06/07/2024
ကာလဝမ်းရောဂါအကြောင်း
••••••••••••••••••••••••••••
ကာလဝမ်းရောဂါကို Cholera လို့ခေါ်ပါတယ်။ မကုသဘဲဒီတိုင်းထားရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ ကာလဝမ်းရောဂါဟာ ရေအရင်းအမြစ်သန့်စင်မှုမရှိခြင်းနဲ့ အခြေခံသန့်ရှင်းမှုမရှိတဲ့အတွက်ဖြစ်ရတာပါ။
အပျော့စားဖြစ်ရင် Oral Rehydration Salt လို့ခေါ်တဲ့ဓာတ်ဆားရည်သောက်ပြီး သက်သာနိုင်ပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင်တော့ ပိုးသတ်ဆေးနဲ့ IV Fluids (အကြောဆေးသွင်းကုသမှု)တွေပါလိုအပ်နိုင်ပါတယ်။
🔷ကာလဝမ်းရောဂါဖြစ်ရတဲ့အကြောင်းအရင်း
မသန့်တဲ့အစားအစာနဲ့ မသန့်တဲ့ရေ (ရောဂါပိုးရှိတဲ့အစာနဲ့ရေ)ကို စားသောက်မိလို့ ဖြစ်ရတာပါ။ ရောဂါပိုးကို V.Cholerae လို့ခေါ်ပါတယ်။ ရောဂါပိုးကူးစက်ပြီး ၁၂နာရီမှ ၅ရက်အတွင်း ရောဂါလက္ခဏာပြသပါတယ်။
🔷ရောဂါလက္ခဏာများ
အစောပိုင်းလက္ခဏာများမှာ
▪️ဝမ်းအရည်များသွားခြင်း
▪️ဝမ်းအရောင်မှာ ဆန်ဆေးရည်ကဲ့သို့ အဖြူရောင်များဖြစ်နေခြင်း
▪️အော့အန်ခြင်း
▪️ခြေထောက်ကြွက်တက်ခြင်းတို့ပါဝင်ပါတယ်။
🔺မကုသဘဲနေရင် ရောဂါပြင်းထန်လာပြီး ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်လာပါလိမ့်မယ်။ ကျောက်ကပ်ပျက်စီးခြင်း၊ မေ့မျောခြင်း၊ သွေးလန့်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ နောက်ဆက်တွဲဖြစ်နိုင်ပါတယ်။
🔷ကာကွယ်ခြင်း
မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့အလွန်အရေးကြီးပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားတဲ့အချိန်တွေဟာ အခုလိုမိုးတွင်းကာလတွေမှာဖြစ်တတ်ပါတယ်။
◾ရေသန့်ကိုသာသောက်ပါ။
ရေသန့်မရှိပါက ကလိုရင်းဆေးခတ်ထားသောရေကိုသောက်ပါ။
Aquatabs -ရေသန့်စင်ဆေးပြားခတ်ပြီးလည်းသောက်သုံးနိုင်ပါတယ်။
အကယ်၍ အထက်ပါအရာများ လက်လှမ်းမမီဘူးဆိုရင် ကြိုချက်ပြီးသောက်ပါ။ ရေဆူပွက်လာတဲ့အထိကြိုပါ တစ်မိနစ်ခန့်ဆူပွက်အောင်ထားပါ။ ကြိုချက်ပြီးသားရေကို ပြန်သိမ်းရင်တော့ သိမ်းတဲ့ဘူးကသန့်ရှင်းမှဖြစ်မှာပါ။
◾လက်ဆေးပါ။
လက်ကို ရေ၊ဆပ်ပြာနဲ့ မကြာခဏဆေးကြောပေးပါ။အထူးသဖြင့် အစားမစားခင်၊ အိမ်သာတက်ပြီးနဲ့ အစားအစာတွေမကိုင်တွယ်ခင် လက်ဆေးပေးပါ။ ကလေးလေးတွေကို Diaper လဲခြင်း၊ အောက်ပိုင်းအညစ်အကြေးသန့်ရှင်းခြင်းတို့ပြုလုပ်ပြီးရင်လည်း လက်ဆေးဖို့မမေ့ပါနဲ့။
◾ရေ၊ဆပ်ပြာမရှိရင် Alcohol 60% ပါဝင်တဲ့ လက်သန့်ဆေးရည်သုံးလို့ရပါတယ်။
◾ယင်လုံအိမ်သာအသုံးပြုပါ။
◾အစားအစာတွေကို ချက်ပြုတ်ပြီးမှစားပါ။ အသားငါးအစိမ်းစားတာတွေရှောင်ပါ။ ကျက်အောင်ချက်စားပါ။ ယင်လုံအောင် ဖုံးအုပ်ထားပါ။
🔷ဖြစ်ခဲ့ရင်ဘာလုပ်ကြမလဲ?
