Mandalay Innwa Private High School

Mandalay Innwa Private High School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mandalay Innwa Private High School, Education, 55 Street, Between 36 and 37 Street, Mahar Aung Myay Township, Mandalay.

11/12/2025

မန္တလေးအင်းဝ ကိုယ်ပိုင် အထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်ရန် ကျောင်းအုပ်(ပညာ) တစ်ဦးအား ဖိတ်ခေါ်လိုက်ပါသည်။

23/09/2025

မန္တလေးအင်းဝ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်ရန် ကျောင်းအုပ်(ပညာ) တစ်ဦးအား ဖိတ်ခေါ်လိုက်ပါသည်။

09/08/2025

မန္တလေးအင်းဝ ကိုယ်ပိုင်အထက်တန်းကျောင်းတွင်
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အောက်ပါဝန်ထမ်းများခေါ်ယူနေပါသည်။

Photos from Mandalay Innwa Private High School's post 07/08/2025

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မန္တလေးအင်းဝ ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade -12 စာမေးပွဲတွင်ဘာသာရပ်အလိုက် ထူးချွန်စွာ ဂုဏ်ထူးရရှိသော ကျောင်းသား/ကျောင်းသူများအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

Photos from Mandalay Innwa Private High School's post 15/07/2025

🟩 မန္တလေးအင်းဝ ကိုယ်ပိုင်အထက်တန်းကျောင်း
🟩 ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်
🟩 လှုပ်ရှားမှုပုံရိပ်များ (၁)

19/06/2025

🔵 Mandalay Innwa Private High School

🟢 The Start of the 2025 - 2026 Academic Year Journey

🟡 Together, we'll aim for excellence.

Photos from Mandalay Innwa Private High School's post 21/05/2025

🟦 မိဘအုပ်ထိန်းသူများခင်ဗျား …..
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက်
#မန္တလေးအင်းဝကိုယ်ပိုင်အထက်တန်းကျောင်း တွင် KG မှ Grade-12 အထိ ယုံကြည်စိတ်ချစွာ ကျောင်းအပ်နိုင်ပါပြီ။

💙 မိဘအုပ်ထိန်းသူများ၏ သားငယ်၊ သမီးငယ်၊ ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားပြီး ခေတ်စနစ်နှင့်အညီ ဘက်စုံ ထူးချွန်ထက်မြက်သူများ ဖြစ်လာစေရေးအတွက် ……….

🔹 အရည်အချင်းပြည့်ဝသော သင်ကြားရေးဆရာ/မများနှင့် အခန်းတွင်း သင်ကြားရေးအကူဆရာ/မများ ပူးပေါင်း၍ စေတနာ၊ မေတ္တာအပြည့်ဖြင့် ဂရုတစိုက် သင်ကြားပြသပေးနေခြင်း၊

🔹 စာသင်ခန်းတိုင်းတွင် အင်တာနက်တပ်ဆင်ထားသော ၇၅ လက်မ SMART Interactive Whiteboard များဖြင့် powerpoint များ၊ အခြားသော သင်ကြားရေး မီဒီယာများ အသုံးပြုကာ ခေတ်မီပညာရေးကို အကောင်အထည်ဖော် သင်ကြားပေးနေခြင်း၊

🔹 စာသင်ခန်းတိုင်းတွင် အဲယားကွန်းများတပ်ဆင်ပေးထားသည့်အတွက် အပူဒဏ်ကို ကာကွယ်ပြီး အေးချမ်းစွာ ပညာသင်ယူနိုင်ခြင်း၊

🔹 မြန်မာစာ၊ မြန်မာစကား တိုးတက်လာရေးအတွက် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ လက်ရေးလှပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီ ကာတွန်းပြိုင်ပွဲ စသည်တို့ကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် မြန်မာစာစွမ်းရည်ကို မြှင့်တင်ပေးနေခြင်း၊

🔹 Native Speaker များ၊ Foreigner Guide များဖြင့် ကျောင်းသား/သူများ၏ English Speaking တိုးတက်လာအောင် သင်ကြားပေးနေသည့်အပြင် အင်္ဂလိပ်ဘာသာပြဆရာ/မများနှင့် ပူးပေါင်း၍ English Skill တိုးတက်လာအောင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ကျင်းပပေးခြင်း၊

🔹 ပရော်ဖက်ရှင်နယ် ဂီတဆရာဖြင့် ကလေးများ၏ ဂီတအခြေခံ၊ ဂီတစွမ်းရည်များ ရရှိလာအောင် စီစဉ်သင်ကြားပေးနေခြင်း၊

🔹 ဘာသာစကားတိုးတက်ရေးနှင့် စာပေဗဟုသုတကြွယ်ဝလာစေရေးအတွက် စာကြည့်တိုက်တွင် စာအုပ်ပေါင်းများစွာဖြည့်ဆည်း၍ စာကြည့်တိုက်အသုံးပြုချိန်များ ထည့်သွင်းစီစဉ်ထားရှိခြင်း၊

🔹 Computer Skill များ ရရှိလာရေးနှင့် ကလေးများ၏ စဉ်းစားတွေးခေါ်ပုံများ တိုးတက်လာရေးအတွက် Coding အခြေခံဖြင့် STEM Education ကို အကောင်အထည်ဖော်နိုင်ရန် ကွန်ပျူတာချိန်များ စီစဉ်ဆောင်ရွက်ထားခြင်း၊

