YP Education

YP Education

Share

Your Success story starts Here. Study Abroad

08/03/2026

Happy International Women’s Day! 🌸

ယနေ့မှာ ကျရောက်တဲ့ International Women’s Day မှာ YP Education ရဲ့ ထောက်တိုင်တွေဖြစ်ကြတဲ့ ကျွန်မတို့ရဲ့ Founders တွေ၊ ပညာရပ်တွေကို စိတ်စေတနာအပြည့်နဲ့ သင်ကြားပေးနေတဲ့ ဆရာမတွေနဲ့ လုပ်ငန်းခွင်အဆင်ပြေအောင် ဝိုင်းဝန်းကူညီပေးကြတဲ့ Staff ညီမလေးတွေအပြင် YP Education ရဲ့ ကျောင်းသူလေးများအားလုံးကို ဂုဏ်ပြုချင်ပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာရော ပြည်ပမှာပါ နေရာအသီးသီးကနေ မိသားစုအတွက်၊ လူ့အဖွဲ့အစည်းအတွက် နဲ့ ကိုယ်ရောက်တဲ့နေရာတိုင်းအတွက်အားသွန်ခွန်စိုက် ကြိုးစားနေကြတဲ့ အမျိုးသမီးတိုင်းဟာ စံပြပုဂ္ဂိုလ်တွေပါပဲ။ အမျိုးသမီးတိုင်းဟာ တန်ဖိုးရှိတဲ့သူတွေဖြစ်ကြောင်း ဒီနေ့မှာ အမှတ်တရစကားလေး ပါးလိုက်ပါရစေ။

ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းတိုင်းမှာ ပိုမိုတောက်ပပြီး ပိုမိုခိုင်မာတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း YP Education ကဆုတောင်းပေးလိုက်ပါတယ်ရှင်။ ✨

YP နဲ့ အဆက်အသွယ်မပြတ်စေဖို့ Channel တွေကို Subscribe လုပ်ထားပေးပါ🥰👇
💠Telegram Channel
[https://t.me/ypeducationmyanmar](https://t.me/ypeducationmyanmar "smartCard-inline")
💠Tiktok
[https://www.tiktok.com/?_t=8p1tCBD1g26&_r=1](https://www.tiktok.com/?_t=8p1tCBD1g26&_r=1 "smartCard-inline")

YP Education ကျောင်းသို့ ဆက်သွယ်ရန်-

📌YP Yangon main office address
No.94/96, 1st floor, Soe San Condo, Bo Aung Kyaw Road, Strand block, Botahtaung Township, Yangon.
Ph number
09960407309, 09740965103, 09740965105, +66649646900

#အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

17/02/2026

နိုင်ငံတကာအဆင့်မီ Hotel Life သို့ အမြန်ဆုံး ခြေလှမ်းလှမ်းနိုင်ဖို့ YP Education ရဲဲ့Telegram ကို ယခုပဲ Subscribe လုပ်ထားကြပါစို့✌️

YP Education ဟာ သင်တန်းဆင်းကျောင်းသားများအတွက် သင်တန်းပြီးရုံ နဲ့အဆုံးမသတ်စေဘဲ ပြည်ပနိုင်ငံများရှိ အဆင့်မြင့်ဟိုတယ်ကြီးများတွင် နေရာရရှိစေရန် အခွင့်အလမ်းများကို တိုက်ရိုက်ချိတ်ဆက်ပေးလျက်ရှိပါတယ်။💁🏼‍♀️

Telegram Channel မှာ Overseas Job Placement များနှင့် ပတ်သက်တဲ့ သတင်းအသစ်များကို နေ့စဉ်မပြတ် Update လုပ်ပေးနေတာကြောင့် အခွင့်အရေးကောင်းများကို လက်လွတ်မခံရအောင် အမြဲစောင့်ကြည့်ဖို့တော့လိုအပ်ပါတယ်။🙋🏻‍♀️

