San Thit Japanese Language Center

San Thit  Japanese Language Center Male

2024 ကို သင်ယူခြင်းနဲ့ ဘဝကို စတင်ပြောင်းလဲကြပါစို့👨‍💼👩‍💼🇯🇵"စံသစ်ရုံးချိန်လွတ်ဂျပန်စာသင်တန်း"🇯🇵👉 မနော်ဟရီ 110လမ်း×55B လမ်...
28/12/2023

2024 ကို သင်ယူခြင်းနဲ့ ဘဝကို စတင်ပြောင်းလဲကြပါစို့👨‍💼👩‍💼
🇯🇵"စံသစ်ရုံးချိန်လွတ်ဂျပန်စာသင်တန်း"🇯🇵
👉 မနော်ဟရီ 110လမ်း×55B လမ်းထောင့်
N5/N4/N3အတန်းသစ် စတင်လာရောက် အပ်နှံနိုင်ပါပြီ။
သင်တန်းရည်ရွယ်ချက်မှာ မြို့သစ် ပတ်ဝန်းကျင်ကလေးများနှင့် အလုပ်တဖက်နှင့် မအားလပ်သော ညီ ညီမများကို ရည်ရွယ်ပီး ဖွင့်လှစ်တာဖြစ်ပါတယ်
ဂျပန်စာ ဂျပန်စကားကို အချိန်တိုအတွင်းမှာ ပြောတတ်နိုင်သွားပြီး ဘဝတွင် အခွင့်အလမ်းကောင်းများ အလုပ်အကိုင်ကောင်းများကို ဆုပ်ကိုင်နိုင်ပြီး လှပသောအနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက်.....

👉👉 အခုပဲ... စာရင်းသွင်းလိုက်ပါ .....
===============================
သင်တန်းချိန်..... N5 မနက် 6:30-8:00
သင်တန်းချိန်......N4 ညနေ5:00-6:30
သင်တန်းကာလ ..... N5 .3လ
သင်တန်းကြေး ...... 150000
====================================
♥သင်တန်းနေရာ♥ မနော်ဟရီ 110 လမ်း×55Bလမ်းထောင့်အနီး 55Bလမ်းပေါ်
San Thit စံသစ် ဂျပန်စာသင်တန်း
09 961275081\09 406026605
=====================================

27/12/2023
ဘာသာစကားတခုပြောနိုင်ဖို့ဟာ ရှုးသွပ်ဖို့ လိုပါတယ်
17/12/2023

ဘာသာစကားတခုပြောနိုင်ဖို့ဟာ ရှုးသွပ်ဖို့ လိုပါတယ်

27/08/2023

🇯🇵"စံသစ်ရုံးချိန်လွတ်ဂျပန်စာသင်တန်း"🇯🇵
အတန်းသစ်စတင်ဖွင့်လှစ်ပါမယ်
👉 မနော်ဟရီ 110လမ်း×55B လမ်းထောင့်
N5/N4အတန်းသစ် စတင်လာရောက် အပ်နှံနိုင်ပါပြီ။
သင်တန်းရည်ရွယ်ချက်မှာ မြို့သစ် ပတ်ဝန်းကျင်ကလေးများနှင့် အလုပ်တဖက်နှင့် မအားလပ်သော ညီ ညီမများကို ရည်ရွယ်ပီး ဖွင့်လှစ်တာဖြစ်ပါတယ်
ဂျပန်စာ ဂျပန်စကားကို အချိန်တိုအတွင်းမှာ ပြောတတ်နိုင်သွားပြီး ဘဝတွင် အခွင့်အလမ်းကောင်းများ အလုပ်အကိုင်ကောင်းများကို ဆုပ်ကိုင်နိုင်ပြီး လှပသောအနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက်.....

