Dhammadipa, Mandalay, Myanmar

Dhammadipa, Mandalay, Myanmar Abdhidhamma, Tika, Visuddhimagga, Samyutta, and Dhamma Teaching since 2010.

၂၅-၈-၂၀၂၆အင်္ဂါနေ့7:00 pm-9:00 pmပညာဘူမိတက္ကသိုလ် သုတဓမ္မဒီပလိုမာ level 2 စိတ်၏အတွေးများ လေ့ကျင့်ခန်း မေးခွန်းများအား ဆရ...
25/08/2026

၂၅-၈-၂၀၂၆

အင်္ဂါနေ့

7:00 pm-9:00 pm

ပညာဘူမိတက္ကသိုလ် သုတဓမ္မဒီပလိုမာ level 2

စိတ်၏အတွေးများ လေ့ကျင့်ခန်း မေးခွန်းများအား ဆရာမဒေါ်မဥ္ဇူက ရှင်းလင်းပို့ချပေးပြီး သိလိုသည်များကို ရှင်းပြပါသည်။

ထို့ပြင် သင်တန်းသားများ သိလိုသည်များ
ကို ဆရာကြီးဒေါက်တာဦးခင်မောင်
ကြည်က ဖြည့်စွက်ရှင်းလင်းပြပါသည်။

#ဓမ္မဒီပသင်တန်းကျောင်း

ဓမ္မဒီပဗုဒ္ဓစာပေသင်တန်းကျောင်းမှသုတဓမ္မဂဝေသီ(BA part 1)အတန်းအား ဓမ္မဒါနအဖြစ် အပတ်စဉ်တနင်္လာနေ့တိုင်း(ည၇နာရီမှ ၉နာရီ)ပို့...
24/08/2026

ဓမ္မဒီပဗုဒ္ဓစာပေသင်တန်းကျောင်းမှ

သုတဓမ္မဂဝေသီ(BA part 1)အတန်းအား

ဓမ္မဒါနအဖြစ် အပတ်စဉ်တနင်္လာနေ့တိုင်း

(ည၇နာရီမှ ၉နာရီ)ပို့ချလျက်ရှိရာ ယနေ့

၂၄.၈.၂၆ ရက်နေ့၌ မန္တလေးသီတဂူ

ကျောင်းအုပ် ဆရာတော် ဒေါက်တာအရှင်

ဝေဠုရိယဉာဏာလင်္ကာရမှ အပိုင်း(၄)အား

သင်ကြားပို့ချပေးပါသည်။

24.8.2026 တနင်္လာနေ့7:00-9:00 pmဓမ္မဒီပဗုဒ္ဓစာပေသင်တန်းကျောင်းသုတဓမ္မဒီပလိုမာ Level1မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာလေ့ကျင်...
24/08/2026

24.8.2026 တနင်္လာနေ့
7:00-9:00 pm
ဓမ္မဒီပဗုဒ္ဓစာပေသင်တန်းကျောင်း
သုတဓမ္မဒီပလိုမာ Level1
မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ
လေ့ကျင့်ခန်းမေးခွန်းများကို
ဆရာမဒေါက်တာဝင်းဖြူသွယ်ကရှင်းလင်းပြီး သင်တန်းသားများကလည်း မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ဓမ္မဒီပဗုဒ္ဓစာပေသင်တန်းကျောင်းမှ ဓမ္မဒါနအနေဖြင့်အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း ည၇နာရီမှ ၉နာရီထိ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီ...
23/08/2026

ဓမ္မဒီပဗုဒ္ဓစာပေသင်တန်းကျောင်းမှ ဓမ္မဒါန

အနေဖြင့်အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း

ည၇နာရီမှ ၉နာရီထိ အဘိဓမ္မာဂုဏ်ထူးဆောင်

(ဋီကာကျော်)တန်းအား ပို့ချလျက်ရှိရာ ယခု

အပတ်၌ တတိယဆင့်၊သမုစ္စည်း၊ဗောဓိပက္ခိယ

သင်္ဂဟနှင့် သဗ္ဗသင်္ဂဟတို့အား ဆရာကြီး

ဒေါက်တာဦးခင်မောင်ကြည်မှ သင်ကြားပို့ချ

ပေးပါသည်။ထို့နောက် ဆရာမဒေါက်တာ

ဒေါ်မီမီထွေးမှ ရုပ်ပိုင်း အစမ်းစာမေးပွဲမေးခွန်း

တို့အား ရှင်းလင်းဖြေဆိုပေးပါသည်။

၂၃-၀၈-၂၀၂၆ (တနင်္ဂနွေနေ့)အဘိဓမ္မာ(ရိုးရိုး)အတန်း၊ (နေ့လယ် ၁၂-၃)နာရီဆရာမဒေါ်ချိုမာဝင်းက ရုပ်ပိုင်း ဆိုရိုးချပေးပါသည်။ ဆရာ...
23/08/2026

