FLOW - Art Acadamy

FLOW - Art Acadamy

Share

Art & Craft School for Kids

Photos from FLOW - Art Acadamy's post 23/08/2023

FLOW ပန်းချီကျောင်းလေးသာ Anime World ထဲရောက်သွားမယ်ဆိုရင်…. 🥰

☎️09882289191

Photos from FLOW - Art Acadamy's post 07/08/2023

⚠️အနာဂတ်အတွက် AI စိုးမိုးလာမှာ ပူပင်နေတာထက်
အမှိုက်တွေထားစရာမရှိဖြစ်လာပြီး သက်ရှိတွေဒုက္ခရောက်မှာကိုပဲ ပိုပြီးစိုးရိမ်မိတယ်…

ပစိဖိတ်သမုဒ္ဓယာထဲမှာ အမှိုက်တွေစုနေတာ
ကျွန်းကြီးတစ်ကျွန်းစာလိုဖြစ်နေပါပြီ။
ပြင်သစ်နိုင်ငံရဲ့ ၃ဆလောက်ရှိပါတယ်တဲ့…။

Great Pacific Garbage Patch ပလပ်စတစ်တွေရဲ့အလေးချိန်ဟာ jumbo jet အစင်းပေါင် ၅၀၀ နဲ့ ညီမျှပါတယ်။

ဒီအမှိုက်တွေဟာ မြေပြင်ပေါ်က ocean gyres တွေကနေတဆင့်
ပင်လယ်ထဲကိုရောက်လာတယ်။

၁၉၅၀ ခုနှစ်တွေထဲကရှိနေတဲ့ စွန့်ပစ်ပလပ်စတစ်တွေဟာ
ပြိုကွဲပြီး micro plastics သေးသေးလေးတွေဖြစ်လာ
တယ်။

ဒါတွေကို ပင်လယ်ငါးတွေက အစာမှတ်ပြီးစားကုန်တယ်။

ဒီငါးတွေကို လူတွေလည်းပြန်စားတယ်..

လိပ်တွေကလည်း ပလပ်စတစ်တွေကိုအစာမှတ်ပြီးစားဆိုတော့…

တွေးကြည့်ရင် ကြောက်စရာကြီးပါနော်….

အနာဂတ်မှာရှင်သန်ရဦးမယ့် သက်ရှိတွေနဲ့ကမ္ဘာကြီးကိုစိတ်ပူလွန်းလို့ မခေတ်ရဲ့ Flow Art Acadamy ဟာ

ကလေးတွေငယ်စဉ်ကတည်းက ပစ္စည်းတွေကိုမလိုအပ်ပဲမသုံးဖို့ mindful ဖြစ်လာဖို့၊ သုံးပြီးရင်လည်း ထပ်သုံး

reuse.. recreate… recycle ♻️

လုပ်တတ်လာအောင်…
ဖန်တီးတတ်လာအောင် သင်ပေးဖို့
Ultimate Purpose ထားထားပါတယ်…

လေလောဆယ်တော့… ဝန်ထမ်းဆရာမလေးတွေကိုလည်း
Environment Awareness အတွက် Educate လုပ်ပေးနေပါတယ်…

မခေတ်က Amara Khit ကို အရင်ကတည်းက
သဘာဝချည်မျှင်တွေ၊ သဘာဝဆိုးဆေးတွေနဲ့
Slow Fashion လုပ်ခဲ့တာတောင် production ကြောင့် Waste တွေ ဘယ်လောက်ထွက်သလဲဆိုတာ
ကိုယ်တိုင်အသိဆုံးပါ…။

ဒါတောင်မှပဲ အတတ်နိုင်ဆုံး.. ပိတ်စသေးသေးလေးတွေ သုံးစားမရတော့တဲ့အမှိုက်တွေကို recycled လုပ်ခဲ့တယ်။
ကိုယ့်production သေးသေးလေးကတောင် အမှိုက်တွေထွက်ခဲ့တာ မနည်းပါဘူး..

