I-Tech Computer Training Centre

I-Tech Computer Training Centre

Share

" အောင်မြင်သူ တို့၏ ခြေလှမ်းအစ
i-Tech Computer Training Centre "

11/11/2025

"မလုပ်ပါနဲ့ မလုပ်ပါနဲ့ ဟိုး stop မလုပ်ပါနဲ့ " ဒီလိုမျိုး
မြန်မာ ၊ English ပြောင်းရိုက်တတ်ချင်သူများအတွက်သာ😝

ဒီလိုမျိုး update ဖြစ်တဲ့ သင်ခန်းစာ ‌တွေ လေ့လာချင်ရင် သင်တန်းကို အရောက်လှမ်းခဲ့ပါ😁

10/11/2025

Microsoft Word နဲ့ စာအိတ် (Envelope) ပေါ်မှာ စာရေးနည်း
+++++++++++++++++++++++++++++++++++

နည်းလမ်း (Envelope Printing using Word)

အဆင့် (၁) —
Word ကိုဖွင့်ပါ
Microsoft Word ကိုဖွင့်ပါ။
(Blank Document အသစ်တစ်ခုဖွင့်လို့ရပါတယ်။)

အဆင့် (၂) —
Mailings Tab ကိုသွားပါ
Word အပေါ်ဘက် Menu Bar မှာ
Mailings → Envelopes ကိုနှိပ်ပါ။

(Mailings မမြင်ရလျှင် → Ribbon Options မှာ ဖွင့်ထားပါ။)

အဆင့် (၃) —
Envelopes Dialog Box
ဒီ Dialog Box ထဲမှာ အောက်ပါနေရာတွေကို ဖြည့်ပါ
Delivery Address → စာပေးရမည့်လိပ်စာ
(ဥပမာ – Company Name, Address, City, Zip Code)

Return Address → မပေးရင်ပြန်လာဖို့သုံးတဲ့ သင့်လိပ်စာ

အဆင့် (၄) —
Envelope Options (အရွယ်အစားရွေးခြင်း)
➡️ Options ကိုနှိပ်ပါ →
Envelope Options tab ထဲက “Envelope size” မှာ
သင့်စာအိတ်အရွယ်အစား (ဥပမာ – Size 10, C5, DL စတာ) ကိုရွေးပါ။

➡️ Position ထဲက “From left” / “From top” စသည်တို့ဖြင့်
စာပေးလိပ်စာ နေရာကိုတိတိကျကျ ညှိနိုင်ပါတယ်။

အဆင့် (၅) —
Print Options
Printing Options tab ထဲမှာ
စာအိတ်ကို printer ထဲထည့်ပုံရွေးပါ။
(စာအိတ်ကို printer ထဲထည့်မည့်ဘက်၊ မျက်နှာဘက်/နောက်ဘက် စသည်)

အဆင့် (၆) —
Print လုပ်ပါ
ပြီးရင်
Add to Document (သို့မဟုတ်) Print ကိုနှိပ်ပါ။
✔ Add to Document ဆိုရင် စာအိတ်ပေါ်မှာ စာနဲ့ Preview ပြပါမယ်။
✔ Print ဆိုရင် တန်း Print ထုတ်နိုင်ပါတယ်။

အကြံပြုချက်(Note)
============

Envelope အရွယ်အစားကို စာအိတ်တစ်စောင်နဲ့တိုင်းပြီးမှရွေးပါ။

လက်ရှိ printer အမျိုးအစားအပေါ်မူတည်ပြီး ထည့်ပုံကွာနိုင်ပါတယ်။

Logo သို့မဟုတ် Image ထည့်ချင်ရင် →
Insert → Picture သုံးပြီး စာအိတ်ပေါ်မှာ ထည့်နိုင်ပါတယ်။







ုံးပြုနည်း
゚viralシfypシ゚viralシalシ

24/10/2025

i-Tech Computer Training Centre မှာ ဆရာမ တစ်ဦး အလိုရှိပါသည်...