၂၃-၀၈-၂၀၂၆ (တနင်္ဂနွေနေ့)

အဘိဓမ္မာ(ရိုးရိုး)အတန်း၊ (နေ့လယ် ၁၂-၃)နာရီ

ဆရာမဒေါ်ချိုမာဝင်းက ရုပ်ပိုင်း ဆိုရိုးချပေးပါသည်။

ဆရာကြီး ဒေါက်တာဦးခင်မောင်ကြည်က
ရုပ်ပိုင်း- ရူပဝိဘာဂ ပို့ချပေးပြီးနောက်

သင်တန်းသားများ သိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။

#ဓမ္မဒီပဗုဒ္ဓစာပေသင်တန်းကျောင်း

23.8.2026 တနင်္ဂနွေနေ့ဓမ္မဒီပ ဗုဒ္ဓစာပေသင်တန်းကျောင်း၏ သင်တန်းမှူးဆရာကြီး Dr.ဦးခင်မောင်ကြည်+ Dr. ဒေါ်ချိုချိုမာတို့က 201...
23/08/2026

23.8.2026 တနင်္ဂနွေနေ့
ဓမ္မဒီပ ဗုဒ္ဓစာပေသင်တန်းကျောင်း၏
သင်တန်းမှူးဆရာကြီး
Dr.ဦးခင်မောင်ကြည်+ Dr. ဒေါ်ချိုချိုမာတို့က 2013 ခုနှစ်မှ စတင်တည်ထောင်ဖွင့်လှစ်ခဲ့သော ဓမ္မဒီပတနင်္ဂနွေဓမ္မစကူးလ်
အမှတ်စဉ် ၉/၂၀၂၆တွင်
ဓမ္မစကူးလ် ဆရာမများဖြစ်သော
Grade1- ဒေါ်ရွှေဖြိုးသွယ်၊ ဒေါ်သန္တာလှိုင်၊
Grade 2- ဒေါ်အိအိ၊ဒေါ်ဖြူမီဟန်၊ ဒေါ်ကေဇင်သူ
Grade 3 - ဒေါ်မာမာအေး၊ဒေါ်ငြိမ်းငြိမ်းစိုးဒေါ်ခင်မြင့်ဦး
Grade 4 - ဒေါ်ဆွေဆွေလတ်၊ ဒေါ်သီတာယုယုလှိုင်
Grade 5- ဒေါ်ယဉ်နွယ်စိုး၊ ဒေါ်အေးသီရိဇော်၊ ဒေါ်ဇာလီဝေ
Grade6- ဒေါ်မာလာဝင်း၊ ဒေါ်စန်းစန်းအေး၊ ဒေါ်စုလှိုင်ဝင်း
တို့က ဓမ္မဒါနအဖြစ် သင်ကြားပေးခဲ့ကြပါသည်။
🌹ယနေ့ အာဟာရဒါနကုသိုလ်ရှင်
မှာ မဝေဇင်မှူးထက် G5
ဖြစ်ပါသည်။🌹

၂၃.၈.၂၀၂၆ တနင်္ဂနွေနေ့ ည ၇နာရီ မှ ၁၀နာရီဓမ္မဒီပ ဗုဒ္ဓစာပေသင်တန်းကျောင်းဝိသုဒ္ဓိမဂ် ဒုတိယဆင့် (မြန်မာပြန်)ခန္ဓ နိဒ္ဒေသ၇။ ...
23/08/2026

၂၃.၈.၂၀၂၆ တနင်္ဂနွေနေ့ ည ၇နာရီ မှ ၁၀နာရီ

ဓမ္မဒီပ ဗုဒ္ဓစာပေသင်တန်းကျောင်း

ဝိသုဒ္ဓိမဂ် ဒုတိယဆင့် (မြန်မာပြန်)

