MIBERB-Magway Interim Basic Education Representative Board

MIBERB-Magway Interim Basic Education Representative Board

Share

Magway Interim Basic Education Representative Board . မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စားပြု ဘုတ်အဖွဲ့

Photos from Ministry of Education, National Unity Government of Myanmar's post 23/05/2026

"၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) နှင့် (စနစ်ဟောင်း ဒသမတန်း) စတင်ဖြေဆိုမည့်ရက် ထုတ်ပြန်ကြေညာခြင်း"

18/05/2026

🚨 🚨 🚨 🚨 🚨

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] လုပ်ငန်းအတွက် ပူးတွဲဖော်ပြပါ Bluemark အမှတ်အသားပါသော page နှစ်ခု နှင့် Telegram Channel နှစ်ခုကိုသာ အသုံးပြုကြေညာဆောင်ရွက်ပါကြောင်း အထူးသတိပေး အသိပေးအပ်ပါသည်။

Social Media Platform အမျိုးမျိုးတွင် BECA ဆက်စပ်အမည်များဖြင့် သတင်းအချက်အလက်များ ရရှိလိုပါက၊ အကူအညီရယူလိုပါက၊ စာအုပ်များမှာယူလိုပါက ၎င်းတို့ထံသို့ ဆက်သွယ်နိုင်ကြောင်း စသဖြင့် ကမ်းလှမ်းမှုများ ပြုလုပ်လျက် ရှိနေသည်ကို တွေ့ရှိနေရပါ၍ ပူးတွဲဖော်ပြပါ page များ နှင့် Telegram Channel များမှ လွဲ၍ အခြားမည်သည့်
Page များ ၊ Account များ ၊ Channel များ မျှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် (လုံးဝ) (လုံးဝ) ဆက်စပ်သက်ဆိုင်ခြင်း မရှိပါကြောင်း လုံခြုံရေး အထူးသတိပြုနိုင်စေရန် အသိပေးကြေညာအပ်ပါသည်။ ထပ်ဆင့်လည်း အချင်းချင်း ကူညီအသိပေးနှိုးဆော်ပေးကြပါရန်လဲ တိုက်တွန်းပန်ကြားအပ်ပါသည်။

ထပ်မံအသိပေးနှိုးဆော်ချက်
📣 📣 📣 📣 📣

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) နှင့် ပတ်သက်၍ မေးမြန်းအကူအညီရယူလိုပါက အောက်ဖော်ပြပါ တရားဝင် Email များသို့သာ ဆက်သွယ်မေးမြန်းပါရန် ထပ်မံအသိပေးနှိုးဆော်အပ်ပါသည်။

BECA ဆိုင်ရာ အကူအညီရယူမေးမြန်းရန် Official Channels များ ⏬ ⏬ ⏬

Channel 1
BECA Official Email >>
[email protected]

Channel 2
BECA Official Email >>
[email protected]

သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

BECA နှင့်စပ်လျဉ်း၍ မကြာခဏ
စုံစမ်းမေးမြန်းလေ့ရှိကြသည့် မေးခွန်းများ၏ အဖြေများကို အောက်ဖော်ပြပါ Telegram Channel တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

BECA Public FAQ Telegram Link >>

https://t.me/BECApublicFAQ

📌📌📌📌📌📌📌📌📌




(OldSystem)

Photos from National Unity Government of Myanmar's post 13/05/2026
20/04/2026

“ ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်သစ်မှာ အမှောင်ဆုံးညကို ကြံ့ကြံ့ခံကာ ကျော်ဖြတ်နေကြသည့် မိဘပြည်သူတစ်ရပ်လုံး ဘေးကင်းလုံခြုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကာ မိသားစုများ ပြန်လည်ဆုံစည်းနိုင်ကြပါစေ။ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အင်အားသစ်တို့ဖြင့် အခက်အခဲများကို စုပေါင်းအင်အားဖြင့် ကျော်ဖြတ်ပြီး၊ အမှောင်ထုချုပ်ငြိမ်းကာ မဝေးတော့သော အနာဂတ်တွင် မြန်မာပြည်သူပြည်သားအားလုံး လိုလားတောင့်တနေသော စစ်မှန်ပြီး လွတ်လပ်ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီအလင်းရောင်ကို အမြန်ဆုံးပိုင်ဆိုင်ရနိုင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။”

အမျိုးသားညီညွတ်ရေးအစိုးရ

Photos from Ministry of Education, National Unity Government of Myanmar's post 03/04/2026

