Nann Nann

Nann Nann

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nann Nann, Tutor/Teacher, Mandalay.

14/11/2025

😱 ဂျွန်ဆောရာ လို့ကြားရင်ကို ကြက်သီးတောင်ထတယ် ဘာတွေထပ်လုပ်ခိုင်းအုံးမလဲဆိုပြီ😬

23/10/2025

မနက်ဖြန်ကြည့်ရတော့မယ်😍😍
#罗云熙

#水龙吟

23/10/2025

24 ရက်နေ့ မနက်ဖြန် တူတူကြူးကြမယ်😍😍

08/08/2025

😅စွင်းဘိုးတော် ဓမ္မတာလာနေလို့ နာလည်ပေးလိုက်ပါ😅


07/08/2025

🤭ဟီး ‌ရှောင်းကျွယ် မနက်ဖြန် အပိုင်းမှာ ကြိတ်သ၀န်တိုတော့မယ်

07/08/2025

🤭 သူဘူလီတာ နည်းနည်းများသွားပြီ🤭

Photos from Nann Nann's post 05/08/2025

😍 မနက်ဖြန် 6ရက်နေ့ လာတော့မယ် ဝူးဝူး😍😍😍

"ကျွန်မ လမင်းကိုသဘောကျတယ်...လမင်းကမသိဘူး"
-ဟယ်ယန့်

"မင်း လမင်းကိုသဘောကျလား... အခု လမင်းက မင်းအပိုင်ဖြစ်သွားပြီ"
-ရှောင်းကျွယ်

Hello Hello
Gcverseတို့အတွက် ယခုတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ မတရားသေဆုံးခဲ့ရပြီး ပြန်လည်မွေးဖွားလာတဲ့ အမျိုးသမီးစစ်သူကြီးနဲ့ တိုင်းပြည်မဏ္ဍိုင်စစ်သူကြီးတို့ရဲ့ စစ်သူကြီးနှစ်ဦးတို့ရဲ့ဇာတ်လမ်းလေး ချစ်ရိပ်သွန်းဖြာ လဝန်းကဗျာ(𝗟𝗲𝗴𝗲𝗻𝗱 𝗼𝗳 𝘁𝗵𝗲 𝗙𝗲𝗺𝗮𝗹𝗲 𝗚𝗲𝗻𝗲𝗿𝗮𝗹) ပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးမှာဆိုရင် ပျိုမေတို့ရဲ့အချစ်တော် မင်းသားချောလေး 𝐂𝐡𝐞𝐧 𝐋𝐞𝐢နဲ့ စွဲမက်ဖို့လည်းကောင်း ချစ်စရာလည်းကောင်းတဲ့ မင်းသမီးချောလေး 𝐙𝐡𝐨𝐮 𝐘𝐞တို့က အဓိကပါဝင်ရိုက်ကူးထားပြီး The Way Homeက ကိုကိုဟယ်ကျားရှု 𝐙𝐡𝐚𝐧𝐠 𝐊𝐚𝐧𝐠 𝐋𝐞, ချစ်စရာကောင်းတဲ့ မင်းသမီးလေး𝐙𝐡𝐚𝐧𝐠 𝐌𝐢𝐚𝐨 𝐘𝐢, ပေလီပြည်ထောင်ရဲ့စည်ပင်ဝန်ကြီး ရှောင်းရော့ဖုန်း 𝐁𝐚𝐢 𝐒𝐡𝐮, 𝐗𝐮 𝐉𝐢𝐚 𝐐𝐢, 𝐌𝐚 𝐓𝐢𝐚𝐧 𝐘𝐮, 𝐌𝐢𝐚𝐨 𝐖𝐞𝐢 𝐋𝐮𝐧တို့က မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ပုံဖော်ထားကြပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့~~

မိသားစုဂုဏ်သိက္ခာ အဆင့်အတန်း အာဏာအတွက်ကြောင့် မွေးဖွားလာသည့်အချိန်မှစပြီး မိန်းကလေးဖြစ်ပေမဲ့ နာမကျန်းဖြစ်နေသောအစ်ကိုဖြစ်သူ ဟယ်ရူဖေးရဲ့ အစားထိုးအဖြစ် မျက်နှာဖုံးအောက်တွင်နေထိုင်ခဲ့ရရှာသော ဟယ်မိသားစုရဲ့ သခင်မလေးဟယ်ယန့်...