Production အကြီးစားတွေ၊ စက်ရုံကြီးတွေ
(တရုတ်ကရှယ်ထုတ်) ဆို ဘယ်လောက်ဆိုးဆိုးဝါးဝါးထွက်လဲ မသိချင်တော့ပါဘူး…။

ဒါကြောင့် trend ပေါ်တိုင်း အဝတ်ထုတ်နေတဲ့ Fast Fashion ကို ထုတ်တာလျှော့စေချင်တယ်…

Fashionable ဖြစ်ဖို့ထက် Style ကျနေတာကို ဦးစားပေးစေချင်တယ်။

အဝတ်အစားတွေကို mix and match လုပ်စေချင်တယ်။

တကယ်ရေရှည်လိုအပ်တာပဲဝယ်စေချင်တယ်…။

နောက်ဆုံးပြောရရင်…
လူတိုင်းကို mindful living သွားစေချင်တယ်။
အနာဂတ်အတွက် မိဘနဲ့ကလေး လူတိုင်းကို Minimalist တွေဖြစ်လာစေချင်ပါတယ်။ ❤️

Shwe Thiri Khit

FLOW Art Acadamy
☎️ 09882289191

04/06/2023

ဒီနေ့ Sunday မှာပြုလုပ်တဲ့ FLOW ရဲ့ Activities လေးတွေ

Photos from FLOW - Art Acadamy's post 22/04/2023

April လ 29 ရက်နေ့ မှစပြီး Art Classes များကို
ပုံမှန်အချိန်အတိုင်းပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်ရှင်။

☎️ 09882289191
🏫 Block-1, Unit-13, Mingalar Mandalay, 73rd st, Chan Mya Thar Si, Mandalay

13/08/2022

ဖုန်းနံပါတ်အသစ်ပြောင်းလဲထားပါတယ်။ သင်တန်းစုံစမ်းရန်အတွက် 09882289191 ကိုဆက်သွယ်နိုင်ပါတယ်ရှင်။

Photos from FLOW - Art Acadamy's post 29/07/2022

Kids made creative DIY bookmarks this week.

1. Simply take a wooden stick
2. Paint it with any color choice
3. Decorate details to the stick

22/07/2022

မူလတန်းကလေးတို့အတွက် art education ရဲ့ အကျိုးကျေးဇူးများ

မူလတန်းအရွယ် ကလေးငယ်တွေကို ကျောင်းမှာ art education ပေးတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်ပါသလဲ။ ဒီဘက်ခေတ်မှာ လူတွေက art ကို တန်ဖိုးထားလာကြပေမယ့် ကျောင်းတွေမှာတော့ art ကို အပိုထပ်ဆောင်းအနေနဲ့ သင်ကြားပေးတာတွေနည်းနေသေးတာ တွေ့ရပါတယ်။ ဒါကြောင့် မခေတ်က art education ဟာ ကလေးငယ်တွေအတွက် အကျိုးကျေးဇူး ဘယ်လောက်များလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

⭐ပျော်ရွှင်မှုကိုရစေပါတယ်
Art ဟာ ကလေးတွေအတွက် ပျော်ရွှင်မှုတွေ ပေးစေတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူးနော်။ သူတို့ရဲ့လက်တွေကို ဆေးရောင်စုံတွေထဲနှစ်ပြီး စိတ်ကြိုက် လက်ချောင်းတွေနဲ့ ပုံဖော်ရတာ၊ အရောင်စပ်တိုင်းကစားရတာ၊ စက္ကူစတွေကိုဖြတ်ညှပ်ပြီး ပုံတွေပြုလုပ်ရတာဟာ သူတို့ရဲ့ စိတ်တံခါးကိုဖွင့်ပြီး လွတ်လွတ်လပ်လပ် ပျော်ရွှင်စေပါတယ်။ ကလေးငယ် တစ်ယောက်ရဲ့ ငယ်ဘဝမှာ အရေးအကြီးဆုံးက လွတ်လပ်ပျော်ရွှင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါမှသာ သူတို့ဟာ တခြားလေ့လာသင်ယူစရာတွေကို လွယ်လွယ်ကူကူ လုပ်လာနိုင်မှာပဲ ဖြစ်ပါတယ်။