📚Basic Computer ပြီးထားသော မည်သူမဆို လျှောက်ထားနိုင်ပါသည်
📚အတွေ့အကြုံ မလိုအပ်ပါရှင်
📚ဆရာမ အလုပ်ကို စိတ်ဝင်စားသူဖြစ်ရပါမည်
📚သင်တန်းတွင် သင်ကြားပေးရန် တခြားလိုအပ်သော သင်တန်းများကို သင်တန်းမှ တာဝန်ယူ သင်ကြားပေးပါမည်

CV form အား သင်တန်းသို့လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည် (သို့)
Viber, Telegram, Messenger မှလည်း လျှောက်ထားနိုင်ပါသည်
Viber, Telegram phone number -0925822043,09777774890

သင်တန်းလိပ်စာ

32(A), 72x73ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့

21/10/2025

သင်္ဘော၊ သင်္ကန်း၊ သင်္ကြန်၊ သင်္ကေတ၊ ခြင်္သေ့
Pyidaungsu font သုံးပြီး Microsoft word ထဲတွင် စာရိုက်နည်း


#စာရိုက်နည်း

21/10/2025

September လအတွက် တန်းခွဲသစ်များ အပ်လို့ရပါပြီ
September လအတွက် online တန်းလေးကလည်း ၂ချိန်ပဲ ရပါတော့မယ်ရှင့်

သင့်ရဲ့ Computer ကျွမ်းကျင်မှုကို မြင့်တင်လိုသူများ အတွက် offline အတန်း Campus မှာ တတ်ရောက်ရမည့် အတန်းလေးသည် တစ်တန်းတွင် ၅ ဦးသာ လက်ခံသင်ကြားပေးပါသည်။
၅ဦး သင်ကြားပေးပေမဲ့လည်း တစ်ဦးချင်းသီးသန့် သေချာသင်ကြားပေးခြင်းဖြစ်ပါသည်။

September လအတွက် လူကြီးတန်းရော၊ ကလေးအတန်းကိုပါ ဖွင့်ပေးထားပါတယ်ရှင့်

ကွန်ပျူတာ အခြေခံ အတန်း (Office Application Course)အတန်းသည် ကွန်ပျူတာကို အခြေခံမှစ၍ စနစ်တကျ လေ့လာသင်ယူလိုသူများ၊ လုပ်ငန်းခွင် ဝင်ရန်အတွက် အထောက်အကူပြုသော အခြေခံအားလုံးကို လေ့လာသင်ယူနိုင်မည့် အတန်းလေးဖြစ်ပါတယ်

Advanced Excel အတန်းလေးမှာတော့ လုပ်ငန်းခွင်သုံး စာရင်းဇယားများနှင့် data များကို ပိုမိုကျွှမ်းကျင်စွာ ကိုင်တွယ်နိုင်ရန်အတွက် Function, Formula များကို သေချာ သင်ကြားပေးသော အတန်းလေးဖြစ်ပါတယ်

ကလေးငယ်များအတွက် Computer နှင့် ရင်နှီးကျွမ်းဝင်စေရန် Office App နှင့် Scratch Coding ကို အဓိကထားသင်ကြားပေးသော အတန်းလေးဖြစ်ပါတယ်

သင်တန်းများကို Online နှင့် Offline နှစ်မျိုးလုံး ဖွင့်လှစ်ထားပါသည်။

အသေးစိတ် သိရှိလိုပါက သင်တန်း ဖုန်းနံပါတ် 09-258220432, 09-777774890 နှင့် သင်တန်း messenger သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

*အောင်မြင်သူတို့၏ ခြေလှမ်းအစ i-Tech Computer Training Centre*






#စက်တင်ဘာလတန်းခွဲ

18/09/2025

Excel ထဲမှာ အသုံးများတဲ့ number series ဆွဲတဲ့ နည်းလမ်းလေးကို ပြောပြပေးထားပါတယ်....

