Wint Wint

Wint Wint Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wint Wint, Personal coach, Mandalay.

07/09/2025

တခြားသူများ - ဒီနှစ်တော့ ထားလိုက်တော့ နောက်နှစ်ကြိုးစားပြီ

မိမိ - ဒီဘဝတော့ ထားလိုက်တော့

လေ့ကျင့်ခန်းတခါလုပ်ရင်နာရီနဲ့ချီကြာတယ်ဆိုပြီးပုံမှန်မလုပ်နိုင်တဲ့သူထက်၊၄၅ မိနစ်လောက်ပဲ ကြာပေမယ့်နေ့စဉ်လုပ်နိုင်တဲ့သူကပို...
06/09/2025

လေ့ကျင့်ခန်းတခါလုပ်ရင်
နာရီနဲ့ချီကြာတယ်ဆိုပြီး
ပုံမှန်မလုပ်နိုင်တဲ့သူထက်၊

၄၅ မိနစ်လောက်ပဲ ကြာပေမယ့်
နေ့စဉ်လုပ်နိုင်တဲ့သူက
ပိုရှေ့ရောက်တယ်။

စာတခါဖတ်ရင်
တခန်းပြီးတယ်ဆိုပြီး
မှန်မှန်မလုပ်နိုင်တာထက်၊

သုံး၊ လေးမျက်နှာလောက်ပဲ ပြီးပေမယ့်
အကြိမ်ရေများများ ဖတ်နိုင်တာက
ပိုကောင်းတယ်။

တိုးတက်ဖို့ဆိုရင်
အရေးကြီးတာက
အမြဲလုပ်နိုင်ဖို့ပဲ။

တကယ်အပြောင်းအလဲ
ဖြစ်သွားတဲ့သူတွေကိုကြည့်ရင်
လူအထင်ကြီးဖို့ထက်
အလုပ်ဖြစ်တာကို ရွေးလုပ်တဲ့သူတွေပဲ
တွေ့ရလိမ့်မယ်။

ဘယ်အလုပ်မဆို အရှိန်ရလာရင်
အားကောင်းတဲ့အရွေ့ဆိုတာ
သူ့အလိုလိုဖြစ်လာမှာပဲ။

ဒါကြောင့် လူတွေ လှောင်မှာမကြောက်ဘဲ၊
ကိုယ်နိုင်သလောက် အတိုင်းအတာကို
မပျက်မကွက် ဆက်လုပ်သွားဖို့လိုပါလိမ့်မယ်။

ToeTet
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။

မီယန်မာဘယ်လိုပြန်ကြမယ်🤣
06/09/2025

မီယန်မာဘယ်လိုပြန်ကြမယ်🤣

ပင်လယ်စာတွေပဲစားချင်😟🥰
06/09/2025

ပင်လယ်စာတွေပဲစားချင်😟🥰

🤤Yummy
06/09/2025

🤤Yummy

ဘယ်လောက်စားစား မဝနိုင်သော မာလာခြောက်ခြောက်🤨🤣
06/09/2025

ဘယ်လောက်စားစား မဝနိုင်သော မာလာခြောက်ခြောက်🤨🤣

06/09/2025

လူငယ်တွေလမ်းပျောက်တဲ့ကာလတစ်ခုပါပဲ

ရေကြီးရေတက်လာချိန်မှာ ပြည်သူတွေ မှားယွင်းလုပ်မိနေကြတဲ့အရာတစ်ခု သတိပေးပြောပြပေးချင်ပါတယ်။အဲ့ဒါက အိမ်ထုတ်တန်းတွေ အပေါ်မှာ ...
14/09/2024

ရေကြီးရေတက်လာချိန်မှာ ပြည်သူတွေ မှားယွင်းလုပ်မိနေကြတဲ့အရာတစ်ခု သတိပေးပြောပြပေးချင်ပါတယ်။

အဲ့ဒါက အိမ်ထုတ်တန်းတွေ အပေါ်မှာ တက်နေကြတာပါပဲ။
တက်နေလို့ မရဘူးလားဆိုတော့ ရပါတယ်။

တက်နေမယ်ဆိုရင် ရေအရမ်းတက်လာချိန်မှာ ထွတ်ပေါက်မရှိဘဲ ပိတ်မိနိင်တဲ့အတွက် အသက်တွေ ဆုံးရှုံးရနိင်ပါတယ်