အင်္ဂလိပ်စာ မေးခွန်းလွှာနမူနာပုံစံ (စနစ်‌
ဟောင်း ဒသမတန်း) ထုတ်ပြန်အသိပေးခြင်း"
၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်‌ဟောင်း ဒသမတန်း) အင်္ဂလိပ်စာဘာသာရပ်အတွက် ကြိုတင်လေ့လာပြင်ဆင်‌ထားနိုင်ရန် မေးခွန်းလွှာနမူနာပုံစံကို
ဖြေဆိုကြမည့် ပြည်သူ့ကျောင်းသားများ၊ သင်ကြားပေးနေသည့် ဆရာများနှင့် အများပြည်သူ သိရှိနိုင်ပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။




Photos from Ministry of Education, National Unity Government of Myanmar's post 30/03/2026

"အင်္ဂလိပ်စာ မေးခွန်းလွှာနမူနာပုံစံ (စနစ်သစ် ဒွါဒသမတန်း) ထုတ်ပြန်အသိပေးခြင်း"

၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) အင်္ဂလိပ်စာဘာသာရပ်အတွက် ကြိုတင်လေ့လာပြင်ဆင်‌ထားနိုင်ရန် မေးခွန်းလွှာနမူနာပုံစံကို
ဖြေဆိုကြမည့် ပြည်သူ့ကျောင်းသားများ၊ သင်ကြားပေးနေသည့် ဆရာများနှင့် အများပြည်သူ သိရှိနိုင်ပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။






Photos from Ministry of Education, National Unity Government of Myanmar's post 30/03/2026

"မြန်မာစာ မေးခွန်းလွှာနမူနာပုံစံ (စနစ်သစ် ဒွါဒသမတန်း) ထုတ်ပြန်အသိပေးခြင်း"

၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) မြန်မာစာဘာသာရပ်အတွက် ကြိုတင်လေ့လာပြင်ဆင်‌ထားနိုင်ရန် မေးခွန်းလွှာနမူနာပုံစံကို
ဖြေဆိုကြမည့် ပြည်သူ့ကျောင်းသားများ၊ သင်ကြားပေးနေသည့် ဆရာများနှင့် အများပြည်သူ သိရှိနိုင်ပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။





27/03/2026

"၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း
(စနစ်ဟောင်း ဒသမတန်းနှင့် စနစ်သစ် ဒွါဒသမတန်း) တို့၏ Registration ပိတ်သိမ်းရန်ကာလ (၁၅) ရက် အလို ကြိုတင်အသိပေးနှိုးဆော်ခြင်း"
📢📢📢📢📢

ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အချိန်မီသတိပြု သိရှိဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း
(စနစ်ဟောင်း ဒသမတန်းနှင့် စနစ်သစ် ဒွါဒသမတန်း) Registration လျှောက်ထားရမည့် Link >> (https://mes.moeedu.org)

၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်းနှင့် စနစ်သစ် ဒွါဒသမတန်း)တို့သည် ‌၂၀၂၆ ခုနှစ်၊ မေလတွင် ကျင်းပမည် ဖြစ်ပါသဖြင့် ဖြေဆိုခွင့်လျှောက်ထားခြင်းကာလသည် ၂၀၂၆ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ ဧပြီလ (၁၁) ရက်နေ့ အထိဖြစ်ပါ၍ လျှောက်ထားနိုင်သည့်ကာလသည် (၁၅)ရက် သာ ကျန်ရှိတော့ပါကြောင်း ထပ်မံကြိုတင်တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများအနေဖြင့် (၁၁.၄.၂၀၂၆) ‌ရက်‌နေ့ ၊ ည(၁၂) နာရီ နောက်ဆုံးထား၍ ၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း
(စနစ်ဟောင်း ဒသမတန်းနှင့် စနစ်သစ် ဒွါဒသမတန်း) တို့၏ Registration ဖြည့်သွင်းနိုင်ကြပါရန် ကြိုတင်အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။





#စနစ်ဟောင်းဒသမတန်း
#စနစ်သစ်ဒွါဒသမတန်း

16/03/2026

⁨⁨၁၃၈၇ ခုနှစ်၊ တပေါင်းလဆုတ် (၁၄) ရက်
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်
တာဝန်ခံ( ယာယီ) အစားထိုးခန့်အပ်ကြောင်းကြေညာခြင်း

၁။ မကွေးဒေသ ကြားကာလအခြေခံ ပညာရေး ကိုယ်စားပြုဘုတ်အဖွဲ့၊ ဦးဆောင်အဖွဲ့ တာဝန်ခံ ဆရာကြီး နွေဦးယူကေသည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ပညာရေးဝန်ကြီးအဖြစ် မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်မှ (၁၂-၃-၂၀၂၆)နေ့ နံနက်ဆယ်နာရီတွင် အတည်ပြုခန့်အပ်ခဲ့ပြီးဖြစ်ပါသည်။