ရောဂါစဖြစ်ပြီဆိုတာနဲ့ ဓာတ်ဆားရည်
13/05/2024
အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
မျက်နှာသစ်လိုက်တာတို့ လို့ ထင်နေကြတယ်။
ရုတ်တရက် သတိလစ် အသက်ရှူရပ်သွားတယ်ပေါ့။
တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော
ဖြစ်ရပ်သာဖြစ်တယ်။
ပူရာနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု
ကမောက်ကမဖြစ်သွားလို့
နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။
မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင်
ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။
တကယ့် Heat stroke အပူလျှပ်ခြင်း
အစစ်ကတော့ ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ
သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်
( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး
မမျှတလို့ ဖြစ်ရတာပါ။
နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ
ချွေးတွေအရမ်းထွက်ပါတယ်
ဆားတွေပါ ပါသွားပါတယ်။
ဆားတွေများများပါသွားလေလေ
ရေက မငတ်တော့လေလေ ပါပဲ။
ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။
အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။
ဘယ်လိုထိန်းသလဲဆိုတော့
ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။
ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။
ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
အပူလွန်၍ပင်ပန်းခြင်း ပေါ့။
ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊
ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ
သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။
သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)
ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့
အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု
ပိုဆိုးစေလို့လို့ ဆိုပါတယ်။
ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည်
အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။
လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ
မြန်မြန်ချိတ်သွင်းရပါမယ်။
Rapid Cool NS infusion ။
အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။
ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။
တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။
ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ
မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး
သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။
ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။
Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ
ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို
ပြန်လည်ကောက်နုတ်ဖော်ပြတာပါ
********
CREDIT
မင်းနေလျံ
(Dr. မျိုးသန့်နိုင်-ဆေး မကွေး)
#အပူလျှပ်ခြင်း
#ကျန်းမာရေး
#ဗဟုသုတ
12/05/2024
Happy International Nurses Day To All Our respectful Ladies and Guys 🥳🥳🥳
media1.giphy.com
24/04/2024
ဆားကြမ်းလေးနင်းတာပါပဲ...
ဆားကြမ်း ၂ ပိဿာ ၈၀၀ ကျပ်ဖိုးဆို
တစ်လလောက် အသုံးပြုလို့ရပါတယ်....
နေ့ စဉ် အ ချိန် မှန် ရေချိုး ခါနီး တိုင်း
ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။
ညဘက် နင်းပုံနင်းနည်းကတော့ … ခြေထောက်ကို.. ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ…။
(ဆား ၂ပိသာ ဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ…။
နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ ခြေထောက်က…ချွေးများ ထွက်လာတာ တွေ့ရပါမယ်…။
မိနစ် ၃၀ -၄၀ – ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့…မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ…
ခြေထောက်ကို လုံးဝ(လုံးဝ) ရေပြန်မဆေးရပါ…
ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ…
ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်…။
အကြောပြေ.. ခြေကျဉ် ထုံနာတွေ ပျောက်ကင်း..
ခြေကွဲခြင်း မရှိ… ဆံပင် မကျွတ်တော့ပဲ…
နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည်. ကျန်းမာခြင်းကိုရရှိစေမှာပါ။
Kyilwinmyint-mudra ပြောပြတဲ့
နံနက်ရေမချိုးမီ ဆားနင်းခြင်းအကျိုး
(၁) မလိုအပ်သောအပူအောင်းနေသောအခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်သည်။
(၂) ကျောက်ကပ်တွင်အပူခိုခြင်းမှကာကွယ်၍ ဆီးလမ်းကြောင်းကိုလည်းအကျိုးပြုသည်။
(၃) ကြာကြာနင်းလျှင်ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေနိုင်သည်။
(၄)အထိုင်များသူ..ကားမောင်းများသူများအတွက် အညောင်းရောဂါ အကြောပိတ် အကြောတင်းခြင်းများမှ ကာကွယ်နိုင်သည်။
(၅) မျက်စိအာရုံစိုက်ရသူများ မျက်မှန်တတ်ရသူများအတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင်မျက်စိဒီကရီကျပြီး မျက်မှန်လွတ်စေနိုင်သည်။
(၆)ဆံပင်ကျွတ်သူများ ဆံပင်ပါးသူများ ဆံပင်နှစ်ခွကွဲခြင်းများ သက်သာစေသည်။
(၇) ခေါင်းကိုက် မျက်ရိုးကိုက် မျက်ရည်ကျသူများ မျက်ရည်လမ်းကြောင်းပိတ်သူများအတွက်လည်း အကျိုးရှိစေနိုင်သည်။
(၈) သားအိမ်လမ်းကြောင်းပိတ်၍ သားသမီးမရသူများ သားသမီးရစေနိုင်သည်။
(၉) အမျိုးသားဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်းမှကာကွယ်နိုင်သည်။
ဆားနင်းခြင်းကို နံနက်အိပ်ယာထ.. ညအိပ်ယာဝင် နှစ်ကြိမ်ပြုလုပ်နိုင်သည်။ ခွက်တွင် ဆားနှစ်ပိဿာ အနည်းဆုံးထည့်ရပါမည်။ ပြီးလျှင်ရေမစိုအောင်အုပ်ထားပါ။ တစ်လခန့်ကြာမှ ဆားအသစ်လဲပေးလျှင်ရပါသည်။
ဆားနင်း၍ ကုမရသောခေါင်းကိုက်ရောဂါ၊ခါးနာရောဂါများပျောက်ကင်းနိုင်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ပြီး အပူကင်းပါစေ...