👉👉 အခုပဲ... စာရင်းသွင်းလိုက်ပါ .....
===============================
သင်တန်းကာလ ..... 3လ
သင်တန်းကြေး ..... 150000
====================================
♥သင်တန်းနေရာ♥ မနော်ဟရီ 110 လမ်း×55Bလမ်းထောင့်အနီး 55Bလမ်းပေါ်
San Thit စံသစ် ဂျပန်စာသင်တန်း
09 961275081\09 406026605
=====================================

🇯🇵"စံသစ် ရုံးချိန်လွတ်ဂျပန်စာသင်တန်း"🇯🇵👉 မနော်ဟရီ 110လမ်း×55B လမ်းထောင့်      N5/N4အတန်းသစ်   စတင်လာရောက် အပ်နှံနိုင်ပါပ...
20/03/2023

🇯🇵"စံသစ် ရုံးချိန်လွတ်ဂျပန်စာသင်တန်း"🇯🇵

👉 မနော်ဟရီ 110လမ်း×55B လမ်းထောင့်
N5/N4အတန်းသစ် စတင်လာရောက် အပ်နှံနိုင်ပါပြီ။

🏋️‍♀️ သင်တန်းရည်ရွယ်ချက်မှာ မြို့သစ် ပတ်ဝန်းကျင်ကလေးများနှင့် အလုပ်တဖက်နှင့် မအားလပ်သော ညီ ညီမများကို ရည်ရွယ်ပီး ဖွင့်လှစ်တာဖြစ်ပါတယ်

😰 ဂျပန်စာက သင်ပီးပီဗျ JLPT စာမေးပဲွဲကြီးကလည်း 7လပိုင်းဆို ဖြေရတော့မယ် စာကမရသေးဘူး အဲ့လိုပြသနာရှိတဲ့ ကလေးတွေကိုလည်း ကူညီပေးပါမယ်

🏋️‍♀️ ဂျပန်စာ ဂျပန်စကားကို အချိန်တိုအတွင်းမှာ ပြောတတ်နိုင်သွားပြီး ဘဝတွင် အခွင့်အလမ်းကောင်းများ အလုပ်အကိုင်ကောင်းများကို ဆုပ်ကိုင်နိုင်ပြီး လှပသောအနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက်.....

👉👉 အခုပဲ... စာရင်းသွင်းလိုက်ပါ .....
===============================
သင်တန်းကာလ ..... 3လ
သင်တန်းကြေး ..... 150000
====================================
♥သင်တန်းနေရာ♥ မနော်ဟရီ 110 လမ်း×55Bလမ်းထောင့်အနီး 55Bလမ်းပေါ်
San Thit စံသစ် ဂျပန်စာသင်တန်း
09 961275081\09 406026605
=====================================

18/10/2022

San Thit စံသစ်
ဂျပန်စာ |ဂျပန်စကားပြောသင်တန်း
N5/N4 ရုံးချိန်လွတ်တန်းခွဲများဖွင့်လှစ်ပါမည်
မြန်မာပြည်တွင်းမှ ဂျပန်ကုမၸဏီတြင္
အလုပ်ဝငျနိုင်ရန် ဂပြနျစာလေ့လာလိုပါသလား
ဂျပန်နိုင်ငံသို့ ပညာသင် သွားလိုပါသလား
ဂျပန်နိုင်ငံသို့အလုပ်လုပ်သွားလိုပါသလား
သားသား မီးမီးရှေ့ရေး ရင်အေးလိုပါသလား
Japanese Class စတင်ဖွင့်လစ်မည်ဖြစ်ပါသဖြင့်
Center(1)
အမှိုက်စုတောင်လမ်း|အိုးတော်ရပ်|အမရပူရမြို့
အထက 1 အနီး
Center (2)
55B မနော်ဟရီတောင်ဘက် ကောင်းပြည့် တည်းခိုခန်းအနီး
San Thit Japanese Class
ph-09406026605 /09961275081

16/10/2022

လူတွေ ဘာဖြစ်လို့ အောင်မြင်သင့်သလောက် မအောင်မြင်ကြတာလဲ။ (စာဖတ်ချိန် - ၁၀ မိနစ်)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

By Naing Win Aung (CEO Coach & NLP Master Trainer)

လေ့လာတွေ့ရှိချက်တွေအရ လူတွေ ပျှမ်းမျှအားဖြင့် သူတို့တိုးတက်နိုင်မှု အလားအလာ (Potential) ရဲ့ ၁၀ ရာခိုင်နှုန်းလောက်အထိပဲ ရောက်ကြတယ်လို့ ပညာရှင်တွေက ပြောကြတယ်။

ဒါဆိုရင် ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကို မရဘဲ ဆုံးရှုံးခံလိုက်ရတဲ့လူတွေ ဘယ်လောက်တောင်များကြမလဲဆိုတာ သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို လေ့လာပြီး ချိန်ဆကြည့်လို့ရနိုင်ပါတယ်။

