Shwe Pyi Oo - SPO Education Centre

Shwe Pyi Oo - SPO Education Centre တစက်တစက်သော မိုးစက်အစုအဝေးဟာ ပင်လယ်ကြီးကို ဖြစ်စေနိုင်ပါတယ် ။

ဒြပ်စင်အလှည့်ကျဇယား (Periodic Table) ထဲမှာရှိတဲ့ လက်ရှိရှာဖွေတွေ့ရှိပြီးသမျှ သတ္တုဒြပ်စင် (Metals)၊ သတ္တုပိုင်းဆိုင်ရာဒြ...
07/04/2026

ဒြပ်စင်အလှည့်ကျဇယား (Periodic Table) ထဲမှာရှိတဲ့ လက်ရှိရှာဖွေတွေ့ရှိပြီးသမျှ သတ္တုဒြပ်စင် (Metals)၊ သတ္တုပိုင်းဆိုင်ရာဒြပ်စင် (Metalloids) နဲ့ အခြားဒြပ်စင်အားလုံးကို အင်္ဂလိပ်အမည် A ကနေ Z အထိ အက္ခရာစဉ်အတိုင်း စာရင်းပြုစုပေးလိုက်ပါတယ်။
၁။ အက်တေတိုင်း (Astatine) - At
၂။ အက်တင်နီယမ် (Actinium) - Ac
၃။ အလူမီနီယမ် (Aluminium) - Al
၄။ အာဂွန် (Argon) - Ar
၅။ အာဆင်းနစ် (Arsenic) - As
၆။ အန်တီမိုနီ (Antimony) - Sb
၇။ အော်ရမ်/ရွှေ (Gold/Aurum) - Au
၈။ အမ်းမရီစီယမ် (Americium) - Am
၉။ ဘေရီယမ် (Barium) - Ba
၁၀။ ဘာကလီယမ် (Berkelium) - Bk
၁၁။ ဘယ်ရီလီယမ် (Beryllium) - Be
၁၂။ ဘစ်စမတ် (Bismuth) - Bi
၁၃။ ဘိုဟေရီယမ် (Bohrium) - Bh
၁၄။ ဘိုရွန် (Boron) - B
၁၅။ ဘရိုမင်း (Bromine) - Br
၁၆။ ကက်ဒ်မီယမ် (Cadmium) - Cd
၁၇။ ကယ်လ်စီယမ် (Calcium) - Ca
၁၈။ ကယ်လီဖောနီယမ် (Californium) - Cf
၁၉။ ကာဗွန် (Carbon) - C
၂၀။ ဆီရီယမ် (Cerium) - Ce
၂၁။ ဆီစီယမ် (Cesium) - Cs
၂၂။ ကလိုရင်း (Chlorine) - Cl
၂၃။ ခရိုမီယမ် (Chromium) - Cr
၂၄။ ကိုဘော့ (Cobalt) - Co
၂၅။ ကော့ပါး/ကြေးနီ (Copper/Cuprum) - Cu
၂၆။ ကျူရီယမ် (Curium) - Cm
၂၇။ ဒမ်စတက်တီယမ် (Darmstadtium) - Ds
၂၈။ ဒပ်ဘ်နီယမ် (Dubnium) - Db
၂၉။ ဒိုင်စပရိုစီယမ် (Dysprosium) - Dy
၃၀။ အိုင်းစတိုင်းနီယမ် (Einsteinium) - Es
၃၁။ အာဘီယမ် (Erbium) - Er
၃၂။ ယူရိုပီယမ် (Europium) - Eu
၃၃။ ဖာမီယမ် (Fermium) - Fm
၃၄။ ဖလယ်ရိုဗီယမ် (Flerovium) - Fl
၃၅။ ဖလိုရင်း (Fluorine) - F
၃၆။ ဖရန်စီယမ် (Francium) - Fr
၃၇။ ဂတ်ဒိုလီနီယမ် (Gadolinium) - Gd
၃၈။ ဂယ်လီယမ် (Gallium) - Ga
၃၉။ ဂျာမေနီယမ် (Germanium) - Ge
၄၀။ ဟတ်ဖ်နီယမ် (Hafnium) - Hf
၄၁။ ဟက်ဆီယမ် (Hassium) - Hs
၄၂။ ဟီလီယမ် (Helium) - He
၄၃။ ဟိုလ်မီယမ် (Holmium) - Ho
၄၄။ ဟိုက်ဒရိုဂျင် (Hydrogen) - H
၄၅။ အင်ဒီယမ် (Indium) - In
၄၆။ အိုင်အိုဒင်း (Iodine) - I
၄၇။ အီရစ်ဒီယမ် (Iridium) - Ir
၄၈။ အိုင်းယွန်း/သံ (Iron/Ferrum) - Fe
၄၉။ ခရစ်ပတွန် (Krypton) - Kr
၅၀။ လန်သနမ် (Lanthanum) - La
၅၁။ လောရင်စီယမ် (Lawrencium) - Lr
၅၂။ လက်ဒ်/ခဲ (Lead/Plumbum) - Pb
၅၃။ လီသီယမ် (Lithium) - Li
