28/02/2025
❣️Hello! အားလုံးပဲ မင်္ဂလာပါရှင့်
Tr.ဆီမှာ Phonics Class နဲ့ပတ်သတ်ပြီး Phonics ကဘယ်နှစ်လအပြတ်လဲ ဘယ်လိုသင်လဲဆိုတာလေးရှင်းပြချင်လို့ပါရှင့်
Tr.သင်နေတဲ့Oxford Phonics World Series လေးမှာ Level 1 to 5ထိရှိပါတယ်
သူက level 1ခုမှာ Student book နဲ့work book ဆိုပြီးစာအုပ်၂အုပ်စီပါပါတယ်
🍀Level 1- Alphabet
🍀Level 2-Short Vowel
🍀Level 3-Long Vowel
🍀Level 4-Consonant Blends
🍀Level 5-Letter Combinations
,ဆိုပြီး Level 5ခုရှိပါတယ်
Level 1မှာ Alphabet ဆိုတဲ့ A-Z letters' sound တွေကိုသင်ကြားရမှာဖြစ်ပါတယ်
letters' sound တွေသင်ကြားရာမှာ ကလေး တွေ ကိုသံစဉ်တွေရင်းနှီးအောင် phonics song လေးတွေကို အကြိမ်ကြိမ်နားေထာင်စေရင်း သင်ခန်းစာ ကိုစာအုပ်ထဲက သင်ရိုး wordsတွေအပြင် ကလေးများ vocabulary ကြွယ်ဝစေဖို့ initial sounds worksheet တွေgames တွေနဲ့ level 1ခုချင်းကိုကြေညက်စေအောင် သင်ကြားပေးတာမို့ level တစ်ခုကို အနည်းဆုံး 3Months တော့ ကြာပါတယ်ရှင့် တကယ်လို့ကလေးအခြေအနေက English သံစဉ်တွေ letters' sound တွေရင်းနှီးပြီးသား ဖြစ်ခဲ့လို့ initial sounds တွေကွဲကွဲပြားပြား သိလွယ်တဲ့ ကလေးမျိုးတွေအတွက်ဆိုရင် level 1က2 months လောက်နဲ့ရပါတယ် တစ်ချို့အတန်းတွေမှာ တော့ level 1ခုကို 1လလောက်နဲ့ပြတ်အောင်သင်နေတာလည်းရှိပါတယ် ဒါကတော့ သင်ကြားမှုစံက အမျိုးမျိုးမို့ မပြောလိုပါရှင့်
Level 2 မှာ Short Vowels ဆိုတဲ့ Vowel letters တွေဖြစ်တဲ့ a,e,i,o,u ရဲ့ အသံ သံတိုသံပြတ် အကြောင်းကိုသင်ကြားရမှာပါ ဒီlevel မှာ short vowels ,a,e,i,o,u ကို consonant letter တွေနဲ့ blending လုပ်ပြီး letter 3လုံးသာပါတဲ့ CVC words လေးတွေအကြောင်း သင်ကြားရမှာပါ
Course book မှာပါတဲ့ words တွေ stories တွေအပြင်Tr ဘက်က extra stories တွေ extra wods တွေကိုကျောင်းသား ကိုယ်တိုင်blending လုပ်ရင်း short sentences တွေတည်ဆောက်တာကနေစလို့ short stories တွေပါဖန်တီးတတ်လာအောင် level တိုင်းရဲ့လိုအပ်သမျှ worksheet တွေ extra video, Reading comprehension worksheets တွေနဲ့ အချိန်ယူလေ့ကျင့်သင်ကြားပေးတာမို့ ကလေးရဲ့ လိုက်ပါလုပ်ဆောင်မှု active ဖြစ်မှုအပေါ်မှာ အချိန်ကာလ အားဖြင့် ကြာနိုင်ပါတယ်