လူတွေတော်တော်များများဟာ မလုပ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ လုပ်လို့မရဘူး အစရှိသဖြင့် အကြောင်းအမျိုးမျိုးပြပြီး သူတို့ရဲ့ တိုးတက်နိုင်မှုအလားအလာတွေကို ဖြုန်းတီးပစ်တတ်ကြပါတယ်။

မိမိဘ၀နဲ့ လုပ်ငန်းမှာ လက်ရှိဖြစ်ပျက်နေသမျှ အဆင်မပြေမှုတွေအတွက် မိမိကိုယ်တိုင် ဘာတွေကို ပြုပြင်ရမလဲဆိုတာကို ပြန်လည်သုံးသပ်အဖြေရှာပြီး ကြိုးစားရမယ့်အစား အခြားသူတွေနဲ့ ပြင်ပက အဖြစ်အပျက်တွေကို လက်ညှိုးထိုးပြီး နေတတ်ကြပါတယ်။

သင်ဟာ အိမ်ထောင်မရှိသေးတဲ့လူလွတ်ဖြစ်ရင်ဖြစ်မယ်၊ မိသားစုတာဝန်ရှိတဲ့သူဖြစ်ရင်ဖြစ်မယ်၊ လုပ်ငန်းတစ်ခုကို ဦးဆောင်နေတဲ့သူဖြစ်နိုင်သလို အများအကျိုးအတွက် ပရဟိတလို လုပ်ဆောင်ချက်တွေ လုပ်နေတဲ့သူလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုနေရာမှာ ဘယ်လိုရပ်တည်မှုနဲ့ပဲ သင်နေထိုင်လုပ်ကိုင်နေပါစေ၊ သင့်ရဲ့ အတွေးအခေါ်အယူအဆတွေ လွဲချော်နေသရွေ့ သင်ရဲ့အလားအလာရှိသလောက်အထိ အောင်မြင်တိုးတက်လာမှာ မဟုတ်ပါဘူး။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

တိုးတက်သင့်တဲ့အတိုင်းအတာအထိ မတိုးတက်နိုင်တဲ့လူတွေကို အကြမ်းမျဉ်းအားဖြင့် ၄ မျိုး ခွဲခြားလို့ ရတယ်။

၁။ အောင်မြင်တိုးတက်လိုစိတ် (Burning Desire) လုံး၀မရှိတဲ့သူ

လူပဲ တိုးတက်အောင်မြင်ချင်စိတ်တော့ ရှိတာပေါ့လို့ ကျွန်တော့်ကို လာငြင်းရင် ငြင်းလိမ့်မယ်၊ ဒါဆိုရင် တစ်နေ့တစ်နေ့ ဘာအကျိုးမှမရှိဘဲ အချိန်ကုန်၊ ငွေကုန်၊ အကျိုးမရှိတဲ့နေရာတွေမှာ လူတွေဘာဖြစ်လို့ ပုံနေကြတာလဲ။ အချို့လူတွေ နေ့စဉ် လုပ်ရိုးလုပ်စဉ်တွေကို လုပ်ပြီး ဟုတ်တိပတ်တိ တိုးတက်မှုမရှိပဲ အသက်တွေသာ ကြီးလာရတဲ့အခြေအနေမျိုးကို ဘာဖြစ်လို့ လက်ခံပြီးနေနေကြတာလဲ။ အောင်မြင်တိုးတက်လိုစိတ်ဆိုတာဟာ လက်ရှိအခြေအနေကို ဘယ်လိုမှအားမရဘူး၊ ဒီအခြေအနေ ဒီလောက်နဲ့ ငါနေရတာတော်ပြီ၊ ဒီအခြေအနေမျိုးနောက်ထပ် ငါလုံး၀လက်မခံတော့ဘူး၊ ပြောင်းကို ပြောင်းလဲတော့မယ်ဆိုတဲ့စိတ်ပိုင်းဖြတ်မှုမျိုးကို ဆိုလိုပါတယ်။ သင့်မှာ အဲဒီလိုစိတ်ရှိနေပြီလားဆိုတာ သင့်ကိုယ်သင်မေးခွန်းပြန်ထုတ်ကြည့်ပါ။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၂။ တိုးတက်လိုစိတ်ရှိပေမယ့် လေ့လာလိုစိတ်မရှိတဲ့သူ