ခန္ဓ နိဒ္ဒေသ

၇။ ခန္ဓငါးပါးကို အတိတ်စသည်ဖြင့် ဝေဖန်ပုံ

- ဝေဒနာက္ခန္ဓာကို အတိတ်၊ အနာဂတ်၊ ပစ္စပ္ပုန်ဖြင့်

ဝေဖန်ပုံ

- ဝေဒနာက္ခန္ဓာကို အဇ္ဈတ္တ၊ ဗဟိဒ္ဓဖြင့် ဝေဖန်ပုံ

- ဝေဒနာက္ခန္ဓာကို ဩဠာရိက၊ သုခုမဖြင့် ဝေဖန်ပုံ

- ဝေဒနာက္ခန္ဓာကို ဒူရေ၊ သန္တိကေအားဖြင့် ဝေဖန်ပုံ

၈။ ကမ(အစဉ်)စသည်ဖြင့် ဆုံးဖြတ်ပုံ

(က) အစဉ်အားဖြင့် ဆုံးဖြတ်ပုံ (ကမတော)

များအကြောင်းကို အဓိပတိသင်တန်းမှူး ဆရာကြီး

ဒေါက်တာဦးခင်မောင်ကြည် ဓမ္မဒါနပို့ချပါသည်။

23.8.226..တနင်္ဂနွေနေ့ဝိသုဒ္ဓိမဂ်ပထမအဆင့် အတန်းအားယနေ့နေ့လည် ၁၂နာရီ မှ ၃နာရီ အထိ ဆရာမကြီးဒေါက်တာဒေါ်ချိုချိုမာမှပို့ချပေ...
23/08/2026

23.8.226..တနင်္ဂနွေနေ့
ဝိသုဒ္ဓိမဂ်ပထမအဆင့် အတန်းအား
ယနေ့နေ့လည် ၁၂နာရီ မှ ၃နာရီ အထိ
ဆရာမကြီးဒေါက်တာဒေါ်ချိုချိုမာမှပို့ချပေးပါသည်

ဝိသုဒ္ဓိမဂ် တတိယအဆင့်အတန်းအားအပတ်စဉ် စနေ , တနင်္ဂနွေနေ့တိုင်းမနက်(၈)နာရီမှ (၁၁)နာရီထိဓမ္မဒီပ ဗုဒ္ဓစာပေသင်တန်းကျောင်းမှ ဓ...
23/08/2026

ဝိသုဒ္ဓိမဂ် တတိယအဆင့်အတန်းအား
အပတ်စဉ် စနေ , တနင်္ဂနွေနေ့တိုင်း
မနက်(၈)နာရီမှ (၁၁)နာရီထိ
ဓမ္မဒီပ ဗုဒ္ဓစာပေသင်တန်းကျောင်းမှ
ဓမ္မဒါနအဖြစ် ရှင်းလင်းပို့ချပေးလျက်ရှိပါသည်။

🪷 23.8.2026 တွင်
ဆရာကြီး ဒေါက်တာ ဦးခင်မောင်ကြည်မှ
ဓမ္မဒါနအဖြစ် ဆက်လက် ပို့ချပြီး 🙏🙏🙏

🪷ဆရာမ ဒေါ်မဉ္ဇူမှ
လေ့ကျင့်ခန်းမေးခွန်းများ ရှင်းလင်းပေးပါသည်။ 🙏🙏🙏

၂၀၂၆ ခုနှစ် အဘိဓမ္မာ ဂုဏ်ထူးဆောင်အစမ်းစာမေးပွဲ (၇)ပထမ - ဒေါ်ခင်သန့်ဇင်          - မငြိမ်းဌေး                ၂၆ မှတ် ဒုတိ...
23/08/2026

၂၀၂၆ ခုနှစ် အဘိဓမ္မာ ဂုဏ်ထူးဆောင်အစမ်းစာမေးပွဲ (၇)

ပထမ - ဒေါ်ခင်သန့်ဇင်
- မငြိမ်းဌေး ၂၆ မှတ်

ဒုတိယ- ဒေါ် ခင်ပပစိုး
- ဦးဇော်မင်းဦး
- ကိုတင်ကိုကို ၂၄ မှတ်

တတိယ - ဒေါ်တင်မာချို ၂၃ မှတ်

# # အစမ်းစာမေးပွဲများကို မပျက်အောင်ကြိုးစားဖြေဆို ပူဇော်ကြပါရန် တိုက်တွန်းအပ်ပါသည်
အစမ်းစာမေးပွဲ ၃ ကြိမ် ခွင့်မဲ့ပျက်ကွပ်ပါက သင်တန်းသားစာရင်းမှ ပယ်ဖျက်ပါမည် # #

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Dhammadipa, Mandalay, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share