28/03/2026
Tokutei Buidling Cleaning နဲ့ N4အောင်လက်မှတ်ရှိထားရင် လျှောက်ထားလို့ရပါတယ် ရှင့်
ဂျပန်သွားဖို့ ပြင်ဆင်နေကြတဲ့ みなさん တို့ရေ
အခုဆိုရင် Japan Job Connect ရဲ့ Building Cleaning အင်တာဗျူးအတွက် စောင့်မျှော်နေကြတဲ့ ရက်လေး ထွက်လာပြီနော် 🌸✨
ဟုတ်ပါတယ်ရှင်...
ညီမတို့ဆီမှာ အခုခေါ်ဆိုနေတဲ့ လစာ ၁၈ သောင်းအပြင် O/T တွေပါ ထပ်ရမယ့် Hotel Building Cleaning အလုပ်အကိုင်လေးကို N4 နဲ့ Tokutei BC အောင်လက်မှတ်ရှိရုံနဲ့ လျှောက်ထားလို့ရနေပါပြီနော် 😍🙌
အင်တာဗျူး Date လည်း ထွက်ပြီးသားဆိုတော့ အကြာကြီး စောင့်စရာမလိုဘဲ နီးစပ်သွားပြီပေါ့နော်🏃♀️💨။
ဂျပန်နိုင်ငံရဲ့ မြို့ကြီးတွေမှာ အလုပ်လုပ်ကိုင်ရမှာ ဖြစ်တဲ့အပြင် 🗾🗼၊ အင်တာဗျူး အောင်မြင်ပြီးတာနဲ့ ရန်ကုန်က နာမည်ကြီး Hotel ကြီးတစ်ခုမှာ Internship အနေနဲ့ အတွေ့အကြုံတွေပါ ကြိုတင်ဆင်းခွင့်ရဦးမှာ ဖြစ်လို့ တကယ့်ကို အခွင့်အရေးကောင်းကြီးပါပဲနော် 🏨✨🥳
အသေးစိတ် သိချင်တာလေးတွေ ရှိရင်တော့ Page Messenger ကနေ အခုပဲ မြန်မြန်လေး လှမ်းမေးလိုက်ကြတော့နော် 📲💬။
Fighting! 💪🌸
27/03/2026
N3 ဘဲအောင်ထားတာဖြစ်ဖြစ်
N4 အောင်ထားတာဖြစ်ဖြစ်
စားသောက်ဆိုင်နဲ့ အဆင်မပြေတော့ရင်
အင်တာဗျူးအမြန်ဝင်နိုင်ဖို့ ကူညီပေးမှာမို့လို့
Cb မှာ အခမဲ့ လာရောက်တိုင်ပင်နိုင်ပါတယ်ရှင့်
BREAKING NEWS 🚨
စားသောက်ဆိုင် Tokutei Gino ဗီဇာအသစ် လျှောက်ထားမှုကို ဧပြီလ (၁၃) ရက်မှစတင်၍ ရပ်ဆိုင်းမည်ဖြစ်ကြောင်း လဝက ထုတ်ပြန်
🚨 ၁။ အခြေအနေအရပ်ရပ် (လက်ရှိအခြေအနေ)
* စားသောက်ဆိုင်ကဏ္ဍတွင် ခွင့်ပြုထားသည့် အလုပ်သမားဦးရေ (၅၀,၀၀၀) ပြည့်ရန် နီးကပ်နေပြီ ဖြစ်သည်။
* ဖေဖော်ဝါရီလကုန်စာရင်းအရ (၄၆,၀၀၀) ဦးရှိနေပြီး မေလတွင် အပြည့်ဖြစ်သွားနိုင်သည့်အတွက် ဧပြီလ ၁၃ ရက်မှစ၍ ဗီဇာကန့်သတ်ချက်များ စတင်ပါမည်။
❌ ၂။ ပြည်ပမှ ခေါ်ယူမည့်သူများ (COE လျှောက်ထားခြင်း)
* ဧပြီ ၁၃ ရက်နှင့် နောက်ပိုင်း: လျှောက်လွှာအသစ်များကို ဗီဇာထုတ်ပေးမည်မဟုတ်ပါ။
* ဧပြီ ၁၃ ရက် မတိုင်မီ တင်ထားသူများ: သတ်မှတ်ဦးရေအတွင်း စစ်ဆေးထုတ်ပေးမည်ဖြစ်သော်လည်း ဂျပန်ပြည်တွင်းရှိသူများကို ဦးစားပေးမည်ဖြစ်၍ ကြာမြင့်နိုင်ပါသည်။
⚠️ ၃။ ဂျပန်ပြည်တွင်း ဗီဇာပြောင်းမည့်သူများ
* ဧပြီ ၁၃ ရက်နှင့် နောက်ပိုင်း: အခြေခံအားဖြင့် ဗီဇာပြောင်းလဲခြင်းကို ငြင်းပယ် (Denied) ပါမည်။
* ခြွင်းချက် (ဆက်လက်ခွင့်ပြုမည့်သူများ):
1. စားသောက်ဆိုင် Tokutei Gino အချင်းချင်း အလုပ်ပြောင်းမည့်သူ။
2. ဆေးရုံ/သက်ကြီးရွယ်အိုဂေဟာ အစားအသောက်ချက်ပြုတ်ခြင်း သင်တန်းဆင်း (Technical Intern) များ။
3. Tokutei Katsudo (ဗီဇာကူးပြောင်းရန် ပြင်ဆင်နေသည့်ဗီဇာ) ကိုင်ထားပြီးသားသူများ။