လက်ရှိYP Education မှ သင်ကြားပေးလိုက်သော ဘာသာရပ်များဖြင့် ပြည်ပတွင် အောင်မြင်စွာ အလုပ်လုပ်ကိုင်နေသူများစွာ ရှိနေပြီဖြစ်ပါတယ်။ သင်တန်းကျောင်း Admin များကလည်း Intern အခွင့်အလမ်းများမှစပြီးနိုင်ငံတကာအဆင့်မီ အလုပ်အကိုင်ခေါ်ယူမှုများကို ကျောင်းသား Group များနှင့် Telegram တို့တွင် အချိန်နှင့်တပြေးညီ ကြေညာပေးနေတာမို့ သင့် Career အတွက် အားကိုးရဆုံး ဝန်းကျင်
တစ်ခု ဖြစ်ပါလိမ့်မယ်။🤩

Professional တစ်ယောက်ဖြစ်ရန် သင်ယူရုံတင်မကဘဲ မှန်ကန်သော အလုပ်အကိုင်
လမ်းကြောင်းသို့ ရောက်ရှိရန်မှာ အလွန်
အရေးကြီးပါတယ်။ 💡ထို့ကြောင့် ခိုင်မာသော ပြည်ပ Career တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် YP Education ရဲ့ Telegram Channel ကို Subscribe လုပ်ထားပြီး တင်ပေးသမျှ အလုပ်အကိုင်အခွင့်အလမ်းများကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာကြဖို့ရာ မျှဝေပေးလိုက်ပါတယ်🥰

Channel တွေကို Subscribe လုပ်ထားပေးပါ🥰👇
💠Telegram Channel
[https://t.me/ypeducationmyanmar](https://t.me/ypeducationmyanmar "smartCard-inline")
💠Tiktok
[https://www.tiktok.com/?_t=8p1tCBD1g26&_r=1](https://www.tiktok.com/?_t=8p1tCBD1g26&_r=1 "smartCard-inline")

YP Education ကျောင်းသို့ ဆက်သွယ်ရန်-

📌YP Yangon main office address
No.94/96, 1st floor, Soe San Condo, Bo Aung Kyaw Road, Strand block, Botahtaung Township, Yangon.
Ph number
09960407309, 09740965103, 09740965105, +66649646900



04/02/2026

Hotel အလုပ်နဲ့ နိုင်ငံခြားသွားမယ်ဆို ဘယ်လို Challenge တွေရှိနိုင်လဲ❓

နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်ရတဲ့ အခါ ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ််မလဲ❓🤔
အမိမြေမဟုတ်တဲ့ ပြည်ပနိုင်ငံတစ်ခုမှာ အလုပ်သွားလုပ်ရတဲ့အခါ မတူညီကွဲပြားမှုတွေ အများကြီးရှီနိုင်တဲ့အထဲက တချို့ကို အားလုံးသိစေရန် Sharing လုပ်ပေးချင်ပါတယ်။😍

၁။ ယဉ်ကျေးမှုကွဲလွဲခြင်း (Culture)
ဓလေ့ထုံးတမ်း၊ အပြုအမူပုံစံမတူညီမှုများကြောင့် မလိုလားအပ်သော နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။

၂။ အစားအသောက်ပြဿနာ (Food)
ရင်းနှီးတဲ့အစားအစာမရှိခြင်း၊ ဒေသခံအစားအစာများနဲ့ မတည့်ခြင်းတို့ ဖြစ်နိုင်
ပါတယ်။

၃။ လူမျိုးအလိုက် ခွဲခြားဆက်ဆံမှု (Grouping Labeling)
"နိုင်ငံခြားက အလုပ်သမားတွေ..." စသဖြင့် တခါတလေမှာ ခွဲခြားပြောဆို တတ်တဲ့ ဧည့်သည်များနဲ့လဲ တွေ့ကောင်းတွေ့လာနိုင်ပါတယ်။

၄။ ဘာသာစကားအခက်အခဲ (Language)
အလုပ်ခွင်နဲ့ နေ့စဉ်ဘဝမှာ ဘာသာစကားအားနည်းရင် ဆက်သွယ်ရေးအခက်အခဲ ရှိနိုင်ပါသည်။

၅။ ဆက်သွယ်ရေးအဆင်မပြေခြင်း(Connectivity)
မိသားစုနဲ့ ဆက်သွယ်ဖို့ အင်တာနက်/ဖုန်းလိုင်း စတာတွေနဲ့ အသားမကျတဲ့ အခက်အခဲရှိလာနိုင်
ပါတယ်။

