင်ထားပါတယ်
ဒီဘဝက အရတော်တယ်လို့ပဲ မှတ်ယူပါတယ်
ဘာအကြောင်းနဲ့မှ ပူလောင်ခြင်းမရှိတော့ပါ
ဖြစ်ကြောတွေလည်း မရှည်တော့ပါ
အကုသိုလ်တရားတွေ စိတ်သုန်းရာကိုလည်း
Practice လုပ်နေပါတယ်
သင်ဆရာမြင်ဆရာကြားဆရာတို့ကိုလည်း
ဒီလိုမှန်ကန်မျှတတဲ့ အလယ်လတ်လမ်းစဉ်ကို
ဆုံးမညွှန်ကြားခဲ့လို့ အကြိမ်ကြိမ်ဦးချမိပါတယ်
အယူလွဲရင် သံသရာနဲ့ချီပြီး ခံရဦးမယ်
သေခါနီးမှ ငိုကြွေးနေရတဲ့သူ မဖြစ်ချင်ပါ 🙏
သတိတရားလက်ကိုင်ထားပြီးနေကြပါခင်ဗျာ
Happy Mother’s Day
ပျော်ရွှင်ဖွယ်အမေများနေ့ ဖြစ်ပါစေ 🤍
မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၀၊၅၊၂၀၂၆
10/05/2026
မနေ့က အဖြေလေးတိုက်မယ်ခင်ဗျာ။ ဆောရီးပါ ကျနော်ဒီနေ့ သွေးလှူပြီးမှ အားနည်းသလိုဖြစ်နေလို့ ပို့စ်တွေ မတင်နိုင်တာပါ။ မနေ့က Q&A လေးလည်း မငြူးမငြူဖြေပေးကြလို့ အားဖြစ်ပါတယ်။ Facebook ဖြေဆိုသူ “၂၅၃” ဦးရှိပါတယ်။ Telegram ပါဝင်သူ “၄၈” ဦး ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် active participation လုပ်နေတာက မသိစိတ်မှာ အလေ့ကျင့်ကောင်းလေးတခုဖြစ်စေပါတယ်။ ကျနော်ကတော့ knowledge sharing ရော Motivation ရော အကုန်အစုံလုပ်ပါတယ်။ Short term အတွက်တော့ Moti ကနေ စရတာပါ၊ ကြာလာတော့ Habit ဖြစ်သွားတယ်၊ အဲ့ထက်ကြာကြာသွားချင်ရင် Profit ရအောင်လုပ်ပါ ။ ကျနော်ဆိုရင် စာလုပ်နေရင်း စာဖတ်နေရင်း Profit ယူပါတယ်။ စလုပ်တည်းက Profit အတွက်လုပ်တာဆိုရင်တော့ မတန်ဘူးဗျ ဘာလို့စာဖတ်နေမလဲ စီးပွါးရေးသာလုပ်ပါဗျ အဲ့တာက ငွေပိုဝင်တယ်။ စာရေးစာသင် အသက်မွေးဝမ်းကြောင်းက ဘာမှမပြောပလောက်တဲ့ ဝင်ငွေပါ။ စီးပွါးရေးသမားရဲ့ဝင်ငွေကိုမမှီနိုင်ပါဘူး။ ကိုယ်တန်ဖိုးထားတဲ့ Academic လမ်းကြောင်းလေး တာရှည်ခံနေဖို့အတွက်သာ Digital asset တည်ဆောင်ထားတာပါ။ ပြီးတော့ ကိုယ့်ရဲ့ core values အရလည်း ကျေနပ်ပီတိဖြစ်နေရမယ်ဆိုရင် တန်ပြီ။ Facebook ပေါ်မှာ viral ဖြစ်ခြင်းမဖြစ်ခြင်းက algorithm နားလည်ရင်ရပါတယ် အဲ့ဒါက ပညာတန်ဖိုးကို မဆုံးဖြတ်ပါဘူး။ ကိုယ့်ရဲ့ဆေးလောကမောင်နှမတွေ တန်ဖိုးထားဖတ်ပေးကြတယ်ဆိုရင် ဒါကျနော့်အတွက် တန်ဖိုးပဲဗျ။ ရွေးချယ်ဖတ်ပါ မတန်ဘူးထင်ရင် ကိုယ့်အချိန်မပေးပါနဲ့ Academic journey မှာ ဒီအတိုင်းပဲသွားပါ။ ကဲ ဒါဆိုအဖြေလေးတချက်ရှိုးရအောင် 💪💪
✅ Answer - B (Intubation and Ventilator)
Case လေးမှတ်မိအောင်လို့ပါ။ Theory တခါရေးဖူးပြီးသားပါ။ ပိုမှတ်မိအောင် additional support အနေနဲ့ ထပ်ဖြေကြည့်တာပါ။ Fever + Thrombocytopenia + Rodent exposure + Cardiopulmonary involvement အဲ့လို combo set လေးတွေကို မှတ်ထားရပါတယ်။ လူနာမှာလည်း Prodromal symptoms လေးတွေ ပေးထားပါတယ်။
ဆရာတယောက်ဖြေထားတာလေး တော်တော်ကြိုက်ပါတယ်။ D.Dx မှာ Leptospirosis ထည့်သွားတာပါ။ Rodent exposure နဲ့ Fever + Thrombocytopenia ဆိုတော့ စဉ်းစားစရာဖြစ်ပါတယ်။ လူနာရဲ့ onset က very sudden ဖြစ်နေပါတယ်။ Weil’s disease မှာလည်း Renal, Lung ထိပါတယ်။ ဒီအဆင့်မှာဆိုရင် (Icteric leptospirosis) Jaundice, Conjunctival suffusion ဒါတွေပါ တွေ့ရမှာပါ။ နောက်တချက်က CXR finding မှာ Bilateral alveolar infiltrates in the early course ဖြစ်နေတာက Capillary leak syndrome ကို ဦးတည်ပါတယ်။ ဒါကြောင့် Hantavirus Cardiopulmonary $ ဖြစ်ပါတယ်။ HCPS ရဲ့ အရေးကြီးဆုံးက Adequate pulmonary and Hemodynamic support ပါ။ HCPS ရဲ့ mortality က အတော်ဆိုးတာပါ upto 50% ထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် အဖြေက B ဖြစ်သွားပါတယ်။
