09/05/2023
21
Although နဲ့ In spite of တို့ကို ပြောပြပါမယ်
Although နဲ့ရေးတဲ့အခါ အပိုင်း ၂ ပိုင်းပါ ပါတယ်
အပိုင်း ၂ပိုင်းစလုံးမှာ subject က တမျိုးတည်း ဖြစ်လျှင်
In spite of နဲ့ပြန်ရေးတဲ့အခါ in spite of နောက်မှာ subject ထည့်ရန်မလိုပါ
အပိုင်း ၂ ပိုင်းမှာ subject မတူလျှင် in spite of နောက်မှာ subject ထည့်ပေးရပါတယ်
Although နောက်မှာ clause ပုံစံရှိရမှာပါ
In spite of နောက်မှာ noun ပုံစံရှိရမှာပါ
Examples
အပိုင်း ၂ ခု subject တူ
1. Although he studied hard, he did not pass the
exam.
In spite of studying hard, he did not pass the
exam.
2. Although he was lazy, he passed the exam.
In spite of his laziness, he passed the exam.
(In spite of နောက်မှာ subject ပြန်မထည့်ပါ)
အပိုင်း ၂ခု subjects မတူ
3. Although it was very cold, he went out.
In spite of it being very cold, he went out.
(Subjects မတူလို့ it ကိုပြန်ထည့်သည်)
4. Although diamonds are expensive, most
people love them.
In spite of diamonds being expensive, most
people love them.
(Subject မတူလို့ diamonds ကိုပြန်ထည့်သည်)
5. Although it was hot, we enjoyed the picnic.
In spite of the heat, we enjoyed the picnic.
(In spite of နောက်မှာ it was hot ကို noun form အဖြစ် the heat လို့ပြောင်းပြီးထည့်သည်)
9 - 5 - 2023