Phyo Clinic

Phyo Clinic

Share

ကျန်းမာရေးအတွက် messanger မှာ ဆွေးနွေးနိုင်ပါသည်။

04/04/2026

ရိုးရိုးအနာလေးကို လက်ကအငြိမ်မနေပဲသွားသွားဆွနေတော့ ဒီလိုအသီးထလာတာပေါ့ ။ အခုတော့ ထုံဆေးထိုးပီးခွဲစိတ်ရတော့မယ်။

Photos from Phyo Clinic's post 04/04/2026

အူအတက်ရောင်ခြင်းကို Laparascope မှန်ပြောင်းနဲ့ခွဲစိတ်ပေးထားတာပါ။ အခုပုံမှာဆိုကြည့်လိုက်ရင် ပြည်တွေရှိနေတာကိုတွေ့ရမှာပါ။ မခွဲစိတ်ပဲဒီတိုင်းထားလိုက်ရင် အသက်အန္တရာယ်ရှိနိုင်တဲ့ အနေအထားပါ။ ဒါ့ကြောင့်အူအတက်ရောင်တယ်ဆိုရင် မပေါ့ဆဖို့ လူနာများကို မှာကြားရပါတယ်။

08/10/2025

Messanger မှာဆွေးနွေးလို့ရနေပါပီခင်ဗျ။

08/10/2025

Messanger မှာ လာပီးဆွေးနွေးလို့ရပါပီ ။

08/11/2024

ငယ်စဥ်က လိင်တံထိပ်အရေပြားမဖြတ်ခဲ့ အရွယ်ရောက်လာတော့လဲ ကျန်းမာရေးဗဟုသုတမရှိ သန့်ရှင်းရေးအားနည်းတော့ ထိပ်ဖူးနဲ့အရေပြားတစ်သားတည်းလိုကပ်ပီး ဆီးလမ်းကြောင်းပိတ်ဆီးမသွားနိုင်လို့ ခွဲစိတ်လိုက်ရတာပါ။ ပုံမှန်လိုပြန်မဖြစ်တော့ပါဘူး။ အတတ်နိုင်ဆုံး အဆင်ပြေအောင်လုပ်ပေးခဲ့ပါတယ်။ အနာကျက်သွားရင်တော့ပုံပေါ်လာမှာပါ။ ဒါ့ကြောင့် ထိပ်အရေပြားရှည်ပီးဖုံးနေရင် စောစောစီးစီးဖြတ်ဖို့ သတိပေးလိုက်ရပါတယ်။

11/10/2024

ဆီးလမ်းကြောင်းမှာကျဥ်းပီးပိတ်နေတာပါ ။ ရေများများနေ့စဥ်သောက်ဖို့မမေ့ကြပါနဲ့။

27/12/2023

သည်းခြေကျောက်တည်သူများအတွက်

သည်းခြေကျောက်ရှိတယ်လို့သိလိုက်ရသူများ ဘယ်လိုလူမျိုးတွေက ခွဲစိတ်ကုသမှုခံယူသင့်သလဲဆိုလျှင်

$$$ ရောဂါလက္ခဏာ ပြသူများ(ဗိုက်အောင့်ခြင်း)

$$$ သည်းခြေအိတ်ယောင်ခြင်း

$$$ မုန့်ချိုအိတ်(pancreas)ယောင်ခြင်း

$$$ ရောဂါလက္ခဏာ မပြသော်လည်း ဆီးချိုရောဂါရှိသူများ

စသည်တို့ဖြစ်ပါတယ်။

ရောဂါ လက္ခဏာ မပြလျင် ကျောက်ပျော်ဆေးသောက်ပီးစောင့်ကြည့်လို့ရနိုင်ပါတယ်။

ခွဲစိတ်ကုသလျင် မှန်​ပြောင်းဖြင့်(laparoscopic) ခွဲစိတ်ခြင်းက အကောင်းဆုံးကုသခြင်းဖြစ်ပါတယ် ဆိုတာ ရေးသားတင်ပြလိုက်ရပါတယ်။

ကျန်းမာကြပါစေ 😁😁😁

13/06/2023

Circumcision package

ဆေးခန်း ၁သိန်းခွဲ
ဆေးရုံ ၃သိန်း(ရိုးရိုးထုံဆေး)
၄သိန်း(ခါးမှာထိုးသောထုံဆေး)

Stapler နှင့်ချုပ်လိုသူများ ၂သိန်း၃သောင်းကျပ်
မှတ်ချက်။ ။ ကြီးဆေးထိုးထားသူများ ဤpackage တွင်မပါဝင်ပါ။

14/02/2023

ကြီးစေချင်လို့ ကြီးဆေးထိုးမိပီး မကြီးပဲ ဆေးတွေခဲပီး ဒုက္ခရောက်နေသူများ ၊ အမျိုးသား လိင်အဂ်ါအရေပြားဖြတ်လိုသူများ ၊ အူကြ ဘောကြ ဝေဒနာရှင်များ messanger မှာလာရောက်ဆွေးနွေးနိုင်ပါတယ်။

