14/01/2021
ပင်လယ်နေသတ္တဝါများအပေါ် Food Waste များရဲ့ သက်ရောက်မှုအခြေအနေ(Part-2)
__________________________________
မင်္ဂလာပါ
ဒီနေ့မှာတော့ Food Waste တွေဟာ Marine Ecosystem မှာဘယ်လောက်ထိ ထိခိုက်နေလဲဆိုတာကို ကျွန်မတို့ အချက်သုံးချက်နဲ့ ဆွေးနွေးကြပါမယ်။
(1) Marine Wildlife
ပင်လယ်စာလုပ်ငန်း စက်ရုံတွေကနေ နှစ်စဉ် 7 သန်းတန်ချိန် ရှိတဲ့ Waste တွေ ထွက်လျက်ရှိပါတယ်။ အဓိကအားဖြင့် ငါးဖမ်းလုပ်ငန်း လုပ်နေစဉ်မှာ မလိုအပ်တဲ့ ငါးအမျိုးအစားများကို ဖမ်းမိ(အသေ)တဲ့အချိန်မှာ Food Waste အဖြစ် ထွက်ကြတာဖြစ်ပါတယ်။ ဒီ food waste တွေကိုတော့ ပင်လယ်ပျော်ငှက်များက မှီခိုလာကြပါတယ်။ အစားအသောက် Waste ပမာဏများလာတာနဲ့ အမျှ ပင်လယ်ပျော်ငှက်ရဲ့ Population ဟာလည်းတိုးလာကြပါတယ်။ Population တိုးလာတာနဲ့အမျှ ပင်လယ်နေမျိုးရင်းစိတ်တွေဖြစ်တဲ့ ရေချိုငါးမျိုးအစား(Trout) တွေအပေါ်ကို မှီခိုတဲ့အားကလည်း ကောင်းလာကြပါတယ်။ တဖက်မှာလည်း ဒီငါးမျိုးစိတ်ကို ငါးဖမ်းလုပ်ငန်းတွေရဲ့ ဖမ်းယူမှုကြောင့် မျိုးစိတ်များ ရှားပါးလာပြီး ပင်လယ်ပျော် စင်ရော်ငှက်များဟာ တခြားငါးမျိုးစိတ်များပေါ် မှီခိုမှုတွေ ဖြစ်လာကြပါတယ်။ ဒီအပိုင်းရဲ့ အဓိကအနေနဲ့ကတော့ ငါးဖမ်းလုပ်ငန်းကထွက်တဲ့ Food Waste တွေကို လျော့ချရမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မလိုလားအပ်တဲ့ အကျိုးဆက်တွေဖြစ်တဲ့ ပင်လယ်ပျော်ငှက်တွေဟာ အခြားငှက်မျိုးစိတ်များ အပေါ် မှီခိုလာမှုတွေအထိ ဖြစ်လာနိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
(2) Food Identity
အစားအစာတွေကို ပင်လယ်ထဲတွေ ပစ်ချခြင်း၊ မျောပါသွားခြင်းများဟာ ကြီးမားတဲ့ပြဿနာ မဟုတ်ဘူးလို့ အများစုက ထင်နေတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အစားအသောက်တွေဟာ သဘာဝအလျောက် ပြိုကွဲနိုင်ပြီး ပလတ်စတစ် စွန့်ပစ္စည်းများလောက် ဒီကမ္ဘာပေါ်မှာ အကြာကြီး ရှိမနေတဲ့ အချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအတွေးအခေါ်ရဲ့ နောက်ကွယ်မှာတော့ ကြီးမားတဲ့ ပြဿနာတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ ကျွန်မတို့ စွန့်ပစ်လိုက်တဲ့ အစားအစာတွေက သဘာဝအလျောက် ရှိနေတဲ့ အစားအသောက်တွေ မဟုတ်ပဲနဲ့ ချက်ပြုတ်ပြင်ဆင်ထားတဲ့ အစားအသောက်တွေ၊ Chemical တွေပါဝင်နေတဲ့ အစားအသောက်တွေ ဖြစ်နေတဲ့အချက်ကြောင့် ဖြစ်ပါတယ်။ ဒီအစားအသောက်တွေက ပင်လယ်ထဲကို ရောက်သွားတဲ့အခါမှာတော့ ပင်လယ်နေသတ္တဝါလေးတွေကို အဆိပ်အတောက်ဖြစ်စေပါတယ်။ Food waste မှာပါလာတဲ့ Pesticide များကြောင့် Pollution Concentration မြင့်လာပြီး ရေအောက်သတ္တဝါများအနေနဲ့ Bioaccumulation ဖြစ်စဉ်တွေ ကြုံလာကြရပါတယ်။ အာ့ကြောင့် ရေကြောင်းခရီးသွားလုပ်ငန်းများဖြစ်တဲ့ သင်္ဘောပေါ်ကထွက်ရှိတဲ့ Food waste တွေကို အသေးဆုံး အနေအထားထိ ပြုလုပ်ပြီး သန့်ရှင်းပြီးမှသာ ပစ်ခွင့်ရှိကြတာ ဖြစ်ပါတယ်။ အမှိုက်များကို လက်လွယ်စပယ် ပစ်မယ်ဆိုရင်တော့ ဒီ Food Waste တွေကနေ ရောဂါများဖြစ်ပေါ်စေပြီး Marine Ecosystem တစ်ခုလုံးပါ ပျက်စီးသွားနိုင်စေနိုင်တဲ့အတွက် အမှိုက်များကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့ သိပ်အရေးကြီးပါတယ်။
(3) Eutrophication
Food Waste တွေကြောင့် Wildlife တွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုများရှိတဲ့ အပြင် သေးငယ်တဲ့ Micro-organisms များမှာလည်း အာဟာဓာတ်များစွာ ပါဝင်ခြင်းနည်းနဲ့ သက်ရောက်မှုရှိနေတာကို ကျွန်မတို့တွေ သတိထားရပါမယ်။ Eutrophication ဆိုတာကတော့ ရေထုထဲမှာ အာဟာရဓာတ်များစွာပါဝင်တဲ့အခါမှာ Algae လို့ခေါ်တဲ့ ရေမှော်လို့ပြောလို့ရတဲ့ အစိမ်းရောင်ပြင်ကြီး ဖြစ်လာတာကိုဆိုလိုပါတယ်။ ဒါကိုတော့ အဓိကအားဖြင့် ကန်တွေ ချောင်းတွေမှာ ကျွန်မတို့တွေ အရင်းတနှီး မြင်ဖူးကြမယ်လို့ ထင်ပါတယ်။ ဒီဖြစ်စဉ်ဟာ Food Waste တွေအားလုံးနဲ့ တိုက်ရိုက်မပတ်သက်ပေမယ့် တချို့သောအစားအစာတွေ ဖြစ်တဲ့ နို့ထွက်ပစ္စည်းများနဲ့ အနီရောင် အသားရှိတဲ့ အစာတွေက Eutrophication ကိုပိုမိုဖြစ်စေပါတယ်။
World Bank ရဲ့ခန့်မှန်းချက်အရ လက်ရှိတကမ္ဘာလုံး အတိုင်းအတာအရ လက်ရှိထွက်လျက်ရှိတဲ့ Waste တွေရဲ့ 1.3 သန်း တန်ချိန်ဟာ Food Waste တွေဖြစ်ပါတယ်။ Marine Ecosystem ကကျွန်မတို့ လူသားတွေနဲ့ Isolate ဖြစ်တယ်လို့ ထင်ရပေမယ့် စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့ ပစ်လာခြင်း၊ ငါးအလွန်အကျွံ ဖမ်းလာခြင်းတို့ကြောင့် သမုဒ္ဒရာများ အပူချိန် မြင့်တက်လာပြီး အက်စစ်ဓာတ်များ ပိုမြင့်လာကာ Marine Ecosystem တစ်ခုလုံးကို ပျက်စီးစေနိုင်ပါတယ်။