အကယ်၍ သင်ဟာ သင့်ရဲ့အခုဖြစ်တည်နေတဲ့အခြေအနေကို အားမရဘူး၊ ပျော်ရွှင်မှုလည်း မရှိသလို နေ့စဉ်နေ့တိုင်း ဒီလိုအခြေအနေကနေ ဘယ်လိုရုန်းထွက်အောင် လုပ်ရမလဲဆိုတာကို အမြဲတွေးတောနေတတ်တယ်။ ဒါဆိုရင် အဲဒါဟာ ကောင်းတဲ့လက္ခဏာလို့ အကြမ်းမျဉ်းပြောနိုင်တယ်။ ဒါပေမယ့် အားမရတဲ့အခြေအနေတစ်ခုကနေ တိုးတက်အောင်လုပ်ဖို့ဆိုရင် လေ့လာသင်ယူမှု (Learning) ကို လုပ်ဖို့လိုတယ်ဆိုတာကို လူတိုင်းမသိကြသလို၊ သိတဲ့သူတိုင်းကလည်း လေ့လာသင်ယူလေ့မရှိကြဘူး။ အချို့လည်း အချိန်မပေးနိုင်လို့၊ အချို့လည်း ဝါသနာမပါလို့၊ အချို့လည်း အောက်ကျနောက်ကျမခံနိုင်လို့ စသဖြင့် အကြောင်းပြချက် (Excuse) အမျိုးမျိုးနဲ့ လေ့လာသင်ယူဖို့ ရှောင်ရှားလေ့ရှိကြတယ်။ တိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို တစ်နည်းနည်းနဲ့ မလေ့လာဘဲ တိုးတက်လာစရာ အကြောင်းမရှိဘူးဆိုတဲ့ အခြေခံကို မဖြစ်မနေလက်ခံဖို့ လိုတယ်။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၃။ အောင်မြင်ချင်လို့ လေ့လာပေမယ့် တကယ်လိုက်မလုပ်တဲ့သူ

နောက်ထပ်လူတစ်မျိုးကျပြန်တော့ တိုးတက်လိုစိတ်ရှိတယ်၊ သူအခုရနေတဲ့အခြေအနေတွေကို အားမရတဲ့စိတ်ရှိတယ်၊ ဒါတွေကို ပြုပြင်နိုင်ဖို့ဆိုရင် သူလေ့လာသင်ယူဖို့ လိုတယ်ဆိုတာကို အပြည့်အ၀လက်ခံတယ်။ လက်ခံတဲ့အလျောက် စာအုပ်တွေ ဝယ်တယ်၊ ဖတ်တယ်၊ သင်တန်းတွေ တက်တယ်၊ စိတ်ဝင်တစားလေ့လာတယ်၊ ခက်တာက လေ့သာ လေ့လာတာ၊ ဒီစာအုပ်ကောင်းတယ်၊ ဒီသင်တန်းကောင်းတယ်ဆိုတာက လွဲရင် သူလေ့လာထားတာတွေက ဘ၀ထဲကို ရောက်မသွားဘူး။ ကိုယ်ရေးကိုယ်တာ ကဏ္ဍမှာ အသုံးမချနိုင်သလို အလုပ်အကိုင်မှာလည်း ထိရောက်အောင် မသုံးနိုင်ဘူး။ စာတွေ့ကနေ လက်တွေ့ဖြစ်အောင် မလုပ်နိုင်ဘူးလို့ အကြမ်းမျဉ်းပြောနိုင်တယ်။ ဘယ်လောက်ပဲ ကောင်းတဲ့စာအုပ်၊ သင်တန်းဖြစ်စေ လက်တွေ့အသုံးမချနိုင်ရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၄။ ကောက်ရိုးမီးလို စိတ်ပါတုန်းလုပ်ပြီး ဆက်မလုပ်တဲ့သူ