၂။ ပြည်ထောင်စုအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မကွေးဒေသ အခြေခံပညာရေးကိုယ်စားပြု ဘုတ်အဖွဲ့ ဦးဆောင်အဖွဲ့ ၊ တာဝန်ခံရာထူးမှ (၁၁-၃-၂၀၂၆) နေ့လည်(၁)နာရီတွင် နှုတ်ထွက်ပါ ကြောင်း ကိုလည်း ပညာရေးဝန်ကြီးဌာနသို့ တရားဝင် တင်ပြထားပြီးဖြစ်ပါသည်။

၃။ မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စာပြု ဘုတ်အဖွဲ့ ဦးဆောင်အဖွဲ့ အနေဖြင့် တာဝန်ခံ အစားထိုးရွေးချယ် ခန့်အပ်နိုင်ရေးအတွက် မကွေးဒေသ ကြားကာလအခြေခံ ပညာရေး ကိုယ်စားပြုဘုတ်အဖွဲ့ လုပ်ငန်းလမ်းညွှန်ပါ သတ်မှတ်ချက်များ နှင့်အညီ တာဝန်ခံအစားထိုး ရွေးချယ်ရေး လုပ်ငန်းစဉ်များ အတိုင်း အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၄။ တာဝန်ခံမရွေးချယ်မီအချိန်အတွင်း တာဝန်ခံ၏ရာထူး၊တာဝန်များကို မကွေးဒေသ ကြားကာလ အခြေခံ ပညာရေး ကိုယ်စားပြုဘုတ်အဖွဲ့၊ ဦးဆောင်အဖွဲ့ ဒု-တာဝန်ခံ(၁) ၊တီချယ်အရိပ်ပန်း က တာဝန်ခံ(ယာယီ)အဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာ အပ်ပါသည်။

မကွေးဒေသ ကြားကာလ အခြေခံ ပညာရေး ကိုယ်စားပြုဘုတ်အဖွဲ့၊
ဦးဆောင်အဖွဲ့⁩

13/03/2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆုတ် (၁၁) ရက်
၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်
မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခြင်းအတွက်
ဂုဏ်ပြုသဝဏ်လွှာ
၁။ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်သော မကွေးဖက်ဒရယ် ယူနစ်လွှတ်တော် ကော်မတီ၏ ပုံမှန်အစည်းအဝေးမှတစ်ဆင့် မကွေးဖက်ဒရယ် ယူနစ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် သက်ဆိုင်ရာဝန်ကြီးများကို အောင်မြင်စွာ အတည်ပြုခန့်အပ် နိုင်ခဲ့ခြင်းအပေါ် မကွေးဒေသ ကြားကာလ အခြေခံပညာ ရေး ကိုယ်စားပြုဘုတ်အဖွဲ့(MIBERB) အနေဖြင့် အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။
၂။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ခရီးစဉ်တွင် ခိုင်မာသော အုပ်ချုပ်ရေး ယန္တရားတစ်ရပ် ပေါ်ထွန်းလာခြင်းသည် တော်လှန်ရေးကာလအတွင်း ဒေသခံပြည်သူများ၏ လုံခြုံရေး၊ တရားမျှတရေးနှင့် လူမှုစီးပွားဘဝများ မြှင့်တင်ရေးအတွက် အရေးပါသော ခြေလှမ်း သစ် တစ်ခု ဖြစ်သည်ဟု ကျွန်ုပ်တို့ အလေးအနက် ယုံကြည်ပါသည်။
၃။ အထူးသဖြင့် အနာဂတ်မျိုးဆက်သစ်များအတွက် ပညာရေးအခွင့်အလမ်းများ မဆုံးရှုံးစေရန်နှင့် စနစ်ကျသော ဖက်ဒရယ်ပညာရေးစနစ်တစ်ရပ် ပေါ်ထွန်းလာစေရန် ကြိုးပမ်းနေသည့် လုပ်ငန်းစဉ်များတွင် ယခုဖွဲ့စည်းလိုက်သော မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့နှင့်အတူ မိမိတို့ မကွေးဒေသ ကြားကာလ အခြေခံပညာရေး ကိုယ်စားပြု ဘုတ်အဖွဲ့(MIBERB) အနေဖြင့် နီးကပ်စွာ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြု အပ်ပါသည်။
၄။ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လွတ်မြောက်နယ်မြေများရှိ ပညာရေးအပါအဝင် အခြေခံ ပြည်သူ့ဝန်ဆောင်မှု အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အောင်မြင်စွာ ဦးဆောင်နိုင် ပါစေကြောင်း ဆုမွန်ကောင်း တောင်း လျက် ဤသဝဏ်လွှာဖြင့် ဂုဏ်ပြုအပ်ပါသည်။
မကွေးဒေသ ကြားကာလ အခြေခံပညာရေး ကိုယ်စာပြု ဘုတ်အဖွဲ့
(MIBERB)

Want your school to be the top-listed School/college in Magway?

Click here to claim your Sponsored Listing.

Location

Website

Address

Asia Road
Magway
04181