ကဲ လိုတိုရှင်းလေးပါခင်ဗျာ
အကျိုးရှိရင် YES လို့ မန့်ပေးပါ 💟
မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၀၊၅၊၂၀၂၆
10/05/2026
Group members ၁၅၀၀ ပြည့်တော့မှာပါ
လူစုံပြီလို့ ယူဆပါတယ်ခင်ဗျာ။
ဒီညပဲ Ppt စပြင်ပြီး မြန်မြန်ဖတ်ပါတော့မယ်
လိုတိုရှင်း မိနစ်အနည်းငယ်ပဲ ကြာမှာပါ
သူရေးထားတာလည်း ရှင်းနေတာပါပဲ
ကျနော်က Theory နဲနဲပြောမှာမို့
ပိုပြည့်စုံမှာပါခင်ဗျာ
ကဲ Ready ဖြစ်နေပြီလား သိချင်ပါတယ်
နောက်ထပ် အသစ်တွေ ဖတ်ရဦးမှာပါဗျ
Come on ဆရာတို့ရေ ရပ်မနေကြနဲ့နော်
ငယ်တုန်းရွယ်တုန်း သန်မာတုန်း ကြိုးစားဖတ်ပါ
အလေ့ကျင့်ကောင်းတွေ တိုက်တွန်းသူရှိတုန်းလုပ်ထားပါ
ဘယ်သူမှ ဒါမျိုးတွေ ပြောပေးနေမှာမဟုတ်ပါဘူး
ကျနော်က ကိုယ့်လူရင်းတွေဖြစ်ကုန်ပြီမို့ ဒါမျိုးပြောတာ
အပြင်လူလာပြောရင် ဆရာတို့ကြိုက်မှာမဟုတ်ဘူး
ပုဂ္ဂိိုလ်ခင်မင်မှုတဲ့ တိုက်တွန်းကြည့်လိုက်ပါရစေ
Ready ဆိုရင် YES လို့မန့်ပေးပါ 💟
မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၀၊၅၊၂၀၂၆
10/05/2026
ကနေ့ အမေများနေ့ သွေးလှူပါမယ်
🙏🙏🙏
ဆက်စပ်ပြီး Transfusion reaction လေးပါ
လိုတိုရှင်း မျှဝေမှုဖြစ်ပါတယ်
ဒီလိုမှမပြောရင်လည်း မေ့နေတတ်တာမို့ပါ
🚨 Acute transfusion reaction အတွက်ပါ
Immune Vs Non-immune စာဆန်ပါတယ်
Davidson ရေးတဲ့ flow chart လေးတချက်ပါ
၁။ သွေးသွင်းနေရင်း Reaction ပေါ်လာရင် ချက်ခြင်းရပ်ပါ။
Fever only > Febrile reaction
Urticaria only > Allergic reaction
၂။ ABO incompatible ထင်လား Check ပါ။
၃။ Severe Anaphylaxis reaction ရှိလား ?
၄။ Bacteria contamination check ?
(Blood pack discolour, rapid rigors)
Symptoms အရမ်းမြန်ရင်သတိထားဖို့ပါ။ အထူးသဖြင့် platelet transfusion သတိရှိရန်။
၅။ Acute dyspnoea ရှိလား ?
TRALI and TACO ဒါစဉ်းစားခိုင်းပါတယ်။
Step by step လေးမှတ်တာက တပိုင်းပေါ့လေ
Mechanisms သိတာက Academic အတွက်
✅ Immune reaction အောက်မှာ(၃)ခု
၁။ Acute Haemolytic transfusion reaction
၂။ Allergic and Anaphylaxis reaction
၃။ TRALI
✅ Non-immune reaction (၃)ခု
၁။ TACO (fluid overload)
၂။ Bacteria contribution
၃။ Metabolic problems (Hypothemia, Hypocalcemia, Hyperkalemia)
(ဒါက လက်ကပ်တာ၊ ကြွက်တက်တာလောက်ပါ)
⚠️ ရင်းနှီးပြီးသားဆရာတွေက ကျော်ဖတ်ပေးပါ
Transfusion Reaction တခုဖြစ်တိုင်းမှာ
🚨 The Big “3” Life-threat ကိုကြောက်ရတာ
၁။ AHTR (Hemolytic)
(FEVER, Urine Color changes)
၂။ Severe Anaphylaxis
(Wheezing, BP drop, Hives without fever)
၃။ Septic shock
(Extremely high fever, BP drop)
အကျိုးရှိရင် YES လို့ မန့်ပေးပါ 💟
゚
မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၀၊၅၊၂၀၂၆
09/05/2026
2026 NICE guideline Acne Mx က မောင်နှမအားလုံး Join ပေးပါဗျ။
Link in comment. ဆရာဦးရေ ၈၀၀ ကျော်ရှိပါပြီ Welcome ပါခင်ဗျာ😍
09/05/2026
ပြဿနာကိုယ်စီမို့
အားမကျပါနဲ့
ကိုယ့်နှုန်းလေးနဲ့ကို
အေးဆေးသာပြေး
ရပ်မသွားဖို့လိုတာ