18/09/2025

ရော့ အဲ့မှာ လက်ကွက် မရိုက်ချင်တဲ့ သူတွေအတွက်🙃

လက်ကွက်ကျ မကျင့်ဘူး စာရိုက်တာကျ "တီချယ် လက်ကွက် မြန်အောင်ဘယ်လိုလုပ်ရမလဲလို့" မေးတဲ့သူတွေက သပ်သပ်ကို ရှိတယ်🥴😶‍🌫️

10/09/2025

Name - Yan Nyein Htet
Course - Office Application Course
Thai နိုင်ငံမှ one on one Zoom class တတ်ရောက်ခဲ့သော သင်တန်းသား၏စကားသံ video လေး မျှဝေပါရစေ....

ဒါကတော့ သင်တန်းမှပေးသော ကျောင်းသားအတွက် recommend လေးပါ👇👇
"နိုင်ငံခြားကို အလုပ်သွားလုပ်သူတွေက အရမ်းပင်ပန်းကြပါတယ် ဒါပေမဲ့ သူတို့ဟာ မြန်မာမှာ နေတာ ထက် ၂ဆ တိုးတတ်တဲ့သူတွေပါ အခု သင်တန်းလေးကို နေ့ဆိုင်း ညဆိုင်း လုပ်နေရတဲ့ကြားကနေ Time Management ကောင်းကောင်းနဲ့ အချိန် ၃လအတွင်း ပြီးသွားသူပါ အရမ်းတော်ပါတယ် Computer ဆိုတာ ဘာမှန်း မသိရာကနေ အခုဆိုရင် Computer ရဲ့အလုပ်လုပ်ပုံ စာရိုက်ပုံ အားလုံးကို သေချာ ရသွားပါပြီ သူ့ရဲ့ အနာဂတ် plan တွေကိုလည်း presentation ကောင်းကောင်း ချပြသွားသူပါ။"

စာသင်နေပေမဲ့လည်း coaching ပါရနေသလိုမျိုး😁

နိုင်ငံရပ်ခြားမှ သင်တန်း တတ်ရောက်လိုပါက page messenger or 09258220432 (Viber, Telegram) ကနေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်

သင်ယူချင်စိတ်လေးပဲ ယူလာခဲ့ပါ ကျန်တာ အားလုံး i-Tech ရှိနေပါတယ်.... #အောင်မြင်သူတို့ #ခြေလှမ်းအစ

Photos from I-Tech Computer Training Centre's post 09/09/2025

✨ **၇နှစ်မှ ၁၃နှစ်အရွယ် ကလေးငယ်များအတွက် နည်းပညာနှင့် တီထွင်ဖန်တီးမှု သင်တန်း** ✨

ကျွန်တော်တို့ရဲ့ သင်တန်းမှာ သင့်ကလေးငယ်တွေအတွက် ခေတ်မီနည်းပညာတွေဖြစ်တဲ့ Word, Excel, PowerPoint နဲ့ Scratch coding တို့ကို တစ်နေရာတည်းမှာ သင်ကြားပေးသွားမှာပါ။

**သင်တန်း၏ အဓိကရည်ရွယ်ချက်**

1. **Fundamental Computer Skills (အခြေခံကွန်ပျူတာစွမ်းရည်)**:
- Word: စာစီစာရိုက် ကျွမ်းကျင်မှုအတွက်နှင့် အစီရင်ခံစာများ၊ Assignment များရေးသားနည်း
- Excel: အချက်အလက်များကို ဇယားဖြင့် စနစ်တကျ ထည့်သွင်းနည်း
- PowerPoint: စိတ်ဝင်စားစရာကောင်းသော Presentation များ ဖန်တီးနည်း

2. **Introduction to Coding (Code ရေးသားခြင်းအစ)**:
- Scratch Coding: ကာတွန်း၊ ဂိမ်းနှင့် interactive art များကို မိမိဘာသာ ဖန်တီးနိုင်ခြင်းဖြင့် logic and creative thinking စွမ်းရည်များကို မြှင့်တင်ပေးခြင်း။