၆။ ကိုယ်စားလှယ် နဲ့ ငွေကြေးပြဿနာ (Commission and Agents)
ဝန်ထမ်းခေါ်ပေးတဲ့ကုမ္ပဏီများ၊ Agency များရဲ့ မတရားမှုများ ကြုံတွေ့ရနိုင်ပါတယ်။

၇။ အလုပ်သမားစာချုပ်ပြဿနာ (Employee Contract)
စာချုပ်မှာ မရှင်းလင်းတဲ့ အချက်တွေ ပါဝင်နေမယ်ဆိုရင် အငြင်းပွါးမှုတွေ ဖြစ်ပေါ်လာနိုင်
ပါတယ်။

၈။ လစာနှိုင်းယှဉ်မှုကြောင့် စိတ်ဓာတ်ကျခြင်း (Demotivated by Comparing Salary)
အခြားနိုင်ငံသားတွေနဲ့ လစာကွာဟမှုများကြောင့် စိတ်မပါတာမျိုးဖြစ်လာနိုင်ပါတယ်။

၉။ နေထိုင်ရေးအဆင်မပြေခြင်း(Accommodation)
နေအိမ်အဆင်မပြေခြင်း၊ အလုပ်နဲ့ ဝေးကွာခြင်းစတဲ့ ပြဿနာများ ရှိလာနိုင်ပါတယ်။

၁၀။ တိုင်းပြည်ရဲ့ စည်းမျဉ်းများ (Rules of the Country)
နိုင်ငံရဲ့ ဥပဒေများကို မသိဘဲ ချိုးဖောက်မိတာမျိုး ဖြစ်နိုင်တာကြောင့် ကြိုတင်လေ့လာထားသင့်ပါတယ်။
ကဲ ဒီလို challenge တွေ ကြုံလာရနိုင်တာမို့ နိုင်ငံခြားမှာ လုပ်ငန်းခွင်ဝင်မယ်ဆိုရင်
ကြိုတင်ပြင်ဆင်လေ့လာထားသင့်ပါတယ်။ ဒီအချက်တွေက ဖြေရှင်းရလွယ်ကူတဲ့ပြသနာတွေဖြစ်တာကြောင့် အများကြီး စိတ်ပူပန်နေဖို့ မလိုပါဘူး😍 ကြိုတင်သိထားခြင်းဟာ အားသာချက်တစ်ခုဖြစ်တာမို့ အနာဂတ်ရဲ့လုပ်ငန်းခွင်အတွက် အသေးစိတ်ကအစ အသင့်ပြင်ဆင်နိုင်ဖို့ YP Education မှ ပြောပြပေးလိုက်ပါတယ်😍😍😍

YP Education မှာလဲ Hospitality သင်တန်းကျောင်းတွေ လာတက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်🥰🥰

📍YP Yangon main office address
No.94/96, 1st floor, Soe San Condo, Bo Aung Kyaw Road, Strand block, Botahtaung Township, Yangon.
☎️Ph number
09960407309, 09740965103



21/01/2026

Hotel အလုပ်နဲ့ နိုင်ငံခြားထွက်ဖို့ဆို English စကားကျွမ်းကျင်ဖို့ လိုအပ်လား❓

ဒီနေ့ခေတ်မှာ Hospitality Industry ကတော့ အလုပ်အကိုင်များနဲ့ အခွင့်အလမ်းများစွာထွန်းကားနေတဲ့လောကကြီးပါ။
Hotel, Restaurant, Cruise Line, Airline စသဖြင့် လူတွေကို Service ပေးရတဲ့အလုပ်တွေမှာ English Language ဟာ သိထားဖို့လိုတဲ့ အဓိကလိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်။

ဘာလို့ English လိုအပ်သလဲ? 💬

➡️ နိုင်ငံခြားဧည့်သည်တွေကို ဝန်ဆောင်မှုပေးရတာကြောင့် communication က အရေးကြီးပါတယ်။
➡️ Teamwork, service mind, professionalism တွေဟာ အပြန်အလှန်နားလည်မှုအပေါ် မူတည်နေပါတယ်။
➡️ နိုင်ငံခြားမှာအလုပ်လုပ်ဖို့ဆိုရင် interview, training, customer handling အတွက် English ကိုမလွဲမသွေ အသုံးပြုရပါတယ်။

ဘယ်လောက်ထိ တက်မြှောက်ထားသင့်လဲ?