လေ့လာပြီး တကယ်လိုက်မလုပ်တဲ့သူထက်သာတဲ့ နောက်တစ်မျိုးကတော့ စာအုပ်ဖတ်တယ်၊ အားတက်တယ်၊ သင်တန်းတစ်ခုတက်တယ်၊ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်လုပ်ပြီး ဘယ်လိုကြီးမားတဲ့အပြောင်းအလဲတွေကို လုပ်တော့မယ်၊ ဘယ်လို SMART Goal တွေကို အကောင်အထည်ဖော်တော့မယ်ဆိုပြီး ဆုံးဖြတ်တယ်၊ အမှန်တကယ်လည်း လက်တွေ့အကောင်အထည်ဖော်တယ်၊ တစ်ရက်၊ နှစ်ရက် ဒါမှမဟုတ် တစ်ပတ်၊ နှစ်ပတ် ဒါမှမဟုတ် တစ်လ၊ နှစ်လ ပြီးရင် ဟိုအကြောင်း၊ ဒီအကြောင်း ပြင်ပမှာ ဖြစ်ပျက်နေတဲ့အကြောင်း အစရှိသဖြင့် မျိုးစုံသောအကြောင်းရင်းတွေနဲ့ သူ့ရဲ့ လမ်းပြမြေပုံပေါ်မှာ ဆက်ပြီးရှိမနေတော့ဘဲ မူလအခြေအနေကို ပြန်ပြီးရောက်သွားတတ်ကြတယ်။ လေ့ကျင့်ခန်းလုပ်မယ်ဆိုပြီး ရက်ပိုင်းနဲ့ ရပ်သွားသူတွေ၊ ဝိတ်ချတော့မယ်ဆိုပြီး ပြန်ပြီး မဆင်မခြင်နေသူတွေ၊ တရားမှန်မှန်ထိုင်မယ်ဆိုပြီး ခဏလောက်နဲ့ ဆက်မလုပ်နိုင်သူတွေ တော်တော်များများ သင်တွေ့ဖူးမှာပါ။ အဲဒါဟာ အလုပ်မဖြစ်တဲ့ ဘ၀နေနည်းပါပဲ။

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

သင့်အနေနဲ့ အမှန်တကယ်ကို တိုးတက်ပြောင်းလဲချင်တယ်၊ လက်ရှိ လုပ်ငန်းနဲ့ ဘ၀အခြေအနေကို လုံး၀မကြိုက်တော့ဘူး။ အဲဒါကို ပြောင်းလဲနိုင်ဖို့အတွက် ဘာမဆို လုပ်ဖို့ စိတ်ပိုင်းဖြတ်ပြီးပြီဆိုရင် ဘယ်လိုလုပ်ရမလဲ။ အပေါ်က အချက် ၄ ချက်ကို ပြောင်းပြန်လှန်ပစ်ဖို့ပါပဲ။ အဆင်မပြေခဲ့တဲ့ဘ၀အခြေအနေတွေကို ပြန်လည်ဆင်ခြင်ပြီး တိုးတက်အောင်မြင်လိုစိတ်ကို မွေးမြူပါ၊ နှိမ့်ချတတ်မှုကို ပျိုးထောင်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း Personal Growth Plan ကို ရေးဆွဲပါ၊ အဲဒါအတိုင်း လေ့လာသင်ယူပါ။ လေ့လာထားတာတွေကို လက်တွေ့ဘ၀ထဲရောက်အောင် လုပ်ပါ၊ လုပ်ငန်းခွင်ကလူတွေ၊ မိသားစုဝင်တွေကို ပြန်ပြီးတော့ ရှင်းပြပါ၊

အရေးကြီးတာတော့ ကိုယ်လိုချင်တဲ့ရလဒ်ကို မရမချင်း လုပ်ရမယ့်အလုပ်တွေကို စွဲစွဲမြဲမြဲ Consistent ရှိရှိ လုပ်ပါ။ ဒီနေရာမှာ သင့်အနေနဲ့ တစိုက်မတ်မတ် လုပ်နိုင်ဖို့အတွက် Accountability Partner လို့ ခေါ်တဲ့ သင့်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် စောင့်ကြည့်ထိန်းသိမ်းပေးမယ့်သူရှိရင် ကောင်းပါတယ်၊ သင်သာ လုပ်ငန်းဦးဆောင်သူတစ်ယောက်ဖြစ်တယ်ဆိုရင် သင့်လုပ်ငန်းကို သင်ကိုယ်တိုင်အထိရောက်ဆုံး ဦးဆောင်နိုင်အောင် ကူညီပေးဖို့အတွက် Professional Business Coach တစ်ယောက်ရဲ့ အကူအညီကို ရယူပါ။