⭐ဖန်တီးနိုင်စွမ်းအား ကောင်းမွန်စေတယ်
အနုပညာသမားတွေဟာ ဖန်တီးနိုင်မှုစွမ်းအား မြင့်မားကြတယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ Art education ရတဲ့ ကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ပုံဖော်နိုင်မှုစွမ်းရည် မြင့်မားကြပါတယ်။ Washington Post က ဖော်ပြတာမှာ art class မှာ ကလေးတွေဟာ အဖြစ်အပျက်တစ်ခုကို ပုံဆွဲပြီး သရုပ်ဖော်ခိုင်းတာမျိုး၊ သံစဉ်တစ်ခုကို ကိုယ်ဘာသာရှာခိုင်းတာမျိုး၊ ကိုယ့်စိတ်ကြိုက်ပုံဆွဲပြီး ပြောပြခိုင်းတာမျိုးတွေ လုပ်ရပါတယ်။ ကလေးတွေဟာ စဉ်းစားဖန်တီးတာတွေကို လေ့ကျင့်ပေးသလိုဖြစ်တာကြောင့် နောင်မှာ ဖန်တီးမှုတွေက သူတို့အတွက် အလေ့အထ တစ်ခုလိုဖြစ်နေမှာဖြစ်ပါတယ်။

⭐ပညာရေးမှာပိုပြီး တိုးတက်စေပါတယ်
Art activities တွေကို ပုံမှန်လုပ်လေ့ရှိတဲ့ ကလေးတစ်ယောက်ဟာ ဆက်စပ်တွေးခေါ်နိုင်မှု စွမ်းရည်မြင့်မားကြတဲ့အပြင် ကျောင်းစာမှာလဲ ပိုပြီးထူးချွန်လာကြတာကို တွေ့ရပါတယ်။
Art class တွေမှာ လုပ်ရတဲ့ မြင်ရတဲ့အရာကို ပုံဖော်စေတာ၊ ခံစားရတာကို ပြောပြရတာ၊
ဆွေးနွေးရတာ တွေအပြင် ကိုယ်ပိုင်လက်ရာတစ်ခု ဖန်တီးဖို့အတွက် ရှုထောင့်အမျိုးမျိုးက စဉ်းစားရတာတွေဟာ ကျောင်းသင်ခန်းစာတွေမှာပါ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ တစ်ရက်ကို ၃နာရီ တစ်ပတ်ကို ၃ရက် နဲ့ art ကို တစ်နှစ်လောက် လုပ်လာတဲ့ ကလေးတစ်ယောက်ဟာ သာမာန်ကလေးတွေထက် ၄ဆလောက် စာမှာထူးချွန်ကြတယ်လို့ Americans for the Arts statesကထုတ်ပြန်တဲ့ report တစ်စောင်က ဆိုပါတယ်။

⭐ဘာသာစကားဖွံ့ဖြိုးမှု မြန်ဆန်စေတယ်
ကလေးငယ်တွေဟာ art ကနေတဆင့် အရောင်တွေ ပုံသဏ္ဍန်တွေလေ့လာတာ၊ သူတို့လုပ်ရမယ့်အရာတွေကို နားထောင်ပြီး လိုက်လုပ်ရတာတွေကတဆင့် စကားလုံ အသစ်တွေ၊ ဝေါဟာရတွေကို လေ့လာပြီးသားဖြစ်နေပါတယ်။ မူလတန်းအရွယ် ကလေးငယ်တွေကို စိတ်ကြိုက်ပုံဆွဲပြီး ပြန်ပြောစေရာမှာ အထူးပြုစကားလုံးတွေကို သုံးပြီး ပြောစေတာကလည်း သူတို့ရဲ့ အပြောစွမ်းရည်ကို မြင့်တက်စေပါတယ်။ တစ်နှစ်အရွယ်ကလေးငယ်တွေကိုတောင်မှ စာရွက်ကလေးကို လုံးချေပြီး ဘောလုံးလို့ သင်ပေးတာက ပိုပြီး မှတ်မိနားလည်လွယ်စေပါတယ်။

⭐မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချလာနိုင်မယ်
ပြသနာတွေဖြေရှင်းနိုင်တာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတာတွေက art education က ရနိုင်တဲ့ စွမ်းရည်တွေ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တွေ၊ ရွေးချယ်မှုတွေ လုပ်ရတဲ့အခါမှာလည်း ရှုထောင့်ပေါင်းစုံက လေ့လာသုံးသပ်နိုင်ပြီး သင့်တော်မှန်ကန်တာကိုပဲ လုပ်စေနိုင်ပါတယ်။
အရွယ်ရောက်လာတဲ့အထိ အသုံးတည့်တဲ့ ပညာတစ်ခုပဲဖြစ်ပါတယ်။

