FYI
MIIT Entrance Training by NAST
MIIT Entrance Preparation MIITဝင်ခွင့်သင်တန်း
15/05/2021
အားလုံးပဲ မင်္ဂလာပါရှင့်🙏
တော်လှန်ရေးကာလ အတောအတွင်း ဒီလို တင်ရတဲ့အတွက် အရင်ဆုံး တောင်းပန်ပါတယ်ရှင့် 🙏🏻
အစ်မတို့ NAST Team ရဲ့ Japanese Online Class တတိယ အသုတ်ကို စတင် လက်ခံနေပြီဖြစ်ကြောင်း ပြောချင်လို့ပါရှင့်
ကျောင်းသား/ကျောင်းသူ (၁၀) ယောက်ကို လက်ခံသင်ကြားသွားပေးပါမယ်ရှင့်
Basic မှာအောက်ပါ (13)ချက်စလုံး သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင့်
1) Hiragana 46 လုံး ဂျပန်မူရင်းစာကားလုံး
2) Katakana 46လုံးမွေးစားစကားလုံး
3) Romaji ( Janglish)
4) Dakuon (အသံပြင်း)
5) Handakuon(အသုံပျော့ )
6) you on(ya yu yo အရော )
7) Choo on (အသံရှည်)
8)Soku on (အသံတို )
9) အခြေခံစကားပြော
10) ကိန်းဂဏန်းရေတွက်ပုံ
11) ပိုက်ဆံရေတွက်ပုံ
12) လေ့ကျင့်ခန်းနှင့် vocabulary များ
13) Grammarများ
🎎Basicပီးသွားတဲ့အခါမှာ Minna no Nihongo စာအုပ်ဖြင့် အခန်း 5/6ထိ ဆက်သင်ကြပေးသွားမှာဖြစ်ပါတယ်
🎎Online class ဆိုပီး သေသေချာချာ မတတ်မှာက်ို စိတ်မပူပါနဲ့ေနာ်။
one by one
Face to face
စနစ်ဖြင့်သာ သင်ကြားမည်ဖြစ်သောကြောင့် ထပ်ခါထပ်ခါ နားလည်လွယ်အောင်သင်ကြားပေးမည်ဖြစ်ပါသည်
🎴သင်တန်းကာလ - တစ်ပတ်ကို ၄ ရက်နှုန်းနဲ့ ၁လခွဲ သင်ကြားပေးမှာပါရှင့်
N5 သင်တန်း စာအုပ်များကိုလည်း ကျွန်တော့်စီမှ ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်
စာအုပ်စျေးကတော့ ၃ ထောင်ပဲ ဖြစ်ပါတယ်ရှင့်
တော်လှန်ရေးတွင်ပါဝင်နေသော CDM ကျောင်းသား/CDM ဝန်ထမ်းများအနေနဲ့ တက်ရောက်လိုပါက သင်တန်းကြေးကို လာရောက် ညှိနှိုင်းနိုင်ပါတယ်ရှင့်။သင်တန်းကြေးကို လျှော့ပေးပါ့မယ်ရှင့်🙏🏻
☎️-09954400095
29/04/2021
🥰 မင်္ဂလာပါရှင့် 🥰
အခုလို နိုင်ငံရေးမကောင်းတဲ့ အချိန်ကြီးမှာ Post တင်ရတာ
အရင်ဆုံး တောင်းပန်ပါတယ်ရှင့် 😔
NAST Team မှ သင်ကြားပို့ချပေးမဲ့ Japan Basic Class အကြောင်းလေး မိတ်ဆက်ပေးချင်လို့ပါရှင့်။🥰
Messenger ကနေ One-By-One Video Call နဲ့ Face-To-Face သင်ကြားပေးမှာပါရှင့်။
အခုအချိန်မှာ ဘာသားစကား/Language
တစ်ခုခုကို သင်ကြားတတ်မြှောက်လိုသူများအတွက် အဆင်ပြေပါတယ်ရှင့်။🥰
သင်ကြားပေးမဲ့သင်ခန်းစာများ
🎎Hiragana (ဂျပန်မူရင်းစကားလုံး)
🎎Katakana(မွေးစားစကားလုံး)
🎎Romaji (Janglish)
Dakuon(အသံပြင်း)
Handakuon(အသံပျော့)
You on (ya yu yo အရော)
အခြေခံစကားပြော
Choo on (အသံရှည်)
Sokuon (အသံတို)
ကိန်းဂဏန်းရေတွက်ပုံ
ပိုက်ဆံရေတွက်နည်း
နေ့ရက် ရေတွက်နည်း တို့ပဲ ဖြစ်ပါတယ်ရှင့်။🥰
သင်တန်းကြေးကတော့ ပုံမှန် သင်တန်းကြေး ၂သောင်းကို အခုလို အခက်အခဲတွေကြောင့် ၁သောင်းပဲ ယူပါတယ်ရှင့်။
သင်ကြားပေးမဲ့အချိန်တွေကတော့ တစ်ပတ်ကို ၄ ရက် တစ်လတိ သင်ပေးမှာပါရှင့်။
Messenger or 09954400095 သို့ ဆက်သွယ်ပြီး စရင်းပေးသွင်းနိုင်ပါပြီရှင့်။
Messenger ကနေ One-By-One Face-To-Faceကိုထိထိရောက်ရောက် သင်ကြားပေးမှာ ဖြစ်တဲ့ အတွက် တက်ရောက်သင့်တဲ့ စကားပြောသင်တန်းလေးဖြစ်ပါတယ်ရှင့်။ 💯
14/01/2021
ကျောင်းတွေတက်ရတော့မယ်နော်😇
၂၀၂၀ ပြည့်နှစ်၊တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ
အောင်မြင်သည့် သူများအတွက်
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ
ထုတ်ယူရပါတော့မည်။
Crd
04/10/2020
IT လောကထဲဝင်တော့မယ်ဆို ဒါလေးတွေသိထားဖို့လိုတယ်နော်😊😊
IT ကိုစိတ်ဝင်စားတယ် ဘာလုပ်မှန်းမသိသူများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
