Hello Oxford phonic ကို အချိန်မပေးနိုင်တဲ့မိဘတွေ အတွက်ရော
အိမ်မှာ ပြန်ချင်ပေးချင်တဲ့မိဘတွေအတွက်ရော 👇👇👇
တီချယ်က📻 Recording class လေးလုပ်ပြီး ဖွင့်ပေးမယ်ဆို အဆင်ပြေကြလား မေမေတို့ရေ
@ Yamin
Tr.Yamin
Education and translation
ဒီနေ့ကစပြီး သင်ကြားနည်းလေးတွေနဲ့ worksheets လေးတွေကို သိထားသလောက်ပြန်မျှဝေပေးသွားမှာမို့ page လေးကို ' like and follow ' လုပ်ထားပေးပါဦးနော်
လာမဲ့ နွေရာသီအတွက်လည်း online အတန်းတွေ ဖွင့်ပေးသွားပါမယ်
တီချယ်ရဲ့ page လေးကို ပစ်ထားတာကြာပြီ
ခုစပြိး သင်ကြားရေးတွေ ပြန်လုပ်ပါတော့မယ်
အရင်ကလည်း page ကိုသိပ်မသုံးဖြစ်ပဲ
personal fb acc ကနေပဲ အတန်းတွေကြေငြာတာ
ခုတော့ page ကနေ အသစ်ပြန်သွားပါမယ်
26/03/2023
မိဘတွေ ဘေဘီလေးတွေရဲ့ အနေအထိုင်ကို သတိပြုမိစေချင်
"ဘေဘီလေးတွေ Wပုံစံထိုင်ခြင်း"
ဘေဘီလေးတွေ Wပုံစံထိုင်တယ်ဆိုတာ သူတို့ထိုင်တဲ့အချိန်တိုင်းမှာ ခြေထောက်နှစ်ချောင်းကို ကွေးပြီး အပြင်ဖက်ကား ထိုင်တာကိုခေါ်ပါတယ်။ကလေး
တွေဟာ အဲလိုပုံစံထိုင်ရင် သူတို့အတွက်stableဖြစ်တဲ့အတွက် ကလေးအများစု
Wပုံစံပဲထိုင်ကြပါတယ်။အများအားဖြင့် Wပုံစံထိုင်တာကို သုံးနှစ်အရွယ်ကလေး
တွေမှာ တွေ့ရလေ့ရှိပြီး တချို့ကလည်း ဒီ့ထက်စောပြီးလည်း ထိုင်တတ်ကြပါတယ်။
မိဘက ပြင်မပေးရင် ခြောက်နှစ်အရွယ်အထိ အကျင့်ပါသွားတတ်ပါတယ်။ကလေးတွေ Wပုံစထိုင်တာဟာ တခါတလေဆိုရင် ဘာမှမဖြစ်ပေမဲ့ အကျင့်တစ်ခုလို
စွဲစွဲမြဲမြဲထိုင်နေတယ်ဆိုရင်တော့ ရေရှည်မှာ ပြဿနာဖြစ်လာနိုင်ပါတယ်။
(1)ဘဲလမ်းသွားသလို ခြေခွင်လာနိုင်ပါတယ်။
(2)ကိုယ်နေဟန်ထား မညီတာဖြစ်လာနိုင်ပါတယ်။
(3)တင်ပါးနဲ့တင်ပါးဆုံရိုးထိခိုက်တာ နေရာလွဲတာ ဖြစ်လာနိုင်ပါတယ်။
(4)ဒူးခေါင်းနဲ့ခြေကျင်းဝတ်အရိုးတွေ နာကျင်လာနိုင်ပါတယ်။
(5)ခါးအောက်ပိုင်းကြွက်သားတွေ အားနည်းလာပြီး မတ်တတ်ရပ်တာ/လေးဖက်
သွားတာ/လမ်းလျှောက်တာ နောက်ကျ နိုင်ပါတယ်။
(6)အရွယ်ရောက်လာတဲ့အခါ နောက်ကျောရိုးနာကျင်တာမျိုးဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် မေမေတွေအနေနဲ့ ထိုင်တတ်တဲ့အရွယ်ကစပြီး သူဘယ်လိုပုံစံလေ့ရှိ
လဲဆိုတာ သတိထားပြီး စောင့်ကြည့်သင့်ပါတယ်။Wပုံစံထိုင်တာ တွေ့မိချိန်တိုင်းမှာ
အကျင့်ပါမသွားအောင် ပြင်ပေးရပါမယ်။Wပုံစံ ထိုင်တဲ့အကျင့်ပျောက်သွားအောင်
မေ့သွားအောင် ပြုလုပ်ပေးရမဲ့ ထိုင်နည်းလေးတွေ မေမေတို့ သိထားရမှာဖြစ်ပါတယ်။
(1)တင်ပျဉ်ခွေ ထိုင်ခိုင်းပါ။
(2)ခြေဆင်းပြီး ထိုင်ခိုင်းပါ။
(3)ဘေးတိုက်စောင်း(ဘေးတစောင်း)ထိုင်ခိုင်းပါ။
(4)ဒူးတုတ် ထိုင်ခိုင်းပါ။
သားသား/မီးမီးတွေ Wပုံစံထိုင်တိုင်းမှာ ဒီပုံစံလေးမျိုးကို အမျိုးမျိုးပြောင်းထိုင်ပေးလိုက်ရင် ကြာလာတဲ့အခါ
Wပုံစံထိုင်တတ်တဲ့ အကျင့်လေးပျောက်သွားပါလိမ့်မယ်။
ဒါပေမဲ့ အထူးသတိထားရမှာက Wပုံစံထိုင်တဲ့အခါ
"အဲလိုပုံစံ မထိုင်နဲ့"လို့ မဆူပါနဲ့။အဲလိုဆူလိုက်ရင် ကလေးကအဲလိုထိုင်ဖို့ သတိပေးသလို ခံစားရပြီး အကျင့်ကမပျောက်နိုင်ဘဲ ကြာနေတတ်ပါတယ်။ကလေးစိတ်ထဲ Wပုံစံ
ထိုင်နေတာကို အာရုံမထားမိအောင် ထိုင်နေတဲ့အချိန်မှာ
မသိမသာလေးနဲ့ပဲ ပြင်ပေးသွားသင့်ပါတယ်ရှင်။
(https/Child Development Centre.org
https/www.healthline.com)
ညနေမိုး(ကလေး)
-Kalay
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
05061
18/03/2023