* မှတ်ချက်- လူဦးရေပြည့်သွားပါက Tokutei Gino အစား "ယာယီဗီဇာ (Tokutei Katsudo)" ကိုသာ ပြောင်းခိုင်းနိုင်ပါသည်။
🛡️ ၄။ ဗီဇာသက်တမ်းတိုးခြင်း (Extension)
* လက်ရှိ စားသောက်ဆိုင်လုပ်ငန်းခွင်တွင် Tokutei Gino ဗီဇာဖြင့် ရှိနေပြီးသားသူများအတွက် ပုံမှန်အတိုင်း သက်တမ်းတိုးပေးပါမည်။ (လူဦးရေကန့်သတ်ချက်နှင့် မသက်ဆိုင်ပါ)
💡 ၅။ အထူးသတိပြုရန် (ယနေ့အတွက်)
* Tokutei Katsudo (ယာယီဗီဇာ) အသစ်လျှောက်ထားခြင်းကို လက်မခံတော့ပါ။
* သို့သော် မတ်လ ၂၇ ရက် (ယနေ့) နောက်ဆုံးထားပြီး "Food Industry Council" သို့ အဖွဲ့ဝင်ဝင်ရန် လျှောက်ထားပြီးသူများကိုမူ ခြွင်းချက်အနေဖြင့် ပုံမှန်အတိုင်း စစ်ဆေးပေးပါမည်။
Read more on
https://www.moj.go.jp/isa/applications/ssw/03_00001.html
Crd
25/03/2026
🏢 Tokutei Building Cleaning Online Class လေး လာပါပြီရှင် 🏢
ဂျပန်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရရှိဖို့အတွက် Building Cleaning စိတ်ဝင်စားနေတဲ့ မောင်လေး၊ ညီမလေးတို့အတွက် သတင်းကောင်းလေး ပါးပါရစေရှင်... 🌸
SYP Japanese Language Center မှ ဧပြီလ (၁) ရက်နေ့မှာ Building Cleaning (Online Class) အသစ်လေးကို စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်ရှင်။ ✨
✨ ဒီသင်တန်းလေးရဲ့ ထူးခြားချက်တွေကတော့... ✨
သင်တန်းပြီးဆုံးလို့ လက်မှတ်ရတာနဲ့ ချက်ချင်း အင်တာဗျူးတွေနဲ့ ချိတ်ဆက်ပေးမှာမို့လို့ အလုပ်အကိုင်အတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့။
လူအနည်းစုနဲ့ပဲ သေချာဂရုစိုက်ပြီး သင်ကြားပေးမှာဖြစ်လို့ နားမလည်တာရှိရင်လည်း အားမနာတမ်း မေးမြန်းနိုင်ပါတယ်ရှင်။
မိမိအိမ်ကနေပဲ အေးအေးဆေးဆေး တက်ရောက်နိုင်လို့ အချိန်ကုန်လည်း သက်သာစေပါတယ်နော်။
ဂျပန်သွားဖို့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အခုပဲ စတင်အပ်နှံလိုက်ရအောင်လားရှင်။ 🏠💼
📅 စတင်မည့်ရက်: April 1, 2026
📝 အသေးစိတ်စုံစမ်းရန်: Page Messenger သို့မဟုတ် ဖုန်းနံပါတ် [09-775 031 833] သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
အမြန်ဆုံး အပ်နှံထားမှ စိတ်ချရမယ်နော်။ မကြာခင် ပြန်ဆုံကြမယ်ရှင်! 💖
21/02/2026
ဂျပန်သွားဖို့ I-n-t-e-r-v-i-e-w စောင့်ရင်း စိတ်ညစ်နေလား?
ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် COE မရလို့ လမ်းပျောက်နေလား?
စိတ်မပူနဲ့တော့! ✋
SYP Japanese Language Center မှာ အခုပဲ Tokutei Gino Building Cleaning (Online Class) အသစ် ထပ်ဖွင့်လိုက်ပြီနော်။
ဒီသင်တန်းက ဘာထူးခြားလဲဆိုတော့...