IT လောကထဲတော့ရောက်ပြီး လမ်းကြောင်း (အိုင်တီ)ပြောင်းချင်သူများ market ကို analysis လုပ်ကြည့်ပြီးမှရွေးချယ်ပါ ကိုယ်အားသန်တာ လိုက်မယ်ဆို သူများ နဲ့မတူပဲ အသစ်အသစ်တွေရောက်တဲ့အထိ စိတ်အားထက်သန်လား ရင်းနိုင်လား လုပ်နိုင်လား နိုင်တယ်ဆို ဒီပို့်စ်ကို ဆက်မဖတ် ပါ နဲ့ အဲလိုမှ မဟုတ်ရင် အားသန်ရာဦးစားပေးမယ်ဆို ထမင်းငတ်ချင် ငတ်နိုင်တယ်
အားသန်ရာက ငွေ အားသန်လာမှ လိုက်လဲ နောက်မကျဘူး Market demand နဲ့ less human capacity ကိုအရင်လေ့လာလိုက်ပါအုံး
1.Network Engineer (N+, CCNA Level )
မြန်မာပြည်မှာ အများကြီးပဲ အလုပ်ရှင်ကလိုအပ်ရင် လွယ်တကူရှာနိုင်တယ် ပေါပေါပဲပဲပေးခိုင်းလို့ ရတယ်
2.Network Engineer (CCNP,CCIE Routing & Switching )
မြန်မာပြည်မှာ သိပ်မပေါဘူး CCNP Level လောက်ထိ သိပ်လဲမရှားဘူး CCNP မှာတောင် ROUTING AND SWITCHING ပိုများတယ် ဒါကြောင့် CCNP (R & S ) ကတော့ လခ CCNA ထက် သာတယ်ဆိုရုံပဲ CCNP DATACENTER , Service provider ဘက်ကတော့ရှားတယ် အပေါ်၂ခုလောက်demand မများသေးပေမယ့် နောက်ပိုင်းအရမ်းလိုအပ်လာမယ် လခတောင်းလို့ ကောင်းလာမယ် CCIE ရှားနေသေးတယ် CCIE ပြီးထားရင်တော့ ဆြာပါပဲ ဒါပေမယ့် လိုချင်တဲ့လခအတွက် CCIE လက်မှတ် နဲ့ညီတဲ့ တန်းတခုတော့ ပိုင်ဆိုငထားရင်ပို ကောင်းတယ်။
3.System engineer/system administrator (MCSE )
မြန်မာပြည်မှာ ပေါတယ်လို့ပြောရမယ် လခလဲသိပ်လဲ မများသေးဘူး စျေးကွက်မှာ MCSE Certified က သိပ်မရှားဘူး
MCSE PRIVATE CLOUD , SHAREPOINT AND OFFICE365 ဘက်တော့နည်းသေးတယ် အဲဒါကို လုပ်ထားရင်တနေ့ MICROSOFT ကမြန်မာပြည်မှာတွင်ကျယ်လာရင် SOLUTION ENGINEER အဖြစ် အလုပ်အကိုင်အခွင့်အလမ်း ကောင်းတွေရနိုင်တယ်
4.System Engineer/System Administrator
(MCSE + LINUX PLATFORM CERTIFIED +SERVER VIRTUALIZATION )
အဲလိုရထားသူရှားတယ် ရထားရင်လဲ အဲလူဟာ သူများနဲ့ယှဉ်မယ်ဆို နှာတဖျားမကသာနေလိမ့်မယ် အလုပ်အကိုင်အခွင့်အလမ်းပိုကောင်းသလို လခလဲ တောင်းလို့ကောင်းမယ် မှန်ကန်တဲ့ ORGANIZATION သာရွေးချယ်တတ်ပါစေ
5.Web Developer (front-end or back-end)
အလုပ် နဲ့လက်ကတော့ပြတ်မယ်မထင်ဘူး Project တွေပိုများလာဖို့ရှိတယ်ဆိုပေမယ့် အိုင်တီလောကထဲက မိန်းကလေးအများစုရွေးချယ်ရာဖြစ်တဲ့အတွက် web developer တွေစျေးကွက်မှာများတယ် များတဲ့အတွက လခပေါပေါပဲပဲရတာရော တချို့ overpay ဖြစ်တာရော အမျိုးမျိုးဖြစ်နေတယ် ပေါများတဲ့ အတွက် လခကတော့ သိပ်ပြီးတခြားfield တွေ နဲ့ယှဉ်င်္မယ်ဆို နည်းနိုင်သေးတယ်
6.Web developer (full stack both java and php)
ပေါများတဲ့ web developer ထဲမှာမှ အဖိုးတန်ပတ္တမြားပေါ့ ရှိတယ်ရှားတယ် ရှားတော့ ပိုပြီးလခပေးဖို့ အသင်တော်ဆုံးပါပဲ web dev တယောက်ဖြစ်ရင် full stack ကိုမသွားနိုင်ရင် ရွာပြန် လယ်ထွန်တာမှ ပိုအကျိုးရှိပါလိ်မ့်မယ်
7.Android Developer
အခုနောက်ပိုင်း မြန်မာပြည်မှာ Mobile အသုံးပြုမှုတွေ ပိုမိုတွင်ကျယ်လာသည်နှင့်အညီ Android Platform Mobile Application Developer တွေဟလည်း အဆတန်များပြားလာပါတယ် junior level မှာတော့လခသိပ်မများသေးပေမယ် senior level ဆိုရင်တော့ လခပိုရတတ်ပါတယ် ဒါပေမယ့် ဒါဟာလဲ ကိုယ်လုပ်တဲ့ လုပ်ငန်းရဲ့ Contribution ပေါ်မူတည်ပါသေးတယ် ဒါပေသိ Senior/junior ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ Android developer တွေ များပြားနေသေးတာကိုးက အလုပ်အကိုင်အခွင့်အလမ်းအတွက် စိန်ခေါ်မှုတွေပြည့်နှက်နေနိုင်သလို လခနှိမ်ပေးချင်းတွေလဲရှိနေနိုင်ပါသေးတယ်