**သင်တန်းတက်ရောက်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးတွေက👇👇👇*

* ကျောင်းစာအတွက် ကွန်ပျူတာနှင့် ပတ်သက်သော အခက်အခဲများ ပြေလည်စေခြင်း
* အနာဂတ်အတွက် မရှိမဖြစ်လိုအပ်သည့် Digital Literacy စွမ်းရည်များ ရရှိခြင်း
* တီထွင်ဖန်တီးနိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းများ တိုးတက်လာခြင်း
*သင်တန်း ပြီးသွားလည်း လေ့ကျင့်ချိန်များ ထပ်မံရရှိခြင်း

သင့်ကလေးငယ်ရဲ့ အနာဂတ်အတွက် မရှိမဖြစ်လိုအပ်လာမဲ့ Digital နည်းပညာရပ်တွေကို သင်ယူချင်တယ်ဆိုရင် ကျွန်တော်တို့ သင်တန်းလေးမှာ ကျောင်းချိန်လွတ် စနေ၊ တနင်္ဂနွေ အတန်းလေး တတ်လို့ရနေပါပြီ

သင်တန်း စုံစမ်းလိုပါက 0925822043 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်

ဒီသင်တန်းလေးက မိမိတတ်ရောက်ချင်တဲ့အချိန် တတ်ရောက်လိုသော ရက်ကို တီချယ်နဲ့ အချိန်ညှိနှိုင်း တတ်ရောက်နိုင်ပါတယ်

သင်တန်းလိပ်စာ - 32(A), 72x73ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

☄️အောင်မြင်သူတို့၏ခြေလှမ်းအစ☄️
i-Tech Computer Training Centre

Photos from I-Tech Computer Training Centre's post 04/09/2025

သင့်ရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံဖို့ အချိန်တန်ပါပြီ။
ကျွန်တော်တို့ရဲ့ Computer သင်တန်းမှာ -
✅ Office Application Course Computer ကို တစ်ခါမှ မကိုင်ဖူးသူ၊ Computer နဲ့ အလုပ်လုပ်ရမည့် ရုံးသမားတွေ၊ Computer ကို အခြေခံကနေ စတနစ်တကျ သင်ယူလိုသူတွေ အတွက် သင့်တော်ပါတယ်
✅ Basic Excel and Advanced Excel - Excel အခြေခံမှ အဆင်မြင့် အထိ သင်ယူချင်သူတွေကို Excel သီးသန့် တတ်ချင်သူတွေ Basic တော့ပြီးသွားပြီး အခြေခံ Excel အသုံးပြုပုံနဲ့ function and formula တွေကို လက်တွေ့ကျကျ သုံးတတ်ချင်သူတွေ အတွက် သင့်တော်ပါတယ်
✅ Excel Account: စာရင်းကိုင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ Excel စာရင်းသွင်းနည်းတွေကို အဓိကထား သင်ပေးမှာပါ။
✅ Kids Computer Program: ကလေးငယ်တွေအတွက် ပျော်ရွှင်စွာ သင်ယူနိုင်မယ့် ကွန်ပျူတာ အခြေခံပညာရပ်များ။

✨သင်တန်းတွေ တတ်ပါ
✨မိမိကိုယ်ကိုယ်ကို ရင်းနှီးမြုပ်နှံပါ
✨အနာဂတ်ကို ပုံဖော်ပါ

သင့်အနာဂတ်အတွက် Computer တတ်ဖို့ plan ရှိတယ်ဆိုရင် ကျွန်တော်တို့ သင်တန်းလေးကနေ စောင့်ကြိုနေပါမယ်

💻သင့်ရဲ့ အောင်မြင်မှု ခြေလှမ်း အစတွေကို i-Tech နဲ့အတူ ပုံဖော်လိုက်ပါ💻

သင်တန်းတတ်ရောက်လိုပါက - 09258220432, 09777774890 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်
သင်တန်းလိပ်စာ - 32(A), 72x73ကြား၊ ချမ်းအေးသာစံ မြို့နယ်၊ မန္တလေးမြို့။