🔹 စနစ်တကျဖွဲ့စည်းထားသော Lab ခန်းများတွင် Physics, Chemistry, Bio စသော သိပ္ပံဘာသာရပ်များကို စာတွေ့လက်တွေ့ နားလည်တတ်ကျွမ်းစေရန် လက်တွေ့ချိန်များ စီစဉ်ထားရှိခြင်းနှင့် သိပ္ပံပရောဂျက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးနေခြင်း၊

🔹 ကလေးများ၏ အထွေထွေဗဟုသုတများ ကြွယ်ဝလာစေရေးအတွက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ အဖွဲ့လိုက်ယှဉ်ပြိုင်ရသော ပြိုင်ပွဲများ ပြုလုပ်ပေးနေခြင်း၊

🔹 ကလေးများ၏ ကိုယ်ကာယကြံ့ခိုင်သန်မာရေး၊ စိတ်နှလုံးလန်းရွှင်စေရေးအတွက် Fitness Dance အကများ သင်ကြားပေးနေခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးနေခြင်း၊

🔹 ကျောင်းချိန်အတွင်း ကလေးများ၏ ကျန်းမာရေးအတွက် ကျောင်းကျန်းမာရေးဆေးခန်း ထားရှိပြီး အချိန်ပြည့် ဂရုစိုက်စောင့်ရှောက်မှုပေးခြင်း၊ ကလေးများ၏ အသက်အရွယ်အလိုက် ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ကျန်းမာရေးဟောပြောပွဲများ ပြုလုပ်ပေးခြင်း။

🔹 ကျယ်ဝန်းသန့်ရှင်းသော ကျောင်းဝင်းရှိခြင်း၊ ကစားကွင်းများရှိခြင်းကြောင့် ကလေးများ လုံခြုံစိတ်ချ လွတ်လပ်စွာ ပြေးလွှားလှုပ်ရှားကစားနိုင်ခြင်းကြောင့် ကလေးများ၏ လုံခြုံရေး၊ ကျန်းမာသန်စွမ်းရေးအတွက် များစွာ အထောက်အပံ့ဖြစ်စေနိုင်ခြင်း၊

- စသည် စသည်တို့ကို #မန္တလေးအင်းဝ ကိုယ်ပိုင်အထက်တန်းကျောင်း မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျှက်ရှိပါသည်။

💙💙💙 နှစ်စဉ်နှစ်တိုင်း အရည်အချင်းပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေးအတွက် ကောင်းသထက် ကောင်းအောင်၊ တိုးတက်သထက် တိုးတက်အောင် စနစ်တကျ အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်ပေးနေသည့်အတွက် မိဘအုပ်ထိန်းသူများ၏ သားငယ်၊ သမီးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများကို #မန္တလေးအင်းဝကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါပြီ …….. ။

▶️ ကျောင်းလိပ်စာ
၅၅ လမ်း၊ ၃၆ နှင့် ၃၇ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

☑️ အသေးစိတ်စုံစမ်းရန်
ဖုန်းနံပါတ် - ၀၉ ၇၅၃ ၄၂၈ ၄၀၁/ ၀၉ ၇၉၇ ၀၆၇ ၈၉၇



#မန္တလေးအင်းဝ
#ကိုယ်ပိုင်အထက်တန်းကျောင်း

17/05/2025

🔵 မန္တလေးအင်းဝ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်ရန် ဒုကျောင်းအုပ် တစ်ဦးအား ဖိတ်ခေါ်လိုက်ပါသည်။

01/05/2025

#မန္တလေးအင်းဝ ကိုယ်ပိုင်အထက်တန်းကျောင်း တွင်
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် အောက်ပါဝန်ထမ်းများကို ဖိတ်ခေါ်လိုက်ပါသည်။

🔵 လျှောက်ထားလိုသူများအနေဖြင့် ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကျောင်းသို့ လူကိုယ်တိုင် ဖြစ်စေ၊ Viber No. (သို့မဟုတ်) Email မှ ဖြစ်စေ၊ လျှောက်ထားလိုသည့်ရာထူးကို သေချာစွာရေး၍ လျှောက်ထားနိုင်ပါသည်။

🔵 အဖွဲ့အစည်းဖြင့် လက်တွဲအလုပ်လုပ်ကိုင်တတ်သူ၊ ပညာကို အဆက်မပြတ် ဆည်းပူးသင်ယူလေ့လာလိုသူ၊ မိမိကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားလုပ်ဆောင်ခြင်းဖြင့် မိမိအဖွဲ့အစည်းကို တိုးတက်အောင် စွမ်းဆောင်နိုင်သူများကို #မန္တလေးအင်းဝကိုယ်ပိုင်အထက်တန်းကျောင်း မှ လေးစားစွာ ဖိတ်ခေါ်လိုက်ပါသည်။

Photos from Mandalay Innwa Private High School's post 13/12/2024

ာသင်နှစ်
#မန္တလေးအင်းဝ
#လှုပ်ရားမှုပုံရိပ်များ_၅

Photos from Mandalay Innwa Private High School's post 13/12/2024

ာသင်နှစ်
#မန္တလေးအင်းဝ
#သိပ္ပံစွမ်းရည်ပြိုင်ပွဲများ
#လှုပ်ရှားမှုပုံရိပ်များ_၄

Photos from Mandalay Innwa Private High School's post 13/12/2024

ာသင်နှစ်
#မန္တလေးအင်းဝ
#အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ
#လှုပ်ရှားမှုပုံရိပ်များ_၃

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

55 Street, Between 36 And 37 Street, Mahar Aung Myay Township
Mandalay

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00