8.iOS Developer
Ios လဲ android နည်းတတူပါပဲ senior / junior level ဆိုပြီးရှိသလို လခလည်းကွာပါတယ်
Android နဲ့ မတူတာကတော့ ios developer industry ကတော့ လုပ်နိုင်သူ Android Developers တွေလောက်မများပါဘူး ဒါကလည်း မများသေးတာဆိုပိုမှန်မယ် များလာနိုင်ဖို့ရှိတယ် ဒါကြောင့် သူသည်လည်း Android Developer တွေနည်းတူပဲ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လခပိုင်းဆိုင်ရာမှာလည်း အတူတူပင်ဖြစ်ပါတယ်။
9.IOS & Android Developer
Mobile application development လောကအတွက် အဖိုးထိုက်တဲ့ တန်ဖိုးတခုပေါ့ ၂ခုလုံးကို Expert ဖြစ်ဖို့ ကြိုးစားရမှာဖြစ်ပြီး အဲဒီနေရာအတွက် ပညာရှင်အရေအတွက်ဟာ သိပ်မများသေးပါဘူး သင်သည် ios & android developer ကောင်းတစ်ယောက်ဖြစ်လာခဲ့တဲ့အခါ လခတောင်းဖို့ ဝန်မလေးပါနဲ့ လခပိုပေးဖို့ဝန်လးနေတဲ့ အလုပ်ရှင်ဖြစ်နေရင် သင်အဲဒီနေရာကို ကျောခိုင်းလိုက်ပါ သင့်တန်ဖိုးသည် ရှားပါးတန်ဖိုးတခုဆိုတာ မှတ်ယူထားပါ
10.Programmer (မြန်မာပြည်တွင် coder )
မြန်မာပြည် software industries မှာတော့ သိပ်ကို မကွဲပြားတဲ့ အလုပ်တခုပေါ့ တကယ် software housingမှာတော့ သိသာစွာ ကွဲပြားပါတယ် သင်ဟာ software development တခုမှာ software engineer တွေချပေးတဲ့ software design ကို ရေးပေးရမယ့်သူတစ်ယောက်ပါ သင်ဒီရာထူးမှာ လခသိပ်ပြီ မမျှော်မှန်းပါနဲ့
Software industries တွေက enterprise/customize software industry တွေထက် mobile and web development ဘက်ကို ပိုမို စျေးကွက်ချဲ ့ထွင်ဦးစားပေးလာတဲ့အလျောက် programmer တွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတခုအတွက် android developer/ios developer and web developer တွေလောက် မတိုးထိဘူးဆိုပေမယ့် Programmer တစ်ယောက်ဟာ လခအများကြီးမျှော်မှန်းထားဖို အချိန်မကျသေးသလို ရှေ့ဆက်တက်ရမယ့် skill တွေအတွက် ကြိုးပမ်းနေတာက ပိုလက်တွေ့ ကျပါလေ့မယ်
11.Software Engineer
Software Design / architecture ပိုင်းကို လုပ်သင့်တဲ့ ရာထူးဖြစ်ပေမယ့် မြန်မာပြည်မှာတော့ ကိုယ်တိုင် Design ချ ကိုယ်တိုင် program ရေးလုပ်တဲ့သူများပါတယ် ဒါပေမယ့် အားမငယ်ပါနဲ ့ IT software Project Manager / product Manager Level သွားဖို ့ အခွင့်အလမ်းအကောင်းဆုံး အနေအထားမှာ သင်ရပ်နေတာပါ
အဲဒီ Level တွေမှာ လခကောင်းတယ်ဆိုတာ အရင်မှတ်ထားပါ သင့်အနေနဲ့ technical skill ချည်းပိုက်ပြီးသွားလို့ မရနိုင်သလို သင်နဲ အတူ ပြိုင်ကျဲမယ့် သူတွေလဲ တခြား developer တွေလောက်မများပြားတော့ပါဘူး သင့်မှာတော့ Technical skill အပြငအခြားလိုအပ်ချက်တွေပါ ဖြည့်ဆည်းထားဖို့ လိုတယ်ဆိုတာကိုတော့ သိထားပေးပါ
12. Database Administrator
မြန်မာပြည်မှာ ရှားမှ ရှားပါ ပညာရျင် နည်းပါးပါသေးတယ် ပြည်ပရောက်တွေထဲမှာလည်း ရှားပါးပါသေးတယ်
သင်ဟာ MS SQL Oracle MYSQL Expert ဖြစ်နေရုံနဲ ့DBA တယောက်ဖြစ်နိုင်တယ်လို့ထင်မယ် ဟုတ်ပါလေ့မယ် ဒါပေမယ့် သင်တာဝန်ယူရတဲ့ Database ရဲ့ intergirty , security , availability , Backup and disaster recovery ပိုင်းဆိုင်ရာ knowledge ကောင်းတွေ best practice ကောင်းတွေမပိုင်ဆိုင်ထားဘူးဆိုရင်တော့ နောက်ပိုင်း industries demand တွေတက်လာတဲ့အချိန်မှာ DBA ချင်းတူမယ်ဆိုရင်တောင် သင့်အတွက် နေရာမရှိိဘူး ရှိမယ့်နေရာဟာလဲ ပေါပေါပဲပဲလခ မရှိသုံး သုံး ထားရတဲ့နေရာပဲဖြစ်လေ့မယ် Banking and Financial institution တွေပွားလာတဲ့အလျေက် သူတို ့ရဲ ့ customer data တွေအတွက် DBA လိုအပ်ချက်ကပိုမို မြင့်မားလာပါလေ့မယ် ထို့နည်းအတူ မက်လောက်စရာလခတွေဟာလဲ DBA သမားတွအတွက် စောင့်ကြိုနေမှာမလွဲပါဘူး