၅၄။ လီဗာမိုရီယမ် (Livermorium) - Lv
၅၅။ လူတီရှယမ် (Lutetium) - Lu
၅၆။ မဂ္ဂနီစီယမ် (Magnesium) - Mg
၅၇။ မန်းဂနိစ် (Manganese) - Mn
၅၈။ မိုက်တနီရီယမ် (Meitnerium) - Mt
၅၉။ မန်ဒီလီဗီယမ် (Mendelevium) - Md
၆၀။ မာကျူရီ/ပြဒါး (Mercury/Hydrargyrum) - Hg
၆၁။ မိုလစ်ဒီနမ် (Molybdenum) - Mo
၆၂။ မော့စကိုဗီယမ် (Moscovium) - Mc
၆၃။ နီယိုဒီမီယမ် (Neodymium) - Nd
၆၄။ နီယွန် (Neon) - Ne
၆၅။ နက်ပ်ကျူနီယမ် (Neptunium) - Np
၆၆။ နီကယ် (Nickel) - Ni
၆၇။ နီဟိုနီယမ် (Nihonium) - Nh
၆၈။ နီအိုဘီယမ် (Niobium) - Nb
၆၉။ နိုက်ထရိုဂျင် (Nitrogen) - N
၇၀။ နိုဘီလီယမ် (Nobelium) - No
၇၁။ အိုဂန်နက်ဆွန် (Oganesson) - Og
၇၂။ အော့စမီယမ် (Osmium) - Os
၇၃။ အောက်ဆီဂျင် (Oxygen) - O
၇၄။ ပဲလေဒီယမ် (Palladium) - Pd
၇၅။ ဖော့စဖရပ် (Phosphorus) - P
၇၆။ ပလက်တီနမ် (Platinum) - Pt
၇၇။ ပလူတိုနီယမ် (Plutonium) - Pu
၇၈။ ပိုလိုနီယမ် (Polonium) - Po
၇၉။ ပိုတက်စီယမ် (Potassium/Kalium) - K
၈၀။ ပရာစီယိုဒီမီယမ် (Praseodymium) - Pr
၈၁။ ပရိုမီသီယမ် (Promethium) - Pm
၈၂။ ပရိုတက်တင်နီယမ် (Protactinium) - Pa
၈၃။ ရေဒီယမ် (Radium) - Ra
၈၄။ ရေဒွန် (Radon) - Rn
၈၅။ ရေနီယမ် (Rhenium) - Re
၈၆။ ရိုဒီယမ် (Rhodium) - Rh
၈၇။ ရိုရင်ဂျေနီယမ် (Roentgenium) - Rg
၈၈။ ရူဘီဒီယမ် (Rubidium) - Rb
၈၉။ ရူသနီယမ် (Ruthenium) - Ru
၉၀။ ရူသာဖောဒီယမ် (Rutherfordium) - Rf
၉၁။ ဆာမာရီယမ် (Samarium) - Sm
၉၂။ စကန်ဒီယမ် (Scandium) - Sc
၉၃။ ဆီဘော့ဂီယမ် (Seaborgium) - Sg
၉၄။ ဆီလီနီယမ် (Selenium) - Se
၉၅။ ဆီလီကွန် (Silicon) - Si
၉၆။ ဆေးလ်ဗား/ငွေ (Silver/Argentum) - Ag
၉၇။ ဆိုဒီယမ် (Sodium/Natrium) - Na
၉၈။ စထရွန်တီယမ် (Strontium) - Sr
၉၉။ ဆာလ်ဖာ/ကန့် (Sulfur) - S
၁၀၀။ တန်တလမ် (Tantalum) - Ta
၁၀၁။ တက်ကနက်တီယမ် (Technetium) - Tc
၁၀၂။ တဲလူရီယမ် (Tellurium) - Te
၁၀၃။ တန်နက်ဆင်း (Tennessine) - Ts
၁၀၄။ တာဘီယမ် (Terbium) - Tb
၁၀၅။ သယ်လီယမ် (Thallium) - Tl
၁၀၆။ သိုရီယမ် (Thorium) - Th
၁၀၇။ သူလီယမ် (Thulium) - Tm
၁၀၈။ ခဲမဖြူ (Tin/Stannum) - Sn
၁၀၉။ တိုက်တေနီယမ် (Titanium) - Ti
၁၁၀။ တန်စတင် (Tungsten/Wolfram) - W
၁၁၁။ ယူရေနီယမ် (Uranium) - U
၁၁၂။ ဗနေဒီယမ် (Vanadium) - V
၁၁၃။ ဇီနွန် (Xenon) - Xe
၁၁၄။ ယစ်တာဘီယမ် (Ytterbium) - Yb
၁၁၅။ ယစ်ထရီယမ် (Yttrium) - Y
၁၁၆။ ဇင့်/သွပ် (Zinc) - Zn
၁၁၇။ ဇာကိုနီယမ် (Zirconium) - Zr
၁၁၈။ ကော်ပါနီစီယမ် (Copernicium) - Cn
ဗဟုသုတတွေတိုးပွားကျပါစေ။