19/05/2022

😪လိင်အင်္ဂါကြီးဆေးထိုးပီးဒုက္ခရောက်နေသူများ

အဖော်ကောင်းရင် ကျောက်ပန်းတောင်းရောက်တတ်တဲ့ ညီကိုများ အပေါင်းသင်းတွေကတိုက်တွန်းလို့ပဲဖြစ်ဖြစ် မိမိဘာသာစိတ်ကူးပေါက်လို့ပဲဖြစ်ဖြစ် လိင်အင်္ဂါကို ကြီးထွားအောင် ကြီးဆေးထိုးတတ်ကြပါတယ် ။😬

ထိုးတဲ့ဆေးရဲ့ အာနိသင်ကြောင့် အစပိုင်းက အဆင်ပြေသလိုနဲ့ နောက်ပိုင်းမှာ ဒုက္ခပေးလာတတ်ပါတယ်။😡

အရေပြားအောက်မှာ ဆေးတွေခဲပီး ထူထူကြီးဖြစ်လာတာမျိုး အနာတွေပေါက်လာတာမျိုး ထိပ်ဖူးကိုပေါ်အောင် ဆွဲလှန်လို့မရတော့တာမျိုး စတာတွေကိုကြုံတွေ့ရတတ်ပါတယ်။🥵

အပေါ်က အခြေနေနဲ့ ကြုံလာရပီဆိုရင် ခွဲစိတ်ကုသမှ အဆင်ပြေနိုင်တော့မှာပါ။🙄

ခွဲစိတ်ကုသမှုခံယူမယ်ဆိုရင်လဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ကုသမှုခံယူဖို့လိုပါတယ်။🙄

ခဲနေတဲ့ဆေးတွေက ထိပ်ဖျားမှာပဲစုနေတာမျိုးဆိုရင် Circumsision ခေါ်တဲ့ ထိပ်အရေပြားဖြတ်လိုက်ရင် အဆင်ပြေသွားကြတာများပါတယ်။🤫

ဆေးခဲတွေက လိင်တံပေါ် လိင်တံအရင်း ထိရောက်ရင်တော့ ခဲနေတဲ့အရေပြားတွေကို ထုတ်ပစ်ပီး အရေပြားအစားထိုး ရပါတယ်။👌

အရေပြားအစားထိုးတာမှာ ၂မျိုးရှိပါတယ် ။ ပေါင်အရေပြားကိုခွာပီးကပ်တာနဲ့ ကပ္ပယ်အိတ် အရေပြားနဲ့အစားထိုးတာ ဆိုပီး ၂မျိုးရှိပါတယ်။✌️

ပေါင်အရေပြားကပ်တာ ကတော့ရှင်းပါတယ် ပေါင်ကအရေပြားကို အနည်းငယ်ယူပီးတော့ ခွာထားတဲ့လိင်တံအပေါ်မှာ ကပ်လိုက်တာပါ။ သူ့ရဲ့ အားနည်းချက်ကတော့ အရေပြားပါးခြင်း ၊ အကြမ်းမခံခြင်း ၊ အမာရွတ်ကျုံ့ခြင်း၊ အရေပြာူမကပ်လျှင် နောက်တစ်ကြိမ်ပြန်ကပ်ရခြင်း စတာတွေရှိနိုင်ပါတယ်။ ကောင်းတာကတော့ ကပ္ပယ်အိတ်အရေပြားကို အသုံးမပြုရခြင်းကြောင့် နဂိုမူလ လိင်အင်္ဂါပုံစံနီးပါး ပြန်လည်ရရှိနိုင်ပါတယ်။😇

ကပ္ပယ်အိတ်အရေပြားအစားထိုကုသတာမှာလည်း အားနည်းချက် အားသာချက်တွေရှိပါတယ်။ အားနည်းချက်ကတော့ ကပ္ပယ်အိပ်အရွယ်အစား သေးသွားခြင်း၊ လိင်တံပေါ်တွင် အမွှေးပေါက်ခြင်း၊ လိုအပ်လျင် ၂ဆင့်ခွဲစိတ်ရခြင်း စတာတွေဖြစ်ပါတယ်။ အားသာချက်တွေကတော့ အရေပြားထူသည့်အတွက်ကြောင့်အကြမ်းခံခြင်း ၊လိင်တံပေါ်အရေပြားကို ဆွဲ၍ရခြင်း ၊ လိုအပ်လျှင်လိင်တံအရှည်ကို ထပ်မံခွဲစိတ်၍ရခြင်း စတဲ့အချက်တွေရှိနိုင်ပါတယ်။🙂

ဘယ်လိုလူမျိုးက ဘယ်လိုကုသမှုနဲ့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ခွဲစိတ်မည့်ဆရာဝန်နဲ့ သေချာတိုင်ပင်ရမှာဖြစ်ပါတယ်။😍

ဘော်ဒါတွေ စိတ်တိုင်းကြ ဖြစ်ကြပါစေ😀😀😀။

Photos from Men Health Mandalay's post 26/01/2021

Covid ကာကွယ်ဆေး

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


Mandalay