ENG-Excellent New Generation Private Primary School, Mandalay

ENG-Excellent New Generation Private Primary School, Mandalay

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ENG-Excellent New Generation Private Primary School, Mandalay, School, 63rd(B), between 41(A) & 42 , Maharmyaing (2) , Maharaungmyae Township, Mandalay.

Photos from ENG-Excellent New Generation Private Primary School, Mandalay's post 29/04/2026

• "A huge round of applause for our little superstars! 🏆🏆 Both achieved Grade A in their KET Exam. Keep shining together!🎉🎶



Photos from ENG-Excellent New Generation Private Primary School, Mandalay's post 28/04/2026

Congratulations to our outstanding Full Shields winners in the Cambridge Assessment English exams! Your dedication, hard work, and excellence have truly paid off. Keep shining and achieving greater heights!




Photos from ENG-Excellent New Generation Private Primary School, Mandalay's post 28/04/2026

Future mathematicians in the making! Congratulations to all our stars who shined at the SMC(Singapore Math Challange) 🥇🥈🥉 🎉



ှာဒီလိုသင်ယူကြတယ်

Photos from ENG-Excellent New Generation Private Primary School, Mandalay's post 27/04/2026

Evening Classမှ သားသားမီးမီးများရဲ့ Golden song ဖြင့်သီဆိုဖျော်ဖြေမှု🎶🌱


27/04/2026

🟦Sharing & Taking Turns - မျှဝေတတ်မှုနဲ့အလှည့်ကျပြုလုပ်နိုင်မှုကိုကလေးငယ်များထဲမှာဖွံ့ဖြိုးလာအောင်ဘယ်လိုလေ့ကျင့်ပေးမလဲ။

⭐️မူကြိုအရွယ်ကလေးငယ်များအတွက် မျှဝေတတ်မှု (Sharing) နှင့်အလှည့်ကျလုပ်ဆောင်နိုင်မှု(Taking Turns) သင်ကြားမှုသည် လူမှုရေးကျင့်ဝတ်များ၊ ပေါင်းသင်းဆက်ဆံရေးတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံကျင့်ဝတ်တစ်ရပ်ဖြစ်ပါတယ်။

🟦Excellent New Generation Preschool မှာတော့ ဒီသင်ခန်းစာကို ကလေးငယ်တွေအတွက် နားလည်လွယ်အောင်၊ အတွေ့အကြုံမှတစ်ဆင့် သင်ကြားပေးနေပါတယ်။

🟨ENGမှကလေးများအားသင်ကြားမှုနည်းလမ်းများ

1. Role Play နဲ့ Puppet Play
• ကလေးတွေကို role-play အဖြစ် မျှဝေရန်လိုအပ်တဲ့အခြေအနေမျိုးများမှာ ပါဝင်ခိုင်းပါတယ်။ ဥပမာ - တစ်ယောက်တည်းကစားလို့မရတဲ့အရုပ်တစ်ခုကို အများဖြင့်အသုံးပြုကစားစေခြင်း။

• Puppet show များဖြင့် Sharing နဲ့ Taking Turns ပြုလုပ်တဲ့ ပုံပြင်များအကြောင်းဖန်တီးပြသပေးပါတယ်။

2. Group Activities နှင့် Cooperative Games
• စုစည်းကစားရတဲ့အဖွဲ့အစည်းဂိမ်းများတွင်အမှတ်စဉ်ဖြင့် အလှည့်ကျပါဝင်စေခြင်း။
• ဥပမာ - “Pass the Ball”၊ “Building Together” စတဲ့ activity များကိုအသုံးပြုကာ ကလေးတွေကြားမှာ ယှဉ်ပြိုင်မှုမရှိဘဲ မျှဝေတတ်စေခြင်း။

3. Positive Reinforcement
• Sharing နဲ့ Taking Turns ပြုလုပ်တဲ့အခါမှာ ချီးမြှောက်ခြင်း၊ stickers သီးသန့်အကဲဖြတ်မှုများနှင့် “Kindness Star” award များဖြင့် ပေးအပ်ခြင်း။

4. Story Time နဲ့ Discussion
• Sharing & Taking Turns အကြောင်း ပါဝင်တဲ့စာအုပ်များဖတ်ပြခြင်း။
• စာအုပ်ထဲကဇာတ်ကောင်တွေလိုမျှဝေတတ်ဖို့အရေးကြီးမှုကို ဆွေးနွေးခြင်း။

