25/08/2023
Teacher Starry ရဲ့မျက်လုံးနှင့်အာရုံကြောကျန်းမာရေးအခြေအနေများကြောင့် Online class လေးတွေနားထားပါဦးမယ်ရှင့်🙏
My Happy Worthy Teaching Vibes with My Young Learners
25/08/2023
Teacher Starry ရဲ့မျက်လုံးနှင့်အာရုံကြောကျန်းမာရေးအခြေအနေများကြောင့် Online class လေးတွေနားထားပါဦးမယ်ရှင့်🙏
12/07/2023
👋 Teacher Starry ၏ Online English သင်တန်းများအားလုံး August လမှစ၍ နားထားပါဦးမည်ဖြစ်ကြောင်းလေးစားစွာအကြောင်းကြားအပ်ပါသည်ရှင့်။ 👩🏫
11/07/2023
👋 British Council မှ Cambridge English Assessment Exams များအတွက် Sep/Oct 2023 Sessionsများလျှောက်လွှာတင်ရန်ခေါ်ယူနေပါပြီ။
Teacher Starry သင်တန်းမှ YLE Exams (Starters, Movers, Flyers) ဖြေဆိုချင်သောကျောင်းသား၊ ကျောင်းသူများလာရောက်စာရင်းပေးသွင်းနိုင်ပါပြီရှင့်။
🗒️ YLE Exams (Starters, Movers, Flyers) ဖြေဆိုရမည့်အချိန်နဲ့ Registration periodများကို အောက်တွင်အသေးစိတ်ဖော်ပြထားပါတယ်။
👉 YLE exams (Starters, Movers, Flyers)
Exam Date - Wednesday, September 27, 2023
Speaking Test - within Sep 22 - Oct 02 , 2023
Registration Period - July 11 , 2023 to July 25, 2023
(P.S. သက်ဆိုင်ရာ Examများတွင်ဖြေဆိုသည့်ကျောင်းသားဦးရေစုစုပေါင်းအရေအတွက်ပေါ်မူတည်၍စာမေးပွဲရက်အပြောင်းအလဲရှိနိုင်ပါတယ်။)
Credit to British Council for this exam info...😊
29/06/2023
Photo Projects about Insects from my Flyers students : Alvin and James 🦟🕷️🦂🦗🐜
Thank you so much for trying your best on this creative works and teacher really appreciates them.👏👏👏
(P.s. There might be some grammar and spelling mistakes in student's work as they have done it on their own.)
29/05/2023
လေးစားရပါသောမိဘများရှင့်....
ဇွန်လမှာကျောင်းဖွင့်ရာသီဖြစ်တဲ့အတွက်တီချယ် Starry ရဲ့ Weekday English Online Classes (တနင်္လာမှကြာသပတေး) များတွင်သင်တန်းတက်ရောက်နေကြသောသားသားမီးမီးတို့အား ကျောင်းချိန်များနှင့် ကျွန်မရဲ့အတန်းအချိန်တိုက်နေသည့်အတွက် အချိန်လေးတွေညှိနှိုင်းပေးဖို့စီစဥ်ဆောင်ရွက်နေပါတယ်ရှင့်။ အချိန်ညှိနှိုင်းပေးရမည့်ကျောင်းသား/သူဦးရေကလဲများနေသည့်အတွက် ကျွန်မအနေနဲ့ ကျောင်းသား/သူ တစ်ဦးစီကို ရနိုင်မည့်အချိန်စာရင်းလေးတွေကိုတစ်ဦးချင်းစီပေးပို့သွားပါမည်ရှင့်။
တီချယ်ကိုယ်တိုင်လဲစာသင်ချိန်တွေပြည့်နေတာကြောင့် အတန်းချိန်လေးတွေညှိရတာအခက်အခဲလေးတွေရှိတာမို့ တီချယ်ပို့ပေးတဲ့အချိန်လေးတွေနဲ့ အတန်းတက်ဖို့အဆင်မပြေဖြစ်ခဲ့ပါကမိဘများအနေဖြင့် နားလည်ပေးစေလိုကြောင်းနှင့် ကျွန်မအနေနဲ့လဲ အဆင်မပြေမှုများအတွက်အနူးအညွတ်တောင်းပန်အပ်ပါသည်ရှင့်။
တီချယ် Starry ဆီမှာယုံယုံကြည်ကြည်နဲ့သင်တန်းလာရောက်အပ်နှံကြတဲ့မိဘများနှင့်တက်ရောက်ကြတဲ့သားသားမီးမီးများအားလုံးကိုလဲ တီချယ် Starry မှ ကျေးဇူးအထူးတင်ပါတယ်ရှင့်။ 🙏❤️
16/05/2023
👏 My students well received their certificates of Cambridge Assessment English.(8th March, 2023 session) 👏