ကိုယ်စွမ်းသလောက်အထိ လေ့လာထားသင့်တယ်ဆိုပေမဲ့ သင်ဟာ beginner တစ်ယောက်ဆိုရင်လည်း basic conversation နဲ့ hospitality terms တွေကိုသိနေပြီး ပြောဆိုဖို့ ကြောက်ရွံမနေဘူးဆိုရင် အခြေခံအလုပ်တွေမှာ လုံးဝအဆင်ပြေပါတယ်။

ဒါပေမဲ့ career မှာ တိုးတက်ချင်သူတွေအနေနဲ့တော့-

✔ Customer complaint ကို professionally ဖြေရှင်းနိုင်ခြင်း
✔ Team meeting, report writing, supervisor communication နဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ English ကိုတွင်ကျယ်စွာသုံးနိုင်ခြင်းက အရေးကြီးဆုံး skill တွေပါ။

👩‍🎓 YP Education မှာတော့ Hospitality Training Programs တွေကို လုပ်ငန်းခွင်သုံး Basic English ပါထည့်သွင်းသင်ကြားပေးပါတယ်။
Hospitality English အထူးပြုသင်တန်းမှာလေ့လာမယ်ဆိုရင်လည်း အဖော်တွေနဲ့အတူ လေ့လာသင်ကြားပြီး Speaking Skillတွေ တိုးတက်လာမယ်ဆိုတာ သေချာပါတယ်။

YP နဲ့ အဆက်အသွယ်မပြတ်စေဖို့ Channel တွေကို Subscribe လုပ်ထားပေးပါ🥰👇
💠Telegram Channel
[https://t.me/ypeducationmyanmar](https://t.me/ypeducationmyanmar "smartCard-inline")
💠Tiktok
[https://www.tiktok.com/?_t=8p1tCBD1g26&_r=1](https://www.tiktok.com/?_t=8p1tCBD1g26&_r=1 "smartCard-inline")

YP Education ကျောင်းသို့ ဆက်သွယ်ရန်-

📌YP Yangon main office address
No.94/96, 1st floor, Soe San Condo, Bo Aung Kyaw Road, Strand block, Botahtaung Township, Yangon.
Ph number
09960407309, 09740965103, 09740965105, +66649646900



16/01/2026

Hotel Lifeမှာ Guest တွေရဲ့ အဆင်မပြေမှုကို အမြန်ဆုံးဖြေရှင်းနည်း 🧐

ဧည့်သည်တစ်ယောက် မကျေမနပ်ဖြစ်နေပြီဆိုရင် အမြန်ဖြေရှင်းပေးဖို့က အရေးကြီးဆုံးပဲ။ ဒီတော့ နည်းလမ်းလေးတွေကို နည်းနည်းပြောပြပေးမယ်နော်!

✅ဦးစားပေးနားထောင်ပါ (Listen First)
သူတို့ပြောတာကို ဖြတ်မပြောပဲ အာရုံစိုက်ပါ။
"ကျေးဇူးပြုပြီးပြောပြပေးပါ" လို့ စိတ်ရှည်စွာမေးပါ။

✅ ချက်ချင်းလုပ်ဆောင်ပါ (Act Fast)
ပြဿနာက အသေးစား (ဥပမာ ရေနွေးမပူတာလိုမျိုး)ဆိုရင်၅ မိနစ်အတွင်းဖြေရှင်းပေးပါ။ ကြီးမားတဲ့ပြဿနာ (ဥပမာ အခန်းပြောင်းဖို့လို)ဆိုရင် တာဝန်ရှိသူကို ချက်ချင်းဆက်သွယ်ပေးပါ။

✅Empathy ပြပါ (Show You Care)
"တကယ်စိတ်မကောင်းပါဘူး..." လို့ ခံစားချက်ကိုအသိအမှတ်ပြု ဖော်ပြပါ။ ပြုံးပါ! အေးဆေးတည်ငြိမ်တဲ့ အသံနေအသံထားက ပြဿနာကို ၅၀% လောက်လျော့စေပါတယ်။