ကိုယ့်ကလေးကို ကြီးလာရင် ဆရာဝန်ကြီး/အင်ဂျင်နီယာကြီးပဲ ဖြစ်စေချင်တာ art ကို သင်ပေးစရာမလိုဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ကလေးတွေကို art သင်ပေးတာဟာ သူတို့ကို အနုပညာရှင်တစ်ယောက် လုပ်ခိုင်းဖို့မဟုတ်ပါဘူး။ Art activity တွေ လုပ်ရာကနေ ရရှိလာမယ့် အကျိုးကျေးဇူးတွေဟာ သူတို့ရဲ့ ဘဝရည်မှန်းချက်ကိုရအောင် ကြိုးပမ်းရာမှာ အများကြီး ကူညီပေးနိုင်ပါတယ်။ ဆရာဝန်ဖြစ်ရင်လည်း ပိုပြီးထူးချွန်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာဆိုလည်း ပိုပြီး ထူးချွန်တဲ့ အင်ဂျင်နီယာတစ်ယောက် ဖြစ်စေတဲ့အပြင် ရွေးချယ်လိုက်တဲ့ အလုပ်အပေါ်မှာလည်း ယုံကြည်ချက်ရှိတဲ့သူတစ်ယောက် ဖြစ်လာစေမှာပဲ ဖြစ်ပါတယ်။

စာဖတ်သူတို့ရဲ့ ကလေးငယ်တွေကို အနာဂတ်မှာ smart ကျတဲ့ ပညာရှင်တစ်ယောက် ဖြစ်စေချင်ပါသလား။




Photos from FLOW - Art Acadamy's post 19/07/2022

On any given day there are stories all around you, and as an illustrator and artist, you get to decide which one to explore and possibly share with the world. This weekend was a marvelous for all of us. Great job, kids!

🏫Block-1, Unit13, Mingalar Mandalay, 73rd st., Mandalay
☎️094200188773

01/07/2022

🎨ဖန်တီးခြင်းဖြင့် ကလေးမှတ်ဉာဏ်ဖွံ့ဖြိုး‌စေခြင်း

ကလေးငယ်တို့ရဲ့ မှတ်ဉာဏ်ကို ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မိဘတွေအနေနဲ့ Art ဖန်တီးခြင်းကဏ္ဍကို အလေးပေးပြီး ထည့်သွင်းစဥ်းစားပေးဖို့ လိုအပ်လှပါတယ်။

ကလေးအသက် (၃) နှစ်ကနေ (၈) နှစ်အတွင်းက ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့ အပိုင်းအခြားဖြစ်တာကြောင့် နိုင်ငံတကာမှာဆိုရင်လည်း မူကြိုနဲ့ မူလတန်းကျောင်းတွေမှာ Art ဖန်တီးခြင်းကို မဖြစ်မနေ ထည့်သွင်းတတ်ကြပါတယ်။

Art ဖန်တီးခြင်းက ကလေးတွေအတွက် ပျော်ရွှင်စရာ လှုပ်ရှားမှုတွေပဲဖြစ်ပါတယ်။ ရွှံ့စေးနဲ့ သေးငယ်တဲ့ ရုပ်တုတွေကိုဆေးခြယ်တာ၊ စက္ကူခေါက်တာ၊ ပန်းချီဆွဲတာ စတာတွေနဲ့ ကလေးတွေရဲ့ စိတ်ဝင်စားမှုကို မြှင့်တင်နိုင်ပါတယ်။ သူတို့ရဲ့ အနုပညာစွမ်းရည်ကို အသုံးချနိုင်တဲ့ Art and Craft လှုပ်ရှားမှုများစွာလည်း ရှိပါသေးတယ်။

မှတ်ဉာဏ်အတွက် Art က ဘယ်လိုအကျိုးဖြစ်စေလဲ

✔ကလေးတွေငယ်ရွယ်စဉ်ကတည်းက အနုပညာနဲ့ လက်မှုပညာ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ခြင်းက ဘဝနှောင်းပိုင်းမှာ မှတ်ဉာဏ်ပြဿနာတွေ ဖြစ်ပေါ်စေခြင်းကို နှောင့်နှေးစေနိုင်ပါတယ်။

