11/08/2026
Basic Level Speaking Course
******************************
Hello!!!
မဂ်လာပါရှင် ။
သာယာချမ်းမြေ့တဲ့နေ့သစ်လေးဖြစ်ပါစေ။
ကနေ လာမဲ့ရက်အတွင်းမှာ
ဖွင့်ဖြစ်မဲ့ course အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ ။
ဂျပန်ဘာသာ လေ့လာနေကြတဲ့
မောင်ငယ် ညီမငယ်များအတွက်
အပြောစွမ်းရည် ပိုပြီး ကောင်းမွန်တိုးတက်
စေဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်မဲ့
Course ဖြစ်ပါတယ်။
Basic Level Speaking Course ပါရှင်။
ဘာသာစကားဆိုတာက နေ့စဉ် လူနေမှုဘဝမှာ
အချင်းချင်း ဆက်သွယ်မှုပြုရတဲ့ communication tool တစ်ခု ဖြစ်ပါတယ်။
✅မိမိ သိထားတဲ့ ၊မှတ်ထားတဲ့ စာတွေ ဝါကျတွေကို အဆီအငေါ်တည့်အောင် သုံးတတ်ဖို့ ၊
✅နေရာဒေသ နဲ့ လူပုဂ္ဂိုလ်ကို လိုက်ပြီး
မှန်ကန်စွာ သုံးတတ်စေဖို့
✅ပေါ့ပါးသွက်လက်စွာနဲ့ ပြောဖြစ်စေဖို့
✅လေယူလေသိမ်း မှန်ကန်စေဖို့
ဒါတွေက အပြောစွမ်းရည်တိုးတက်စေဖို့ လေ့လာရာမှာ အရေးကြီးပါတယ် ။
အရေးကြီးတဲ့အရာတွေကို သိထားပေမဲ့လည်း
🔺မပြောဖြစ်ဘူး ။
🔺မပြောရဲဘူး ။
🔺ပြောဖို့ မဝံ့မရဲ ဖြစ်နေတယ်။
🔺@@@တဖက်က ပြောတာကို နားလည်ပေမဲ့
သေသေချာချာ ပြန်မပြောတတ်နေဘူး
စတဲ့စတဲ့ အတွေးများစွာနဲ့ ဘာသာစကားက
အသုံးချဖို့အတွက် ဝန်လေးနေကြသူများအတွက်
Learn with Emerald က ဒီအခက်အခဲတွေကို
ကျော်လွှားဖြစ်စေဖို့ အတူ လေ့လာပေးမဲ့
Instructor တစ်ယောက်အဖြစ် ရှိနေပေးပါရစေ။
👩🏼🦱ဘာကြောင့် Basic Level Speaking ကိုပဲ
သင်ရတာလဲ ?????????????
🆗ဘာသာစကား လေ့လာမှုဆိုတာက အခြေခံ
level အဆင့်ရဲ့ ကြံ့ခိုင်မှု ထုထည်က ဆက်လက်လေ့လာဖြစ်တဲ့
Level တိုင်းအတွက် အင်အားကြီးမားတဲ့ ပံ့ပိုးမှု
ဖြစ်စေတယ်လို့ ကျမက ယုံကြည်ထားပါတယ်။
✅အခြေခံ level အဆင့်မှာ
အသံထွက် နည်းစနစ် မှန်ကန်စေဖို့
စကားလုံးတွေရဲ့ အဓိပ္ပါယ်ကိုသာမက
ပြောသူ (speakers) တွေရဲ့ mood ကို နားလည်ဖို့
✅ဘာသာစကားနဲ့အတူ ဆက်စပ်နေတဲ့
ယဉ်ကျေးမှုနောက်ခံ background တွေကိုပါ
သိရှိနိုင်စေဖို့
✅သိထားတာကို နည်းမှန်လမ်းမှန် သုံးတတ်စေဖို့
အတွက် က အခြေခံအဆင့်က စတင်ရတာ
စိတ်ဝင်စားစရာကောင်းလို့ပါပဲ။
🔅ဘာ course နဲ့ သင်မှာလဲ ?????
သိပ်စိတ်ဝင်စားစရာ ကောင်းတဲ့မေးခွန်းပါပဲ။
🈯️ဒီ course မှာတော့ ကျမအနေနဲ့ text book ကို
ပုံသေသတ်မှတ်ပြီး မသင်ပါဘူးရှင်။
Speaking course အတွက် သင်တန်းကာလမှာ
အကောင်းဆုံး course ကို ပြင်ဆင်ပေးသွားပါမယ်။
N5 Level လေ့လာထားတယ်ဆိုရင်
Join လို့ရပါမယ်ရှင် ။
N4 Level လေ့လာနေတယ်ဆိုရင်လည်း ရပါတယ်။
♻️ဂျပန်ဘာသာစကားကို အခြေခံကျကျ လေ့လာပြီးမိမိရဲ့ အပြောစွမ်းရည်ကို upgrade လုပ်လိုသူများကို welcome လုပ်ပါရစေ ။
တစ်ပတ် 2ရက် —— Tue& Wed (Class 1)
7:30 ---- 8:45(pm)
Myanmar Time
Or
Sat &Sun (Class 2)
8:30 --9:45(am)
Myanmar Time
Course Investment fee —-14****/-ks
Early Birds များအတွက် 10%off ဖြင့်
Join ပါရှင် 🍀☘️🍀👌
Course Duration — 1/9/2026 —-25/10/2026
(8 weeks)
Course Instructor 👩🏫
Emerald
Freelance Japanese Instructor
M.A (Japanese)