13.Dat Scientist
မြန်မာပြည်မှာတော့ သိပ်မရင်းနှီးသေးတဲ့ ရထူးတခု ဖြစ်သလို နိုင်ငံတကကာမှာလဲ ခေတ်သိပ်မစားသေးပါဘူး သို ့ပေမယ့် အရှိန်အဟုတ်မြင့်တိုးတက်လာတဲ့ Big data analysis ကြောင့် Data Scientist ဟာ နောက်ဆို demand အားကောင်းလာမယ့်အလုပ်တခုဖြစ်သလို ဘာရှိသင့်လဲ ဘာပြင်ဆင်သင့်သလဲဆိုတာကိုတော့ Data Scientist Job description ကိုလေ့လာကြည့်ပါ
https://www.toptal.com/data-science/job-description
14.Digital Marketing Expert
မြန်မာပြည်မှာ ခေတ်စားလာသလို လုပ်နိုင်သူတွေရှားပါးနေသေးတဲ့နေရာတခုပဲ အိုင်တီစကေးလအနေနဲ့ Field တခုကို Expert level တခုအထိ ကျွမ်းကျင်ထားဖို့ မလိုအပ်ပေမယ့် PR (Public Relation) ကောင်းရပါမယ်
Content Writing ပေါင်းကောင်းဖို့လိုအပ်သလို အထေထွေဗဟုသုတလဲရှိဖို့ လိုအပ်ပါတယ် Digital Marketing အတွက် မိမိလုပ်မယ့် business အမျိုးအစားအလိုက် သင့်လျော်မယ့် Digital Marketing Channel ကိုရွေးချယ်နိုင်ရမယ် Digital Marketing Expert တစ်ယောက်ရဲ့လစာဟာ မနည်းသလို လုပ်ငန်းအမျိုးအစားအလိုက်တယောက်နဲ့ တစ်ယောက်ကြား ကွာဟနိုင်ပါသေးတယ် Digital Marketing အကြောင်းနဲ့ Digital Marketing သမားတစ်ယောက်လိုအပ်တဲ့ Skillset တွေကိုတော့ အကျယ်တဝင့်နောက်မှပဲ ရှင်းပြပေးပါတော့မယ်
15.IT Security Engineer/Expert
GPEN GIAC CEH အစရှိတဲ့လက်မှတ်တွေဟာ IT Security Professional တစ်ယောက်ဖြစ်ဖို့အတွက် အထောက်အပံ့ပေးပါတယ် သို့ပေမယ့် IT Security သမားတစ်ယောက်ဟာ လေ့လာမှုပိုမိုအားကောင်းဖို့လိုအပ်သလို Networking,System ပိုင်း OS ပိုင်းမှာလဲ windows, linux , unix OS ပေါင်းစုံ နားလည်ထားဖို့လိုတယ်, Programming Language တခုခုကို နားလည်ထားရမယ် Web programmingကိုလည်း နားလည်ထားမယ် scripting language တွေကိုသိမယ် offensive purpose tools တွေကိုလည်း ကျွမ်းကျင်ထားဖို့လိုပါတယ် မြန်မာပြည်မှာ Infromation Security ကိုအလေးပေး လုပ်ဆောင်နိုင်စွမ်းအားနည်းသေးပေမယ့် အနဂတ်မှာတော့ ခေတ်စားလာပါလိမ့်မယ်။ ခေတ်စားသလို လုပ်နိုင်စွမ်းရှိတဲ့ သူတွေရှားနေပါသေးတယ် CEH ပြီးထားတဲ့သူများကောင်းများမယ််။ ဒါပေမယ့် IT Security Professional Expert တယောက်အနေအထားရောက်ရှိသူရှားနေပါသေးတယ်။ IT Security ပိုင်းမှာပဲ (Engineer level ) မှာ Wireless Security, Web Security , Enterprise Security အစရှိသဖြင့် အမျိုးမျိုးထပ်ကွဲပြားနေပါသေးတယ်
16.Pentester
Penetrating Tester အင်မတန်ရှားပါသေးတယ် ဒီနေရာရောက်ဖို့လဲ ကြိုးစားရပါတယ် Secuirty professional တစ်ယောက်အနေအထားအပြင် သင်ဟာ system တခုကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း
ထိုဝင်ရောက်မှုမှတဆင့် အမှားရှာပြီး ပြင်ဆင်ဖာထေးသင့်သည်များကိုလည် အကြံအဉာဏ်ပေးနိုင်စွမ်းရှိဖို့လိုပါတယ် IT Security Expert position လိုပဲ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးသလို ပညာရှင်လည်းရှားပါးနေပါသေးတယ် ထိုရာထူးအတွက် အလုပ်အကိုင်အခွင့်အလမ်းရှိလာတဲ့အခါ မတွေဝေပါနဲ့ သင့်အားပိုပေးနိုင်တဲ့ organization တခုကိုပဲရွေးပါ လစာကို အရဲဝံ့ဆုံးနဲ့ အကောင်းဆုံးဖြစ်လောက်မယ်လို့ သင်ယူဆတဲ့အနေအထားအထိ တောင်းဖို့လုံးဝ ဝန်မလေးပါနဲ့
17.Infosec Manager/IT Security Manager