✔Artwork တွေက ဦးနှောက်ကို အလုပ်ပေးပြီး ဖန်တီးရတာဖြစ်လို့ အာရုံခံဆဲလ်တွေနဲ့ အာရုံကြောအသစ်တွေ ကြီးထွားမှုကို လှုံ့ဆော်ပေးပါတယ်။

✔ဒါ့အပြင် ကလေးအရွယ်ရောက်လာချိန်မှာလည်း မှတ်ဉာဏ်ဆိုင်ရာလှုပ်ရှားမှုတွေကို ထိန်းသိမ်းပေးနိုင်တဲ့ အာရုံကြောအသစ်တွေ စုဆောင်းရာမှာ အထောက်အကူဖြစ်လာပါတယ်။

✔Artwork ဖန်တီးခြင်းကနေတဆင့် အရောင်တွေနဲ့ အမျိုးမျိုးသောပုံသဏ္ဍာန်အသစ်တွေအကြောင်းလည်း သင်ယူရမယ်၊ ကိုယ်ဖန်တီးမယ့် ပန်းချီ တစ်ခုအတွက် စိတ်ကူးပုံဖော်ပြီး ရှုပ်ထွေးတဲ့ ဒီဇိုင်းတွေကိုလည်း အလွတ်မှတ်ရတာကြောင့် မှတ်သားတတ်တဲ့ အလေ့အကျင့်ကိုလည်း မွေးမြုပြီးသားဖြစ်သလို မှတ်ဉာဏ်စွမ်းအားကို မြင့်တက်စေနိုင်ပါတယ်။

ဖန်တီးမှုအားကောင်းတဲ့ ပန်းချီဆရာတစ်ယောက်ဟာ သူ့ဥယျာဉ်ထဲက ပန်းတစ်ပွင့်ကို ပန်းချီဆွဲတဲ့အခါ ပန်းကို ရိုးရိုးရှင်းရှင်း ခြယ်မှုန်းမှာ မဟုတ်ပါဘူး။ သူ မြင်နေရသမျှကို အမြင်အာရုံနဲ့ ပန်းရဲ့အသေးစိတ်အချက်အလက်၊ အရောင်နှင့် ပုံသဏ္ဍာန် စတာတွေကို အရင်လေ့လာပြီးမှ စိတ်ကူးစိတ်သန်းကို ပုံဖော်တာပဲဖြစ်ပါတယ်။

ဒီအပေါ်အခြေခံပြီးတော့ မိဘတွေအနေနဲ့ ဒီလိုလေးတွေ လိုက်လုပ်ကြည့်လို့ရပါတယ်။

✨ကလေးကို ပန်းခြံ (သို့မဟုတ်) ပတ်ဝန်းကျင်မှာ လမ်းလျှောက်ဖို့ ခေါ်သွားပေးပါ။

✨လမ်းလျှောက်နေချိန် ပတ်ဝန်းကျင်က စိတ်ဝင်စားဖွယ်ရာ ထူးဆန်းတဲ့သစ်ပင်လေးတွေ၊ ရှဥ့်ကလေးတွေ၊ လှပတဲ့ ပန်းပွင့်လေးတွေကို ပြပေးပါ။

✨ဘာအရောင်တွေ မြင်လဲ၊ ပန်းပွင့်တွေက ဘယ်လိုပုံစံတွေလဲ၊ ကောင်းကင်ကြီးကရော ဘာအရောင်လဲ၊ သစ်ပင်ကြီးပေါ်မှာ ငှက်ကလေးတွေရှိနေလား စတဲ့ မေးခွန်းလေးတွေမေးပေးပါ။

✨အိမ်ပြန်ရောက်တဲ့အခါမှာ
ခဲတံ၊ စုတ်တံ စတာလေးတွေ စီစဥ်ပေးပြီး ပြင်ပပတ်ဝန်းကျင်ကနေ သူတို့ လေ့လာမှတ်သားမိတဲ့အတိုင်း ပုံလေးချဆွဲခိုင်းကြည့်ပါ။

✨ဒါဆိုရင် ကလေးဟာ သူ့ရဲ့မှတ်ဉာဏ်ထဲမှာ ပေါ်လာတာလေးတွေရယ်နဲ့ ကိုယ်ပိုင်စိတ်ကူးလေးတွေရယ် ပေါင်းစပ်တတ်လာပါလိမ့်မယ်။