✅ ဖြေရှင်းချက်တင်ပြပေးပါ (Offer Solutions)
ရွေးချယ်စရာ ၂-၃ ခုလောက်ပေးလိုက်ပါ (ဥပမာ - အခန်းပြောင်းခြင်း/အစားထိုးဝန်ဆောင်မှု/ refund ငွေ)စသဖြင့်"ကျွန်တော်တို့ ဒီလိုဖြေရှင်းပေးနိုင်ပါတယ်..."လို့ ရှင်းပြပေးပါ။

✅ နောက်ဆုံးမှာ Follow Upလုပ်ပါ
၁၅ မိနစ်အတွင်း guest အဆင်ပြေပြီလား ပြန်စီစစ်ပါ။ ကျေးဇူးတင်စကားပြောပါ "ကျွန်တော် Hotel ကို ရွေးချယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" စသဖြင့်ပြောဆိုပါ။

အရေးကြီးတဲ့အချက်က"မဖြစ်ဘူး"လို့ မငြင်းပါနဲ့! ဖြစ်အောင်ဖြေရှင်းပေးရပါမယ်။ ပြဿနာကို **တစ်ခါတည်း အပြီးဖြေရှင်းဖို့ အရေးကြီးပါတယ်။
Guest က နောက်တစ်ခါဝန်ထမ်းကို Complaint တက်ပြီး ပြန်တိုင်ရင် ပိုဆိုးနိုင်ပါတယ်။

ဒီနည်းလမ်းတွေနဲ့ Guest တွေရဲ့ မကျေနပ်မှုကို အကောင်းဆုံးနဲ့ အမြန်ဆုံး ဖြေရှင်းနိုင်ပြီနော်! 😊
ရွှေမန္တလေးမှာလည်း မကြာခင် အတန်းတွေအကောင်းဆူံး ပြင်ဆင်မှုတွေနဲ့ ပြန်လာတော့မှာမို့ စောင့်မျှော်ပေးကြပါအုံးနော်😍

သင့်ရဲ့ Hospitality အိမ်မက်ကို YP Education မှ စတင်ကာ အကောင်အထည်ဖော်ပါ💁🏼‍♀️

YP Education ကျောင်းသို့ ဆက်သွယ်ရန်-

📌YP Yangon main office address
No.94/96, 1st floor, Soe San Condo, Bo Aung Kyaw Road, Strand block, Botahtaung Township, Yangon.
Ph number
09960407309, 09740965103, 09740965105, +66649646900


11/01/2026

Professional Waiters တစ်ဦးဖြစ်ဖို့ ဘာတွေပြင်ဆင်ကြမလဲ?

Waiter တစ်ဦးဆိုတာ မျှော်မှန်းတာထက် ပိုပြီး Professional ဖြစ်ဖို့လိုတဲ့အလုပ်တစ်ခုပါ။ အများအပြားလူတွေကို တွေ့ဆုံရတဲ့အတွက် Personality၊ Attitude နဲ့ Service Mindset သုံးမျိုးလုံးကို တစ်ချိန်တည်းမှာတင် ပြင်ဆင်ဖို့လိုပါတယ်။

🥂 1. Service Attitude

Professional Waiter တစ်ဦးဆိုတာ “ပျော်ရွှင်မှုနဲ့ပြန်လည်မေတ္တာပြုသူ” ဖြစ်ဖို့လိုပါတယ်။ Guests ကို မေးခြင်းမရှိပဲ လိုအပ်ချက်တွေကိုသိပြီး သေချာဖြေရှင်းပေးနိုင်ရပါမယ်။

🧾 2. Product Knowledge

Menu မှာပါတဲ့ အစားအစာနဲ့အကြောင်းအရာတွေ သိထားဖို့အရေးကြီးပါတယ်။ မေးလို့ရတဲ့ Guests တွေကို တုံ့ပြန်ရာမှာ သေချာပြီး confident ရှိအောင် ပြင်ဆင်ထားဖို့လိုပါတယ်။

3. Communication Skill 💬

Service field မှာ ဘယ်လိုပြောဆိုပြုမူရမလဲ ဆိုတာက အရမ်းအရေးကြီးပါတယ်။ Guests တွေနဲ့ ချိုသာစွာပြောဆိုပေးခြင်းက သင့် professionalism ကိုပြသပေးပါတယ်။