#အောင်မြင်သူတို့
#ခြေလှမ်းအစ

Photos from I-Tech Computer Training Centre's post 28/08/2025

𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 လအတွက် သင်တန်း အပ်လို့ရပါပြီ😊

💻 ကွန်ပျူတာအခြေခံ သင်တန်း💻
Office Application Course (Basic Computer)
********** ********** ************ ************
​ကွန်ပျူတာကို အခြေခံကစပြီး လေ့လာချင်သူတွေအတွက် အကောင်းဆုံးအခွင့်အရေး✅

ကျွန်တော်တို့ရဲ့ ကွန်ပျူတာအခြေခံသင်တန်း ကနေတစ်ဆင့် ကွန်ပျူတာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ လုပ်ငန်းခွင်သုံး Application တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ဖို့အတွက် လက်တွေ့ကျကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်🤭

​ဘယ်သူတွေတက်သင့်လဲ ❓
🫴​ ကွန်ပျူတာကို လုံးဝမသုံးဖူးသေးတဲ့သူတွေ
🫴​ကွန်ပျူတာအခြေခံကို သေချာနားလည်ချင်သူတွေ
🫴​Microsoft Word, Excel, PowerPoint တွေကို ကျွမ်းကျင်ချင်သူတွေ
🫴​လုပ်ငန်းခွင်အတွက် ကွန်ပျူတာကျွမ်းကျင်မှု လိုအပ်နေသူတွေ

​ဘာတွေသင်ကြားပေးမလဲ 📖
💻​ကွန်ပျူတာရဲ့ အခြေခံအစိတ်အပိုင်းများ (Hardware, Software) ကို သိရှိခြင်း
💻​Windows Operating System ကို ကျွမ်းကျင်စွာ အသုံးပြုခြင်း
💻​Typing သင်ခန်းစာ
💻​Microsoft Word ဖြင့် စာရိုက်ခြင်း၊ စာရွက်စာတမ်းများ ပြုပြင်ခြင်း
💻​Microsoft Excel ဖြင့် စာရင်းများတွက်ချက်ခြင်း၊ ဇယားများ ဖန်တီးခြင်း
💻​Microsoft PowerPoint ဖြင့် Presentation slide များ ပြုလုပ်ခြင်း
💻​ internet E-mail တို့ကို ထိရောက်စွာ အသုံးပြုခြင်း
💻 USB stick အသုံးပြု၍ Data transfer ပြုလုပ်ခြင်း
💻 လက်တွေ့ print ထုတ်ခြင်း၊ scan ဖတ်ခြင်း၊ Copy ပြုလုပ်သော နည်းလမ်းများ ကိုအသေးစိတ် ထိရောက်စွာ သင်ကြားပေးသွားမှာပါ။👍

​သင်တန်း၏ထူးခြားချက်များ ✨
👉​လက်တွေ့ကျကျ သင်ကြားမှု စနစ်ဖြင့် သင်ကြားပေးခြင်း
👉​အတွေ့အကြုံရှိ ဆရာ၊ ဆရာမများ မှ ဦးဆောင်သင်ကြားခြင်း
👉​သင်တန်းပြီးဆုံးပါက လက်မှတ် (Certificate) ချီးမြှင့်ပေးခြင်း
👉​သင့်တင့်သော သင်တန်းကြေးဖြင့် အရည်အသွေးမြင့် သင်ခန်းစာများ ရရှိခြင်း

​🎓 အခုပဲ စာရင်းပေးသွင်းပြီး အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံလိုက်ပါ 🎓

​ဆက်သွယ်ရန်ဖုန်းနံပါတ်-09258220432,09777774890
လိပ်စာ - 32(A), 72x73ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။


#အောင်မြင်သူတို့၏
#ခြေလှမ်းအစ

25/08/2025

Page မှာ ပို့စ်တွေ ပုံမှန်မတင်နိုင်တာက ဆရာမဘဝက သူများတွေ ဘဝနဲ့ မတူလို့ပါ🌚😝

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Between 72 And 73st, 32(A) Street
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00