ဒီလိုမျိုးလေးတွေ လုပ်ပေးခြင်းအားဖြင့် ကလေးက ပတ်ဝန်းကျင်မှာ သူစိတ်ဝင်စားတဲ့အရာလေးတွေကို မှတ်သားတတ်လာပြီး Art တစ်ခုအနေနဲ့ ဖန်တီးချင်တဲ့ စိတ်ကူးလေးတွေလည်း ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

ပတ်ဝန်းကျင်က အသေးစိတ်အချက်အလက်တွေကို ဂရုတစိုက်အာရုံစိုက်ခြင်းက သဘာဝကို ပိုမိုနားလည်သဘောပေါက်လာစေပြီး ပိုမိုကောင်းမွန်တဲ့ မှတ်ဉာဏ်ကို ထိန်းသိမ်းနိုင်စေမှာဖြစ်ပါတယ်။ ကလေးတွေအတွက်လည်း ဒီလိုမျိုး စိတ်ကူးစိတ်သန်းကို ပုံဖော်စေခြင်းအားဖြင့် သူတို့ရဲ့ မှတ်ဉာဏ်ကို တိုးတက်လာစေမှာဖြစ်ပါတယ်။

ဒါကြောင့် ကလေးငယ်တွေရဲ့ သိမြင်နိုင်စွမ်း၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ နဲ့ ဦးနှောက်မှတ်ဉာဏ်ပါ ဖွံ့ဖြိုးတိုးတက်အောင် Art နဲ့ မိတ်ဆက်ပေးပြီး လှုပ်ရှားမှုတွေမှာပါဝင်စေဖို့ မိဘတွေကို တိုက်တွန်းလိုက်ရပါတယ်။

တောက်ပတဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ရင်သွေးလေးများကို ပိုင်ဆိုင်နိုင်ဖို့အတွက် Artwork လေးတွေကို လွတ်လပ်စွာ ဖန်တီးခွင့်ပေးလိုက်ကြပါစို့။

———————————————————————

ကလေးတွေအတွက် ပန်းချီနဲ့ ဖန်တီးမှုပညာနဲ့ ထိတွေ့စေဖို့ အောက်ပါလိပ်စာမှာ အတန်းချိန်များ မေးမြန်းနိုင်ပါတယ်။

Flow Acadamy
🏫 Block-1, Unit-13, Mingalar Mandalay, 73rd St, Chan Mya Thar Si, Mandalay
☎️ 09420018773




16/06/2022

ကလေးတွေကို ပန်းချီ၊ အနုပညာသင်ပေးရတာက တကယ်တော့ လှပတဲ့ အိပ်မက်တစ်ခုကို ထုဆစ်နေတာပါပဲ။ အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ စိတ်တွေကို သင်ကြားပေးတာ၊ လှုံ့ဆော်ပေးတာတွေဟာ တကယ့်ကို အဖိုးမဖြတ်နိုင်ပါဘူး။ ပန်းချီအတူတူဆွဲကြရင်း ဖန်တီးကြရင်းနဲ့ ပေပွကုန်ကြတာကြည့်ရင်း ရယ်မောကြရတာ တကယ့်ကို ပျော်စရာတစ်ခုပါပဲ။ တစ်ခါတလေမှာကြတော့လည်း သူတို့ကိုယ်သူတို့ ယုံကြည်ချက်လျော့ရင်းနဲ့ မလုပ်ခင်ကတည်းက အားလျော့လိုက်ကြတာတွေရှိတတ်တယ်။

ကလေးတွေကို တိုးတက်အောင်မြင်လိုတဲ့စိတ် ( Growth Mindset) ကို သင်ကြားပေးတာက သူတို့ကို တွေးမြင်ပုံပြောင်းလဲပေးတာ၊ သေချာကြိုးစားလေ့ကျင့်ရင် လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက် မွေးပေးတာ၊ အမှားတွေကနေ သင်ခန်းစာယူတတ်အောင် လေ့ကျင့်ပေးတာ၊ လေ့လာသင်ယူတယ်ဆိုတာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ဝိရိယနဲ့ အချိန်ယူတတ်တာတွေကို သိရှိစေပါတယ်။ ဘဝဆိုတာကြီးကိုက လေ့လာသင်ယူမှုတွေနဲ့ ရှေ့ဆက်နေရတာမို့ သင်ယူနေချိန်မှာ အကောင်းဆုံးလုပ်ရမယ်ဆိုတာက သင်ယူတဲ့ဖြစ်စဥ်မှာ ကိုယ့်ရဲ့စမ်းသပ်တီထွင်တာကနေ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ အမှားတွေကနေ သင်ခန်းစာယူတတ်ဖို့၊ အားမလျော့ဖို့က ပိုအရေးကြီးပါတယ်။ သောမတ်အက်ဒီဇင်ဆိုရင် တီထွင်မှုပေါင်း ခါ ကျော်ဖြတ်ပြီးမှ အောင်မြင်မှုကို ရတာကို သတိရကြည့်ပါနော်။

