24/01/2026
Voltage Divider အကြောင်းနှင့် အသုံးဝင်ပုံများ
Voltage များကို ခွဲခြားဖြစ်ပေါ်စေနိုင်ခြင်း သဘောတရားကြောင့် voltage divider သို့မဟုတ် potential divider ဆိုသည့်နာမည်ဖြင့် ခေါ်ဆိုခြင်းဖြစ်ပါသည်။ Voltage divider တစ်ခုဖြစ်ပေါ်စေရန် resistor ကဲ့သို့ ခုခံမှုရှိသော component များကို တန်းဆက် series ပုံစံဖြင့် ချိတ်ဆက်ထားရှိပါသည်။ ထိုအခါ resistor တစ်ခုခြင်းစီအပေါ်တွင် ခွလျက်ဗို့အားလျော့ကျမှု voltage drop များဖြစ်ပေါ်လာပါသည်။ ထိုဗို့အားကို လိုအပ်သလို ကောက်ယူသုံးစွဲပြီး၊ အမျိုးမျိုးသော အသုံးချမှုများတွင် ထည့်သွင်းအသုံးပြုကြပါသည်။
ပုံမှန် Voltage divider circuit တစ်ခုတွင် အနည်းဆုံး resistor နှစ်ခုပါဝင်ပါသည်။ ပါဝင်သော resistor များသည့် တန်ဖိုးကိန်းသေရှိသည့် fixed resistor များဖြစ်နိုင်သကဲ့သို့ တန်ဖိုးပြောင်းလဲနိုင်သော variable resistor များ၊ variable resistance sensor များလည်း ဖြစ်နိုင်ပါသည်။
အသုံးပြုမှုအမျိုးမျိုးရှိသည့်အနက်မှ အချို့သော အသုံးပြုမှုများကို ဖော်ပြပေးပါမည်။
1. Voltage biasing
2. Reference voltage source
3. Sensing voltage source
4. Feedback voltage source
5. Signal voltage adjustment