#ကျန်းမာရေး
24/04/2024
နွေရာသီတွင် ပြုလုပ်ရမည့် ကြိုတင်ကာကွယ်မှုများ🌞🌞🌞
22/04/2024
🌞မနက် အိပ်ရာထထချင်း ရေတစ်ခွက်
သောက်ရင် ဘာဖြစ်မလဲ
မနက်နိုးနိုးချင်းမှာရေတစ်ခွက်သောက်ပါ။
ကိုယ်တွင်းအင်္ဂါတွေကို အကောင်းဆုံးလည်ပတ်စေဖို့ပါ။
မနက်စာ မစားခင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားရာလည်းရောက်ပါတယ်။
မနက်ထထချင်း ရေသောက်ကျင့်ရှိတဲ့သူ ပါလားရှင့်🤗
゚
#ကျန်းမာရေးဗဟုသုတ
20/04/2024
ပင်မှည့်သီး၏ အဟာရ အကျိုးကျေးဇူးများ
ပင်မှည့်သီး ဖျော်ရည်ဆိုတာ အအေးဆိုင်ရဲ့ မီနူးထဲမှာမရှိမဖြစ်ဖြစ်တဲ့ အအေးတစ်ခုပါ။ အရသာလည်း ရှိသလို သောက်တဲ့လူတိုင်းကိုလည်း ကောင်းကျိုးလေးတွေ ရစေတဲ့ ဒီ ပင်မှည့်သီးဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင်။
ပင်မှည့်သီး မှာပါတဲ့ အာဟာရဓာတ်တွေ
ပင်မှည့်သီးမှာ
ဗီတာမင် C
သံဓာတ်
အမျှင်ဓာတ်
ရေဓာတ်
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။
ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ် ။ ။
ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ်
( ၁ ) လူကို လန်းဆန်းစေပါတယ်။
ပင်မှည့်သီး ဖျော်ရည်ဟာ ချိုအီအီထက် ချဉ်ချိုချိုလေးဖြစ်တာကြောင့် သောက်လိုက်တဲ့ လူတိုင်းကို လန်းဆန်းစေမှာ အသေအချာပါ။ ရေဓာတ်ကြွယ်ဝတဲ့အတွက် အခြား ဖျော်ရည်တွေလိုမျိုး သောက်ပြီးတာနဲ့ ရေဆာခြင်းကို မဖြစ်စေသလို ခံတွင်းကိုလည်းရှင်းစေဦးမှာပါ။
( ၂ ) အာဟာရဓာတ်တွေ များစွာပါပါတယ်။
ချဉ်ချိုချို အသီးလေးဖြစ်တာကြောင့် ဗီတာမင် C ပါမယ်ဆိုတာကတော့ အထူးပြောနေစရာကို မလိုဘူးထင်ပါတယ်။ ဒါ့အပြင် နှလုံးကြွက်သားတွေနဲ့ သွေးကြောတို့အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ပြီး အမျှင်ဓာတ် ၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ် ၁၂.၈ ရာခိုင်နှုန်းပါတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။
( ၃ ) ခုခံအားကို တက်စေပါတယ်။
ခုခံအားအတွက် အရေးကြီးတဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တဲ့အသီးဖြစ်တာကြောင့် ကိုယ်တွင်းကို ဝင်လာမယ့် ရောဂါပိုးတွေကို သူက ကူပြီး တိုက်ထုတ်ပေးမှာ အသေအချာနော်။
( ၄ ) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါပါတယ်။
အသီးတိုင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝကြတဲ့အတွက် အသီးတစ်မျိုးဖြစ်တဲ့ ပင်မှည့်သီးလည်း အတူတူပါပဲ။ သူ့ရဲ့ ကြွယ်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးမှာ ဖြစ်တဲ့အပြင် ကင်ဆာရောဂါ မဖြစ်အောင်လို့လည်း ကာကွယ်ပေးဦးမှာပါ။