ဒါကြောင့်ရေတက်လာချိန် အိမ်အပေါ်ဆုံးထပ်ကို တက်နေကြမဲ့သူတွေ ဒီအချက်ကလေးတွေကို
သတိထားပေးစေချင်ပါတယ်

- အိမ်ခေါင်မိုးကို အရေးပေါ်ထွတ်ပေါက်အနေနဲ့
ဖွင့်ထားရပါမယ် (သွပ် ၂ ချပ် ၃ ချက်လောက်
လှန်ထားသင့်ပါတယ်)

- အ၀တ်အစားကို ချွတ်ရ၀တ်ရလွယ်တာမျိုး
၀တျစားထားဖို့လိုပါတယျ (ရေကူးရချိန်မှာ အ၀တ်တွေက
လူကို ပိုလေးစေလို့ ပေါ့ပါးချွတ်ရလွယ်တဲ့
အ၀တ်အစားတွေ ၀တျထားသင့ျပါတယျ)

- အရေးကြီးစာရွက်စာတမ်းတွေ၊ဖုန်း၊ပါဝါဘန့်
စတာတွေကို ရေလုံအောင် ထုတ်ပိုးပြီး ပေါ့"ပါး"ပုံစံနဲ့
ကိုယ်နဲ့မကွာအောင် ဆောင်ထားဖို့လိုပါမယ်

- ကိုယ့်အိမ်ပတ်၀န်းကျင်ရဲ့ရေအတက်အကျကို
အချိန်ပြည့်စောင့်ကြည့်ဖို့ လိုပါမယ်(မြစ်ချောင်း၊
အင်းအိုင်နီးရင် ပိုပြီးသတိထားစောင့်ကြည့်ဖို့လိုပါမယ်)

- အကောင်းဆုံးကတော့ အိမ်ခြံထဲ (သို့) လမ်းမပေါ် ရေတိုးလာတာနဲ့ ခေါင်းမမာဘဲ ကုန်းမြင့် (သို့) ရေလွတ်ရာကိုကြိုတင်ရှောင်ရှားကြဖို့ပါပဲ ။

(လူတိုင်းသိရှိနိုင်ဖို့ များများရှယ်ပေးကြပါ။)

Credit Facebook

27/12/2023

အစဆိုတာ အမြဲခက်ခဲလေ့ရှိတယ်တဲ့။

စိတ်ဓာတ်မကျပါနဲ့။ ဘာကိုပဲ လုပ်လုပ် အစပိုင်းမှာတော့ ခက်ခဲတာအမှန်ပါ။

ဒီနေ့မှ အလုပ်စဝင်တာမျိုး။ ကိုယ်ဝါသနာပါတဲ့အရာကို အခုမှ စမ်းလုပ်ကြည့်တာမျိုး။ ကိုယ်လုံးဝမသိတဲ့ နယ်ပယ်တွေကို သွားရတဲ့အခါမျိုး စတဲ့ အခုမှ စလုပ်ရမယ့် အရာတွေကို လုပ်ဆောင်ရတဲ့အခါ ရင်ခုန်စရာကောင်းသလို ကြောင်တောင်တောင်လည်းနိုင်ပါတယ်။

လုပ်ရင်းနဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့အခါ တဖြည်းဖြည်း လွယ်ကူလာပါလိမ့်မယ်။

ဒါ့ကြောင့်

အဲ့ဒီလို အခက်အခဲတွေကို တောင့်ခံနိုင်ဖို့ လိုပါတယ်။

ဖြစ်နိုင်ရင်တော့ စိတ်ဝင်စားတာကိုပဲလုပ်ပါ။ ဝါသနာပါတာကို လုပ်တဲ့အခါ အခက်အခဲတွေနဲ့တွေ့ဆုံရလည်း ကျော်ဖြတ်နိုင်တဲ့ သတ္တိတွေက ထွက်ပေါ်လာပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေ အခြေအနေအရ မလုပ်ချင်တာတွေကိုလည်း လုပ်ရတတ်ပါတယ်။ အဲ့ဒီလို အချိန်မျိုးတွေမှာ သန်သန်မာမာနဲ့ တောင့်ခံနိုင်ဖို့လိုပါတယ်။