တချို့လုပ်ငန်းတွေကတော့ သင့်ကို Security Engineer အလုပ်တွေရော Manager အလုပ်တွေပါခိုင်းတတ်တယ် ဖြစစ်နိုင်ရင် မလုပ်ပါနဲ့ အဲလိုနေရာကနေ တစုံတရာအကြောင်းပြချက် ခိုင်ခိုင်မာမာမရှိရင် ထွက်လိုက်ပါ သင် Secrity Engineer လုပ်တဲ့အလုပ်တွေကို သင်လုပ်ဖို့မလိုပါဘူး IT Security Engineer /Expert တယောက်လုပ်ရမယ့်အလုပ်တွေကို သင်ချမှတ်ပေးရမယ် Infosec Policy Incident Management တွေသင်လုပ်ပေးရမ် Enterprise Security Architecture တွေကို သင်ရေးစွဲပေးရမယ် သင်ဟာလုပ်ငန်းတခုရဲ့ Risk Managemen Committee ထဲမှာသင်ပါဝင်ရမယ် သင်ဟာ Reporting ကောင်းရမယ် Presentation skill ကောင်းရမယ် Documentation Skill ကောင်းရမယ် Information Security ဆိုင်ရာ လုပ်ငန်းစဉ်တွေကို နားလည်ထားရမယ် Security Breach ဖြစ်စေမယ့်အရာတွေကို နှံ့စပ်စွာသိရမယ် ဒီဟာကလုံခြုံရေးအရ ယိုပေါက်ဖြစ်နိုင်တယ် ဒါမျိုးမလုပ်သင့်ဘူး။ ဒါမျိုးလုပ်ထားသင်တယ််ဆိုတဲ့ အကြံဉာဏ်သင့်ဆီကထွက်ရမယ်။ ဒါကို ကောင်အထည်ဖော်မယ့်လူဟာ သင်မဟုတ်ဘူးး Security Expert က လုပ်ရမယ့်ကိစ္စပါ ဒီ roleဟာ အင်မတန်ကို ရှားပါးနေပါသေးတယ် IT Security Expert တိုင်းလုပ်နိင်ဘူး Technical Skill အပြင် Management Skill ပါတောင်းဆိုတဲ့အတွက်ကြောင့်ပဲ ဒီ့အတွက် သင့်မှာ CISSP လို့ CISM, CISA လို CompTIA Advance Security လက်မှတ်လိုမျိုး ပိုင်ဆိုင်ထားခဲ့မယ်ဆိုရင်
18.Digital Forensics
မြန်မာပြည်မှာ သိပ်မရင်းနှီးသေးတဲ့ ခေါင်းစဉ်တခု FBI လိုနေရာမျိးတွေမှာ ဒါကိုလိုအပ်သလို မြန်မာပြည်ရဲ့ မှုခင်းဋ္ဌာနတွေ နောက်ဆို Government နဲ့ Private Sector လိုနေရာမျိုးးတွက ပြင်ပမှ Digital Forensic လုပ်မယ့်လုပ်ငန်းမျိုးတွေ ကနေငှားရမ်းလုပ်ကိုင်ကြတော့မယ့်အခါမျိုးဆိုရင် ဒီလိုရာထူးးအတွက် Digital Forensics Specialist တွေအတွက် အခွင့်အလမ်းကောင်းပါပဲ IT Security နဲ့ ဆက်စပ်နေတဲ့လုပ်ငန်းတခုဖြစ်လို့ IT Security Career ကိုသွားနေရင် သင်ပြောင်းးလဲ အခြေချလို့ရနိုင်တဲ့ နယ်မြေတစ်ခုပါပဲ သူသည်လည်း Management skill တွေလိုအပ်ပါသေးတယ် ရှားပါးတဲ့အတွက် လခတန်ဖိုးမြင့်နေအုံးမယ့် ရာထူးတစ်ခုပါ။
02/10/2020
It will be very useful for youths who do not know about the engineering major. 😊😊
29/09/2020
FYI
03/09/2020
Miit entrance exam (Sample Questions)
Miit official website 👉🏻 www.miit.edu.mm
ဝင်ခွင့်သင်တန်းအတွက်စုံစမ်းလိုပါက Chatbox မှာလာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ 😇
သင်တန်းကာလ စတင်တော့မှာဖြစ်တဲ့အတွက် အမြန်စာရင်းသွင်းပေးထားဖို့တော့လိုပါမယ်ခင်ဗျာ
02/09/2020
We are live!
2020 is off to a great start. Round I is currently underway, with nearly 50 students participating. The public scoreboard is available at https://code.miit.edu.mm/public?static=1.
Through initiatives like this, reaffirms its commitment to focusing on keeping the learning going, despite .
India in Myanmar Consulate General of India, Mandalay Ministry of Education, Myanmar
24/08/2020
အားလုံးပဲ မင်္ဂလာပါရှင့်။
ဒီတစ်ခါမှာတော့ ညီမတို့ NAST Team မှ Knowledge Sharingအနေနဲ့ ညီမတို့ MIIT တွင် ယခု ပြုလုပ်လျက်ရှိသော “NAO Robot”
အကြောင်းကို ပြောပြပေးသွားပါမယ်ရှင့်
"Nao robot''
ညီမတို့ မကြာခဏဆိုသလို Facebook Youtubeတွေမှာ တွေ့ဖူးနေတဲ့ လူသားပုံစံ ချစ်စဖွယ် စက်ရုပ်လေးတွေကို သတိထားမိကြမယ်ထင်ပါတယ်။
အဲ့စက်ရုပ်လေးတွေထဲမှ ညီမတို့ ဒီနေ့ ပြောပြပေးချင်တဲ့ စက်ရုပ်ကလေးကတော့ Nao Robot ပဲဖြစ်ပါတယ်။
ဆိုတော့ကား...Nao Robotရဲ့သမိုင်းကြောင်းကို
တစ်ချက်ပြန်လှန်ကြည့်ရအောင်..