( ၅ ) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
ပင်မှည့်သီးက အစာကြေ စေတဲ့အပြင် အစာခြေစနစ်ကို ကူညီပေးတဲ့အတွက် အစာအိမ်သမားတွေ အထူးအားထားရတဲ့ အသီးတစ်ခုပါ။
( ၆ ) ဓာတ်မတည့်ခြင်းဖြစ်တတ်သူများအတွက်လည်း အားထားရတဲ့ အသီးတစ်ခုပါ။
ဓာတ်မတည့်ပစ္စည်းတွေ ထွက်တာ၊ ကိုယ်တွင်းရောင်ရမ်းတာတွေကို သက်သာစေတဲ့အတွက် ပင်မှည့်သီးက ပန်းနာရင်ကျပ်သမားတွေ အတွက် လက်စွဲ အသီးတစ်ခုပါ။
( ၇ ) အမြင်အာရုံကို ကောင်းမွန်စေပါတယ်။
ပင်မှည့်သီးရဲ့ ကြွယ်ဝလှတဲ့ flavonoids တွေက သင့်မျက်လုံး အပေါ် သက်ရောက်တဲ့ ဓာတုပစ္စည်းမှန်သမျှကို ဖယ်ရှားပေးမှာ ဖြစ်လို့ မျက်လုံးကျန်းမာရေးအတွက်လည်း အသုံးဝင်လှတဲ့အသီးတစ်ခုနော်။
( ၈ ) သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။
ပင်မှည့်သီးမှာပါတဲ့ non-heme iron ( အပင်ကရတဲ့ သံဓာတ်) ကြောင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါတွေကိုလည်း ကာကွယ်ပြီးသားဖြစ်မှာပါ။
ဘာတွေ သတိထားရမလဲ
ပင်မှည့်သီးက ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုပေမယ့် အများကြီး စားရင် အစာအိမ် မအီမသာဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလွန်အကျွံ မစားမိဖို့ လိုပါမယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ
ပင်မှည့်သီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်
Credit to Hello ဆရာဝန်
19/04/2024
မနက်စောစော လမ်းလျှောက်ခြင်းကောင်းကျိုး
မနက်ခင်းမှာဖြစ်ဖြစ် လမ်းလျှောက်လေ့ကျင်ခန်း လုပ်ဖူးပါသလား။ လမ်းသွက်သွက် လျှောက်ခြင်းက သင့်ကို ကျန်းမာရေးကောင်းကျိုး များစွာ ပေးနိုင်တယ်ဆိုတာ သိပါသလား။ လေ့လာကြည့်ကြရအောင်လား
၁။ စိတ်ကြည်လင် လန်းဆန်းစေတယ်
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::
စိတ်ပိုင်းဆိုင်ရာ သောကတွေ၊ စိတ်ဓာတ်ကျတာတွေကို ခံစားနေရပါသလား။ ၁၅ မိနစ်ခန့် အရာအားလုံးကို မေ့ထားပြီး လမ်းလျှောက်ကြည့်လိုက်ပါ။ ကိုယ်ရော စိတ်ပါ လန်းဆန်းပြီး သောက ကင်းဝေးစေပါတယ်။
၂။ အတွေးတွေကို နုပျိုစေတယ်
::::::::::::::::::::::::::::::::::::::::::::::::
သင်က အနုပညာသမား တစ်ယောက်လား။ သီချင်းတစ်ပုဒ် ၊ ဝတ္တုတစ်ပိုဒ်အတွက် အကြံဉာဏ် ကုန်နေပါသလား။ ဒါဆိုရင်တော့ သတင်းကောင်းတစ်ခု ရှိပါတယ်။ သုတေသီတွေရဲ့ စစ်တမ်းအရ လမ်းလျှောက်တာက အတွေးတွေ ကွန့်မြူးတာကို အားပေးစေတယ်ဆိုတာပါပဲ။ ကဲ ဒီတော့ ဘာဆိုဘာမွ စဉ်းစားမရလို့ အကြံအိုက်နေရင်တော့ အခုပဲ လမ်းထွက်လျှောက်ကြည့်လိုက်ပါတော့။