5. Teacher Modeling
• ဆရာမများကလည်း မိမိတို့ကိုယ်တိုင် Sharing နှင့် Taking Turns ကိုကိုယ်တိုင်လိုက်နာသည်ကို ကလေးများအားပြသခြင်း။

• ကလေးတွေထဲမှာ လိုက်နာလိုစိတ်ကိုဖန်တီးပေးခြင်း။

⸝

❤️“Sharing and Taking Turns” သင်ခန်းစာသည် ကလေးငယ်တိုင်းအတွက် လူမှုရေးကျင့်ဝတ်တစ်ခုဖြစ်သည့်အပြင် ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတစ်ဦးဖြစ်လာစေနိုင်တဲ့ အခြေခံအတိုင်းအတာလည်းဖြစ်ပါတယ်။

✅ Excellent New Generation Preschool မှာတော့ သန့်ရှင်းလုံခြုံသောပတ်ဝန်းကျင်အတွင်း သဘာဝအတိုင်းကလေးတိုင်းရဲ့စွမ်းရည်တိုးတက်ရေးအတွက် နူးညံ့စွာ ဦးဆောင်သင်ကြားပေးနေပါတယ်။

(လွတ်လပ်စွာမျှဝေနိုင်ပါတယ်။ မည်သည့်နေရာတွင်မဆို ပုံဖြုတ်စာဖြုတ်၍ ပြန်လည်ကူးယူတင်ခြင်း မပြုလုပ်ရန်။)

For more information
📞 09795190007 ( or ) page messenger
Excellent New Generation
67th street, bet 41 & 42 , Maharmyaing (1) , Maharaungmyay Township, Mandalay .
09 795190007






ှာဒီလိုသင်ယူကြတယ်
်းသစ်အတွက်စာရင်းပေးသွင်းနိုင်ပါပြီ
#မူကြို
#ကိုယ်ပိုင်ကျောင်း

26/04/2026

🟨❓ကလေးငယ်တွေမှာ Emotional Regulation ကိုဘယ်လိုအထောက်အပံ့ပေးမလဲ?

မူကြိုအရွယ်ကလေးငယ်များအတွက် စိတ်ခံစားမှုကိုနားလည်ခြင်းနှင့် ထိန်းချုပ်နိုင်ခြင်း (Emotional Regulation) ဆိုတာ များစွာအရေးကြီးပါတယ်။
ထိုစွမ်းရည်သည် ကလေးငယ်တစ်ဦး၏ လူမှုရေးအတက်အကျ၊ သင်ယူမှုအပေါ် ထိခိုက်မှုရှိစေသလို၊ နောင်တစ်ချိန် အသက်အရွယ်ကြီးလာစဉ်တွင်လည်း စိတ်ကျန်းမာရေးအခြေအနေကို သက်ရောက်စေနိုင်ပါတယ်။

Excellent New Generation Preschool မှာ ကျွန်မတို့ကလေးငယ်များရဲ့ စိတ်ခံစားမှုဖွံ့ဖြိုးမှုကို ဦးစားပေးကူညီလေ့ရှိပြီး၊ မိဘများအနေနဲ့လည်း အောက်ပါအကြံဉာဏ်များဖြင့် မိမိတို့ရဲ့ကလေးငယ်များကို ထောက်ပံ့ပေးနိုင်ပါတယ်။

⸝

🟦၁။ ကလေးရဲ့ စိတ်ခံစားမှုကို နားလည်ဖို့ ကြိုးစားပါ။
ကလေးတစ်ဦးအနေနဲ့ စိတ်မတည်ငြိမ်ဘဲ ငိုတတ်တာ၊ ဂနာမငြိမ်ဘဲ စိတ်လှုပ်ရှားမှုများပြားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအချိန်မှာ ကလေးကိုစိတ်သက်သာရရအောင် ပြောဆိုဆက်ဆံပေးခြင်းဟာ ကလေးရဲ့စိတ်ခံစားချက်ကိုနားလည်ပြီးကူညီရာရောက်ပါတယ်။

🟦၂။ စိတ်ခံစားမှုကိုဖော်ပြတတ်ဖို့သင်ပေးပါ။
“သား/သမီး ဒေါသထွက်နေတယ်လား?”၊ “စိတ်အနှောက်အယှက်ဖြစ်နေတယ်ထင်တယ်” ဆိုတာမျိုးလေးတွေကို တဖြည်းဖြည်းသုံးသပ်ပေးခြင်းဖြင့်၊ ကလေးသည် မိမိခံစားချက်ကို စကားနဲ့ဖော်ပြတတ်လာမှာ ဖြစ်ပါတယ်။