"Nao" ကို Aldebaran Robotics (French robotics Company Headquartered in Paris) က စတင်တည်ဆောက်ခဲ့ပါတယ်။2015ခုနှစ်မှာတော့ "Aldebaran Robotics Company"ကို SoftBank Group ကဝယ်ယူလိုက်ပါတယ်။
"Nao"ဟာ Autonomous, Programmable Humanoid Robot အမျိုးအစားဖြစ်ပြီး 58 centimeters (၂ပေနီးပါး)အမြင့်ရှိပါတယ်။2004ခုနှစ်မှာ "Project Nao" နှင့်အတူစတင် Developပြုလုပ်ခဲ့ကြပြီး 2008ခုနစ်မှသာ ပထမဆုံး Public version အဖြစ်နဲ့ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့ 2005 နဲ့ 2007ခုနစ်အတွင်းမှာတော့ "Nao" ရဲ့ prototypes 6ခုကို ထုတ်လုပ်ခဲ့ပါတယ်။
သူတို့တွေ idea က ဒီတင်မဟုတ်သေးပါဘူး။
2008ခုနှစ် Marchလမှာတော့ Nao RoboCup Edition (the first production version of robot) ကို အဲ့ဒီနှစ်ရဲ့ "RoboCup soccer Competitation" မှာ contestant အနေနဲ့ စတင်ထုတ်လုပ်ခဲ့ပါတယ်။"Nao Academics Edition" ကိုတော့ 2008ခုနှစ်နောက်ပိုင်းလောက်မှာ universitiesေတွ educational institutions နဲ့ research Laboratories တွေအတွက် ထုတ်လုပ်
ေပးခဲ့ပါတယ်။2014အကုန်မှာတော့ Nao Robots 5000ကျော်ကို နိုင်ငံပေါင်း ၇၀က educational နဲ့ research institutions တွေမှာ အသုံးပြုေနကြပါပြီ။
ကျနော်တို့ လေ့လာမိသလောက်တော့ ကျနော်တို့ နိုင်ငံမှာတောင် ကျောင်းတချို့စတင်အသုံးပြုနေကြဟု သိရှိရပါတယ်။
"Nao" ကို schools, colleges နဲ့ universities တွေမှာ programming သင်ယူဖို့နဲ့ human နဲ့ robots ကြား interactions တွေကို conduct research များပြုလုပ် ရန်အတွက် "research robot(သုတေသန စက်ရုပ်)" အနေနဲ့ အသုံးပြုနိုင်ပါတယ်။
December 2011 မှာ Aldebaran က "Nao"ရဲ့ Next Generation ကို ထုတ်လုပ်ခဲ့ပါတယ်။"Nao Next Gen" မှာဆိုရင် high density cameras တွေ, improved robustness တွေ, anti-collision system နဲ့ faster walking speed စတဲ့ hardware နဲ့ software တိုးတက်မှုများစွာ ပါဝင်လာပါတယ်။
နောက်တစ်ခုကတော့ 2014 June မှာ ထွက်ခဲ့တဲ့ Nao Evolutionပါ။သူ့မှာဆိုရင် durability(ကြာရှည်ခံမှု) , multilingual speech synthesis (ဘာသာစကားများစွာအသုံးပြု၍ စကားပြောနိုင်ခြင်း) စတာတွေကို အဆင့်မြှင့်တင်ထားတဲ့အပြင် new algorithums များကို အသံုးပြုထားတဲ့ shape and facial detection and recognition တွေ Four directional microphones ကို သုံးထားတဲ့ improved sound source location တွေပါ ပါဝင်လာတယ်။
2015ခုနှစ် "Aldebaran Robotics "ကို SoftBank Groupက ဝယ်ယူပြီးနောက်မှာတော့ "SoftBank Robotics" ဆိုပြီး ပြောင်းလဲခဲ့ပါတယ်။
Nao Robot ကို "Naoqi"(Programming framework used to Program Nao) လို့ခေါ်တဲ့ linux-based operatng systemနဲ့ အဓိက controlလုပ်ပါတယ်။အဲ့ဒီ OSက( voice recognition နဲ့ sound localizationအတွက် microphones 4လုံး, multilingual text-to-speech synthesis အတွက် speaker 2လုံး, facial and shape recognition အတွက် HD cameras 2လုံး )ပါတဲ့ robot ရဲ့ multimedia systemကို ပံ့ပိုးပေးပါတယ်။
ဒီrobotရဲ့ kinematics အကြောင်းဘက်ကို နည်းနည်းလှည့်ရအောင်
Nao botက 25 Dof အမျိုးအစား humanoid robot ဖြစ်ပါတယ်။ Dofဆိုဒါက degrees of freedomကိုပြောဒါပါ။ 11 dofက robotရဲ့အောက်ပိုင်းအတွက်
ခြေထောက်တွေ၊ တင်မဆုံတွေ ထိပါဝင်တယ်။
ကျန်တဲ့ 14 dofက တော့အပေါ်ဘက်အပိုင်းအတွက် ဘာတွေပါလဲဆိုတော့ လက်မောင်းတွေ၊ခေါင်းပိုင်းတွေထိပါဒါပေါ့ဗျာ။ခြေကျင်းဝတ်မှာ Dof ၂ခုပါမယ် ဒူးခေါင်းမှာ dofတစ်ခု နဲ့ တင်ပါးမှာတော့ ၂ခုပါဝင်ပါတယ်။ လက်မှာဆိုရင်လည်း ပုံခုံးမှာ Dof ၂ခု၊တံတောင်မှာဆိုလည်း ၂ ခု နဲ့ လက်ကောက်ဝတ်အတွက် ၁ခုပါပါတယ်။ ဒါ့အပြင် Hand's grasping အတွက်ပါ dof တစ်ခုထပ်ထည့်ပေးထားပါသေးတယ်။ခေါင်းကလဲ Yaw ကော Pitchကောပါ လှည့်နိုင်သေးတယ်ဗျ။ Mini humanoid အမျိုးအစားတွေထဲမှာတော့ Dof တော်တော်စုံတဲ့ robotတစ်ခုပါပဲ။
ဆိုတော့...ဒါတွေပဲလား????မဟုတ်သေးပါဘူး။
2018 ခုနှစ် August လမှာ RobotLAB က "Engage! K12" လို့ခေါ်တဲ့ online learning platform တစ်ခုကို release လုပ်ခဲ့ပါတယ်။ ဒီ platform ကိုတော့ ကျောင်းတွေမှာ STEM, Coding, Engineering စတဲ့ ပညာရပ်တွေမှာ "Nao" အသုံးပြုမှုကို တိုးချဲ့နိုင်ရန် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။2018 February မှာတော့ Finnish Company ဖြစ်တဲ့ "Utelias Technologies" က "Elias Robot" (Naoကို အသုံးပြုပြီး ဘာသာစကားတွေ သင်ယူနိုင်တဲ့ learning application) တစ်ခုကို release လုပ်ပေးခဲ့ပါသေးတယ်။
Nao robotအကြောင်းကို အတန်အသင့် သိသွားပြီဆိုတော့ညီမတို့ကတော့ အခုပဲစမ်းသုံးကြည့်ချင်နေပါပြီ....