၃။ ကိုယ္ခံအား ကောင်းစေတယ်
:::::::::::::::::::::::::::::::::::::::::::::::
လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေထဲမှာ ကိုယ်ခံအားကောင်းစေတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့် လမ်းလျှောက်ခြင်းဖြင့် ရာသီအပြောင်းအလဲ ဒါမှမဟုတ် အအေးမိတိုင်း ဖြစ်တဲ့ နှာချေခြင်း၊ ယားယံခြင်း၊ နှာပိတ်ခြင်း၊ နှာယိုခြင်းတွေကို ၇၀ ရာခိုင်နှုန်းအထိ လျော့ကျစေပါသတဲ့။
၄။ ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေတယ်
::::::::::::::::::::::::::::::::::::::::::::::::::::::::
ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေ၊ ဓာတ်ပြုခြင်းကနေ အားအင် ရရှိပါတယ်။ ၁၅ မိနစ်နေ့စဉ် လမ်းလျှောက်သူဟာ ဇီဝကမ္မဖြစ်စဉ်တွေက ပိုမိုမြန်ဆန်စွာ ဖြစ်ပေါ်ပြီး စွမ်းအားတိုးစေပါတယ်။ ဒါ့အပြင် သွေးတိုးခြင်း ၊ အဆီပိတ်ခြင်း၊ ဆီးချိုနဲ့ အဝလွန်ခြင်းတွေကိုလည်း ကာကွယ်ပေးပါတယ်။
၅။ အသက်ရှည်စေတယ်
::::::::::::::::::::::::::::::::::::
ဒါကေတာ့ ရှင်းပါတယ် ။ နေ့စဉ် လေ့ကျင့်ခန်းလုပ်နေတဲ့လူဟာ သာမန်သက်တူရွယ်တူများထက် ပိုပြီးသန်မာပြီး ရောဂါကင်းတဲ့အတွက် သက်တမ်းစေ့နေနိုင်မှာ မလွဲဧကန်ပါပဲ။
၆။ ငွေစုမိစေတယ်
::::::::::::::::::::::::::::
ကျန်းမာကြံခိုင်ဖို့အတွက် ကာယခန်းမ တသီးတသန့် သွားနေစရာမလိုပါဘူး။ လမ်းလျှောက်ခြင်းဖြင့် လိုရာသြားဖို့ ဓာတ်ဆီလောင်စာတွေ မကုန်တော့တဲ့အပြင် ကားပါကင်ကြေးတွေပါ ပေးနေစရာမလိုတော့တဲ့ အတွက် ငွေကြေးစုဆောင်းနိုင်ပါတယ ။
၇။ နုပျိုစေတယ်
:::::::::::::::::::::::
စစ်တမ်းများအရ လမ်းလျှောက်ခြင်းက ဒီအန်အေထဲက အိုမင်းခြင်းနဲ့ သက်ဆိုင်တဲ့ တယ်လိုမားစ်လို့ခေါ်တဲ့ အရာတွေကို ဆွဲဆန့်ထားနိုင်တာကြောင့် အရွယ်တင်အောင် ပြုလုပ်စေပါတယ်။ တယ်လိုမားစ်တွေ တိုဝင်သွားခြင်းက ရုပ်သွင် အိုမင်းခြင်းနဲ့ သက်ဆိုင်နေပါတယ်။ အခု သင့်မျက်နှာပေါ်က အရေးအကြောင်းတွေ အတွက် စိတ်ပူနေပြီလား။ စိတ်ပူနေရင်တော့ လမ်းလျှောက်ဖို့ လိုပါတယ်နော်။
၈။ နှစ်ခြိုက်စွာ အိပ်မောကျစေတယ်
:::::::::::::::::::::::::::::::::::::::::::::::::::
ညည အိပ်မပျော်ဖြစ်နေတတ်တဲ့ သူလား။ နေ့စဉ်ပုံမှန် လမ်းလျှောက်တဲ့လူတွေက လှဲချလိုက်တာနဲ့ အိပ်ပျော်တတ်တဲ့ လူစားတွေ ဖြစ်ပါသတဲ့။ ဒါ့အပြင် အိပ်ရေးလည်း ဝတာကို တွေ့ရပါတယ်။ ညဘက်အိပ်မပျော်တဲ့ အခြေအနေကို ကုစားနိုင်ဖို့အတွက် နေ့စဉ် ၁၅ မိနစ်ခန့် လမ်းလျှောက်ပေးပါ။