🟦၃။ ငြိမ်းချမ်းစေတဲ့နေရာတစ်ခု ဖန်တီးပေးပါ။
“Calm Corner” လို့ခေါ်တဲ့အတိုင်း အေးအေးဆေးဆေးနားလည်စရာကောင်းတဲ့နေရာကို အိမ်မှာ သီးခြားထားပေးပါ။ ဥပမာ - ကလေးအကြိုက်ဆုံးကစားစရာ၊ ကာတွန်းစာအုပ်နဲ့ အခြားနှစ်သက်ရာ အရာတွေဖြစ်နိုင်ပါတယ်။

🟦၄။ ဥပမာပြပေးမှု (Modeling) အရေးကြီးပါတယ်။
မိဘတွေအချင်းချင်း စိတ်ထိခိုက်ဖို့အခြေအနေတွေ/အငြင်းပွါားစရာတွေရှိလာတဲ့အချိန်တွေမှာ သက်တောင့်သက်သာပြောနည်း၊ သက်တောင့်သက်သာဖြေရှင်းနည်းတွေကိုပြသပေးပါ။ ကလေးများသည် မိဘများထံမှတဆင့် လေ့လာသင်ယူမှုအများဆုံးဖြစ်ကြပါတယ်။

🟦၅။ မတော်တဆဖြစ်သွားတဲ့အခါမှာလည်း အားပေးမှုပြုဖို့မမေ့ပါနဲ့။
“သား/သမီး တို့ အဲ့သလိုဒေါသထွက်တာကိုနားလည်တယ်။ ဒါပေမယ့်အခု သား/သမီးတို့ကဒေါသကိုပြန်ပြီး လျှော့ချတတ်လာတာကောင်းတယ်” လို့ တစ်ချက်တည်းမှားတာကို မစွပ်စွဲဘဲ တိုးတက်မှုနဲ့အရည်အချင်းကိုအသိအမှတ်ပြုပေးတာဟာ တန်ဖိုးရှိတဲ့မြှင့်တင်မှုတစ်ခုဖြစ်ပါတယ်။

⸝
🟨ကလေးတစ်ဦး၏ စိတ်ခံစားမှုဖွံ့ဖြိုးမှုသည် သင်ကြားမှု၊သင်ယူမှုတို့တိုးတက်အောင်မြင်မှုတွေအတွက်လည်း အခြေခံအချက်တစ်ခုဖြစ်ပါတယ်။ မိဘတစ်ဦးအနေနဲ့ သည်းခံမှု၊နားလည်မှုတို့ဖြင့် ထောက်ပံ့ပေးခြင်းကလည်းကလေးရဲ့စိတ်ပိုင်းကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ချက်လည်းဖြစ်ပါတယ်။

Excellent New Generation မှာတော့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကိုအထူးအလေးထားပြီး ပြုစုပျိုးထောင်ပေးနေတဲ့အတွက် ကလေးတွေရဲ့ငယ်စဉ်ဘဝ စိုးရွံ့မှုတွေအတွက် စိတ်ပူစရာမလိုဘဲ ပျော်ရွှင်စွာသင်ယူနိုင်မှာပါ။

Achieving Excellence Together
Excellent New Generation Preschool

(လွတ်လပ်စွာမျှဝေနိုင်ပါတယ်။ မည်သည့်နေရာတွင်မဆို ပုံဖြုတ်စာဖြုတ်၍ ပြန်လည်ကူးယူတင်ခြင်း မပြုလုပ်ရန်။)

For more information
📞 09795190007 ( or ) page messenger
Excellent New Generation
67th street, bet 41 & 42 , Maharmyaing (1) , Maharaungmyay Township, Mandalay .
09 795190007





16/04/2026

🌸 မြန်မာနှစ်သစ်ကူး နှစ်သစ်မင်္ဂလာဆုတောင်းလွှာ🌸

မြန်မာနှစ်ဆန်း ၁ ရက်နေ့ အခါသမယတွင်

ENG မိသားစုမှ မိဘများ၊ ကျောင်းသားကျောင်းသူလေးများနှင့် လေးစားအပ်သော မိတ်ဆွေများအားလုံးကို

မြန်မာနှစ်သစ်ကူးအခါသမယတွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍
အောင်မြင်၊ပျော်ရွှင်မှုများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