Professional Business Coach တစ်ယောက်ဟာ သင်လက်ရှိဘာတွေ ဖြစ်နေတာလဲ၊ အဲဒါတွေ ဖြစ်နေရတဲ့အကြောင်းရင်းတွေက ဘာတွေလဲ၊ သင်ဖြစ်ချင်လာတာတွေ ဖြစ်လာအောင် လုပ်သင့်တဲ့ မဟာဗျူဟာ (Strategy) တွေ၊ နည်းဗျူဟာ (Tactic) တွေက ဘာဖြစ်မလဲ။ သင်ဆက်လုပ်ရမယ့် Action Step တွေက ဘာတွေလဲ စတာတွေ အားလုံးကို ရှင်းရှင်းလင်းလင်း သင်ကိုယ်တိုင် ရှာဖွေနိုင်ပြီး သင့်ကိုယ် သင်လိုချင်တဲ့ရလဒ်တွေ ထွက်တဲ့အထိ တိုးတက်လာအောင် ကူညီပေးနိုင်ပါတယ်။

သင့်အနေနဲ့ အခုဆောင်းပါးကို ဖတ်ရှုပြီး လုပ်ငန်းနဲ့ ကိုယ်ရေးကိုယ်တာဘ၀ကို အမြန်ဆုံးပြောင်းလဲဖို့ စိတ်အားထက်သန်နေတယ်ဆိုရင် Breakthrough Coaching, Trainig & Consulting ရဲ့ Transformational Leadership Journey (TLJ) သင်တန်းကနေ စတင်လေ့လာကြည့်ပါ။ ၃ ရက်တာအချိန်ကာလအတွင်း သင့်ကို သင်တိုးတက်သင့်သလောက် မတိုးတက်အောင် တားဆီးထားတဲ့ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားမှုဆိုင်ရာ အတားအဆီးတွေ၊ သင်လေ့လာသင်ယူဖို့လိုနေတာတွေ၊ ဆက်လက်လုပ်ဆောင်ရမယ့် မဟာဗျူဟာတွေကို ရှင်းရှင်းလင်းလင်း သိရှိပြီး သင့်ဘ၀ရဲ့ နောက်တစ်ဆင့်အောင်မြင်မှုတွေကို ဖန်တီးဖို့ အဆင်သင့်ဖြစ်လာပါလိမ့်မယ်။

Naing Win Aung (MBA, UK)
CEO Coach & NLP Master Trainer
Certified Professional Master Business Coach
Certified Canfield Success Principles Trainer
Certified Maxwell Leadership Team Coach, Trainer & Speaker





▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အကယ်၍ အခုစာဖတ်နေတဲ့မိတ်ဆွေဟာ လုပ်ငန်းနဲ့ ဘဝတိုးတက်ပြောင်းလဲမှုကို အချိန်တိုအတွင်း လက်တွေ့ကျကျလုပ်ဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်နေတယ်ဆိုရင် …

Transformational Leadership Journey (TLJ) သင်တန်းအပ်နှံဖို့နှင့် Business Coaching ဝန်ဆောင်မှုများကို ရယူနိုင်ရန်အတွက် ….

Naing Win Aung - CEO Coach Page ဒါမှမဟုတ် Breakthrough Coaching, Training & Consulting Page များကို Message ပို့၍ ဖြစ်စေ 09765222102, 09765222104, 09765222107, 09776480300 တို့ကို ဆက်သွယ်၍ ဖြစ်စေစုံစမ်းမေးမြန်းနိုင်ပါတယ်။

အောက်တိုဘာလအတွင်း ဖွင့်လှစ်ရန်သင်တန်းများ
………………………….

Crisis Leadership & Business Model Reinvention (CLBMR) - 22,23 October

Transformational Leadership Journey (TLJ) - 28,29, 30 October

Naing Win Aung - CEO Coach & NLP Master Trainer Page မှ စာများကို စီးပွားရေး Page များတွင် ကူးယူဖော်ပြခွင့်မပြုသော်လည်း Page မဟုတ်သော Personal Account များတွင် နာမည်ဖော်ပြ၍ credit ပေးပြီး ပြန်တင်နိုင်ပါတယ်။

Address

Mandalay
Mandalay

Telephone

+959406026605

Website

Alerts

Be the first to know and let us send you an email when San Thit Japanese Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to San Thit Japanese Language Center:

Shortcuts

Share

Category