၉။ သောက ကင်းဝေးစေတယ်
:::::::::::::::::::::::::::::::::::::::::::::
ဒီအခ်က္ကေတာ့ သောကများအလယ် နှစ်မွန်းနေတဲ့ လူတွေအတွက်ပါ။ အများအားဖြင့် သောကများသူတွေက ရေကူးပြီး အပန်းဖြေကြပါတယ်။ ဒါပေမဲ့ လမ်းလျှောက်ခြင်းကလည်း လွယ်ကူသက်သာပြီး ရေကူးခြင်းနီးတူ အကျိုးရှိစေပါတယ် ။ သောကဟော်မုန်းတွေကို ဖယ်ရှားပြီး စိတ်ထဲက ဝေဒနာတွေကို ကျော်လွှားနိုင်မှာပါ။
၁၀။ မှတ်ဉာဏ်ကောင်းစေတယ်
:::::::::::::::::::::::::::::::::::::::::::::
လမ်းလျှောက်ခြင်းက ဦးဏှောက်အတွက် ကောင်းကျိုး များစွာပေးပါတယ်။ အတွေးအခေါ်၊ မှတ်ဉာဏ်၊ စာလေ့လာခြင်းတွေမှာ ကောင်းကျိုးတွေ ရှိတဲ့အပြင် ဦးနှောက် အရွယ်အစားကိုလည်း ကြီးလာစေပါတယ်။ ဒါ့အပြင် အယ်ဇိုင်းမားနဲ့ သက်ငယ်ပြန်တာတွေကိုလည်း ကာကွယ်ပေးတဲ့အတွက် အသက်ကြီးရင့်သူတွေအတွက် သင့်တော်ပါတယ်။
၁၁။ အနာသက်သာစေတယ်
:::::::::::::::::::::::::::::::::::::::::
နာတာရှည် နာကျင်မှုဝေဒနာ ခံစားနေရတဲ့လူတွေအနေနဲ့ လမ်းလျှောက်လေ့ကျင့်ခန်းက အနာ သက်သာစေပါတယ်။ မကုသနိုင်သေးတဲ့ နာတာရှည်ဝေဒနာတွေကို လုံးဝပျောက်ကင်းသွားအောင် မလုပ်နိုင်ပေမဲ့ ခံရခက်တဲ့ ရောဂါလက္ခဏာ တစ်ခုဖြစ်တဲ့ နာကျင်ခြင်းကိုတော့ သောက်ဆေးမလိုဘဲ အတော်အသင့် သက်သာစေပါတယ်။
၁၂။ အရိုး ကျန်းမာစေတယ်
:::::::::::::::::::::::::::::::::::::::::::::::
အရိုးတွေအတွက် လမ်းလျှောက်ခြင်းက ကြံခိုင်သန်မာခြင်းတွေကို ယူဆောင်လာပေးပါတယ်။ အရိုးပါးခြင်း ၊ အရိုးပျော့ခြင်း ၊ အရိုးကျိုးခြင်းနဲ့ မသန်စွမ်းဖြစ်မှုတွေကို ကာကွယ်ပေးနိုင်တဲ့အတွက် လမ်းများများ လျှောက်ဖို့လည်း လိုအပ်ပါတယ်။
၁၃။ မျက်စိကျန်းမာရေး ကောင်းစေတယ်
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
မျက်စိနဲ့ ခြေထောက် မဆိုင်ဘူး မထင်ပါနဲ့။ မျက်စိဆရာဝန်တွေရဲ့ လေ့လာမှုတစ်ခုအရ နေ့စဉ်လမ်းပုံမှန်လျှောက်တဲ့သူတွေက သာမန်လူတွေထက် မျက်လုံး ပိုကျန်းမာသလို သူငယ်အိမ် ပျက်စီးခြင်းနဲ့ အသက်ကြီးလို့ မျက်စိမှုန်ခြင်းတွေကို သက်သာစေပါတယ် ။ သင့်အတွက် သတင်းကောင်းတွေ ချည်းပါပဲ ။
၁၄။ လူမှုဆက်ဆံရေး ကောင်းမွန်စေတယ်
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
အိမ်ထဲမှာနေပြီး ဖေ့စ်ဘွတ် သုံးနေမဲ့အစား သူငယ်ချင်းတွေနဲ့ အတူတကြ လမ်းလျှောက်တာက ခင်မင်မှုကို ပိုးတိုးပွားစေပါတယ် ။ လမ်းမလျှောက်နိုင်ရင်တောင်မှ သူငယ်ချင်းတွေက တွဲခေါ်သွားမှာ ဖြစ်တဲ့အတွက် ပိုပြီးပျော်ရွှင်ရမှာပါ။