✅ အင်တာဗျူးတွေက လစဉ်လတိုင်းရှိတယ် – သင်တန်းပြီးတာနဲ့ ထိုင်စောင့်နေစရာမလိုဘူး။ အင်တာဗျူးတွေက တန်းစီစောင့်ကြိုနေတာပါ။
✅ Special Class (၁၀ ယောက်) – လူအများကြီးနဲ့ သင်တာမဟုတ်ဘဲ တစ်ဦးချင်းစီကို သေသေချာချာ ဂရုစိုက်ပြီး ထိထိရောက်ရောက် သင်ပေးမှာဆိုတော့ စာမရမှာ ပူစရာမလိုတော့ဘူးပေါ့။
✅ Online Class မို့လို့ အဆင်ပြေတယ် – ကိုယ်ရှိတဲ့နေရာကနေ အချိန်ကုန်သက်သာစွာနဲ့ တက်ရုံပဲ။
ဂျပန်သွားဖို့ အိပ်မက်ရှိရင် အချိန်ဆွဲမနေနဲ့တော့။ ဒီ Class က လူဦးရေ အရမ်းကန့်သတ်ထားတာဆိုတော့ မြန်မြန် Join ထားမှ စိတ်ချရမယ်နော်။
အခွင့်အရေးဆိုတာ မိတုန်းဖမ်းရတာ သူငယ်ချင်းတို့ရဲ့! 🏃💨
📍 စိတ်ဝင်စားရင် အခုပဲ SYP Japanese Language Center ကို Messenger ကနေဖြစ်ဖြစ်၊ ဖုန်းဆက်ပြီးဖြစ်ဖြစ် စုံစမ်းနိုင်ပါတယ်ရှင့်။ 🥰
04/02/2026
SYP Japanese Language Center ရဲ့ သင်တန်းသားတွေရဲ့ အနာဂတ်အတွက် အခွင့်အလမ်းကောင်းတွေ ဖော်ဆောင်ပေးမယ့်
Tokutei Gino (Building Cleaning) အတန်းသစ်လေးကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။🇯🇵✨
---
🌟 ထူးထူးခြားခြား အစီအစဉ်များ 🌟
N3 Pass Discount: N3 အောင်မြင်ထားသူများအတွက် သင်တန်းကြေး 50% OFF (တစ်ဝက်တိတိ) လျှော့ပေးမှာပါ။
N4 Pass Discount: N4 အောင်မြင်ထားသူများအတွက် သင်တန်းကြေး 40% OFF (တစ်ဝက်နီးနီး ) လျှော့ပေးမှာပါ။
Job Opportunities: သင်တန်းပြီးဆုံးတာနဲ့ အလုပ်အင်တာဗျူးများ တိုက်ရိုက်စောင့်ကြိုနေပါတယ်။
ဂျပန်နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ အတန်းသစ်က မကြာခင်ဖွင့်တော့မှာမို့ မြန်မြန်လေးလာအပ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 💪
သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ်သိလိုတာတွေကို Messenger ကနေ မေးလို့ရသလို ဖုန်းဆက်ပြီးလဲ မေးလို့ရပါတယ်နော်။
03/02/2026
တစ်ဦးချင်းလျှောက်ထားသူများ Registration ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အသိပေးကြေငြာခြင်း
၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ကြေငြာချက်လင့် >> https://www.facebook.com/share/p/1AmeiwyQP4/?mibextid=wwXIfrRegistration
လျှောက်ထားခြင်းအား ၂၂.၁၂၀၂၆ ရက် မှစ၍ လျှောက်လွှာ လက်ခံသည့် ကာလတလျှောက်တွင် ပိတ်ရက်မရှိ ပြုလုပ်နိုင်မည်ဖြစ်သော်လည်း အချက်အလက်မှားယွင်းပါက ပြန်လည်ပြင်ဆင်ရာတွင် အတည်ပြုချက်ရရှိရန် (၃) ရက်မှ (၅) ရက်ခန့် ကြာမြင့်နိုင်သဖြင့် -
• တစ်ဦးခြင်းအနေဖြင့် လျှောက်ထားမည့်သူများ အားလုံး
• အသက် (၁၀) နှစ်အောက် ဖြေဆိုသူများ
• ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များ
အနေဖြင့် Registration အား အချိန်မီကြိုတင်ပြုလုပ်ထားနိုင်ပါရန် လေးစားစွာဖြင့် ထပ်မံအသိပေးအပ်ပါသည်။
မိမိတင်လိုသည့် Level အတွက် လျှောက်လွှာလက်ခံချိန်တွင် အချိန်မှီ Registered ဖြစ်နေရန်အတွက် လျှောက်လွှာလက်ခံကာလမတိုင်မှီတွင် Registration အား ပြီးမြောက်အောင် ပြုလုပ်ထားပါရန် တိုက်တွန်း အပ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