Reference link : https://en.m.wikipedia.org/wiki/Nao_(robot)
https://www.wevolver.com/wevolver.staff/nao.robot/
to Original Uploader
18/08/2020
🥰🥰 FAQs 🥰🥰
💫 MIITမှာ တက်ရောက်လိုသော ညီလေးညီမလေးများအတွက် အကိုတို့ NAST Team မှ အကိုတို့ MIIT တက်ရောက်နေစဉ် အတွင်း အကိုတို့အမေးများဆုံးသော ကျောင်းအကြောင်းမေးခွန်းများ(Frequently Asked Questions) အမေးအဖြေ ကဏ္ဏလာပါပြီဗျ💫
မေး : MIITဆိုတာ ဘလိုမျိုး တက္ကသိုလ်လဲ?
ဖြေ : MIIT ဆိုတာက အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရ ချစ်ကြည်ရေးအရ ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်ကြီးဖြစ်ပါတယ်။၂၀၁၅ ခုနှစ်ကတည်းက မန္တလေးမြို့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။😇
မေး : အစိုးရ တက္ကသိုလ်လား / Private တက္ကသိုလ်လား?
ဖြေ : အစိုးရချင်းချိတ်ဆက်ထားတာ ဖြစ်တဲ့ အတွက် အစိုးရ တက္ကသိုလ်ဖြစ်ပါတယ်။ပေးတဲ့ ဘွဲ့ကလည်း အစိုးရ အသိအမှတ်ပြုပါတယ်ဗျ။ 🤩
မေး : ဘလိုတက်ခွင့်ရမလဲ။ဆယ်တန်းအမှတ်နဲ့လက်ခံတာလား?
ဖြေ : MIIT မှာတက်ဖို့ဆို ကျောင်းက ပြုလုပ်စစ်ဆေးတဲ့ ဝင်ခွင့်စာမေးပွဲဖြေရပါတယ်။အယောက်(၁၂၀)ကိုပဲ ခေါ်ပါတယ်ဗျ။ဆယ်တန်းအမှတ်ကို ၆၀% ယူ ဝင်ခွင့်အမှတ်ကို ၄၀% ယူပြီး အမှတ် အများဆုံးသော အယောက် (၁၂၀)ကို ခေါ်ယူပါတယ်ဗျ🤓
မေး : ဝင်ခွင့်ဖြေဖို့ ဘလိုလျှောက်ရမလဲ?
ဖြေ : ဝင်ခွင့်ဖြေဖို့ အတွက် သတင်းစာကနေ ခေါ်ပါတယ်ဗျ။
မေး : ဒီနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်ပြီးသားတွေပဲ တက်ခွင့်ရှိတာလား?အရင်နှစ်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်ပြီးသားတွေရော တက်ခွင့်ရှိရဲ့လား?
ဖြေ : အရင်နှစ်က တက္ကသိုလ် ဝင်ခွင့် အောင်ပြီးသားသူများ လုံးဝတက်ခွင့်မရှိပါ။ယခုနှစ် တက္ကသိုလ် ဝင်ခွင့်အောင်ပြီးသားသူများသာ တက်ခွင့်ရှိပါတယ်ဗျ။😇
မေး : ဘနှနှစ်တက်ပြီး ဘာဘွဲ့ရမှာလဲ?
ဖြေ : (၅)နှစ်တက်ရမှာဖြစ်ပြီး ရမဲ့ဘွဲ့ကတော့ B.E(Hons)Bachelor of Engineeringပဲဖြစ်ပါတယ်။အစိုးရ အသိအမှတ်ပြု ဘွဲ့ဖြစ်ပါတယ်ဗျ။
မေး : ကျောင်းပြီးရင် ရမဲ့အလုပ်အကိုင်ကရော?
ဖြေ : နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူတွေကို India,Myanmar မှာရှိတဲ့ Company တွေမှာ Intern အနေနဲ့ ပေးဆင်းပါတယ်။Intern ပြီးသွားလို့ Company က ကို့ သဘောကျလို့တောင်လည်းကောင်း၊ကိုယ်က အဲ့Companyမှာပဲ လုပ်ချင်လို့သော်လည်းကောင်း ပြန်လုပ်ခွင့်ရှိပါတယ်ဗျ။တကယ်လို့ ဘွဲ့လွန်အနေနဲ့ ထပ်မံယူမယ်ဆိုလည်း အဆင်ပြေပါတယ်ဗျ။💫
မေး : စာသင်ကြာပေးမဲ့ ဆရာ ဆရာမတွေ ရဲ့ အကြောင်းနဲ့ သင်ကြားပုံ သင်ကြားနည်းလေးကို တစ်ချက်လောက်ပြောပြပါဦးဗျ?
