13/05/2026
Blueprint before the code 🏗
ဒါကတော့ juniorတွေ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်
juniorတွေက စစချင်း Website ရေးမယ် Appရေးမယ် ဆိုရင် UI workflow နဲ့တင်ချပြီးရေးကြတယ် 📱
စစချင်းက မသိသာပေမဲ့ ကိုယ်လုပ်လိုက်တဲ့ projectက ဆက်လုပ်လို့မရတော့ဘူး ⛔️ ဒီတိုင်း ရေးဖူးတယ်ဆိုပြီးပဲပြီးသွားမျိူးက ကြာလာလေ digital waste တွေ များများလာတယ် 🗑 digital wasteဆိုတာ လက်တွေ့အကောင်အထည်မရှိဘူး
တကယ် wasteဖြစ်သွားတာက ကျန်တော်တို့ developerတွေရဲ့ အချိန်တွေပါပဲ ⏳ အဲပြဿနာဖြေရှင်းနိုင်မှသာ programmerကနေမှ engineerဖြစ်လာနိုင်မယ် 🛠
ဒီပြဿနာ ဘယ်လိုဖြေရှင်းမလဲ❓ 💡
ပြဿနာတွေဖြေရှင်းဖို့အတွက် Software Developement Life Cycle ဆိုတဲ့ framework ကရှိပြီးသားပါ 📋 SDLCရဲ့ Phaseတွေက Planning , Analysis , Design , Implementation , Testing , Deployment , Maintenance ဆိုပြီးရှိတယ် 🔄
ဒီနေ့ရဲ့ focusကတော့ Designပိုင်းက ဘာကြောင့် အရေးကြီးလဲပေါ့
🏛 Design ပိုင်းဆိုရင် ကျန်တော်တို့တွေက UIတွေ အရင်သွားမြင်ကြတယ် 🎨 workflow တွေသွားမြင်တယ် 📈 ကျန်တော်တို့ရဲ့ software systemကို efficient ဖြစ်”နဲ့ Scalable ဖြစ်အောင် ချဲ့နိုင်ဖို့ဆိုရင်
Requirement -> system/ backend Architecture ->Data Structure(ER) -> UI workflow -> UI Designဆိုပြီး Order မှန်ဖို့လိုပါတယ် ✅
Foundation ဖြစ်တဲ့ backend/system archအပိုင်း
ဒီအပိုင်းက သေချာစဉ်းစားရပါတယ် 🧱 အချိန်လဲ သေချာပေးရပါတယ် ⏰ ဒီမှာဆိုရင် Monolith သုံးမလား Microserviceသုံးမလား Serverlessသုံးမလား hybrid ပဲသွားမလား 🤖 ပြီးတော့ Data storage , Api gateway business logicတွေ သေချာplanရပါတယ် 💾 အဲကနေမှ ကျန်တော်တို့တကယ် အသုံးပြုလို့ရမဲ့ end-pointတွေထွက်လာမှာပါ 🔌
ပြီးရင် ER diagram သူ့ဆီမှာက Data Flow/Structure ကိုသေချာ defineလုပ်ရပါတယ် 📊 ERပြီးရင်တော့ User Journey ဖြစ်တဲ့ UI workflow သွားရပါမယ် 🛤 ကျွန်တော်တို့ထပ်အသေးစိတ်သွားချင်ရင် sequence diagramတွေလဲ သွားလို့ရပါတယ် 📜 အဲတာတွေပြီးမှသာ visual တွေဖြစ်တဲ့ UI design တွေမှာ branding , aesthetic , တွေ ဆွဲရပါတော့တယ် ✨
Designing အပိုင်းကို ဒီOrderအတိုင်း သွားမယ်ဆိုရင် ကျန်တော်တို့ရဲ့ development process တွေကပိုပြီးကောင်းလာမှာပါ 🚀 အစီိအရီနဲ့ သေချာ maintain လုပ်လို့ရမယ် 🔧 scalable လဲသေချာလုပ်လို့ရလာမှာဖြစ်ပါတယ် 📈
Author Name - Instructor Min Thu Khaing
Content Series - Journey with Moriarty
============================
အခုလိုမျိုး Information Technology နဲ့ဆိုင်တဲ့ Knowledge Sharing Content တွေကို လေ့လာဖတ်ရူချင်တယ်ဆိုရင်တော့ Page ကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့နော်
Website မှလည်း Knowledge Sharing Article တွေကို ဝင်ရောက်ဖတ်ရူလို့ရပါတယ်
https://oscord.io/articles.php
Oscord Code Academy မှာ Programming, Web Development, Software နှင့် Computer Science ဘာသာရပ်တွေကို အခြေခံမှစ၍ Application Development Level အထိ Online ကနေ By One အတန်း By Group အတန်းနှင့် Video Lecture အတန်းများဖြင့်သင်ကြားပေးနေပါတယ်
အသေးစိတ်သိရှိလိုပါက Page Messanger သို့မဟုတ်အောက်ပါ Telegram Account မှာလာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ
https://t.me/oscord_cs