ကျွန်မတို့ရဲ့ “ပင်လယ်များအပေါ် Food Waste များရဲ့ သက်ရောက်မှု အခြေအနေ” ကို အစအဆုံး သေချာဖတ်ပေးကြတဲ့သူ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများလည်း ဒီအကြောင်းအရာလေးကို သိသွားအောင် Share နှိပ်ပြီး အချင်းချင်း မျှဝေလိုက်ကြရအောင်ရှင်။ ကျွန်မတို့ GreenCycle ကနေ ရှေ့ဆက်တင်ပေးသွားမယ့် Activitiesများ Content များမှာ ပါဝင်ပြီး ဖတ်လို့ရအောင် Page လေးကို Like&Follow လုပ်ထားဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။
=======================================
Mingalarbar
Today, We are going to discuss in three ways how food waste is affecting the marine ecosystem.
(1) Marine Wildlife
Waste generated by the seafood industry amounts to 7 million tons per year. It mainly comes out as food waste when catching (dead) unnecessary fish species during fishing and seabirds are becoming dependent on those food wastes. As food waste increases, so does the population of seabirds. As population increases, so does the reliance on trout (marine species). On the other hand, the capture of this species by fisheries has led to the scarcity of species, and as a result, seabirds could become dependent on other species. The key to this is to reduce the dumping of food waste from the fishing industry into the sea. This is because of the undesirable consequences of seaweed, which can lead to dependence on other bird species.
(2) Food Identity
Most people could think that throwing food waste into the sea is not a big deal. This is because food decomposes naturally and does not last as long in the world as plastic waste. But there is a big problem behind that kind of people’s thoughts. This means that the food we throw away is not a natural food but a processed or cooked food since the food contains cooking ingredients or chemicals. These foods are toxic to marine life when released into the sea. Pesticides in food waste increase pollution concentrations and undergo bioaccumulation in underwater animals. Therefore, food waste from ships, such as cruise ships, is allowed to be disposed of only after it has been minimized. If waste is easily disposed of, these food wastes can cause disease and damage the entire marine ecosystem, so it is very important to deal with the waste properly.
(3) Eutrophication
Besides the effects that food waste has on larger forms of wildlife, smaller microorganisms are also affected by added nutrition in the seas. Eutrophication is the process where a high nutrient concentration in water bodies causes algal blooms.We can see this mainly in lakes and streams. This process is not directly related to all food wastes, but some foods, such as dairy products and red meat, increase eutrophication.
The World Bank estimates that 1.3 million tons of current global waste is food waste. The marine ecosystem seems to be isolated from us humans, but the dumping of waste is unregulated; Overfishing can cause ocean temperatures to rise, acidity to rise, and damage the entire marine ecosystem.
Thank you to each and every one of you for reading our "Effects of Food Wastes on Marine Lives". Let our friends know about this topic by clicking Share. We encourage you to Like & Follow our page so that you can know the next activities and content that we will be posting.
References - FOODWEB, ScienceDirect, International Marine Organization, Yale University