4. Presentation & Grooming 🍽️

ဝတ်စားဆင်ယင်မှု၊ အသွင်အပြင်၊ အချင်းချင်းယဉ်ကျေးမှုရှိစွာ ပြောဆိုခြင်းတွေက Restaurant image တစ်ခုကိုဖန်တီးပေးပါတယ်။

5. Teamwork 🕴️

Service job မှာ တစ်ယောက်တည်းလုပ်လို့မရနိုင်ပါဘူး။ Kitchen၊ Bar နဲ့ Service team တစ်ခုလုံးအတူတကွ အလုပ်လုပ်နိုင်ဖို့ စည်းကမ်းရှိဖို့လိုပါတယ်။

💡 Why Learn Professionally?

ဒီလိုအချက်တွေကို တကယ်တမ်း job site မှာသုံးဖို့ဆိုရင် စနစ်တကျ သင်ယူဖို့လိုပါတယ်။
YP မှာပေးသင်ကြားတဲ့ Food & Beverage Service သင်တန်းတွေမှာတော့
✅Hotel Standard Service Training
✅Table Setting & Serving Techniques
✅Customer Handling & Professional Ethics
စတဲ့သင်ခန်းစာတွေကို လက်တွေ့ပါအပြန်အလှန် သင်ကြားပေးတဲ့အတွက် သင်တန်းပြီးချိန်မှာ တကယ်အသုံးဝင်တဲ့ Skill တွေကို ရရှိနိုင်ပါတယ်။

Hotel life ထဲမှာ Career ကို Professional Level ရောက်အောင် ပြင်ဆင်ချင်တယ်ဆို YP မှာ သင်ကြားခြင်းက အကောင်းဆုံးရွေးချယ်မှုပါပဲ။

YP Education ကျောင်းသို့ ဆက်သွယ်ရန်-

📌YP Yangon main office address
No.94/96, 1st floor, Soe San Condo, Bo Aung Kyaw Road, Strand block, Botahtaung Township, Yangon.
Ph number
09960407309, 09740965103, 09740965105, +66649646900



09/01/2026

Housekeeping မှာ လေ့လာစရာတွေ✨

ဟိုတယ်အခန်းတစ်ခုထဲ ဝင်လာတဲ့ Guest တွေအတွက် ပထမဆုံး သတိထားမိစေမဲ့အရာက Bed ဖြစ်ပါတယ်။ သန့်ရှင်းပြီး သပ်ရပ်စွာ ပြင်ဆင်ထားတဲ့ Bed က Guest တွေကို သက်တောင့်သက်သာဖြစ်စေသလို၊ Service Quality အပေါ် ယုံကြည်မှုကိုပါ တိုက်ရိုက် ဖန်တီးပေးနိုင်ပါတယ်။

ဒါပေမယ့် Housekeeping အလုပ်ဟာ Bed Making တစ်ခုထဲ ကောင်းနေရုံနဲ့တော့ မရပါဘူး။ 🛎️
Guest Room Service တစ်ခုလုံး ထဲမှာ Bed Making က အစပထမအရေးပါတဲ့အရာတစ်ခုသာ ဖြစ်ပြီး တခြားသော
✅သန့်ရှင်းမှုကို စနစ်ကျစွာ ထိန်းသိမ်းပေးခြင်း
✅Guest လိုအပ်ချက်တွေကို သေချာစီမံဖြည့်ဆည်းပေးခြင်း စတာတွေ စုပေါင်းပြီးမှသာ အရည်အသွေးမြင့် Guest Room Service တစ်ခု ဖြစ်ပေါ်လာနိုင်ပါတယ်။

🌿 YP Education မှာ သင်ယူမယ်ဆိုရင် Bed Making Process ကနေ အဆင့်အဆင့် တိုးတက်လာစေပြီး Guest Room Service အပြည့်အစုံ ကို လက်တွေ့အခြေခံနဲ့ တကွသင်ယူနိုင်မှာပါ။အနာဂတ်မှာ ဟိုတယ်လုပ်ငန်းထဲ ဝင်ရောက်ချင်သူတွေအတွက် ယုံကြည်စိတ်ချရတဲ့ အတတ်ပညာတစ်ခုကို အခြေခံကစတည်ဆောက်ပေးနိုင်မယ့် သင်တန်းဖြစ်ပါတယ်။