၁၅။ သိကြားပေးတဲ့ နတ်ဆေး ပါပဲ
:::::::::::::::::::::::::::::::::::::::::::::::::::::
လမ်းလျှောက်ခြင်းက နတ်ဆေးတစ်မျိုးပါပဲ။ ကင်ဆာ ၊ ဆီးချို ၊ သွေးတိုး ၊ အဆုတ်ရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ဆေးဝါးတွေလို သောက်သုံးစရာလည်း မလိုတဲ့အတွက် ဘေးထွက်ဆိုးကျိုးလည်း မရွိပါဘူး။ ဒါ့ကြောင့် ဒီလိုအသုံးဝင်လှတဲ့ လမ်းလျှောက်ခြင်းက စိတ်ရောကိုယ်ပါ ကောင်းခြင်းတွေချည်းပဲ သယ်ဆောင်လာမှာဖြစ်တဲ့အတွက် လမ်းလျှောက်ဖို့ အဆင်သင့်ဖြစ်ပြီလား။
Credit to original uploader
10/04/2024
🪴 Vacancy Announcement 🪴
ပြင်ဦးလွင်မြို့ရှိ စိတ္တသုခ ဆေးရုံ သစ်ကြီးတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ဝန်ထမ်းမျာယ အလိုရှိသည်။
1. Medical Officer ( M/ F ). ( 1 ) ဦး
အထက်ပါရာထူး အတွက် လျှောက်ထား လိုသူသည်
👉 ဆ/မ သက်တမ်းရှိသူ ဖြစ်ရပါမည်။
👉 အသင်းအဖွဲ့ ဖြင့် လုပ်ကိုင်နိုင် ရမည်။
👉 medical team ကို ဦးဆောင်နိုင်သူ ဖြစ်ရပါမည်။
👉 clinical experience ရှိသူ ဦးစားပေးမည်။
👉 ဆေးရုံ နဲ့ ရေရှည် လက်တွဲ လုပ်ကိုင်နိုင်သူ ဖြစ်ရပါမည်။
👉 ဆက်ဆံရေး ကောင်းမွန် ရပါမည်။
☘️☘️☘️☘️☘️
2. OT Incharge Female (1) ဦး
အထက်ပါရာထူး အတွက် လျှောက်ထား လိုသူသည်
👉 B.N.Sc or Nursing Diploma ဘွဲ့ရ ဖြစ်ရပါမည်။
👉 သ. န . သ ( လိုင်စင် ) သက်တမ်းရှိသူ ဖြစ်ရပါမည်။
👉OT team ကို ကောင်းမွန်စွာ ဦးဆောင်နိုင်ရပါမည်။
👉 ဆေးရုံ တွင် ရေရှည် လုပ်ကိုင် နိုင်ရမည်။
👉Team work ဖြင့် လုပ်ကိုင် နိုင်ပီး ဆက်ဆံရေး ပြေပြစ် ကောင်းမွန်သူ ဖြစ်ရပါမည်။
👉 OT experience ရှိသူ ဦးစားပေးမည်။
☘️☘️☘️☘️☘️☘️☘️
3. Instrument Nurse or Operation Room Assist Female ( 3 ) ဦး
အထက်ပါရာထူး အတွက် လျှောက်ထား လိုသူသည်.
အထက်ပါရာထူး အတွက် လျှောက်ထား လိုသူသည် 👉 B. N.Sc , Diploma Nursing or Diploma of midwifey ဘွဲ့ ရ ဖြစ်ရပါမည်။
👉 သူနာပြု နှင့် သားဖွား လိုင်စင် သက်တမ်းရှိသူ ဖြစ်ရပါမည်။
👉OT experience ရှိသူ ဦးစား ပေးမည်။
👉အဖွဲ့အစည်း စိတ်ဓာတ်ရှိပီး မိမိ အလုပ်ပေါ် စေတနာထားရျှ် ရိုးသားကြိုးစား လုပ်ကိုင် နိုင်သူ ဖြစ်ရပါမည်။
👉ရေရှည် လုပ်ကိုင် နိုင်သူ ဦးစားပေးမည်။
👉OT Case များကို ကျွမ်းကျင်စွာ ဝင်နိုင်ရပါမည်။
☘️☘️☘️☘️☘️☘️☘️
4.Pharmacist Female ( 1 ) ဦး
အထက်ပါရာထူး အတွက် လျှောက်ထား လိုသူသည်.