🥰🎉 တီချယ်Starry ရဲ့ Flyers နှင့် Starters Course မှာတက်ရောက်ပြီး Cambridge YLE exams တွင် Shieldsများစွာဖြင့် အောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ကျောင်းသူလေးများအားဝမ်းမြောက်ဂုဏ်ယူစွာဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ 🏆🏆🏆
10/04/2023
🌼 မဟာသင်္ကြန်နှစ်သစ်ကူးပိတ်ရက်ကြေညာခြင်း 🌼
11.04.2023 (အင်္ဂါနေ့)မှစ၍ 17.04.2023 (တနင်္လာနေ့)အထိ သင်္ကြန်နှစ်သစ်ကူးအားလပ်ရက်အဖြစ် Teacher Starry ၏ အတန်းများအားလုံးပိတ်မည်ဖြစ်ကြောင်းလေးစားစွာအသိပေးအပ်ပါသည်ရှင့်။ 🙏
07/04/2023
👋 British Council မှဦးစီးကျင်းပသော Cambridge English Assessment Exams (March 8, 2023 Session) မှာ ဝင်ရောက်ဖြေဆိုခဲ့ကြတဲ့ Starters နှင့် Flyers ကျောင်းသား၊ ကျောင်းသူလေးများရဲ့ Result လေးတွေထွက်ရှိလာပါပြီရှင့်။
🤩 ယခုလို ထူးထူးချွန်ချွန်နဲ့ရလဒ်ကောင်းတွေရရှိအောင်ကြိုးစားဖြေဆိုပေးခဲ့ကြတဲ့သားသားမီးမီးတို့တီချယ်Starry မှ ဂုဏ်ပြုပါတယ်နော်
👏 Big Big Congratulations to my outstanding students!
Lamin Kha (Flyers)
Aung Bhone Htet (Flyers)
Thet Hmue Yati Kyaw (Starters)
Wish you all have loads of achievements throughout your life.❤️
24/03/2023
😍 English 4 Skills တိုးတက်ချင်လို့ဆိုပြီး Teacher Starry နဲ့ One-on-one class မှာ သီးသန့် အတန်းတက်နေတဲ့ A2 ကျောင်းသူလေးတစ်ယောက်ရဲ့ ပထမဆုံးအကြိမ် ပြုလုပ်ထားတဲ့ Powerpoint Presentation လေးပဲဖြစ်ပါတယ်။
👉 ဒီ Presentation လေးမှာ သူမရဲ့ အကြိုက်နှစ်သက်ဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်နိုင်ငံမှာရှိတဲ့ ခရီးသွားတွေလည်ပတ်မှုအများဆုံးနေရာလေးတွေကိုဖော်ပြပေးထားပါတယ်။
❤️ Thank you so much, my student for your hard work! Even though it was your very first time to create a powerpoint presentation, you really did a great job!
👉 English 4 Skills (one-on-one class) တွေမှာ English 4 skills အပြင် အသက်အရွယ်အလိုက် လိုအပ်တဲ့ Presentation skill နဲ့ creative ဖြစ်စေမယ့် powerpoint ပြုလုပ်ပုံလေးတွေကိုပါထည့်သွင်းသင်ကြားပေးဖြစ်ပါတယ်ရှင့်။
09/03/2023
🤩 Special Summer Vibes for Fun English (Online Class)🤩
👉 ယခုဖွင့်လှစ်မည့် Special Summer Vibes အွန်လိုင်းအတန်းလေးကတော့ သားသားမီးမီးတို့ ကျောင်း၊ ကျူရှင်၊ သင်တန်းတွေကို တစ်နှစ်ပတ်လုံးတက်နေရပြီး နွေရာသီကာလမှာ English စာနဲ့လဲ အဆက်မပြတ်ရဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အင်္ဂလိပ်ဘာသာစကားကို game များ ၊ activity များ၊ group work များဖြင့် ပျော်ရွှင်စရာကောင်းတဲ့ Environment တစ်ခုကို အဓိက ဖန်တီးပေးဖို့ရည်ရွယ်ပါတယ်။
👉 ယခုနွေရာသီအတန်းသစ်မှာ သမားရိုးကျအတန်းတွေလို ဖတ်စာအုပ်သင်ရိုးကို အသုံးပြုပြီးသင်ကြားမည့်အတန်းမျိုးမဟုတ်ဘဲ သင်တန်းကာလအတွင်း Teacher Starry ကိုယ်တိုင်ရေးဆွဲထားတဲ့ Lesson plan များဖြင့်တစ်နေ့တစ်မျိုး မတူညီတဲ့ သုတ၊ ရသတွေနဲ့ ပျော်ပျော်ရွှင်ရွှင်လေ့လာကြရမှာဖြစ်ပါတယ်။
ဘာတွေလေ့လာကြရမှာလဲဆိုတော့......