YP နဲ့ အဆက်အသွယ်မပြတ်စေဖို့ Channel တွေကို Subscribe လုပ်ထားပေးပါ🥰👇
💠Telegram Channel
[https://t.me/ypeducationmyanmar](https://t.me/ypeducationmyanmar "smartCard-inline")
💠Tiktok
[https://www.tiktok.com/?_t=8p1tCBD1g26&_r=1](https://www.tiktok.com/?_t=8p1tCBD1g26&_r=1 "smartCard-inline")

YP Education ကျောင်းသို့ ဆက်သွယ်ရန်-

📌YP Yangon main office address
No.94/96, 1st floor, Soe San Condo, Bo Aung Kyaw Road, Strand block, Botahtaung Township, Yangon.
Ph number
09960407309, 09740965103, 09740965105, +66649646900



08/01/2026

Overseas Opportunities များကို တစ်နေရာတည်းမှာ အချိန်နှင့်တပြေးညီ သိရှိနိုင်ဖို့ YP Telegram Channel ကို Join ထားလိုက်ပါ💯

YP Education ရဲ့ ကျောင်းသားကျောင်းသူများအတွက် ပြည်ပ အခွင့်အလမ်းတွေကို ပိုမိုလွယ်ကူမြန်ဆန်စွာ ရရှိနိုင်စေဖို့ ရည်ရွယ်ပြီး ကျောင်းဘက်ကနေ အထူးဖန်တီးပေးထားတဲ့ YP Education Telegram Channel ကို အခုပဲ Join ထားနိုင်ပါတယ်။ ဒီChannel တွင် Hospitality နယ်ပယ်နှင့် ပတ်သက်သည့် အလုပ်ခေါ်စာ (Job Vacancies) များကို အမြဲမပြတ် Update တင်ပေးနေခြင်းဖြစ်တာမို့ကျောင်းသားကျောင်းသူများအတွက် အဆင်ပြေစေသောအခွင့်အရေးတစ်ခုဖြစ်ပါတယ်။

အထူးသဖြင့် Singapore, UAE, Maldives, Qatar နှင့် Thailand အစရှိတဲ့ နိုင်ငံတကာရှိ နာမည်ကြီးလုပ်ငန်းခွင်များမှ အလုပ်အကိုင်များကို ကျောင်းဘက်ကနေ စဉ်ဆက်မပြတ် မျှဝေနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့သွားရောက်လိုတဲ့ နိုင်ငံများရဲ့ အလုပ်ခေါ်စာများကို လက်လွတ်မခံဘဲ အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် YP Education ရဲ့ Telegram Channel တွင် ဝင်ရောက်လေ့လာပြီး အနာဂတ် Hotel Life မှာ အခွင့်အလမ်းများကို အရယူကြပါစို့။✅

💠Telegram Channel ⬇️⬇️⬇️

https://t.me/ypeducationmyanmar

YP Education ကျောင်းသို့ ဆက်သွယ်ရန်-

📌YP Yangon main office address
No.94/96, 1st floor, Soe San Condo, Bo Aung Kyaw Road, Strand block, Botahtaung Township, Yangon.
Ph number
09960407309, 09740965103, 09740965105, +66649646900


05/01/2026

ဟိုတယ်လုပ်ငန်းမှာ Teamwork ဆိုတာ ဘာလဲ?

ဟိုတယ်လုပ်ငန်းမှာ "ဧည့်သည်တိုင်း ပြုံးရွှင်ရင် အောင်မြင်ပြီ" ဆိုတဲ့ နိယာမရှိပါတယ်။ ဒါပေမယ့် ဒီပြုံးရွှင်မှုကို တစ်ယောက်တည်းဖန်တီးလို့ မရပါဘူး Teamwork ပါမှ ဖြစ်ပါမယ်!

Teamwork မရှိရင် ဘာဖြစ်မလဲ❓
- Front Office က ဧည့်သည်ကို ပြုံးပြုံးကြိုပေမယ့်၊ Housekeepingက အခန်းသန့်ရှင်းရေး နှေးနေရင် ဧည့်သည် စိတ်မကျေနပ်နိုင်ပါဘူး။

- F&B Team က အစားအသောက်အရသာရှိပေမယ့်၊ Service Staff က ဝန်ဆောင်မှုနှေးနေရင် ဧည့်သည် ပြန်လာတော့မှာမဟုတ်ပါဘူး!