ြုစုသည်။

23/03/2026

အကြောင်းအမျိုးမျိုးကြောင့် International Schools နှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား/သူများအနေဖြင့် အခြေခံပညာဦးစီးဌာနအောက်ရှိ ကျောင်းများသို့ ပြောင်းရွှေ့သင်ယူလိုပါက ဖြေဆိုရမည့် Placement Test လျှောက်လွှာများကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ လျှောက်ထားသူသည် တရားဝင်ခွင့်ပြုချက်ရထားသည့် ကျောင်းများမှ ကျောင်းသားဖြစ်ရမည်ဖြစ်ပြီး ကျောင်းထောက်ခံချက် မူရင်းများကိုလည်း တင်ပြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တက်တဲ့ကျောင်းက ထောက်ခံချက်မရှိ လိုင်စင်မရှိသေးတဲ့ ကျောင်းမဖြစ်ဖို့ အရေးကြီးပါတယ်။

● Placement Test ဖြေဆိုလိုသူများသည် မိမိတို့ တက်ရောက်လိုသည့် အတန်း၏ တစ်ဆင့်နိမ့်အတန်းအတွက် အဆင့်စစ်ဆေးမှုကို ဖြေဆိုရမည် ဖြစ်ပါတယ်။ ဥပမာ - အဋ္ဌမတန်း (Grade-8) တက်ရောက်လိုပါက သတ္တမတန်း (Grade-7) အဆင့် စစ်ဆေးမှုကို ဖြေဆိုရမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းအတိုင်း ဘာသာရပ်များကို ဖြေဆိုရမှာ ဖြစ်ပါတယ်။

● လျှောက်လွှာများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများတွင် မတ်လ (၂၅) ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ရုံးချိန်အတွင်း အခမဲ့ ထုတ်ယူနိုင်ပြီး နောက်ဆုံးထား တင်သွင်းရမှာပါ။ လျှောက်လွှာတင်သည့်အခါ အိမ်ထောင်စုစာရင်း မိတ္တူ၊ မွေးစာရင်း သို့မဟုတ် အသက်အတွက် ထောက်ခံချက်များနှင့်အတူ ကျောင်းထောက်ခံချက် မူရင်းများကို ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။

● စာမေးပွဲဖြေဆိုခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစီအစဉ်ဖြင့် ခရိုင်ရုံးစိုက်ရာ မြို့များတွင် မေလ (၄) ရက်နေ့မှ မေလ (၁၁) ရက်နေ့အထိ (တနင်္ဂနွေနေ့မပါ) ကျင်းပသွားမှာ ဖြစ်ပါတယ်။ အသေးစိတ်အစီအစဉ်များကို လျှောက်လွှာထုတ်ယူခဲ့သည့် ရုံးများတွင် ဆက်သွယ်စုံစမ်းနိုင်ပြီး ဖြေဆိုသည့်နေ့များတွင် သတ်မှတ်ထားသည့် ကျောင်းဝတ်စုံ (အဖြူ၊ အစိမ်း) ကို စနစ်တကျ ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။

● အနှစ်ချုပ်ရရင်တော့ သတ်မှတ်ရက်အတွင်း လျှောက်လွှာမတင်နိုင်ခြင်း သို့မဟုတ် သတ်မှတ်နေရာတွင် လာရောက်မဖြေဆိုနိုင်ပါက ဖြေဆိုသူစာရင်းမှ ပယ်ဖျက်ခံရမည် ဖြစ်ပါတယ်။ ထို့ကြောင့် International Schools မှ အစိုးရကျောင်း အခြေခံပညာသင်ရိုးသို့ ပြောင်းရွှေ့လိုသည့် ကျောင်းသားမိဘများအနေဖြင့် ရက်ချိန်းများ မလွတ်စေရန်နှင့် အထောက်အထားများ ပြည့်စုံစွာ ပြင်ဆင်ထားကြရန် တိုက်တွန်းတင်ပြပေးလိုက်ပါတယ်။

#ဗဟုသုတ #မောင်စွယ်စုံကျမ်း

Grade 12 Chemistry No. 14, Teacher Guide တွက်ပုံ
09/03/2026

Grade 12 Chemistry
No. 14, Teacher Guide တွက်ပုံ

09/03/2026

ာမေးပွဲ သွားဖြေတဲ့ အခါ...
၁။ ဖုန်း ယူမသွားပါနဲ့။ အပြင်မှာ ထားခဲ့ရလို့ ပျောက်နိုင်ပါတယ်။
၂။ လက်ပတ်နာရီ ယူလို့ မရပါ။
စာဖြေခန်းတိုင်းမှာ #တိုင်ကပ်နာရီ ရှိပါတယ်။
၃။ ဂဏန်းတွက်စက် (Calculator) ယူရင် အပြင် အဖုံးကို #စာဖြေခန်းထဲ ယူသွားလို့ မရပါ။
၄။ ခဲတံ၊ ဘောပင်ထည့်အိတ် ယူလို့ မရပါ။
ယူလို့ မရပါ။
၆။ ထဘီ သို့မဟုတ် ပုဆိုးပဲ ဝတ်ရပါမယ်။
၇။ ဗေဒင်၊ ယတြာ အဆောင်တွေ စာဖြေခန်းထဲကို ယူလို့ မရပါ။
၈။ #စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့လို့ မရပါ။
၉။ အင်္ကျီအိပ်ကပ် အများကြီးပါတဲ့ အင်္ကျီ မဝတ်ရပါ။
၁၀။ ဆံပင်နီကြောင်ကြား တရားလွန်သိသာတဲ့ ဆေးဆိုးထားတာမျိုး မရပါ။
၁၁။ မိန်းကလေးများ ဆံပင် စည်း ရပါမယ်။(ဆံပင်ရှည်တဲ့ ယောက်ျားလေးများလည်း
ဆံပင်စည်းရပါမယ်)
၁၂။ အဖြူ၊ အစိမ်းသာ ဝတ်ရပါမယ်။
ကိုယ်ပိုင်ကျောင်း ယူနီဖောင်းက
အဖြူ အစိမ်း မဟုတ်ရင် ဝတ်လို့မရပါ။

Grade - 10 , Grade - 11 , Grade - 12 Dialogue
25/02/2026

Grade - 10 , Grade - 11 , Grade - 12 Dialogue




2026 exam အောင်ချက်မြင့်မားရေး ပို့ချချက် မြန်မာစာ   #မြန်မာစာ #အောင်ချက်မြင့်မားရေး
25/02/2026

2026 exam

အောင်ချက်မြင့်မားရေး ပို့ချချက် မြန်မာစာ


#မြန်မာစာ
#အောင်ချက်မြင့်မားရေး

2026 exam အတွက် လေ့ကျင့်ရန် Physics ကျက်စာများ   #2026
25/02/2026

2026 exam အတွက် လေ့ကျင့်ရန် Physics ကျက်စာများ

#2026

လေ့ကျင့်ရန် Mathematics Simple Question
25/02/2026

လေ့ကျင့်ရန်
Mathematics
Simple Question

19/04/2024

ပညာရေး လမ်း ၃ သွယ်

၁ ။ Government Curriculum အစိုးရသင်ရိုးညွှန်တန်းအတိုင်းသင်ကြားတဲ့ အစိုးရကျောင်းတွေနဲ့ ပုဂ္ဂလိက ကျောင်းတွေ ဖြစ်ပါတယ် ။
ဒါကတော့ KG+12 စနစ်နဲ့ KG ကနေ Grade 12 အထိသင်ရတဲ့ ပညာရေးစနစ်ဖြစ်ပါတယ် ။ အသက်အလိုက်အတန်းစဥ်တက်ရပါတယ် ။ အတန်း ကျော်လို့မရပါဘူး ။

၂ ။ IGCSE
ဒါကတော့ UK ပညာရေးစနစ်ဖြစ်ပြီး ပြည်တွင်း International Schools တွေမှာသင်နေတဲ့ စနစ်ဖြစ်ပါတယ် ။ အသက်အလိုက် Primary ကနေ IGCSE အထိ တန်းစဥ်တက်ရပါတယ် ။ အတန်းကျော်လို့မရပါဘူး ။ IGCSE ဖြေဆိုအောင်မြင်ပြီးရင် နိုင်ငံခြားကျောင်းတွေမှာ တက်ရောက်နိုင်ပါတယ် ။

၃ ။ GED
ဒါကတော့ အမေရိကန် ပညာရေးစနစ် ဖြစ်ပါတယ် ။ အကြောင်းအမျိုးမျိုး ကြောင့် အရွယ်ရာက်ပြီး ပညာရေးနောက်ခံ အောင်လက်မှတ် ၊ ထောက်ခံစာ ပြစရာ မရှိတဲ့သူတွေတက်ရောက်ကြပါတယ် ။ ၁၈ နှစ်ပြည့်သူတိုင်း GED ဖြေဆိုခွင့်ရှိပြီး GED အောင်မြင်ပြီးပါက အမေရိကန်မှာ ကျောင်းဆက်တက်နိုင်ပါတယ် ။

ဒါတွေက ယခုလက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သွားနေတဲ့ပညာရေး လမ်းကြောင်းတွေ ဖြစ်ပါတယ် ။
တခုခြင်းစီ အသေးစိတ် ဆက်ရေးပါအုံးမယ် ။

15/04/2024

တစ်ခါက မြစကြာဘုန်းကြီးနဲ့ ဦးဇင်း စစ်ကိုင်း၊ သီလရှင်ကျောင်းတစ်ကျောင်းမှာဆုံတုန်း
မြစကြာဘုန်းကြီးတရား ဟောထားတာလေးက -
“လူတွေ မိဘတွေက ကိုယ့်သားသမီးကို ဆုံးမတဲ့နေရာမှာ စာကြိုးစားကြ၊ စာမကြိုးစားဘူးဆိုရင် ကြီးရင် ဆင်းရဲလိမ့်မယ်၊ ကြီးရင် ချမ်းသာအောင် စာကြိုး စားကြ”

ဒီလို ဆုံးမကြတယ်။
အဲဒီလို ဆုံးမတဲ့နည်းက မှားနေတယ်လို့ ယူဆတယ်။

ဒီကလေးကို သင်ပေးတဲ့နည်းက အတ္တကြီးအောင် သင်ပေးသလို ဖြစ်နေတယ်။

ငါ စာကြိုးစားမှ၊ ငါသာ စာမကြိုးစားဘူးဆိုရင်ကြီး ရင် ဆင်းရဲမှာ၊ ငါချမ်းသာဖို့ အရေးကြီးတယ်။ ငါစာမေးပွဲအောင်ဖို့ အရေး ကြီးတယ်ဆိုပြီး အတ္တစိတ်ကို ရှေ့တန်းတင်ထားတဲ့သဘောမျိုးကလေး တွေရဲ့ စိတ်ထဲမှာ ဝင်သွားတယ်။

မိဘတွေ ကလေးကို ဆုံးမသင့်တာက စာကြိုးစား၊ စာကြိုးစားမှ ကြီးလာရင် အ များကောင်းကျိုးကို သယ် ပိုးနိုင်မှာ၊ များများဆောင် ရွက်နိုင်မှာ၊ အဲဒီလိုသင်ပေး သင့်တာ။

အဲဒီလိုသင်ပေးမှ ကလေးဟာ ငယ်ငယ်လေး က တည်းက အများကောင်း ကျိုးကို သယ်ပိုးချင်တဲ့စိတ်၊ စာကြိုးစားတယ်ဆိုတာက အများကောင်းကျိုးအတွက် စာကြိုးစားရတယ်ဆိုတဲ့စိတ်ထားမျိုး ဝင်လာမှာ။

မြစကြာဘုန်းကြီးဟောတာ ဟုတ်တာပဲ၊ စာကြိုး စားတယ်ဆိုတာက ...ကိုယ်တတ်တဲ့ပညာနဲ့ အများကောင်းကျိုးကို တတ်နိုင်သမျှ သယ်ပိုးဖို့ဆိုတာဖြစ်လာမှာ။

ငါချမ်းသာဖို့၊
ငါကောင်းစားဖို့၊
ငါအဆင်ပြေဖို့၊
ငါရာထူးရဖို့၊
ငါအာဏာကြီးဖို့ဆိုရင်တော့ မကောင်းတော့ဘူး။

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အသျှင်အဘိဇာတာဘိဝံသ
(နံနက်ခင်းသြဝါဒများမှ ကောက်နုတ်ပူဇော် ဖော်ပြပါသည်)

15/04/2024

"ပျော်ချင်ရင် ပျော်တာ မလုပ်နဲ့"

ပျော်တာ မလုပ်နဲ့။

ပျော်မှာကို လုပ်။

ဒီစကားနှစ်ခွန်းက

တူသလိုနဲ့ မတူဘူး။

ပျော်တာ လုပ်တယ်ဆိုတာ

စိတ်အလိုလိုက်ပြီး

စားချင်ရာစား၊

တွေးချင်ရာတွေး၊

လုပ်ချင်ရာလုပ်ပြီး

နောင်ကျမှ နောင်တရတာ။

ပျော်မှာ လုပ်တယ်ဆိုတာ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့

အစားအစာကို စား၊

ကောင်းမွန်မှန်ကန်တဲ့

အတွေးကို တွေး၊

မှန်ကန်တဲ့အသက်မွေးမှုကိုဖြစ်စေမယ့်

အလုပ်ကို လုပ်ပြီး

ရေရှည်မှာ ကိုယ့်ကို

ပျော်ရွှင်အေးချမ်းစေမယ့်ဘဝကို

တည်ဆောက်တာပါ။

ဒါကြောင့်

ပျော်တာကို မလုပ်ဘဲ

ကိုယ့်ကို ပျော်ရွှင်စေမယ့်အရာတွေကို

စွဲစွဲမြဲမြဲလုပ်ဖို့ အရေးကြီးတယ်။

Dr. Pyae Sone Ko Ko

Address

No ( 8 ) Mahlaing
Mahlaing

Telephone

+959425005282

Website

Alerts

Be the first to know and let us send you an email when Shwe Pyi Oo - SPO Education Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category