ဖခင်ဖြစ်သူသေဆုံးသွားခဲ့ရတဲ့ တိုက်ပွဲ၏အမှန်တရားကို ရှာဖွေနေသည့် အပေါ်ယံသွင်ပြင်မှာ ဆောင်းဦးလေပြည်လို အေးစက်ပေမဲ့ အတွင်းစိတ်က နွေးထွေးကြင်နာလှတဲ့ သာ့ဝေ့တိုင်းပြည်ရဲ့ထိပ်တန်းစစ်သူကြီး ဖုန်းယွင်စစ်သူကြီးရှောင်းကျွယ်...

ဟယ်ယန့်တစ်ယောက် ယောက်ျားလေးအဖြစ် စစ်မြေပြင်မှာတိုက်ခိုက်ရင်း တဖြည်းဖြည်းနဲ့ တိုင်းပြည်ရဲ့ကျောရိုးထောက်တိုင် အကျော်အမော်စစ်သူကြီးတစ်ဦးဖြစ်လာခဲ့ပြီး အရှင်မင်းမြတ်ကိုယ်တော်တိုင် ဖေးဟုန်စစ်သူကြီးဘွဲ့ကို အပ်နှင်းပေးခဲ့ပါတော့တယ်။

ဘွဲ့အပ်နှင်းမှုကို လက်ခံယူဖို့အတွက် နန်းမြို့တော်ပြန်လာသည့်အခါ နာမကျန်းဖြစ်နေတဲ့အစ်ကိုဖြစ်သူကလည်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်တာမို့ နှစ်ဦးသား သရုပ်မှန်ပြန်လဲလှယ်ခဲ့ကြပြီး မိမိကြိုးစားထားသမျှ နာမည်သတင်း အောင်မြင်မှုအားလုံးကို အစ်ကိုဖြစ်သူထံ ပေးအပ်ခဲ့သော်လည်း ဟယ်ရူဖေးနှင့် ဟယ်မိသားစုမှာ အဖြစ်မှန်ပေါ်ပေါက်မည်ကို စိုးရိမ်တာကြောင့် သူ(မ)အား မျက်စိအမြင်ကွယ်ပျောက်သွားအောင် အဆိပ်ခတ်ခဲ့ပြီး အဆုံးတွင် သူ(မ)အသက်ကိုပါ နုတ်ယူသွားခဲ့ကြလေသောအခါ...

ကောင်းကင်ဘုံက နောက်တစ်ကြိမ်အခွင့်အရေးပေးသည့်အလား ဆရာဖြစ်သူ၏ကယ်တင်ခြင်းကိုခံခဲ့ရပြီး ဆရာဖြစ်သူ၏အကူအညီနှင့် ယောက်ျားလေးအထောက်အထားကိုပြောင်းလဲခဲ့ကာ ရန်ကြွေးများအတွက် လက်စားချေရန်နဲ့ မိမိ၏သရုပ်မှန်နဲ့ အောင်မြင်မှုရယူရန် ဆုံးဖြတ်လိုက်ပါတော့တယ်။

ယဲ့ကျိုးအစောင့်တပ် တပ်သားသစ်များစုဆောင်းချိန်တွင် အမည်စာရင်းပေးသွင်းခဲ့ပြီး ကံအကြောင်းတိုက်ဆိုင်လေတော့ ယဲ့ကျိုးအစောင့်တပ်၏ တပ်ချုပ်မှူးမှာ ရှောင်းကျွယ်ဖြစ်နေလေတဲ့အခါ...