Growth Mindset ထားတတ်အောင် လေ့ကျင့်ပေးလို့ရတဲ့ အချက်တစ်ချို့ကို တီချယ်ခေတ်က မျှဝေပေးချင်ပါတယ်။

၁။ 🎨ကိုယ့်ကိုယ်ကို အရင်ဆန်းစစ်ပါ။

ဉာဏ်ရည်ဉာဏ်သွေး၊ အရည်အချင်းတို့၊ လုပ်နိုင်စွမ်းတို့ဟာ မွေးရာပါဗီဇတစ်ခုတည်းကနေ ရနိုင်တာမျိုးမဟုတ်ဘဲ ဘဝတစ်လျှောက်လုံး လေ့လာသင်ယူရင်း လေ့ကျင့်ယူလို့ရတာကို Growth Mindset ရှိတဲ့သူတိုင်းက လက်ခံထားကြပါတယ်။ ဒါပေမယ့် ယေဘူယျအားဖြင့်တော့ အနုပညာဖန်တီးနိုင်စွမ်းက ဘုရားပေးတဲ့ လက်ဆောင်တစ်ခုဆိုတာကို လက်ခံရပါလိမ့်မယ်။ ဘယ်လိုပဲပြောပြော တစ်ချိူ့တွေက မသင်ဘဲနဲ့တတ်တာဆိုရင် သေချာလေ့ကျင့်ရင်ကော ဖြစ်နိုင်ချေ ရှိနိုင်မလားဆိုတာကို အရင်ဆန်းစစ်ကြည့်ရပါမယ်။ ကိုယ့်ရဲ့စွမ်းရည်ဟာ ကြိုးစားမှု နဲ့ စိတ်နေစိတ်ထားပေါ်မှာ မူတည်တာမို့ ကြိုးစားမှုရှိသလောက် အရည်အချင်းတွေတိုးတက်နိုင်ပါတယ်။

၂။ 🎨တိုးတက်ပြောင်းလဲဖို့ ဘာလုပ်မလဲ။

Activities တွေ လုပ်ဆောင်ချိန်တွေမှာ အလေးပေးသင့်တာက process ဆိုတဲ့ လုပ်ဆောင်တဲ့ အဆင့်တွေဖြစ်ပါတယ်။ နောက်ဆုံးရလာမယ့် final product မဟုတ်ပါဘူး။ လွယ်ကူတဲ့ ညွှန်ကြားချက်တွေ တစ်ဆင့်ချင်း တစ်ဆင့်ချင်း လုပ်ဆောင်သွားတဲ့ လုပ်ရပ်တွေကနေပြီး ကလေးတွေရဲ့ ဆင့်ကဲတီထွင်ဖန်တီးနိုင်မှုတွေ၊ ကိုယ်ပိုင်ဟန် ဖန်တီးနိုင်မှု၊ ပန်းချီကတစ်ဆင့် စိတ်ခံစားချက် ထုတ်ဖော်ပြတာတွေကို အားပေးသွားရမှာ ဖြစ်ပါတယ်။ Artwork သို့မဟုတ် Art style တစ်ခုအပေါ်မှာ အာရုံစိုက်နေတာမျိုးမလုပ်ဘဲ လုပ်ဆောင်ချက် အဆင့်တွေပေါ် ဦးတည်လုပ်ရင် ကလေးတွေအတွက် ဖန်တီးရတာ ပိုလွတ်လပ်ပြီး အမှားကိုလည်း မကြောက်ဘဲ process အနေနဲ့ မြင်တာမို့ ပြဿနာလို့မြင်တဲ့အစား ဖန်တီးနိုင်မှုကို ပိုပြီးအားပေးရာ ကျပါတယ်။