ဖြေ : ကျောင်းမှာ သင်ကြားပေးတဲ့ ဆရာဆရာမတွေကတော့ အိန္ဒိယ မှ လာရောက်သင်ကြာပေးတဲ့ ဝါရင့်ပြီး အတွေ့အကြုံရှိသော ဆရာ၊ဆရာမတွေပဲ ဖြစ်ပါတယ်။မြန်မာ ဆရာ၊ဆရာမတွေလည်း ပါပါတယ်ဗျ။သင်ကြားပုံကတော့ ကျောင်းကို စစတက်ချင်းနေ့မှာတင်ပဲ တစ်ယောက်ကို Laptop တစ်လုံးစီပေးပါတယ်ဗျ။Laptopက ကျောင်းသားကျောင်းသူများ စာလေ့လာရာမှာ သုံးဖွင့်အတွက် အထောက်အကူအနေနဲ့ ပေးအပ်ခြင်းဖြစ်ပါတယ်ဗျ😇
မေး : MIIT မှာ စာမေးပွဲနဲ့ Assignmentတွေများတယ်လို့ပြောတယ်ဗျ။စာပိမှာကြောက်တယ်ဗျ။
ဖြေ : မှန်ပါတယ်။MIIT မှာ အပတ်စဉ် တနင်္လာနဲ့ သောကြာနေ့ မနက်ပိုင်းတွေမှာ စာမေးပွဲဖြေရပါတယ်ဗျ။စာမေးပွဲများတယ်ဆိုပြီး မလန့်သွားပါနဲ့ ညီလေးညီမလေးတို့ရေ။အကိုတို့ကျောင်းက Conceutive Learning System ကို အသုံးပြုတဲ့ တက္ကသိုလ်ပါ။ စာကို အမြဲလေ့လာနေစေချငိရုံပါ။စာမေးပွဲနီးမှ စာတွေ အများကြီးကို One Subject One Night Systemမျိုး မဟုတ်ပဲ စာတွေကို အမြဲလေ့လာပြီး ခေါင်းထဲ စွဲစေချင်တဲ့ သဘောပါဗျ😇
မေး : ကျောင်းရဲ့ Grading System လေးကို တစ်ချက်ပြောပြပါဦးဗျ။အအောင် အရှုံးကို ဘလိုသတ်မှတ်လဲဗျ?
ဖြေ : ကျောင်းမှာတော့ Grading ကို A , A- , B+ , B , B- , C+ , C , D , F အစရှိတဲ့ Grading Systemတွေနဲ့ သတ်မှတ်ပါတယ်ဗျ။Aကတော့ အမှတ်အများရတဲ့သူဖြစ်ပြီး F ရတဲ့ ဘာသာကတော့ ကျပါတယ်ဗျ😬
မေး : အဲ့တာဆို အပေါ်က Grades တွေကို ဘလိုသတ်မှတ်တာလဲဗျ?
ဖြေ : ဟုတ်ကဲ့။Grades တွေကိုတော့ အပတ်စဉ်တိုင်းဖြေထားတဲ့ ဖြေထားတဲ့ စာမေးပွဲတွေရဲ့ အမှတ်တွေရယ် Assignment တွေရဲ့ အမှတ်တွေကို normalized ပြန်လုပ်ပြီးမှ သတ်မှတ်ပါတယ်ဗျ။ဒီSystemကို အသုံးပြုခြင်းကြောင့် မြန်မာနိုင်ငံမှာ ရှိတဲ့ တစ်ခြားတက္ကသိုလ်တွေလို Final Exam မှာ အမှတ်ကို မူတည်ပြီး အအောင်/အရှူံး သတ်မှတ်လို့ မရပါဖူးဗျ။အတန်းထဲမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ပျှမ်းမျှ အမှတ်ကို ကြည့်ပြီး အအောင်/အရှုံးသတ်မှတ်တာဗျ😇
မေး : စာတွေချည်းပဲ လုပ်ရတာလား? အားကစားတို့၊Music Club တို့ရော မရှိဖူးလားဗျ ?
ဖြေ : အကိုတို့ကျောင်းက စာချည်းပဲ အားပေးတဲ့ ကျောင်းမျိုးမဟုတ်ပါဖူး။အားကစားဆိုလည်း ကျောင်းဘောလုံးကလပ် ၊ ကြက်တောင်ကလပ် အစရှိတဲ့ ကလပ်တွေလည်းရှိပါတယ်ဗျ။ဘောလုံးကွင်းရော ကြက်တောင်ကွင်းရောရှိပါတယ်ဗျ။နှစ်စဉ် ကျောင်းတွင်း ဘောလုံး(Futsal) ပြိုင်ပွဲတွေလုပ်ပြီး ဆုတွေလည်း ချီးမြှင့်ပါသေးတယ်ဗျ။ဂီတဝါသနာပါသူတွေအတွက်လည်း ကျောင်းကဖွဲ့စည်းထားတဲ့ Music Club ရှိပါတယ်ဗျ🤩
မေး : ကျောင်းက ကျောင်းတွင်းအဆောင်ရှိလားဗျ ?
ဖြေ : ပြီးခဲ့တဲ့နှစ်တွေကတော့ အဆောင်တွေမထားပါဖူးဗျ။အပြင်အဆောင်ဌားနေရပါတယ်။မိန်းကလေးဆို ၅သောင်း ပတ်ဝန်းကျင်ကုန်ပြီး။ ယောင်္ကျားလေးဆိုရင်တော့ ၃သောင်း ၄သောင်းကုန်ပါတယ်ဗျ။ဒါပေမဲ့ ဒီနှစ်တော့ အဆောင်တွေ ဆောက်ပြီး အဆောင်နေ စထားမယ်လို့ ကြားပါတယ်ဗျ။ယောင်္ကျားအဆောင်ကတော့ မသေချာသေးပါဖူးဗျ။
မေး : ကျောင်းတက်ရင် တစ်လ တစ်လကို ဘလောက်လောက်ကုန်လဲဗျ?
ဖြေ : ကျောင်းတက်ရင်တော့ ကျောင်းမှာ Library ရှိတဲ့ အတွက် ဖတ်ရမဲ့ စာအုပ်ကို အလုံအလောက်ရှိပါတယ်။စာအုပ်ကဌားပြီးဖတ်ရပါတယ်။Freeပါဗျ။Laptopလည်း တစ်ယောက်တစ်လုံးပေးထားတဲ့အတွက်ကြောင့် စာအုပ်ဖိုးဆိုပြီး သပ်သပ်ကုန်စရာမလိုပါဖူးဗျ။နေစရိတ်ရယ် စားစရိတ်ရယ်ပဲ ကုန်မှာပါဗျ😇
Details for Online class - https://www.facebook.com/102382684917292/posts/105222287966665/
Details for FaceToFace Class at Mandalay - https://www.facebook.com/102382684917292/posts/105255997963294/
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Mandalay
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |