01/04/2026
“စိတ်ကို အနားပေးတာ” ဆိုတာ "စိတ်စွမ်းအင်ကို" ပြန်စုဆောင်းပေးတာပါ။
ခန္ဓာကိုယ်က စွမ်းအင်၂၀%သုံးပေမယ့်စိတ်ကတော့ စွမ်းအင်၈၀%ထိသုံးပါတယ်။
ဘာမှမလုပ်ဘဲနေပေမယ့် စိတ်ထဲမှာ—
❓ဘာဖြစ်ခဲ့လဲ
❓ဘာပြောသင့်လဲ
❓မနက်ဖြန်ဘာလုပ်မလဲ
❓သူဘာတွေးမလဲ
❓ငါမှားသလား ဆိုပြီး အတွေးတွေက အမြဲအပြင်ရောက်နေပါတယ်။
အဲဒီအချိန်မှာကိုယ့် energy က “ဒီနေရာ” မှာ မရှိတော့သလိုဖြစ်သွားပါတယ်။ကိုယ်က ဒီခန္ဓာကိုယ်ထဲမှာရှိပေမယ့်စိတ်နဲ့ energy က တခြားနေရာတွေမှာ ဖြန့်ကျက်နေတာ ဖြစ်သွားတတ်ပါတယ်။
အချိန်ကြာလာတဲ့အခါမှာ
✔သေးသေးလေးကိစ္စတောင် စိတ်တိုခြင်း
✔လူတချို့ကို သည်းမခံနိုင်တော့ခြင်း
✔ဆုံးဖြတ်ချက်တွေ မှားလွယ်ခြင်း
✔အလွယ်တကူ စိတ်ထိခိုက်ခြင်း
✔အားမရှိသလို ခံစားရခြင်း. စတာတွေခံစားရလာနိုင်ပါတယ်။
ခန္ဓာကိုယ်အနေနဲ့
⛔ရင်ဘတ်ကျပ်ခြင်း
⛔ခေါင်းကိုက်ခြင်း
⛔လည်ပင်းတင်းခြင်း…
⛔အိပ်မပျော်ခြင်း…
⛔အမြဲပင်ပန်းနေခြင်းများ ခံစားရနိုင်ပါတယ်။
👉🧠စိတ်အရမ်းပင်ပန်းနေတဲ့အချိန်မှာ
ဒီ practice လေးကို 3 မိနစ်လောက်ပဲ လုပ်ပေးကြည့်ပါ။
‼အရင်ဆုံး… တိတ်တိတ်လေးထိုင်ပါ။
ပြီးရင်…
အသက်ကို ဖြည်းဖြည်းရှူပါ… ဖြည်းဖြည်းထုတ်ပါ…
3 ခါလောက် လုပ်ပေးပါ။
ပြီးရင် ကိုယ့်ကိုယ်ကို
“အခု ငါ့ခန္ဓာကိုယ် ဘယ်နေရာမှာ တင်းနေလဲ…”
သတိထားကြည့်ပါ။
ရင်ဘတ်တင်းနေရင်
ရင်ဘတ်ပေါ် လက်တင်ထားပါ။
လည်ပင်းတင်းနေရင်
ပခုံးကို ဖြည်းဖြည်းလျော့ပေးပါ။‼
💯ဒီလိုလေးပဲ လုပ်ပေးတာက
စိတ်ကို “အခုဒီနေရာ” ကို ပြန်ခေါ်ပေးတယ်။
💯ဘာမှမလုပ်ဘဲ
ကိုယ့်စိတ်ကိုပဲ ပြန်ကြည့်ပေးတာက
energy ကို ပြန်စုဖို့ အရမ်းကောင်းပါတယ်။
💯စိတ်ပင်ပန်းမှုက
ခန္ဓာကိုယ်ထဲမှာ တင်းကျပ်မှု အဖြစ် နေတတ်ပါတယ်။
ဒီလိုလေး လုပ်ပေးတာက
body ကနေ mind ကို “အခု လုံခြုံ ပါတယ်” လို့ signal ပို့ပေးခြင်းဖြစ်ပါတယ်။