👉B.Pharm ဘွဲ့ရရှိသူ ဖြစ်ရပါမည်။
ဆေးရုံ / ဆေးခန်း/ ဆေးဆိုင် များတွင် လုပ်ကိုင် ဖူးသူ ဦးစား ပေးမည်။
👉Team work နဲ့ လုပ်ကိုင် နိုင် ရမည်။
👉ဆေးရုံ စည်းမျဉ်း စည်းကမ်း အတိုင်း လိုက်နာ ဆောင်ရွက် လုပ်ကိုင် နိုင်သူ ဖြစ်ရမည်။
☘️☘️☘️☘️☘️☘️☘️
5. Receptionist Female ( 4 )
အထက်ပါရာထူး အတွက် လျှောက်ထား လိုသူသည်.
👉 တက္ကသိုလ် ဝင်တန်း သို့မဟုတ် ဘွဲ့ရ ဖြစ်ရပါမည်။
👉 ဆက်ဆံရေး ကောင်းမွန်ပြေပြစ် ရပါမည်။
👉 မိမိ အလုပ်အပေါ် စေတနာထား ပြီး ရိုးသား ကြိုးစား လုပ်ကိုင် နိုင်သူ ဖြစ်ရပါမည်။
👉 ရုပ်ရည် အသင့်အတင့် ရှိပီး စကားပြော ယဉ်ကျေး သိမ်မွေ့သူ ဖြစ်ရပါမည်။
👉ဆေးရုံ / ဆေးခန်း / Hotel များတွင် လုပ်ကိုင် ဖူးသူ ဦးစားပေးမည်။
☘️☘️☘️☘️☘️☘️☘️
6. House keeping Female ( 4 ) ဦး
အထက်ပါရာထူး အတွက် လျှောက်ထား လိုသူသည်
👉 အခြေခံပညာ အလယ်တန်း အောင်မြင်သူဖြစ်ရပါမည်။
👉 အကျင့် စာရိတ္တ ကောင်းမွန် ရမည်။
👉ရိုးသားကြိုးစားရျှ် ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ပီး အလုပ်ပေါ်တက်တက်ကြွကြွ ရှိသူ ဖြစ်ရမည်။
👉ရေရှည် လုပ်ကိုင် နိုင်သူ ဖြစ်ပီး အလုပ်ချိန် နေ့ / ည ဆင်းနိုင်သူ ဖြစ်ရပါမည်။
☘️☘️☘️☘️☘️☘️☘️
7. ပင်မင်း / အဝတ်လျှော် မီးပူတိုက် အမျိုးသမီး ( ၃ ) ဦး
အထက်ပါရာထူး အတွက် လျှောက်ထား လိုသူသည်
👉 ဆေးရုံ / ဆေးခန်း / ဟိုတယ် များတွင် loundary အတွေ့ အကြုံ ရှိသူ ဦးစားပေးမည်။
👉ပညာ အရည်အချင်း ကန့်သတ် ချက် မရှိပါ။
👉အကျင့် စာရိတ္တကောင်းမွန်ပီး ဆေးရုံမှ ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများ နှင့် အညီ ရေရှည် လုပ်ကိုင် နိုင်သူ ဖြစ်ရပါမည်။
အထက်ဖော်ပြပါ ရာထူး များ အား လျှောက်ထား လိုသူများသည်
✍️မိမိ တို့၏ ကိုယ်ရေး ရာဇဝင် အပြည့်စုံပါ CV
✍️ရပ်ကွက်ထောက်ခံစာ
✍️အိမ်ထောင်စုဇယား မိတ္တူ
✍️ရရှိထားသော ဘွဲ့ လက်မှတ် သို့မဟုတ် certificate များ
✍️မှတ်ပုံတင်မိတ္တူ စသည့် စာရွက်စာတမ်း အပြည့်အစုံ ဖြင့် လူကိုယ်တိုင် ဖြစ်စေ။ online မှ တဆင့် ဖြစ်စေ လျှောက်ထား နိုင်ပါသည်။
ဆက်သွယ်ရန် 🙋♂️
စိတ္တသုခဆေးရုံ 🏩
အမှတ် ( ၆၃/၆၄) ။ အောင်ဇေယျာ လမ်းနှင့် သပြေလမ်းထောင့် ၊ သာရှန်ဟဲ ဟိုတယ် အနီး ။
ပြင်ဦးလွင်မြို့
📲092044796 ( Viber )
📲 09768244419 သို့ ဆက်သွယ် နိုင်ပါသည်။