🎧 Listening
🗣 Speaking
📙 Reading
📝 Writing
📖 Phonics
📒 Grammar
🅰️ Vocabularies
🎼 English Story, Poems and Songs
🖼️ Art and Craft
ယခုနွေရာသီအတန်းမှာအင်္ဂလိပ်စာကို ကဏ္ဍစုံစုံလင်လင်ဖြင့် လေ့လာရမှာဖြစ်ပြီးဘာသာစကားကိုလေ့လာရာမှာ ကလေးငယ်တွေအတွက် နှစ်သက်ပျော်ရွှင်ရမယ့် Vibes ကို အဓိကရရှိစေမှာဖြစ်ပါတယ်။
သင်တန်း Level အရ အသက် 8 နှစ်မှ 12 နှစ် ကလေးများတက်ရောက်နိုင်ပါတယ်။
သင်တန်းကာလ - March 22 မှ May 31 အထိ
ကြာချိန် - နှစ်လ (သီတင်းပတ် ၁၀ ပတ်)
သင်တန်းနေ့ရက်နှင့်အချိန် - Wednesday and Thursday (5:00 p.m. - 6:00 p.m.)
သင်တန်းကြေး - တစ်သိန်းကျပ် (နှစ်လပြတ်)
မှတ်ချက်။ ။ ယခုအတန်းမှာ Online Class ဖြစ်ပြီး Zoom App ကိုအသုံးပြုပြီးသင်ကြားမှာဖြစ်ပါတယ်။
သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်းလိုပါက page messenger မှဖြစ်စေ ၊ Viber ဖုန်းနံပါတ် +959962227353 ကို viber မှတဆင့်ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (ဖုန်းခေါ်ဆို၍စုံစမ်းလိုပါက viber မှတဆင့်ဖုန်းခေါ်ဆိုပြီးစုံစမ်းပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်ရှင့်။)
08/03/2023
👋 British Council မှ Cambridge English Assessment Exams များအတွက် May 2023 Sessionsများလျှောက်လွှာတင်ရန်ခေါ်ယူနေပါပြီ။
🗒️ စာမေးပွဲတစ်ခုချင်းစီရဲ့အချိန်နဲ့ Registration periodများကို အောက်တွင်အသေးစိတ်ဖော်ပြထားပါတယ်။
👉 YLE exams (Starters, Movers, Flyers)
Exam Date - Tuesday, 9th May 2023
Registration Period - March 8, 2023 to March 21, 2023
👉A2 (KET) / B1 (PET) Exams
Exam Date - Monday, 15th May 2023
Registration Period - March 8, 2023 to March 21, 2023
👉 B2 First Exams
Exam Date - Saturday, 6th May 2023
Registration Period - March 8, 2023 to March 21, 2023
👉 C1 Advanced Exams
Exam Date - Thursday, 11th May 2023
Registration Period - March 8, 2023 to March 21, 2023
(P.s. သက်ဆိုင်ရာExamများတွင်ဖြေဆိုသည့်ကျောင်းသားဦးရေစုစုပေါင်းအရေအတွက်ပေါ်မူတည်၍စာမေးပွဲရက်အပြောင်းအလဲရှိနိုင်ပါတယ်။)
Credit to British Council for this exam info...🙏
25/02/2023
👋 Teacher Starry သည်လက်ရှိ ဘန်ကောက်တွင်နေထိုင်ပါသဖြင့် သင်တန်းအသစ်တက်ရောက်ရန်စုံစမ်းလိုသူများသည် Teacher Starry နှင့်တိုက်ရိုက်ဆက်သွယ်ဆွေးနွေးနိုင်ရန် အောက်ဖော်ပြပါ viber ဖုန်းနံပါတ်သို့ viber မှတဆင့် စာပို့၍ဖြစ်စေ ၊ ဖုန်းခေါ်၍ဖြစ်စေ ၊ Page messenger မှဖြစ်စေစုံစမ်းမေးမြန်းနိုင်ပါကြောင်းလေးစားစွာအသိပေးအပ်ပါသည်ရှင့်။ 🙏