တစ်ခုပဲမှတ်ထားပါ။ ဘဝမှာ စိတ်မပါတာတွေကို လုပ်ရတဲ့အခါတိုင်း အောက်က quote လေးကို သတိရပေးပါ။

“ဘဝမှာ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဘာပဲလုပ်ရလုပ်ရ အကောင်းဆုံးလုပ်ပါ”​


နောင်တစ်ချိန် အတိတ်ကိုပြန်ကြည့်တဲ့အခါ နောင်တမရအောင် လုပ်ခဲ့လိုက်ပါ။

အနည်းဆုံးတော့ အတွေ့အကြုံ ရပါတယ်။ အတွေ့အကြုံဆိုတာက ပိုက်ဆံပေးယူလို့မရပါဘူး။ အချိန်တွေပေးဆပ်ပြီးမှ ရတာမျိုးပါ။

ဒီတော့ အခုချိန်မှာ ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ။

တနေ့ အောင်မြင်မှာပါ။ 😊

27/12/2023

စိတ်အဆင်မပြေတဲ့အခါ everyone is fighting their own battle ဆိုတာကို နှလုံးသွင်းတယ်။ လူတိုင်းက သူ့တိုက်ပွဲနဲ့သူ တိုက်နေကြရသူချည်းပဲ။ ကိုယ်မမြင်ရတာက မရှိတာမဟုတ်ဘူးလေ။ ချို့တဲ့သူက ငွေကြေးကိစ္စစိတ်ညစ်နေရသလို ပြည့်စုံနေသူမှာလည်း အိမ်ထောင်ရေး၊ သားသမီးရေးနဲ့ သူ့တိုက်ပွဲသူတိုက်နေရတာပဲ။ ဘဝဆိုတာကိုက ရုန်းကန်ရခြင်းပဲမလား။ လူဖြစ်လာကတည်းက ဆက်တိုက်ရုန်းကန်လာရတာပဲ။

ကိုယ်တစ်ယောက်တည်းဆိုတဲ့ ခံစားချက်ဖြစ်လာတဲ့အခါ အားငယ်လာတယ်။ အရှုံးပေးချင်လာတယ်။ လူတွေကို မကောင်းမြင်လာတယ်။ အရွဲ့တိုက်ချင်စိတ်ဖြစ်လာတယ်။ စိတ်က ပုံမှန်မဟုတ်တော့ဘူး။ နေလို့မကောင်းတော့ဘူး။ အဲဒီအခါ လူတိုင်းမှာ ကိုယ်မသိရတဲ့ အခက်အခဲတွေနဲ့ချည်းပဲလို့ ပြန်ဆင်ခြင်ရတယ်။ ကိုယ့်အခက်အခဲတွေကနေ ခဏထွက်ပြီး တခြားသူတစ်ယောက်နေရာ ဝင်ကိုယ်ချင်းစာပေးကြည့်လိုက်တဲ့အခါ စိတ်သက်သာရာရစေတယ်။ ကိုယ့်တစ်ယောက်တည်းရဲ့ ရုန်းကန်ခြင်းမဟုတ်ဘဲ ဘဝကိုက ရုန်းကန်ခြင်းဆိုတာကို သဘောပေါက်လာစေတယ်။ မှန်ကန်တဲ့အတွေးလေးတစ်ခုက လူတွေအပေါ် ပိုနူးညံ့လာနိုင်တယ်။ အချင်းချင်းဆက်သွယ်တဲ့အခါ ပိုနားလည်လာနိုင်တယ်။

Everyone is fighting their own battle လူတိုင်းက ရုန်းကန်နေရတာပဲ။

Address

Mandalay
123456

Alerts

Be the first to know and let us send you an email when Wint Wint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Wint Wint:

Shortcuts

Share

Category