- Management က စီမံခိုင်းပေမယ့်၊Staff တွေကြား Communicationမကောင်းရင် ဧည့်သည်အတွက်အဆင်မပြေပါဘူး!

ဒါကြောင့်ဟိုတယ်တစ်လုံးအောင်မြင်ဖို့ အဖွဲ့တစ်ခုလုံး ဟန်ချက်ညီနေဖို့လိုပါတယ်!

Teamwork ကောင်းရင် ဘာတွေကောင်းလာမလဲ❓
✅ ဝန်ဆောင်မှုမြန်ဆန်တဲ့အတွက် ဧည့်သည်တွေ စိတ်ကျေနပ်မှု ၁၀၀% ရနိုင်ပါတယ်။
✅ တစ်ယောက်မတတ်နိုင်တာကို အဖွဲ့နဲ့ဆို အဆင်ပြေတာမို့ ပြသနာဖြေရှင်းနိုင်စွမ်းမြင့်မားလာပါတယ်။
✅ လူတိုင်းအချင်းချင်း ကူညီလို့ စိတ်ဖိစီးမှုလျော့ပြီး အလုပ်ရဲ့ဖိအားလျော့နည်းစေပါတယ်။
✅ လုပ်ငန်းခွင်မှာပျော်ရွှင်ပြီး လူတွေအချင်းချင်းပိုနားလည်လာကာအဖွဲ့စည်းလုံးမှုတိုးလာပါတယ်။

အကောင်းဆုံး Teamwork ဆိုတာ လူတိုင်းက မိမိအလုပ်ကို အကောင်းဆုံးလုပ်ပြီး တစ်ခြားသူတွေကိုလည်း ကူညီတတ်တာမျိုးဖြစ်ပါတယ်။

ဒါကြောင့်...
"ဟိုတယ်လုပ်ငန်းမှာ အောင်မြင်ချင်ရင် Teamwork ကို ဦးစားပေးပါ!"

Hospitality ပိုင်းအတွက် ထိရောက်စွာသင်ကြားပေးပြီး အခွင့်အလမ်းတွေအတွက်လဲ များစွာအကူအညီဖြစ်တဲ့ YP Mandalay မှာ မကြာခင် အချိန်တွင်း အကောင်းဆုံး ပြငိဆင်မှုတွေနဲ့ ပြန်ရောက်လာတော့မှာပါ😍

YP Education ကျောင်းသို့ ဆက်သွယ်ရန်-

📌YP Yangon main office address
No.94/96, 1st floor, Soe San Condo, Bo Aung Kyaw Road, Strand block, Botahtaung Township, Yangon.
Ph number
09960407309, 09740965103, 09740965105, +66649646900



04/01/2026

Happy Independence Day! 🇲🇲

မင်္ဂလာပါရှင်🙏🙏🙏
ဇန်နဝါရီလ (၄) ရက်နေ့ဟာ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ ဖြစ်
တဲ့အတွက် YP Education ကျောင်းများအားပိတ်ထားမှာ ဖြစ်ပါတယ်။

ရုံးပြန်ဖွင့်မဲ့ တနင်္လာနေ့မှာ စွမ်းအင်အပြည့်နဲ့ ပြန်လည်ဆုံတွေ့ကြပါစို့။ အားလုံးပဲ လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်မှာ မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ။🩵

YP နဲ့ အဆက်အသွယ်မပြတ်စေဖို့ Channel တွေကို Subscribe လုပ်ထားပေးပါ🥰👇
💠Telegram Channel
[https://t.me/ypeducationmyanmar](https://t.me/ypeducationmyanmar "smartCard-inline")
💠Tiktok
[https://www.tiktok.com/?_t=8p1tCBD1g26&_r=1](https://www.tiktok.com/?_t=8p1tCBD1g26&_r=1 "smartCard-inline")


31/12/2025

Good education and volunteerism always go hand in hand. Shout out to Khisa Khin 🫶📚🤝

27/12/2025

Thank You Team Mandalay 🙏

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


39th Street, 71stx72th Street, Yar Zar Business Center
Mandalay
05015

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00