နှစ်သစ်တွင် —
✨ ကောင်းမြတ်သောအတွေးများ ဖြစ်ပေါ်စေပြီး
✨ မေတ္တာတရားများ ပိုမိုပွင့်လန်းကာ
✨ မိသားစုတိုင်း အေးချမ်းသာယာ၍
✨ သားသားမီးမီးများ ပညာတိုးတက် ထူးချွန်ကြပါစေ။

ENG (Excellent New Generation International Preschool & Private Primary School)

#မြန်မာနှစ်သစ်ကူး
#ဆုတောင်းလွှာ
#နှစ်ဆန်း၁ရက်နေ့




#ကိုယ်ပိုင်ကျောင်း

09/04/2026

အားလုံးပျော်ကြမယ့် ENG Water Party က မနက်ဖြန်နော်

"💦ပိတောက်နံ့သင်းသင်း၊ ကလေးတို့ရဲ့ ရယ်မောသံမြူးမြူးလေးတွေနဲ့အတူ ENG ရဲ့ သင်္ကြန် Water Party လေးမှာ ပျော်ရွှင်စရာ အမှတ်တရတွေ ဖန်တီးဖို့ ဖေဖေမေမေတို့နဲ့ ကလေးငယ်တွေကို ဖိတ်ခေါ်လိုက်ပါတယ်
ရှင်။ 💦💦

💦💦🔫ပူအိုက်တဲ့ ရာသီဥတုကို အေးမြတဲ့ ရေစက်လေးတွေနဲ့ အန်တုကြမယ်! ENG ရဲ့ ကလေးငယ်တွေအတွက် သီးသန့်စီစဉ်ထားတဲ့ သင်္ကြန်အကြို Water Party လေးကို ဖေဖေမေမေတို့နဲ့အတူ လာရောက်ဆင်နွှဲဖို့ ကြစို့နော်။

💦💦ရေပက်ကစားရင်း၊ ကလေးငယ်တွေရဲ့ ချစ်စရာ အကလေးတွေကိုရှုစားရင်း ပျော်ရွှင်စရာ မနက်ခင်းလေးတစ်ခုကို တူတူဖြတ်သန်းကြမယ်နော်။"

• 📅 ရက်စွဲ: ၁၀.၄.၂၀၂၆ (သောကြာနေ့)
• ⏰ အချိန်: မနက် (၈:၀၀) နာရီ မှ (၁၁:၀၀) နာရီအထိ
• 📍 နေရာ: SSC ဖူဆယ်ကွင်း (လမ်း ၃၀ x ၅၆ လမ်းထောင့်)








#ကိုယ်ပိုင်ကျောင်း



#

Photos from ENG-Excellent New Generation Private Primary School, Mandalay's post 09/04/2026

ENG Summer Camp သင်္ကြန်အထိမ်းအမှတ် ပန်းချီပြိုင်ပွဲဆုရရှိသူများ

Congratulations 🎊🎈🎉

Katie (Senior Campers)
Ryan (Middle Campers)
Elora (Junior Campers)




#ကိုယ်ပိုင်ကျောင်း



Photos from ENG-Excellent New Generation Private Primary School, Mandalay's post 09/04/2026

ENG Summer Camp သင်္ကြန်ရေကန်တော့ပွဲ




#ကိုယ်ပိုင်ကျောင်း



Photos from ENG-Excellent New Generation Private Primary School, Mandalay's post 07/04/2026

ပျော်ပျော်ရွှင်ရွှင် ဆင်ကာနွှဲ ENGရဲ့ မြန်မာမုန့်ပွဲ

မြန်မာ့ရိုးရာသင်္ကြန်ပွဲ အထိမ်းအမှတ်
ENG Thingyan Weekရဲ့
ENG Myanmar Food Fair @ ENG မြန်မာမုန့်ပွဲတော်




#ကိုယ်ပိုင်ကျောင်း


#မြန်မာမုန့်ပွဲတော်

Photos from ENG-Excellent New Generation Private Primary School, Mandalay's post 07/04/2026

မြန်မာ့ရိုးရာသင်္ကြန်ပွဲ အထိမ်းအမှတ်
ENG Thingyan Weekရဲ့
ENG Myanmar Food Fair @ ENG မြန်မာမုန့်ပွဲတော်က အဆင်သင့်ဖြစ်နေပါပြီ😍😍 မြန်မာမုန့်လေးတွေ လာရောက်သုံးဆောင်ကြပါအုန်းရှင့်





#ကိုယ်ပိုင်ကျောင်း


#မြန်မာမုန့်ပွဲတော်

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address

63rd(B), Between 41(A) & 42 , Maharmyaing (2) , Maharaungmyae Township
Mandalay