အဲ့ဒီလိုပါပဲ level up လာတာနဲ့ အမျှ လေ့ကျင့်စရာ wordsတွေပိုများလာသလို sentences တည်ဆောက်ပုံ stories ဖန်တီးပုံတွေကလည်း ကျယ်ပြန့်လာပါတယ် ကလေးရဲ့ thinking skills ကိုပါ ထုတ်နိုင်သမျှထုတ်ပေးပြီးသင်ပေးတာမို့ Tr ရဲ့ phonics class က Course book စာအုပ်ပြတ်ရုံသာ Course book မှာပါတဲ့ words တွေstoriesတွေ ဖတ်တတ်ရုံသာသင်တာမဟုတ်လို့ Phonics 1-5 series တစ်ခုလုံးတတ်မယ်ဆိုရင် အချိန်ကာလအားဖြင့် အနည်းဆုံး 1နှစ်ကနေ1နှစ်ခွဲ ဝန်းကျင်ထိကြာနိုင်ပါတယ်
Level -1-5ပြီးသွားရင်တော့ ဖေဖေမေမေတို့ပြောနေတဲ့ English four skills အတန်းတွေတက်ဖို့ကလေးအတွက်က လုံးဝအဆင်ပြေချောမွေ့သွားမယ်ဆိုတာ100%အာမခံပါတယ်ရှင့်
ဒါနဲ့ဒီနေရာမှာတစ်ခုပြောချင်တာက phonics ကို ဘယ်အရွယ်ကနေစသင်သင့်သလဲ ဆိုတဲ့မေးခွန်းပါ
Tr.တို့ဟာ English language ကိုသင်ယူရာမှာ မိခင်ဘာသာစကားမဟုတ်တဲ့အတွက် second language ဖြစ်တဲ့ ဘာသာစကားကိုရင်းနှီးဖို့က ကလေးတွေကို စောနိုင်သမျှစောသင်ပေးတာအကောင်းဆုံးပါပဲ ငယ်စဉ် လသားအရွယ်ကတည်းက English သံစဉ်တွေ conversationsတွေနဲ့ရင်းနှီးခဲ့ပြီး အသက်၄နှစ်အောက်ကလေးတွေကို Phonics သင်ကြားရတာ အလွယ်အကူဆုံးနဲ့ native English အသံထွက်ကို အမှန်ကန်ဆုံးအနီးစပ်ဆံုးထွက်နိုင်တာတွေ့ရပါတယ် Phonics မသင်ထားတဲ့ကလေး တစ်ယောက်ဟာအသက်ကြီးလာတာနဲ့အမျှ phonics သင်ကြားရတာ မလွယ်ကူတော့ပါဘူး သူတို့လေးတွေရဲ့ရှေးဦးအစကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ပြီးသား အသံထွက် စာဖတ်ဟန်တွေကို မှန်ကန်တဲ့ စာဖတ်နည်း့ဖြစ်တဲ့ အဖြတ်အတောက်မှနှ်မှန်လေယူလေသိမ်းမှန်ကန်ဖို့က ပြန်လည်ပြင်ဆင်ပေးရတာမို့ အစဦး ရင်းနှီးကျွမ်းဝင်ဖို့သင်ရတာထက် ကလေးတွေကိုယ်တိုင်လည်း ပြင်ဆင်ရတာခက်ခဲပါတယ် ဒါကြောင့် မိဘများအနေနဲ့ ကလေးတွေကို phonics သင်ရင်တတ်နိုင်သမျှအစောဆုံး သင်ကြားပေးကြပါလို့ ပြောချင်ပါတယ်ရှင့်
Tr.ရဲ့ Online classမှာတော့ အသက် 5+yrsကနေစပြီး တက်လို့ရပါတယ်
Online classဖြစ်တဲ့အတွက် ကလေးအသက်ကို 5+yrsကနေစလက်ခံတာပါ
Tr.နဲ့အပြင်မှာface to face သင်ကြားချင်တဲ့ကလေးတွေကတော့ ၃နှစ်အထက်က စသင်လို့ရပါတယ်ရှင့်
🍀ချစ်ခြင်းများစွာဖြင့် Teacher Yu ❤️