ဆက်သွယ်ရန် - 01 757 10 15 Ext-1 (နံနက် ၉ နာရီမှ ညနေ ၄း၃၀ နာရီ ရုံးချိန်တွင်းသာ)
27/01/2026
📣 ဂျပန်စာ အခြေခံမှ စပြီး သင်ချင်သူများအတွက် အခွင့်အရေး! 🇯🇵
SYP Japanese Language Center မှ
✨ Zoom Online Basic + N5 Class ကို ဖွင့်လှစ်သင်ကြားပါမယ်။
👨🏫 Founder ကိုယ်တိုင် အခြေခံမှစပြီး စနစ်ကျစွာ သင်ကြားပေးမည့် အတန်းဖြစ်ပါတယ်။
ဂျပန်စာကို လုံးဝမသိသေးသူများ၊ N5 အထိ အခြေခံခိုင်မာစေချင်သူများအတွက် အထူးသင့်တော်ပါတယ်။
📌 သင်တန်းအကြောင်းအရာ
🗓 Start Date – 9.2.2026 (Mon)
⏰ Time – 11:00 AM to 12:00 PM
📆 Day – Mon / Tue / Wed
⏳ Duration – 4.5 months
💰 Fee – 200,000 MMK
**စာအုပ်ကိုယ်တိုင်ဝယ်ရပါမည်။
📚 အခြေခံစာလုံး အရေးအဖတ်အပြင်
4skills +Kanji တွေကို နားလည်လွယ်ကူအောင် သင်ကြားပေးသွားမှာပါ။
🔔 လူဦးရေကန့်သတ်ထားသောကြောင့် အမြန်ဆုံး စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်ပါတယ်။
📩 စာရင်းပေးသွင်းလိုပါက
Messenger / Phone 09-775 031 833
မှ တစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
23/01/2026
SYPရဲ့ ဗီယက်နမ် Program နဲ့သွားတဲ့ ညီမလေးတစ်ယောက် COE ရသွားလို့ ဂုဏ်ပြုပါတယ်နော် 🥰
Hey! Japan Job Connect ရဲ့
ချစ်ဆုံးလေးတို့ရေ🥰
အစ်မတို့ဆီမှာ အင်တာဗျူးအောင်ထားတဲ့ Vietnamက ညီမလေး တစ်ယောက် COE အောင်သွားပါပြီနော် 🥰
အစ်မတို့ကို ယုံကြည်စွာ အင်တာဗျူးတွေ လာဖြေပေးတဲ့ တစ်ဦး တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်💜
14/01/2026
Building Cleaning အောင်လက်မှတ်ရှိထားပြီး
အင်တာဗျူးကို ရှာဖွေနေတဲ့ သူများအတွက်ဝေမျှပေးလိုက်ပါတယ်နော်
မြန်မာကနေ လျှောက်ထားနိုင်သည့်
Hotel Building Cleaning လေးရှိပါတယ်နော်😍
N4 + Building Cleaning အောင်လက်မှတ်
ရှိရင်ရပါတယ်ရှင့်🥰
09/01/2026
Tokyo 🇯🇵 ဘက်က
Hotel မှာရှိတဲ့ စားသောက်ဆိုင်ပါ 🥳
ဗီယက်နမ် နဲ့ မြန်မာကနေ လျှောက်ထားလို့ ရပါတယ် ရှင့် 😉
အသေးစိတ်ကို cb ကနေ မေးမြန်းစုံစမ်းနိုင်ပါတယ် 🥰
Hey❗
N4 ရှိထားလား 😎
ရှိရင် ဒီစားသောက်ဆိုင်လေးလျှောက်
ထောက်ပံ့ကြေးရှိပြီး Hotel Restaurant မှာတဲ့🤩
ဗီယက်နမ်🇻🇳 နဲ့ မြန်မာက🇲🇲
လျှောက်လို့ရပါတယ်နော် မောင်လေးတို့ရေ 🥰
31/12/2025
🎍明けましておめでとうございます!🎍
昨年はSYP日本語学校を温かく支えていただきありがとうございました。
新しい年が、笑顔あふれる素晴らしい一年となりますよう心よりお祈り申し上げます。
2026年もどうぞよろしくお願いします✨
🎍ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ!🎍
2025ခုနှစ်အတွင်း SYP ဂျပန်ဘာသာသင်တန်းကျောင်းကို အစဉ်တစိုက် ပံ့ပိုးကူညီပေးခဲ့သည့်အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
နှစ်သစ်မှာ အပြုံးပန်းများဖြင့် ရွှင်လန်းချမ်းမြေ့စရာကောင်းသော နှစ်တစ်နှစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
2026 ခုနှစ်မှာလည်း အားပေးကူညီကြပါဦးနော်✨
SYP Japanese Language Center