၃။ 🎨တိုးတက်ပြောင်းလဲဖို့ ဘာတွေပြောမလဲ။

ကလေးတွေရဲ့ဖန်တီးမှုအပေါ်မှာ သုံးသပ်ပြတဲ့အခါမှာလည်း ပြောဆိုတဲ့ စကားအသုံးအနှုန်းတွေကလည်း အရေးပါပါတယ်။ ကိုယ့်ရဲ့ယူဆချက်တွေ၊ မေးခွန်းတွေမေးတဲ့အခါမှာ သူတို့ဖန်တီးမှုကို မှားတယ်၊ မှန်တယ်ဆိုတာမျိုး ထောက်ပြတာထက် သူတို့ကိုယ်တိုင် ဘာကြောင့်လုပ်တာလဲဆိုတာမျိုး မေးပေးနိုင်သလို၊ တခြားမတူညီတဲ့ အတွေးအမြင်တွေကို ချပြပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။ ချပြပေးတဲ့အခါမှာ တစ်ခါတည်း အချက်တွေအများကြီးပြောလိုက်တာထက် တစ်ခါနည်းနည်းနဲ့ ကလေးနိုင်နင်းပြီး ဆင့်ကဲစမ်းသပ်ရင်း လေ့လာလို့ကောင်းမယ့် အနေအထားနဲ့မျှဝေပေးစေချင်ပါတယ်။ ဥပမာ…..ဘာဆက်လုပ်ရင် ကောင်းမယ်ထင်လဲ။ ဘာကြောင့်ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တာလဲ။ ပြီးခဲ့တဲ့အခေါက်နဲ့ယှဥ်ရင် ဘာအသစ်ထပ်လုပ်ထားတာလဲ။ မင်းကိုဘာကူညီပေးလို့ရမလဲ။

တီချယ်ခေတ်အနေနဲ့ကတော့ ကလေးတွေနဲ့ခဏလေး တွေ့လို့ရတဲ့အချိန်အတွင်းမှာကို Growth Mindset ရအောင် လုပ်ပေးချင်ရတာကတော့ ဘဝတစ်‌လျှောက်လုံးသင်ယူရတာမို့ ပန်းချီလေ့လာတာကနေတဆင့် ကလေးတွေရဲ့ စူးစမ်းလိုစိတ်၊ ခံယူချက်၊ self-awareness တွေကို သင်ယူရရှိစေချင်တာပါပဲ။ Growth Mindset ရှိတဲ့ ကလေးတွေကျတော့ သူတို့ရဲ့ ကြိုးစားအားထူတ်မှုနဲ့ လုံ့လဝီရိယကြောင့် အောင်မြင်လိမ့်မယ်လို့ ယုံကြည်ထားကြပြီး မအောင်မြင်ခဲ့ရင်တောင်မှ စိတ်ဓာတ်မကျဘဲနဲ့ အမှားကသင်ခန်းစာယူပြီး ထပ်ပြီး ကြိုးစားတတ်ကြလို့ပါပဲ။

ကလေးတွေအတွက် Growth Mindset ရှိအောင် ဘာတွေလုပ်ဆောင်ပေးနေကြလဲဆိုတာ မျှ‌ဝေသွားကြပါဦးနော်။





Photos from FLOW - Art Acadamy's post 16/06/2022

Amazing acrylic painting by 4 years old student.

တစ်ချိန်တည်းနဲ့ အပြီးသတ်ရေးဆွဲလိုက်တဲ့
၄နှစ်သမီးငယ်ရဲ့ acrylic painting ပါ။

Flow Acadamy
☎️ 09420018773
🏫 Block-1, Unit-13, Mingalar Mandalay, 73rd St, Chan Mya Thar Si, Mandalay

01/06/2022

Every Child is different kind of flower and all together make this world A Beautiful Garden.
Never let your creativity die!

Happy International Children’s Day.
👧🏻. 🧒🏻. 👧. 👦🏽. 👧🏾. 🧒🏼

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Block-1, Unit-13, Mingalar Mandalay, 73th Street, Chan Mya Thar Si
Mandalay

Opening Hours

Thursday 12:30 - 17:00
Friday 12:30 - 17:00
Saturday 12:30 - 17:00
Sunday 12:30 - 17:00