ဟယ်ယန့်၏ အရည်အချင်းများမှာ သာမန်စစ်သည်တော်တစ်ယောက်နှင့်မတူဘဲ အရမ်းထူးချွန်နေကာ စစ်ဗျူဟာများကို လက်ဝါးပြင်သကဲ့သို့ နားလည်နေသည့်အပြင် သာ့ဝေ့ပြည်ထောင်အမတ်ချုပ်၏ တပည့်ဖြစ်သူ ချူကျောင်းနှင့် အကြောင်းတစ်ခုကြောင့် ရင်းနှီးနေခဲ့သောကြောင့် ရှောင်းကျွယ်ဟာ ဟယ်ယန့်အား သူလျှိုတစ်ယောက်ဟု သံသယဝင်နေခဲ့ပြီး နည်းမျိုးစုံနဲ့ အဆက်မပြတ် စမ်းသပ်နေခဲ့ပါတယ်

ရှောင်းကျွယ် ဟယ်ယန့်အပေါ်သံသယဝင်နေခဲ့သော်လည်း ဟယ်ယန့်တစ်ယောက်မှာ ရှောင်းကျွယ်၏စမ်းသပ်မှုတိုင်းကို အောင်မြင်နေခဲ့ပြီး သူ(မ)၏အရည်အချင်းများကို သက်သေပြကာ ယဲ့ကျိုးအစောင့်တပ်၏ နံပါတ်တစ်စစ်သည်တစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်...

လက်စားချေသည့်လမ်းခရီးတစ်လျှောက်မှာ ရှောင်းကျွယ်နဲ့ဟယ်ယန့်တို့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် နှစ်ဦးသား အတူတူကြိုးပမ်းခဲ့ကြရင်း ဟယ်ယန့်တစ်ယောက် မိမိအရင်က နားမလည်နိုင်ဖြစ်နေခဲ့တဲ့ပဟေဠိတချို့ရဲ့အဖြေကို ရှာတွေ့သိရှိခဲ့ရပြီး တဖြည်းဖြည်းနဲ့ အပြန်အလှန်ခံစားချက်ပေါက်ဖွားလာကြပါတော့တယ်။

ဟယ်ယန့်တစ်ယောက် ဟယ်ရူဖေး ဟယ်မိသားစုနှင့် သူ(မ)ရန်သူတော်များကို ဘယ်လိုလက်စားချေသွားမလဲ...

အဆက်မပြတ်ဖြစ်ပွားလာခဲ့သော တိုက်ပွဲများကို ဟယ်ယန့်နဲ့ ရှောင်းကျွယ်တို့ ဘယ်လိုတိုက်ခိုက်အနိုင်ယူပြီး တိုင်းပြည်ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းကြမလဲ...

ရှောင်းကျွယ်တစ်ယောက် ဟယ်ယန့်ဟာ မျက်နှာဖုံးတပ်ထားတဲ့ဟယ်ရူဖေးဖြစ်ကြောင်း သိရှိသွားမလား...

ဟယ်ယန့် ဟယ်ရူဖေးအဖြစ် ကျောင်းတော်တက်ရောက်စဉ် ရှောင်းကျွယ်နှင့် ဘယ်လိုပဟေဠိကိစ္စရပ်တွေ ရှိခဲ့မလဲ...

နှစ်ဦးသားရဲ့ အကွေ့အကောက် အလှည့်အပြောင်းများခဲ့တဲ့ ချစ်ပုံပြင်လေးက ကောင်းမွန်လှပစွာနဲ့ အဆုံးသတ်နိုင်ပါ့မလားဆို ချစ်ရိပ်သွန်းဖြာ လဝန်းကဗျာ(𝗟𝗲𝗴𝗲𝗻𝗱 𝗼𝗳 𝘁𝗵𝗲 𝗙𝗲𝗺𝗮𝗹𝗲 𝗚𝗲𝗻𝗲𝗿𝗮𝗹)ဇာတ်လမ်းလေးမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်

Reviewed by Enlen
Encoded by Feng
Translated by GC Chinese Team 2

#ချစ်ရိပ်သွန်းဖြာလဝန်းကဗျာ


Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay